Golden Tree မော်တာ နှင့် လျှပ်စစ်ပစ္စည်း အမျိုးမျိုး ရောင်းဝယ်ရေး

  • Home
  • Myanmar
  • Dagon
  • Golden Tree မော်တာ နှင့် လျှပ်စစ်ပစ္စည်း အမျိုးမျိုး ရောင်းဝယ်ရေး

Golden Tree မော်တာ နှင့် လျှပ်စစ်ပစ္စည်း အမျိုးမျိုး ရောင်းဝယ်ရေး လျှပ်စစ်ပစ္စည်းနှင့်မော်တာရောင်းဝယ်ရေ

29/08/2026

ဝယ်ပြီးရင် စိတ်အေးရမယ့် (၃) လ အာမခံ မော်တာများ 🛡️

မော်တာတစ်လုံး ဝယ်ယူတော့မယ်ဆိုရင် သက်တမ်းနဲ့ စွမ်းဆောင်ရည်အတွက် စိစစ်ရမှာ စိုးရိမ်နေပါသလား?

Golden Tree မှာဆိုရင်တော့ မိတ်ဆွေတို့ လုပ်ငန်းမပြတ်တောက်ဘဲ စိတ်အေးလက်အေး သုံးနိုင်ဖို့ (၃) လ အပြည့် အာမခံ ပေးထားပါတယ်ရှင်⚙️

☎️ ဆက်သွယ်ရန် Hotline Number - 09 448 073 260, 09 777 204 475

📍 အရောင်းပြခန်း တည်နေရာ 📍
အမှတ်(၉၆၆) ၊ ပြည်တော်စုလမ်းမ ၊ စစ်တောင်လမ်းထိပ် ၊ တောင်ဒဂုံးမြို့နယ်

🌟 ရန်ကုန်မြို့ အတွင်းဝယ်ယူလိုသော မိတ်ဆွေများကို ဆိုင်အရောက် ပို့ဆောင်ပေးပါသည် 🌟

GT မော်တာနှင့်လျှပ်စစ် Page

📍Golden Tree Facebook Channel - Golden Tree မော်တာ နှင့် လျှပ်စစ်ပစ္စည်း အမျိုးမျိုး ရောင်းဝယ်ရေး |...

📍Golden Tree Viber Channel - hhttps://bit.ly/Golden Tree Motors & Electrical Store on Viber

#စက်ရုံသုံးမော်တာ #လုပ်ငန်းသုံးမော်တာ

28/08/2026

Brand စုံ၊ မြင်းကောင်ရေစုံ မော်တာတွေကို တစ်နေရာတည်းမှာ အာမခံအပြည့်နဲ့ ရနိုင်ပြီ⚙️✨

စက်ရုံ၊ အလုပ်ရုံနဲ့ လုပ်ငန်းခွင်အသီးသီးအတွက် လိုအပ်တဲ့ မော်တာတွေကို မိမိစိတ်ကြိုက် Specification အလိုက် ရှာဖွေရခက်နေပါသလား? 🤔

မော်တာအသေးကနေ အကြီးအထိ Brand စုံ၊ HP စုံကို အာမခံချက်အပြည့်နဲ့ တစ်နေရာတည်းမှာ ရရှိနိုင်မယ့် Golden Tree ရှိနေပြီမို့ အမြန်ဆုံးလှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်💬

☎️ ဆက်သွယ်ရန် Hotline Number - 09 448 073 260, 09 777 204 475

📍 အရောင်းပြခန်း တည်နေရာ 📍
အမှတ်(၉၆၆) ၊ ပြည်တော်စုလမ်းမ ၊ စစ်တောင်လမ်းထိပ် ၊ တောင်ဒဂုံးမြို့နယ်

🌟 ရန်ကုန်မြို့ အတွင်းဝယ်ယူလိုသော မိတ်ဆွေများကို ဆိုင်အရောက် ပို့ဆောင်ပေးပါသည် 🌟

GT မော်တာနှင့်လျှပ်စစ် Page

📍Golden Tree Facebook Channel - Golden Tree မော်တာ နှင့် လျှပ်စစ်ပစ္စည်း အမျိုးမျိုး ရောင်းဝယ်ရေး |...

