SIE Training Center

SIE Training Center SIE offers a range of air conditioning training courses both theoretical and practical to meet the n

မေလ ( ၁ ) ရက်နေ့တွင်ကျရောက်သော " အလုပ်သမားနေ့ " အား SIE Construction မှ ဂုဏ်ပြုကြိုဆိုလိုက်ပါတယ် ။အလုပ်သမားများနှင့် ဝန်...
01/05/2025

မေလ ( ၁ ) ရက်နေ့တွင်ကျရောက်သော "

အလုပ်သမားနေ့ " အား SIE Construction မှ ဂုဏ်ပြု

ကြိုဆိုလိုက်ပါတယ် ။

အလုပ်သမားများနှင့် ဝန်ထမ်းများအားလုံး စိတ်

ချမ်းသာ ကိုယ်ကျန်းမာပြီး အလုပ်အကိုင်

အခွင့်အလမ်းများ ပြည့်စုံချောမွေ့ကြပါစေကြောင်း

SIE Construction မိသားစုမှဆုမွန်ကောင်းတောင်း

အပ်ပါသည်။

အဘိဓမ္မာအခါတော် (သီတင်းကျွတ်လပြည့်နေ့) ဆုမွန်ကောင်း🙏မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ သီတင်းကျွတ် လပြည့် “အဘိဓမ္မာအခါတော်” နေ့...
17/10/2024

အဘိဓမ္မာအခါတော် (သီတင်းကျွတ်လပြည့်နေ့)

ဆုမွန်ကောင်း🙏

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ သီတင်းကျွတ် လပြည့်

“အဘိဓမ္မာအခါတော်” နေ့တွင် ချစ်ခင်လေးစား

အပ်ပါသောလူကြီးမင်းများအားလုံး သီတင်းကျွတ်

အခါသမယတွင် လူကြီးမင်းတို့၏ စီးပွား၊ဥစ္စာများ

တိုးတက်ကောင်းမွန်ပြီး စိတ်၏ချမ်းသာခြင်း၊

ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေကြောင်း

ကျွန်တော်တို့ SIE Co.,Ltd မိသားစုမှ ဆုတောင်း

မေတ္တာပို့သအပ်ပါသည် 🙏🙏🙏

Cooling Load Calculation For HomeAir Con တော့ install လုပ်တက်ပီဆိုပါဆို့🙀🙀🙀🙀🙀အခန်းတခန်းရဲ့ လိုအပ်တဲ့ cooling load ကို ဘယ...
14/05/2023

Cooling Load Calculation For Home

Air Con တော့ install လုပ်တက်ပီဆိုပါဆို့🙀🙀🙀🙀🙀

အခန်းတခန်းရဲ့ လိုအပ်တဲ့ cooling load ကို ဘယ်လို တွက်ကြမယ်

ဆိုတာလေးကိုကော တွက်တက်ဖို့ လိုပါတယ် ခင်ဗျာ။။။

တွက်နည်း အများကြီး ရှိတဲ့အထဲက အလွယ်ကူဆုံးနဲ့ မှတ်ရလွယ်တာလေးကို

ဒီနေ့ ပြောပြမှာပါ။

ဒါပေမယ့်👇👇👇👇👇

သိထားသင့်တာလေးတွေကိုတော့ အရင် လိုက်မှတ်စေလိုပါတယ်။

👉 Climate Weather ( ကိုနေတဲ့ နေရာရဲ့ အပူချိန် ကိုပြောတာပါ )

👉 Sq.ft ( အခန်းတခုရဲ့ အလျှား နဲ့ အနံ )

👉 အဲ့ အခန်းမှာ နေမယ့် လူဦးရေ

👉 အဲ့ အခန်းဟာ နေရောင် ကျတဲ့ ဘက် မှာရှိတာလား

👉 အဲ့ အခန်းမှာ မီးဖိုခန်း တခါတည်း ပါတာလား ဆိုတာကိုတော့

သိရပါ့မယ် ခင်ဗျာ။

ဒါဆို ဥပမာလေး တွက်ကြည့်ရအောင်

👉 Bago Climate Weather က 40'C

👉 Air Con install လုပ်မယ်​့ အခန်း ​၏ အလျှားက 47 ပေ / အနံ က 16 ပေ

ဒါဆို Sq.ft = 47x16 = 752 ပေါ့

👉 အဲ့ အခန်းမှာ နေမယ့် လူဦးရေ က ခန့်မှန်း 7 ယောက်

( လူတယောက် ကို BTU 600 ရှိတယ်ဆိုတာ သိရပါ့မယ် )

