Max Cement

Call Directions Website

Max Cement Max Cement
မက်စ်ဘိလပ်မြေ
マックスセメント
Build With Quality

Sales Hotline : 09 770 770 770

12/10/2026
နေ့စဉ်ဘဝမှာ ချစ်ခင်မြတ်နိုးရသူတွေနဲ့ သက်ဆုံးတိုင် တူတူနေနိုင်ဖို့ဆိုရင် သက်ရှည်ကျန်းမာဖို့ လိုအပ်ပါတယ်။  ရုပ်ပိုင်းဆိုင်...
09/10/2026

နေ့စဉ်ဘဝမှာ ချစ်ခင်မြတ်နိုးရသူတွေနဲ့ သက်ဆုံးတိုင် တူတူနေနိုင်ဖို့ဆိုရင် သက်ရှည်ကျန်းမာဖို့ လိုအပ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကျန်းမာပျော်ရွှင်တဲ့ ဘဝကိုပိုင်ဆိုင်နိုင်စေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်တာက စိတ်ကျန်းမာရေးပါ၊။ ဒါကြောင့် ယနေ့ (၁၀. ၁၀. ၂၀၂၆) ရက်နေ့တွင် ကျရောက်သည့် World Mental Health Dayရဲ့ "စိတ်ရောကိုယ်ပါ ပြန်လည်ရှင်သန်ဖို့ Well-being ကိုဦးစားပေးစို့" ဆိုတဲ့ဆောင်ပုဒ်လေးအတိုင်း လူတစ်ဦးတစ်ယောက်မှ မိသားစုတစ်စု၊ မိသားတစ်စုမှ ဆွေမျိုးအသိုင်းအဝိုင်းတစ်စု၊ ဆွေမျိုးအသိုင်းအဝိုင်းတစ်စုမှ မိတ်ဆွေအပေါင်းအသင်း များသာမက နိုင်ငံတစ်နိုင်ငံမှသည် ကမ္ဘာတစ်ဝန်းလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ပျော်ရွှင်နိုင်ကြပါစေကြောင်း Max Cement မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။




မက်စ်ဘိလပ်မြေ ဝန်ထမ်းမိသားစုမှ ဘုရားအမှူးရှိသည့် သံဃာာအရှင်သူမြတ်များကို  ဝါဆိုသင်္ကန်းများ ဆက်ကပ် လှူဒါန်းMax Myanmar M...
08/08/2026

မက်စ်ဘိလပ်မြေ ဝန်ထမ်းမိသားစုမှ ဘုရားအမှူးရှိသည့် သံဃာာအရှင်သူမြတ်များကို ဝါဆိုသင်္ကန်းများ ဆက်ကပ် လှူဒါန်း

Max Myanmar Manufacturing Co.,Ltd. ရုံးချုပ်နှင့် မက်စ်ဘိလပ်မြေစက်ရုံ ဝန်ထမ်းမိသားစု၏ ၁၃၈၈ခုနှစ် ၊ ဒုတိယဝါဆိုလပြည့်ကျော် (၇)ရက်၊ (၅.၈.၂၀၂၆) ဗုဒ္ဓဟူးနေ့တွင် မက်စ်ဘိလပ်မြေစက်ရုံ၊ မက်စ်ဓမ္မာရုံ၌ ဘုရားအမှူးရှိသည့် သံဃာာအရှင်သူမြတ်များကို ဝါဆိုသင်္ကန်းများ ဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။

ဆရာတော်မှ ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းခြင်းနှင့် ဆက်နွယ်သည့် တရားတော်ကို ဟောကြားတော်မူခဲ့ပြီး ပင့်သံဃာတော်များက အန္တာရယ်ကင်း ပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်ပေးခဲ့ကြပါသည်။ ဆက်လက်၍ Max Myanmar Manufacturing Co.,Ltd. ရုံးချုပ်နှင့် မက်စ်ဘိလပ်မြေစက်ရုံ ဝန်ထမ်းမိသားစုမှ ဝါဆိုသင်္ကန်းနှင့်တကွ နဝကမ္မအလှူငွေများနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ကုသိုလ်အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပါသည်။ ထို့နောက်တွင် ဆရာတော်နှင့် ပင့်သံဃာတော်များကို နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး စက်ရုံဝန်ထမ်းများနှင့် ဧည့်ပရိတ်သတ်တို့အား ကျွေးမွေးဧည့်ခံခဲ့ကြပါသည်။။