📍Golden Tree Viber Channel - hhttps://bit.ly/Golden Tree Motors & Electrical Store on Viber

#စက်ရုံသုံးမော်တာ #လုပ်ငန်းသုံးမော်တာ

စက်ရုံသုံး မော်တာကြီးတွေကို မောင်းနှင်တော့မယ်ဆိုရင် Star Delta သုံးရမလား၊ VFD Control Panel ပဲ ရွေးရမလားဆိုတာ လုပ်ငန်းရှ...
06/08/2026

စက်ရုံသုံး မော်တာကြီးတွေကို မောင်းနှင်တော့မယ်ဆိုရင် Star Delta သုံးရမလား၊ VFD Control Panel ပဲ ရွေးရမလားဆိုတာ လုပ်ငန်းရှင်တော်တော်များများ ခေါင်းစားရတဲ့ ကိစ္စတစ်ခုပါပဲ။ 💸

နည်းပညာနှစ်ခုလုံးက မော်တာစတင်ချိန်မှာ လျှပ်စစ်ဓာတ်အား (Inrush Current) အဆမတန် ဆွဲယူမှုကို လျှော့ချပေးတာခြင်း တူပေမဲ့... သုံးစွဲပုံနဲ့ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ သိသိသာသာ ကွာခြားပါတယ်။

၁. သာမန် ပုံမှန်အရှိန်နဲ့ပဲ မောင်းနှင်မယ့် စက်တွေအတွက် Star Delta Panel ⭐️∆
Star Delta Panel ကတော့ မော်တာကို စတင်မောင်းနှင်ချိန်မှာ လျှပ်စစ်စီးကြောင်း သက်သာစေဖို့ Star စနစ်နဲ့ အေးအေးဆေးဆေး စတင်ပေးပြီး၊ ပုံမှန်အရှိန်ရောက်သွားမှ Delta စနစ်ကို အလိုအလျောက် ပြောင်းလဲမောင်းနှင်ပေးတာ ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ ကိုယ့်စက်ရုံမှာ မော်တာလည်ပတ်နှုန်း (Speed) ကို အတက်အကျ ချိန်ညှိစရာ မလိုဘဲ ပုံမှန် အရှိန်တစ်ခုတည်း (Fixed Speed) နဲ့ပဲ ရေရှည် မောင်းနှင်မှာဆိုရင်တော့ ဒါဟာ တပ်ဆင်စရိတ် ဘတ်ဂျက်ပါ သက်သာစေမယ့် အကောင်းဆုံး ရွေးချယ်မှုပါပဲ။
(ဥပမာ - ရေစုပ်စက် Water Pump၊ Air Compressor၊ Blower Fan နဲ့ ကြိတ်စက် Crusher အချို့အတွက် အထူးသင့်တော်ပါတယ်ရှင်။)

၂. အရှိန်ကို စိတ်ကြိုက်ထိန်းချုပ်ပြီး မီးအား အထိရောက်ဆုံး ချွေတာချင်ရင် VFD Control Panel 🎛️
တစ်ဖက်မှာလည်း VFD (Variable Frequency Drive) Panel ကတော့ လျှပ်စစ် Frequency ကို ထိန်းချုပ်ပေးတာမို့ မော်တာရဲ့ လည်ပတ်နှုန်း (RPM) နဲ့ ရွေ့လျားအား (Torque) ကို မိမိစိတ်ကြိုက် ချိန်ညှိ မောင်းနှင်နိုင်တဲ့ အဆင့်မြင့် စနစ်တစ်ခုဖြစ်ပါတယ်။
မော်တာစတင်ချိန်နဲ့ ရပ်တန့်ချိန်ကို ငြိမ့်ငြိမ့်ညောင်းညောင်းဖြစ်စေလို့ စက်ပစ္စည်းတွေ ပျက်စီးမှုကို သက်သာစေရုံတင်မကဘဲ၊ စက်ရုံရဲ့ လျှပ်စစ်မီတာခကိုပါ သိသိသာသာ ချွေတာပေးနိုင်ပါတယ်။
ဒါကြောင့် မော်တာအရှိန်ကို အမျိုးမျိုး ပြောင်းလဲမောင်းနှင်ဖို့ လိုအပ်တဲ့ စက်ရုံတွေအတွက် အလွန်တန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုပဲ ဖြစ်ပါတယ်။
(ဥပမာ - ပိုက်လိုင်းကြိုး Conveyor Belt၊ ကရိန်း Crane/Hoist၊ မွှေစက် Mixer နဲ့ HVAC စနစ်တွေမှာ မဖြစ်မနေ သုံးစွဲသင့်ပါတယ်ရှင်။)