ဒါဆို 7x 600= 4200 BTU ပေါ့

👉 အဲ့ အခန်းက ညနေဆို နေရောင် တိုက်ရိုက် ကြပါတယ် ဆိုပါစို့။

နေရောင် ကျရင် 10% ထည့်ပေါင်းပေးပါ

နေရောင်မကျရင် မလိုပါဘူး

👉 အဲ့ အခန်းနဲ့က မီးဖိုခန်း တဆကိတည်း ပါတယ်ဆိုကြပါစို့ ။

မီးဖိုခန်းပါရင် 4000 BTU ထည့်ပေါးပါ။

မပါရင် မလို ပါဘူး။

ကဲ ဒါဆို ဒီ Formula လေးနဲ့ ထည့်ပီး တွက်ကြည့်ရအောင်

👉BTU = Climate Weather x Sq.ft

👉BTU = 40 x ( 47x 16 )

= 30080

👉BTU = 30080+ 4200

= 34280

👉 BTU = 34280x 10%

= 34280+ 3428

= 37708

👉 BTU = 37708 + 4000

= 41708 BTU ရပါတယ်ခင်ဗျာ 😩😩😩😩😩

1HP မှာ 8000 or 9000 BTU ပါတယ်ဆိုတာတော့ သိကြမှာပါနော်။

ဒါကြောင့် 41708/ 8000 နဲ့ စားလိုက်ရင် ကိုတပ်ဆင်ရမယ့် HP ရပါပီ ခင်ဗျာ။

HP = 41708 / 8000

= 5.2 HP ရပါတယ် ခင်ဗျာ။။

💯💯💯   50% Offဒီကာလကြီးမှာ အသက်မွေးဝမ်းကြောင်း ပညာတစ်ခုကို သင်ယူချင်တဲ့ ညီငယ်လေးများ အတွက် သင်တန်းဘယ်တော့ ပြန်ဖွင့်မလဲ မေ...
11/05/2023

💯💯💯 50% Off

ဒီကာလကြီးမှာ အသက်မွေးဝမ်းကြောင်း ပညာတစ်ခုကို သင်ယူချင်တဲ့ ညီငယ်လေးများ အတွက်
သင်တန်းဘယ်တော့ ပြန်ဖွင့်မလဲ မေးနေကြတဲ့ သူများအတွက် ပြန်ဖွင့်မယ့် အချိန်လေးကို ပြောပေးလိုက်ပါတယ်။
တစ်ချိန်ကို သင်တန်းသား 5 ဦးပဲ လက်ခံမှာ ဖြစ်လို့ ကြိုတင်စာရင်း ပေးသွင်းထားလို့ရပါတယ်။

👷🏼‍♂️ Air con , Refrigerator, Washing Machine ပညာရပ်ကိုလည်း အခြေခံက အစနားလည်ချင်တယ်
👷🏼‍♂️ လုပ်ငန်းခွင်မှာ ယုံကြည်မှုရှိစွာနှင့် စည်းစနစ်ကျစွာ လုပ်ကိုင်တတ်ချင်တယ် ဆိုသူများ အတွက်

✅ SIE Training Centre မှ Air Con , Refrigerator လေးများ ဖွင့်ပေးထားပါတယ်။
• Air Con ပညာရပ်ကို အမှန်တကယ်စိတ်ပါဝင်စားသူများ
• Air Con ပညာရပ်နဲ့ ပြည်ပထွက်လိုသူများ
• ကိုယ်ပိုင်ဆိုင် ဖွင့်လိုသူများ
• Air Con Company ကြီးများတွင် အလုပ်ဝင်ချင်သူများ
• Air Con ပညာရပ်ကို လေ့လာချင်သော Mechanical Engineer များ ကို SIE Training Centre မှ ဖိတ်ခေါ် ပါရစေ။

📚 စာတွေ့ 30%, 🛠 လက်တွေ့ 70% သင်ကြားမှု ပုံစံနှင့် အတူ သင်ထောက်ကူ ပစ္စည်း စုံလင်စွာဖြင့် ကျန်းမာရေး ဝန်ကြီး ဌာန မှ ချမှတ်ထားသော စည်းကမ်းများနှင့် အညီ သင်ကြားသွားမှာပါ။