#𝗠𝗮𝘅𝗖𝗲𝗺𝗲𝗻𝘁
#မက်စ်ဘိလပ်မြေ

🌕 ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)"သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ မိန့်မြွက်သံချို လဝါဆို" ဆိုသည့်အတိုင်း မြန်မာသက္ကရာဇ် ၁၃၈၈ခ...
29/07/2026

🌕 ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)

"သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ မိန့်မြွက်သံချို လဝါဆို" ဆိုသည့်အတိုင်း မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ်တွင် ကျရောက်သည့် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)တွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ကုသိုလ်တရားများ ဆောင်ရွက်နိုင်ကြပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကာ ကောင်းကျိုးလိုရာမှန်သမျှ ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
🌷🌷🌹🙏🙏🙏



#မက်စ်ဘိလပ်မြေ
#マックスセメント

#ဓမ္မစကြာအခါတော်နေ့

(၇၉)နှစ်မြောက် အာဇာနည်နေ့၂၀၂၆ ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်သော (၇၉)နှစ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်...
19/07/2026

(၇၉)နှစ်မြောက် အာဇာနည်နေ့

၂၀၂၆ ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်သော (၇၉)နှစ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား Max Cement မိသားစုမှ လေးစားစွာဖြင့် ဦးညွှတ်ဂါရဝပြုလိုက်ရပါသည်။





#အာဇာနည်နေ့

03/07/2026

AYA Scholarship (ဧရာ ပညာသင်ဆု) အစီအစဉ်အတွက် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ရွေးချယ်ချီးမြှင့်မည်

ဧရာဝတီဖောင်ဒေးရှင်းသည် ၂၀၂၅–၂၀၂၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအတွက် မိမိတို့၏ ရည်မှန်းထားသည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ တက္ကသိုလ်ပညာများကို စိတ်အေးချမ်းသာစွာ ဆက်လက်သင်ယူနိုင်စေရန်နှင့် အနာဂတ်မြန်မာနိုင်ငံအတွက် ပညာရည်ထူးချွန်ပြီး လူမှုအကျိုးပြုစိတ်ဓာတ်ရှိသော လူငယ်မျိုးဆက်သစ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ AYA Scholarship အစီအစဉ်ကို ဆောင်ရွက်လျက်ရှိပါသည်။

ယခုပညာသင်နှစ်တွင်လည်း ဧရာဝတီဖောင်ဒေးရှင်းမှ သတ်မှတ်ထားသော အရည်အချင်းများနှင့် ကိုက်ညီသည့် ထူးချွန်ကျောင်းသား၊ ကျောင်းသူ (၅၀) ဦးအား ရွေးချယ်၍ တက္ကသိုလ်ကျောင်းတက်နေစဉ် ကာလတစ်လျှောက်လုံးအတွက် ပညာသင်စရိတ်အဖြစ် လစဉ် (၃) သိန်းကျပ် နှင့်အတူ သင်ထောက်ကူပစ္စည်းများအတွက် ထောက်ပံ့ကြေး နှစ်စဉ် (၅) သိန်းကျပ်ကို ထောက်ပံ့ချီးမြှင့်သွားမည် ဖြစ်ပါသည်။

ဧရာဝတီဖောင်ဒေးရှင်းသည် မျိုးဆက်သစ်လူငယ်များ၏ ပညာရေးဖွံ့ဖြိုးတိုးတက်မှုကို အားပေးမြှင့်တင်ရန် ရည်ရွယ်၍ နိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်း အဆောက်အအုံများ ဆောက်လုပ်လှူဒါန်းခြင်းနှင့် ပြုပြင်မွမ်းမံခြင်း၊ ပညာသင်စရိတ်များနှင့် ဧရာပညာသင်ဆု များ ထောက်ပံ့ပေးခြင်း အပါအဝင် ပညာရေးဆိုင်ရာ အထောက်အပံ့အစီအစဉ်များကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

AYA Scholarship (ဧရာပညာသင်ဆု) ရွေးချယ်ခံရသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အောက်ဖော်ပြပါ အကျိုးခံစားခွင့်များ ရရှိမည်ဖြစ်ပါသည်။

- ပညာသင်စရိတ် ထောက်ပံ့ကြေး လစဉ် (၃) သိန်းကျပ်
- သင်ထောက်ကူပစ္စည်းများအတွက် ထောက်ပံ့ကြေး နှစ်စဉ် (၅) သိန်းကျပ်