💡 အလွယ်ဆုံး စဉ်းစားနည်းလေး ပြောရရင်တော့...မော်တာအရှိန်ကို ပြောင်းစရာမလိုဘဲ မှန်မှန် မောင်းမယ်၊ တပ်ဆင်စရိတ် သက်သာချင်တယ်ဆိုရင် Star Delta ကို ရွေးချယ်ပါရှင်။

အရှိန်ကို လိုသလို ချိန်ညှိချင်တယ်၊ ရေရှည် မီးအားခကို ထိရောက်စွာ ချွေတာချင်တယ်ဆိုရင်တော့ VFD Panel က အကောင်းဆုံး အဖြေပဲ ဖြစ်ပါတယ်။

☎️ ဆက်သွယ်ရန် Hotline Number - 09 448 073 260, 09 777 204 475

📍 အရောင်းပြခန်း တည်နေရာ 📍
အမှတ်(၉၆၆) ၊ ပြည်တော်စုလမ်းမ ၊ စစ်တောင်လမ်းထိပ် ၊ တောင်ဒဂုံမြို့နယ်

🌟 ရန်ကုန်မြို့ အတွင်းဝယ်ယူလိုသော မိတ်ဆွေများကို ဆိုင်အရောက် ပို့ဆောင်ပေးပါသည်။ 🌟

📍Golden Tree Viber Channel - hhttps://bit.ly/https://bit.ly/GoldenTreeMotorsandElectricalViber

#စက်ရုံသုံးမော်တာ #လုပ်ငန်းသုံးမော်တာ

ကိုယ့်အတွက်အသင့်တော်ဆုံး မော်တာ ဘယ်လိုရွေးချယ်မလဲ?မိမိရဲ့လုပ်ငန်းအတွက် မော်တာဝယ်ယူရမှာမှာ မှန်ကန်တဲ့မော်တာကို ရွေးချယ်ဝယ...
05/08/2026

ကိုယ့်အတွက်အသင့်တော်ဆုံး မော်တာ ဘယ်လိုရွေးချယ်မလဲ?

မိမိရဲ့လုပ်ငန်းအတွက် မော်တာဝယ်ယူရမှာမှာ မှန်ကန်တဲ့မော်တာကို ရွေးချယ်ဝယ်ယူမှုက "စွမ်းဆောင်ရည်" နဲ့ "ရေရှည်အကျိုးရှိမှု" ကို ဆုံးဖြတ်ပေးနိုင်ပါတယ်ရှင်။ မော်တာတစ်လုံးဝယ်ယူရာမှာ မော်တာရဲ့ ဈေးနှုန်းတစ်ခုတည်းကိုမကြည့်သင့်ဘဲ လုပ်ငန်းလိုအပ်ချက်၊ အသုံးပြုမယ့်နေရာနဲ့ ဘတ်ဂျက်ကို အခြေခံပြီးရွေးချယ်မှသာ ရေရှည်မှာ ပိုမိုထိရောက်တဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်လာမှာပါရှင်။

မော်တာအသစ်တစ်လုံးကို ဝယ်ယူမယ်ဆိုရင်တော့
✅နည်းပညာအသစ်များဖြင့် စွမ်းဆောင်ရည်တည်ငြိမ်
✅ရေရှည်အသုံးပြုနိုင်မှု မြင့်မား
✅Maintenance ပိုင်းတွင် ပိုမိုစိတ်ချရမှာဖြစ်ပြီး

အသုံးပြုထားပြီးသာ တစ်ပတ်ရစ်မော်တာ (Used Motor) ကိုဝယ်ယူမယ်ဆိုရင်တော့
✅ဘတ်ဂျက်အတွက် ထိရောက်တဲ့ရွေးချယ်မှု
✅အရည်အသွေးကောင်းကို သေချာရွေးချယ်ပါက ကုန်ကျစရိတ်သက်သာ
✅လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Solution တစ်ခု ဖြစ်နိုင်

အသစ်ပဲဖြစ်ဖြစ်၊ တစ်ပတ်ရစ်ပဲဖြစ်ဖြစ်…
အရေးကြီးဆုံးကတော့ သင့်လုပ်ငန်းနဲ့ ကိုက်ညီတဲ့ မော်တာကို မှန်ကန်စွာ ရွေးချယ်နိုင်ဖို့ပဲဖြစ်ပါတယ်ရှင်။
ကျွန်မတို့ Golden Tree မော်တာမှာတော့ လူကြီးမင်းတို့ရဲ့ အသုံးပြုမှုလိုအပ်ချက်၊ လုပ်ငန်းအခြေအနေနဲ့ ဘတ်ဂျက်အပေါ်မူတည်ပြီး သင့်တော်တဲ့ မော်တာရွေးချယ်မှုကို အကြံပြုပေးဖို့ အသင့်ရှိပါတယ်ရှင်။

