25/08/2026
Capacitor ဆိုတာဘာလဲ...?🤔
ဆိုတာက လျှပ်စစ်ဓာတ်အားကို ခဏတာ သိုလှောင်ထားပြီး လိုအပ်တဲ့အချိန်မှာပြန်လည်ထုတ်ပေးနိုင်တဲ့ Electrical Component တစ်ခုပဲဖြစ်ပါတယ်။
မော်တာအလွတ်တွေနဲ့ရေပန့်တွေမှာဆိုရင်တော့ Capacitor က မော်တာကိုစတင်လည်ပတ်နိုင်ဖို့နဲ့ လည်ပတ်နေစဥ်မှာအားကောင်းကောင်းနဲ့လည်ဖို့အတွက်ကူညီပေးပါတယ်။
အဓိအားဖြင့် Capacitor ၂မျိုးရှိပါတယ်။
(၁). Start Capacitor
Start Capacitor ကမော်တာကိုစတင်လည်ချိန်မှာ Starting Torque အားကောင်းအောင်ကူညီပေးတာပါ။ မော်တာစလည်ပြီးတဲ့နောက်မှာတော့ အများအားဖြင့် circuit ကနေဖြတ်တောက်ပေးပြီး start capacitor က အလုပ်မလုပ်တော့ပါဘူး။
(၂). Run Capacitor
Run Capacitor ကတော့ မော်တာလည်နေစဥ်တစ်လျှောက်မှာ ချောမွေ့စွာလည်ပတ်စေဖို့နဲ့ မော်တာရဲ့ Efficiency ကောင်းစေဖို့အတွက်ကူညီပေးပါတယ်။
ဒါ့ကြောင့် Capacitor က Motor စတင်လည်စေဖို့နဲ့ လည်ပတ်နေစဥ်အားကောင်းဖို့အတွက်ကော အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
အသေးစိတ်သိရှိလိုပါက...☎
09898299993
09898299995
09443170724 တို့ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ....🥰