လျှောက်ထားရန် အရည်အချင်းသတ်မှတ်ချက်များ

- မြန်မာနိုင်ငံသား ဖြစ်ရမည်။
- ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားသူ ဖြစ်ရမည်။
- သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ် သို့မဟုတ် ပညာရေးအဖွဲ့အစည်းတွင် တက်ရောက်ခွင့် ရရှိထားသူ ဖြစ်ရမည်။
- ပညာရေးတွင် ထူးချွန်ပြီး သင်ယူလိုစိတ်၊ ကြိုးစားအားထုတ်မှုနှင့် ခေါင်းဆောင်မှုအလားအလာ ရှိသူ ဖြစ်ရမည်။
- ပညာရေးကို ဆက်လက်သင်ယူလိုပြီး အမှန်တကယ် ပညာသင်ထောက်ပံ့ကြေးလိုအပ်သော ‌ကျောင်းသား ကျောင်းသူများအား ဦးစားပေးရွေးချယ်သွားမည် ဖြစ်ပါသည်။

လျှောက်ထားနိုင်မည့် တက္ကသိုလ်များ

- ဆေးတက္ကသိုလ်များ
- နည်းပညာတက္ကသိုလ်များ
- စီးပွါးရေးတက္ကသိုလ်များ
- ကွန်ပျူတာတက္ကသိုလ်များ
- စိုက်ပျိုးရေးတက္ကသိုလ်များ

လျှောက်ထားရန် လိုအပ်သော စာရွက်စာတမ်းများ

- Scholarship လျှောက်လွှာ
- ကိုယ်တိုင်ရေးသားထားသော ပညာသင်ဆု လျှောက်ထားရခြင်း အကြောင်းအရင်းဖော်ပြစာ
- တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ် (သို့) အမှတ်စာရင်း
- အမျိုးသားမှတ်ပုံတင်ကတ် မိတ္တူ
- အိမ်ထောင်စုစာရင်း မိတ္တူ
- တက္ကသိုလ်ဝင်ခွင့် အထောက်အထား
- ပညာသင်ထောက်ပံ့ပေးရန် လိုအပ်ကြောင်း သက်ဆိုင်ရာ ကျောင်း နှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့၏ ထောက်ခံချက်များ

လျှောက်ထားရမည့် နည်းလမ်း

- သတ်မှတ်ထားသော Scholarship လျှောက်လွှာပုံစံကို ပြည့်စုံစွာ ဖြည့်စွက်၍ လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ လျှောက်လွှာတွင်ပါဝင်သော ဧရာဝတီဖောင်ဒေးရှင်း ရုံးခန်းလိပ်စာသို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

လျှောက်လွှာဖောင်ရယူရန်
https://www.ayeyarwadyfoundation.org/AYA_Scholarship.pdf

လျှောက်လွှာများကို အောက်တိုဘာလ (၃၁) ရက် ၊ ၂၀၂၆ မတိုင်ခင်ထိ ပေးပို့လျှောက်ထားနိုင်ပါသည်။



မက်စ်မြန်မာ ထုတ်လုပ်မှု ကုမ္ပဏီလီမိတက် (မက်စ်ဘိလပ်မြေ) ဝန်ထမ်းမိသားစုများ စုပေါင်းသစ်ပင်စိုက်ပျိုးမက်စ်မြန်မာ ထုတ်လုပ်မှ...
29/06/2026

မက်စ်မြန်မာ ထုတ်လုပ်မှု ကုမ္ပဏီလီမိတက် (မက်စ်ဘိလပ်မြေ) ဝန်ထမ်းမိသားစုများ စုပေါင်းသစ်ပင်စိုက်ပျိုး

မက်စ်မြန်မာ ထုတ်လုပ်မှု ကုမ္ပဏီလီမိတက် (မက်စ်ဘိလပ်မြေ) ၏ ရုံးချုပ်နှင့် စက်ရုံဝန်ထမ်း မိသားစုများသည် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးကို ရှေးရှု၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၈) ရက်နေ့တွင် မက်စ်ဘိလပ်မြေစက်ရုံဝန်းအတွင်းရှိ သတ်မှတ်စိုက်ပျိုးမြေဧရိယာ၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ဝန်ထမ်းမိသားစုများမှ တက်ကြွစွာ ပါဝင်ခဲ့ကြပြီး ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် အထောက်အကူပြုမည့် ပိတောက်နှင့်ကျွန်းသစ်ပင် (၂၂၁) ပင်ကို သတ်မှတ်နေရာများအလိုက် စနစ်တကျ စုပေါင်းစိုက်ပျိုးပေးခဲ့ကြသည်။