ကဲ ... ဒါဆိုရင်တော့ မော်တာအသစ်ပဲလိုလို၊ တစ်ပတ်ရစ်ပဲလိုလို အသက်သာဆုံးဈေးနှုန်းနဲ့ အကောင်းဆုံးအရည်အသွေးနဲ့ စိတ်ချရတဲ့ မော်တာဝယ်ယူနိုင်ဖို့ Golden Tree မော်တာကိုသာ ကြွလှမ်းခဲ့ကြပါရှင်။

🌟 “မော်တာရဲ့တန်ဖိုးကို ဈေးနှုန်းနဲ့ မတိုင်းပါနဲ့… စွမ်းဆောင်ရည်နဲ့ တိုင်းတာပါ။”

☎️ ဆက်သွယ်ရန် Hotline Number - 09 448 073 260, 09 777 204 475

📍 အရောင်းပြခန်း တည်နေရာ 📍
အမှတ်(၉၆၆) ၊ ပြည်တော်စုလမ်းမ ၊ စစ်တောင်လမ်းထိပ် ၊ တောင်ဒဂုံမြို့နယ်

🌟 ရန်ကုန်မြို့ အတွင်းဝယ်ယူလိုသော မိတ်ဆွေများကို ဆိုင်အရောက် ပို့ဆောင်ပေးပါသည် 🌟

📍Golden Tree Viber Channel - hhttps://bit.ly/https://bit.ly/GoldenTreeMotorsandElectricalViber

❓"မော်တာကျွမ်းသွားတာက... မော်တာအရည်အသွေးညံ့လို့ပဲလား?"အဖြေကတော့ မဟုတ်နိုင်ပါဘူး။မော်တာတစ်လုံး ကျွမ်းရတဲ့ အကြောင်းရင်းတွေ...
04/08/2026

❓"မော်တာကျွမ်းသွားတာက... မော်တာအရည်အသွေးညံ့လို့ပဲလား?"

အဖြေကတော့ မဟုတ်နိုင်ပါဘူး။
မော်တာတစ်လုံး ကျွမ်းရတဲ့ အကြောင်းရင်းတွေထဲမှာ
လျှပ်စစ်မတည်ငြိမ်ခြင်း၊ Overload ဖြစ်ခြင်း၊ အပူလွန်ကဲခြင်းနဲ့ ရုတ်တရက် Start လုပ်တဲ့အချိန် Current မြင့်တက်ခြင်း စတဲ့ အချက်တွေကလည်း အရေးကြီးတဲ့ အကြောင်းရင်းတွေပါ။

ဒီလိုအခြေအနေတွေကို လျှော့ချဖို့ VFD (Variable Frequency Drive) ကို လုပ်ငန်းတော်တော်များများမှာ အသုံးပြုကြပါတယ်။
VFD က...
✅ မော်တာကို Soft Start လုပ်ပေးတယ်။
✅ Speed ကို လိုအပ်သလို ထိန်းချုပ်ပေးတယ်။
✅ Start Current ကို လျှော့ချပေးနိုင်တယ်။
✅ မော်တာနဲ့ စက်ပစ္စည်းတွေအပေါ် ဝန်အားကို လျှော့ချပေးနိုင်တယ်။
✅ လျှပ်စစ်ဓာတ်အား သုံးစွဲမှုကိုလည်း ပိုမိုထိရောက်စေတယ်။

📌 ဒါပေမယ့်...
VFD တပ်ထားရုံနဲ့ မော်တာက ဘယ်တော့မှ မကျွမ်းတော့ဘူးလို့ မဆိုလိုပါဘူး။
မှန်ကန်တဲ့ VFD အမျိုးအစား ရွေးချယ်မှု၊ Setting မှန်ကန်မှု၊ Installation ကောင်းမွန်မှုနဲ့ Maintenance ပုံမှန်လုပ်ဆောင်ခြင်း တွေ ပေါင်းစပ်မှသာ ကာကွယ်မှုကို အကောင်းဆုံး ရရှိနိုင်ပါတယ်။

💬 စက်ပျက်ပြီးမှ အဖြေရှာတာက ကုန်ကျစရိတ်ဖြစ်ပါတယ်။
စက်မပျက်ခင် အသိပညာနဲ့ ကြိုတင်ကာကွယ်တာက ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပါတယ်။
🔥Golden Treeတွင် VFDများကို အာမခံ(၁)နှစ်ဖြင့် ဝယ်ယူလို့ရနေပါပြီနော်။

🏗️Golden Tree – သင့်လုပ်ငန်းအတွက် ယုံကြည်စိတ်ချရသော ရွေးချယ်မှု

☎️ ဆက်သွယ်ရန် Hotline Number - 09 448 073 260, 09 777 204 475

📍 အရောင်းပြခန်း တည်နေရာ 📍
အမှတ်(၉၆၆) ၊ ပြည်တော်စုလမ်းမ ၊ စစ်တောင်လမ်းထိပ် ၊ တောင်ဒဂုံမြို့နယ်

🌟 ရန်ကုန်မြို့ အတွင်းဝယ်ယူလိုသော မိတ်ဆွေများကို ဆိုင်အရောက် ပို့ဆောင်ပေးပါသည် 🌟

📍Golden Tree Viber Channel - hhttps://bit.ly/https://bit.ly/GoldenTreeMotorsandElectricalViber

မော်တာတစ်လုံး ပျက်စီး/လောင်ကျွမ်းသွားတိုင်း မော်တာလဲရတဲ့ စရိတ်တင်မကဘဲ စက်ရုံပါ ခဏရပ်သွားလို့ ကုန်ထုတ်လုပ်မှု ထိခိုက်ရတာတ...
02/08/2026

မော်တာတစ်လုံး ပျက်စီး/လောင်ကျွမ်းသွားတိုင်း မော်တာလဲရတဲ့ စရိတ်တင်မကဘဲ စက်ရုံပါ ခဏရပ်သွားလို့ ကုန်ထုတ်လုပ်မှု ထိခိုက်ရတာတွေကြုံဖူးကြမှာပါ။ 💸

"မော်တာ ခဏခဏ ပျက်နေလို့ သက်တမ်းရှည်ရှည် သုံးချင်တယ်" ဆိုတဲ့ မိတ်ဆွေတို့အတွက် သတင်းကောင်းတစ်ခု ရှိပါတယ်။ ဒါကတော့ မော်တာမလောင်ခင် ကြိုတင်ကာကွယ်ပေးမယ့် Motor Protection & Safety System ပဲဖြစ်ပါတယ်ရှင်⚙️✨

Motor Protection & Safety System ဆိုတာ မော်တာမှာ ဖြစ်ပေါ်လာနိုင်တဲ့ လျှပ်စစ်နဲ့ စက်မှုဆိုင်ရာ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေကို စက်ပစ္စည်းတွေ (Relay/Breaker/Sensor) က ကြိုတင်သိရှိပြီး မော်တာမလောင်ခင် မီးလိုင်းကို အလိုအလျောက် ဖြတ်တောက် (Trip) ပေးတဲ့ ဘေးကင်းလုံခြုံရေး စနစ် ဖြစ်ပါတယ်။

ဒါဆို ဒီစနစ်က မော်တာကို ဘာတွေကနေ အဓိက ကာကွယ်ပေးတာလဲ? 🛠️
Overload & Overcurrent Protection ⚡
မော်တာမှာ ဝန်ပိုတင်မိလို့ ဒါမှမဟုတ် Amp အဆမတန် ဆွဲလာရင် စက်အပူလွန်ပြီး မလောင်သွားအောင် မီးလိုင်းကို ချက်ချင်း ဖြတ်ပေးပါတယ်။

Phase Loss & Unbalance Protection 🔌
Phase ၃ ခုထဲက ၁ ခု လွတ်သွားတာ၊ ဒါမှမဟုတ် Phase မညီဘဲ ဗို့အား အတက်အကျ ဖြစ်တာတွေကို သိရှိပြီး မော်တာလောင်ခြင်းမှ တားဆီးပေးပါတယ်။

Overheating Protection (Thermal Sensor) 🌡️
မော်တာ အတွင်းပိုင်း အပူချိန် လွန်ကဲလာရင် အလိုအလျောက် စက်ရပ်ပေးပါတယ်။

Short Circuit & Earth Fault Protection ⚡
လျှပ်စစ် ဝါယာရှော့ဖြစ်ခြင်းနဲ့ ဓာတ်လိုက်ခြင်း/မြေစိုက်လိုင်း ယိုစိမ့်ခြင်းတို့မှ ကာကွယ်ပေးပါတယ်။