မက်စ်မြန်မာ ထုတ်လုပ်မှု ကုမ္ပဏီလီမိတက် (မက်စ်ဘိလပ်မြေ) အနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြေရေးနှင့် ကမ္ဘာ့ဖန်လုံအိမ်အာနိသင် လျော့ချနိုင်ရေးတို့အတွက် ရည်ရွယ်ကာ နှစ်စဉ် သစ်ပင်စိုက်ပျိုးပွဲများကို အစီအစဉ်တကျ ကျင်းပပြုလုပ်လျက်ရှိသည်။ ထို့အပြင် ယခုကဲ့သို့ စိုက်ပျိုးထားရှိပြီးဖြစ်သော အပင်များ ရာနှုန်းပြည့် ရှင်သန်ကြီးထွားလာစေရန်အတွက်လည်း ရေရှည်ထိန်းသိမ်း စောင့်ရှောက်မှုလုပ်ငန်းများကို အလေးထား လုပ်ဆောင်လျက်ရှိပါသည်။


#𝗠𝗮𝘅𝗖𝗲𝗺𝗲𝗻𝘁
#မက်စ်ဘိလပ်မြေ


မိုးရာသီတွင် ဘိလပ်မြေ ဖျော်စပ်ခြင်းနှင့် အသုံးပြုခြင်း (Mixing & Application)မိုးရာသီရဲ့ ရာသီဥတုအခြေအနေက ကွန်ကရစ်နဲ့ အင်...
23/06/2026

မိုးရာသီတွင် ဘိလပ်မြေ ဖျော်စပ်ခြင်းနှင့် အသုံးပြုခြင်း (Mixing & Application)

မိုးရာသီရဲ့ ရာသီဥတုအခြေအနေက ကွန်ကရစ်နဲ့ အင်္ဂတေ ဖျော်စပ်မှုအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိပါတယ်။ 🌧️⛈️

(၁) မိုးရေကြောင့် သဲနဲ့ ကျောက်တွေမှာ ရေဓာတ် ပိုမိုပါဝင်နေတတ်လို့ သဲနှင့် ကျောက်တွေကို စစ်ဆေးသင့်ပါတယ်။ 🔍🔍
(၂) ကွန်ကရစ်ဖျော်တဲ့အခါ သတ်မှတ်ထားတဲ့ ရေ-ဘိလပ်မြေအချိုး ($W/C\ Ratio$) မပျက်စေဖို့ ရေပမာဏကို သတိထား ချိန်ညှိသင့်ပါတယ်။ 💦💦
(၃)ဘိလပ်မြေ ဖျော်စပ်တဲ့နေရာ (Mixing Area) ကို မိုးမစိုစေဖို့ ယာယီအမိုးအကာ ပြုလုပ်ထားရပါမယ်။ ☔️☔️

မိုးရာသီတွင် လုပ်ငန်းလိုအပ်ချက်အရ ကွန်ကရစ်သွန်းလောင်းရာ၌ ကွန်ကရစ်​၏အရည်အသွေးပ်ိုမိုကောင်းမွန်စေရန် နှင့် အချိန်ကုန်သက်သာပြီး လုပ်ငန်းလျင်မြန်စွာပြီးမြောက်စေနိုင်ရန်အတွက် Concrete Admixture များအား အင်ဂျင်နီယာ​၏ညွှန်ကြားချက်များအတိုင်းထည့်သွင်း၍အသုံးပြုနိုင်ပါသည်


#𝗠𝗮𝘅𝗖𝗲𝗺𝗲𝗻𝘁
#မက်စ်ဘိလပ်မြေ

ဘိလပ်မြေများကို မိုးရာသီတွင် ဘယ်လို သိမ်းဆည်းသိုလှောင်သင့်ပါသလဲ ?စိုစွတ်တဲ့ မိုးရာသီမှာ အစိုဓာတ်နဲ့အတူ ဓာတ်ပြုခြင်းတွေကြ...
09/06/2026

ဘိလပ်မြေများကို မိုးရာသီတွင် ဘယ်လို သိမ်းဆည်းသိုလှောင်သင့်ပါသလဲ ?