💡 အတိုချုပ်ပြောရရင် Motor Safety System တပ်ထားတာဟာ လူကြီးမင်းတို့စက်ရုံရဲ့ တန်ဖိုးကြီး မော်တာတွေအတွက် "အာမခံအသက်အန္တရာယ် ကာကွယ်ရေး အင်္ကျီ" ဝတ်ပေးထားသလိုပါပဲ။

စက်ရုံမှာ မော်တာတွေ ခဏခဏ မပျက်စီးဘဲ စွမ်းဆောင်ရည်ပြည့် လည်ပတ်နိုင်ဖို့အတွက် အရည်အသွေးမြင့် Brand New / Second Hand Industrial Motor များနဲ့ Protection System ပိုင်းဆိုင်ရာ လိုအပ်ချက်များကို Golden Tree မှာ လာရောက်တိုင်ပင် ဆွေးနွေးနိုင်ပါတယ်ရှင်။ 🛠️✨

☎️ ဆက်သွယ်ရန် Hotline Number - 09 448 073 260, 09 777 204 475

📍 အရောင်းပြခန်း တည်နေရာ 📍
အမှတ်(၉၆၆) ၊ ပြည်တော်စုလမ်းမ ၊ စစ်တောင်လမ်းထိပ် ၊ တောင်ဒဂုံမြို့နယ်
🌟 ရန်ကုန်မြို့ အတွင်းဝယ်ယူလိုသော မိတ်ဆွေများကို ဆိုင်အရောက် ပို့ဆောင်ပေးပါသည်။ 🌟

📍Golden Tree Viber Channel - hhttps://bit.ly/https://bit.ly/GoldenTreeMotorsandElectricalViber

#စက်ရုံသုံးမော်တာ #လုပ်ငန်းသုံးမော်တာ

စက်ရုံလည်ပတ်နေတုန်း မော်တာခဏခဏ Overload ဖြစ်ပြီး စက်တွေ ရပ်သွားလို့ စိတ်ညစ်နေရပြီလား?ဓါတ်အားခတွေ ပိုကုန်ရတဲ့အပြင် ကုန်ထု...
31/07/2026

စက်ရုံလည်ပတ်နေတုန်း မော်တာခဏခဏ Overload ဖြစ်ပြီး စက်တွေ ရပ်သွားလို့ စိတ်ညစ်နေရပြီလား?
ဓါတ်အားခတွေ ပိုကုန်ရတဲ့အပြင် ကုန်ထုတ်လုပ်မှုပါ ကြန့်ကြာသွားစေလို့ ဒါဟာ လုပ်ငန်းရှင်တိုင်း ခေါင်းခဲရတဲ့ ပြဿနာတစ်ခုပါပဲနော် 😢

ဒါကြောင့်မော်တာ မလောင်ခင်နဲ့ အလုပ်မပျက်ရအောင် Motor Overload ဖြစ်ရတဲ့ အဓိက အကြောင်းရင်း (၃) ချက်နဲ့ ကာကွယ်နည်းလေးတွေကို Golden Tree က မျှဝေပေးလိုက်ပါတယ်ရှင် ⚙️💡

၁. ဝန်ပိုတင်မိခြင်း (Mechanical Overloading) ⚙️
မော်တာရဲ့ ခံနိုင်ရည် (HP/kW) ထက် ပိုကြီးတဲ့ ဝန်ကို ခိုင်းမိတာ၊ Belt တင်းလွန်းတာနဲ့ Mechanical ပိုင်း ကြပ်နေတာတွေကြောင့် ဖြစ်ပါတယ်။
မော်တာ မတပ်မီ လုပ်ငန်းခွင် လိုအပ်ချက်နဲ့ ကွက်တိဖြစ်မယ့် Horsepower ကို သေချာတွက်ချက်ပါ။ Gearbox, Bearing နဲ့ Belt တွေကိုလည်း ပုံမှန် မဖြစ်မနေ ဆီထိုးစစ်ဆေးပေးပါ။

၂. လျှပ်စစ်ဓာတ်အား မမှန်ခြင်း (Power Quality Issues) ⚡
မီးအားကျတာ၊ Phase မညီတာ ဒါမှမဟုတ် Phase လွတ်သွားတာတွေကြောင့် မော်တာက ပါဝါရဖို့ Amp တွေ ပိုဆွဲရာမှ အပူလွန်ပြီး Overload ဖြစ်ရတာပါ။
Phase Failure Relay ဒါမှမဟုတ် Digital Protection Relay တွေ တပ်ဆင်ထားပါ။ ဗို့အား မတည်ငြိမ်ရင် Stabilizer သုံးပေးဖို့ အကြံပြုချင်ပါတယ်ရှင်။

၃. အပူလွန်ကဲခြင်းနှင့် လေဝင်လေထွက် မကောင်းခြင်း (Overheating) 🌡️
မော်တာပေါ်မှာ ဖုန်နဲ့ ဆီဂျီးတွေ ပိတ်နေလို့ အပူမထွက်နိုင်ဘဲ အတွင်းအပူချိန် မြင့်တက်လာတာ ဖြစ်ပါတယ်။
Preventive Maintenance (PM) ဇယားဆွဲပြီး မော်တာနဲ့ အအေးပေး ပန်ကာ (Cooling Fan) တွေကို ပုံမှန် သန့်ရှင်းရေး လုပ်ပေးပါ။

💡 မော်တာအမျိုးအစား မှန်ကန်ဖို့နဲ့ Thermal Overload Relay သေချာပေးထားခြင်းက မော်တာလောင်မယ့်ဘေးမှ ၉၀% အထိ ကာကွယ်ပေးနိုင်ပါတယ်နော်။

လူကြီးမင်းတို့ရဲ့စက်ရုံအတွက် စွမ်းဆောင်ရည်မြင့်ပြီး စိတ်ချရတဲ့ Brand New / Second Hand Industrial Motor တွေကို ရှာဖွေနေတယ်ဆိုရင်တော့ Golden Tree ကို အခုပဲ ဆက်သွယ်လိုက်ပါရှင် 🛠️

☎️ ဆက်သွယ်ရန် Hotline Number - 09 448 073 260, 09 777 204 475

📍 အရောင်းပြခန်း တည်နေရာ 📍
အမှတ်(၉၆၆) ၊ ပြည်တော်စုလမ်းမ ၊ စစ်တောင်လမ်းထိပ် ၊ တောင်ဒဂုံမြို့နယ်

🌟 ရန်ကုန်မြို့ အတွင်းဝယ်ယူလိုသော မိတ်ဆွေများကို ဆိုင်အရောက် ပို့ဆောင်ပေးပါသည် 🌟

📍Golden Tree Viber Channel - hhttps://bit.ly/https://bit.ly/GoldenTreeMotorsandElectricalViber

#စက်ရုံသုံးမော်တာ #လုပ်ငန်းသုံးမော်တာ

လုပ်ငန်းခွင်မှာ အရေးပေါ် မော်တာလဲဖို့ လိုလာလို့ပဲဖြစ်ဖြစ်၊ လုပ်ငန်းတိုးချဲ့ဖို့ စက်ပစ္စည်းသစ်တွေ ထပ်ဖြည့်ချင်လို့ပဲဖြစ်ဖ...
30/07/2026

လုပ်ငန်းခွင်မှာ အရေးပေါ် မော်တာလဲဖို့ လိုလာလို့ပဲဖြစ်ဖြစ်၊ လုပ်ငန်းတိုးချဲ့ဖို့ စက်ပစ္စည်းသစ်တွေ ထပ်ဖြည့်ချင်လို့ပဲဖြစ်ဖြစ်... မိမိဘတ်ဂျက်နဲ့ ကိုက်ညီမယ့် လုပ်ငန်းသုံး မော်တာကောင်းကောင်း ရှာရခက်နေပါသလား? 🤔

အသစ်စက်စက်မှ စိတ်ချရမယ်ဆိုသူတွေရော၊ ဈေးတန်တန်နဲ့ အလုပ်တွင်မယ့် အဟောင်းသန့်သန့် ရှာနေသူတွေအတွက်ပါ ခေါင်းစားစရာ မလိုတော့ဘူးနော်... Golden Tree ကိုသာ တန်းလာခဲ့လိုက်ပါ⚙️✨
Golden Tree မှာဆိုရင် စက်ရုံ၊ အလုပ်ရုံနဲ့ လုပ်ငန်းမျိုးစုံအတွက် လိုအပ်တဲ့ Industrial Motor အမျိုးအစားစုံလင်ကို တစ်နေရာတည်းမှာတင် စိတ်ကြိုက် ရွေးချယ်နိုင်အောင် ခင်းကျင်းပေးထားပါတယ်။
Brand New မော်တာများ ⚡