စိုစွတ်တဲ့ မိုးရာသီမှာ အစိုဓာတ်နဲ့အတူ ဓာတ်ပြုခြင်းတွေကြောင့် ဘိလပ်မြေရဲ့ strength ကို လျော့ကျစေနိုင်ပါတယ်။ မိုးရာသီမှာ ဘိလပ်မြေအိတ်များကို သိမ်းဆည်းသိုလှောင်ပုံကလည်း အရေးကြီးတာကြောင့် Max Cement ၏ မိတ်ဟောင်းမိတ်သစ်များ သိရှိနိုင်စေရန် အတွက် မျှဝေပေးလိုက်ပါတယ်။

ဘိလပ်မြေအိတ်များ သိုလှောင်ရာနေရာ (ဂိုဒေါင်) သည် ခြောက်သွေ့ကာ လေဝင်လေထွက် ကောင်းပြီး အစိုဓာတ်ကို ကာကွယ်နိုင်ပြီး မိုးဒဏ်လေဒဏ်ကို ခံနိုင်ရည်ရှိသော နေရာ ဖြစ်ရပါမယ်။ ဘိလပ်မြေအိတ်တွေကို မြေကြီး (သို့မဟုတ်) တမံသလင်းမှာ တိုက်ရိုက်ချထား ခြင်းမပြုလုပ်ရဘဲ ဘိလပ်မြေအိတ် စုပုံရာနေရာ အောက်ခြေကြမ်းပြင်နဲ့ ဘိလပ်မြေအိတ်များကြား သစ်သားခုံ (သို့မဟုတ်) ကွပ်ပျစ်ခင်းကာ အောက်ခြေနှင့် ၆ လက်မ (သို့) ၈ လက်မ အကွာထားပြီး သိုလှောင်သင့်ပါတယ်။

ဘိလပ်မြေများ ခဲခြင်းကို ကာကွယ်နိုင်ရန်အတွက် အမြင့် ၁ဝ အိတ် (သို့) ၁၅ အိတ်ထက်ပို ထပ်ပြီး သိုလှောင်ခြင်းမျိုး မပြုလုပ်ဘဲ အမြင့်နဲ့ ဟန်ချက်ညီသော အလျား (သို့) ၈အိတ်ထက် မပိုသော အလျားအတွင်းမှာသာ သိုလှောင်သင့်ပြီး အမိုးနှင့် ဘိလပ်မြေအိတ်ကြား အနည်းဆုံး၂ပေခန့် ခွာပြီး သိမ်းဆည်း သိုလှောင်ရပါမယ်။

#𝗠𝗮𝘅𝗖𝗲𝗺𝗲𝗻𝘁

#မက်စ်ဘိလပ်မြေ
#マックスセメント

အစ္စလာမ်ဘာသာဝင်များရဲ့ နေ့ထူးနေ့မြတ်  အီဒွလ်အဿွာဟာ (ဘက္ကရီအီးဒ်) နေ့မှာ ပွဲတော်ရဲ့ အနှစ်သာရဖြစ်တဲ့ စွန့်လွှတ်အနစ်နာခံခြင...
28/05/2026

အစ္စလာမ်ဘာသာဝင်များရဲ့ နေ့ထူးနေ့မြတ် အီဒွလ်အဿွာဟာ (ဘက္ကရီအီးဒ်) နေ့မှာ ပွဲတော်ရဲ့ အနှစ်သာရဖြစ်တဲ့ စွန့်လွှတ်အနစ်နာခံခြင်း၊ မျှဝေခြင်း၊ သစ္စာစောင့်သိခြင်း တရားတွေနဲ့အတူ ကိုယ်စိတ်နှစ်ပါး အေးချမ်းသာယာကြပါစေ။ အလုပ်အကိုင်များ အဆင်ပြေချောမွေ့ပြီး၊ စိတ်ကူးအကြံအစည်မှန်သမျှ အောင်မြင်ပြီး စီးပွားလာဘ်လာဘများ ဒီရေအလားတိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။



Address

Alanpya Pagoda Road
Dagon
11191

Opening Hours

Monday 08:30 - 16:30
Tuesday 08:30 - 16:30
Wednesday 08:30 - 16:30
Thursday 08:30 - 16:30
Friday 08:30 - 16:30

Telephone

09 770 770 770

Alerts

Be the first to know and let us send you an email when Max Cement posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share