ရေရှည်အသုံးပြုမှာမို့ အသစ်စက်စက်မှ သုံးချင်တဲ့ မိတ်ဆွေတို့အတွက် စွမ်းဆောင်ရည်မြင့်မားပြီး စက်ရုံထုတ် အာမခံချက်အပြည့်ပါတဲ့ မော်တာအသစ်တွေကို စိတ်ချလက်ချ ရွေးချယ်နိုင်ပါတယ်။
Second Hand မော်တာသန့်သန့်များ 🛠️

ဘတ်ဂျက် ချွေတာချင်တဲ့ လုပ်ငန်းရှင်တွေအတွက် Coil ပိုင်း၊ Bearing ပိုင်းနဲ့ စက်စွမ်းအားတွေကို ကျွမ်းကျင်စက်မှုပညာရှင်တွေက သေချာ စိစစ်စမ်းသပ်ပြီးသား "အဟောင်းပေမဲ့ အသစ်အတိုင်း စွမ်းဆောင်ရည်ကောင်း" တဲ့ မော်တာတွေကို ဈေးတန်တန်နဲ့ ရောင်းချပေးနေပါတယ်နော်။

Single Phase ရော Three Phase ပါ အမျိုးအစားစုံ၊ Horsepower (HP) အလိုက် စုံစုံလင်လင် ရှိတာမို့ မိမိလုပ်ငန်းနဲ့ ကွက်တိဖြစ်မယ့် မော်တာကို Golden Tree မှာ အေးဆေး လာရောက်တိုင်ပင် ရွေးချယ်လိုက်ပါ👍

☎️ ဆက်သွယ်ရန် Hotline Number - 09 448 073 260, 09 777 204 475

📍 အရောင်းပြခန်း တည်နေရာ 📍
အမှတ်(၉၆၆) ၊ ပြည်တော်စုလမ်းမ ၊ စစ်တောင်လမ်းထိပ် ၊ တောင်ဒဂုံမြို့နယ်

🌟 ရန်ကုန်မြို့ အတွင်းဝယ်ယူလိုသော မိတ်ဆွေများကို ဆိုင်အရောက် ပို့ဆောင်ပေးပါသည် 🌟

📍Golden Tree Viber Channel - hhttps://bit.ly/https://bit.ly/GoldenTreeMotorsandElectricalViber

#လုပ်ငန်းသုံးမော်တာ #စက်ရုံသုံးမော်တာ

ရင်ထဲက အာဇာနည်နေ့ 🥀သမိုင်းမှာ ဘယ်တော့မှ ဖျောက်ဖျက်လို့မရတဲ့ ဇူလိုင် ၁၉ ရက်နေ့။ (၇၉) ကြိမ်မြောက် အာဇာနည်နေ့ကို အစဉ်ထာဝရ သ...
19/07/2026

ရင်ထဲက အာဇာနည်နေ့ 🥀

သမိုင်းမှာ ဘယ်တော့မှ ဖျောက်ဖျက်လို့မရတဲ့ ဇူလိုင် ၁၉ ရက်နေ့။ (၇၉) ကြိမ်မြောက် အာဇာနည်နေ့ကို အစဉ်ထာဝရ သတိရအောက်မေ့ရင်း လေးစားစွာ ဦးညွှတ်လိုက်ရပါတယ်။
☎️ ဆက်သွယ်ရန် Hotline Number - 09 448 073 260, 09 777 204 475
📍 အရောင်းပြခန်း တည်နေရာ 📍
အမှတ်(၉၆၆) ၊ ပြည်တော်စုလမ်းမ ၊ စစ်တောင်လမ်းထိပ် ၊ တောင်ဒဂုံးမြို့နယ်
ရန်ကုန်မြို့ အတွင်းဝယ်ယူလိုသော မိတ်ဆွေများကို ဆိုင်အရောက် ပို့ဆောင်ပေးပါသည်။
ော်တာနှင့်လျှပ်စစ်ပစ္စည်းအမျိုးမျိုးရောင်းဝယ်ရေး #အာဇာနည်နေ့ 's Day

Address

အမှတ် (၉၆၆) ၊ ပြည်တောင်စုလမ်းမ ၊ စစ်တောင်လမ်းထိပ် ၊ တောင်ဒုံမြို့နယ်
Dagon
111431

Telephone

+959448073260

Website

Alerts

Be the first to know and let us send you an email when Golden Tree မော်တာ နှင့် လျှပ်စစ်ပစ္စည်း အမျိုးမျိုး ရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Golden Tree မော်တာ နှင့် လျှပ်စစ်ပစ္စည်း အမျိုးမျိုး ရောင်းဝယ်ရေး:

Shortcuts

Share