🌐 SIE Training မှ သင်တန်းပြီးသူများကို လုပ်ငန်းအတွေ့အကြုံနှင့် ကျွမ်းကျင်မှုရှိစေရန် လက်တွေ့လုပ်ငန်းခွင်များတွင် အလျဥ်းသင့်သလို Site On-Job Training များဆင်းနိုင်တဲ့ အစီအစဥ်များလည်း လုပ်ပေးထားပါတယ် ခင်ဗျာ။

သင်တန်းမှာ သင်မည့် သင်ခန်းစာလေးတွေကတော့

💯 Air con Installation & Repairing Course
💯 Refrigerator Repairing course တို့အပြင် သိသင့်သိထိုက် သည့် အကြောင်းအရာများကို ကျွမ်းကျင် တက်မြောက် သွားသည်အထိ သင်ကြားပေးသွားမှာပါ။

🔰 အားလုံးပဲ ဘေးအပေါင်း ရန်အပေါင်းမှ ကင်းဝေးကြပါစေကြောင်း နှင့် 2023 လေးမှာ အာမခံချက်ရှိတဲ့ အသက်မွေးဝမ်းကြောင်း ပညာရပ်လေးတခုကို လေ့လာကြရအောင်နော် 👏👏👏

💖💖💖ပညာရပ်ကို အမှန်တကယ် စိတ်ဝင်စားပြီး ပညာလိုချင်သော ညီငယ်များ ပွင့်လင်းစွာ ပြောပြီး တက်ရောက်နိုင်ရန်လည်း ရှိပါတယ်။
(အမှန်တကယ် ငွေကြေးမတတ်နိုင်သူ ပညာလိုချင်သူ)

⏰ အချိန် - 10:00 am to 12:00 noon (or) 2:00 pm to 4:00 pm
👷🏼‍♂️ ဆရာ - Engr San Yu Htike
💵 Fee –200,000 Kyats
🏘 နေရာ - အမှတ် 8/117, မင်းရဲကျော်စွာလမ်း, မဟာမြိုင်, ဥဿာမြို့သစ်, ပဲခူး မြို့။
📱ဖုန်း - 09-2600 907 98, 09-2600 300 86
page - SIE Training Center
သင်တန်းကာလ - 2 months (Monday& Wednesday)
စတင်မည့်နေ့ - 13.05.2023

💯💯💯   50% Offဒီကာလကြီးမှာ အသက်မွေးဝမ်းကြောင်း ပညာတစ်ခုကို သင်ယူချင်တဲ့ ညီငယ်လေးများ အတွက် သင်တန်းဘယ်တော့ ပြန်ဖွင့်မလဲ မေ...
07/05/2023

💯💯💯 50% Off

ဒီကာလကြီးမှာ အသက်မွေးဝမ်းကြောင်း ပညာတစ်ခုကို သင်ယူချင်တဲ့ ညီငယ်လေးများ အတွက်
သင်တန်းဘယ်တော့ ပြန်ဖွင့်မလဲ မေးနေကြတဲ့ သူများအတွက် ပြန်ဖွင့်မယ့် အချိန်လေးကို ပြောပေးလိုက်ပါတယ်။
တစ်ချိန်ကို သင်တန်းသား 5 ဦးပဲ လက်ခံမှာ ဖြစ်လို့ ကြိုတင်စာရင်း ပေးသွင်းထားလို့ရပါတယ်။

👷🏼‍♂️ Air con , Refrigerator, Washing Machine ပညာရပ်ကိုလည်း အခြေခံက အစနားလည်ချင်တယ်
👷🏼‍♂️ လုပ်ငန်းခွင်မှာ ယုံကြည်မှုရှိစွာနှင့် စည်းစနစ်ကျစွာ လုပ်ကိုင်တတ်ချင်တယ် ဆိုသူများ အတွက်

✅ SIE Training Centre မှ Air Con , Refrigerator လေးများ ဖွင့်ပေးထားပါတယ်။
• Air Con ပညာရပ်ကို အမှန်တကယ်စိတ်ပါဝင်စားသူများ
• Air Con ပညာရပ်နဲ့ ပြည်ပထွက်လိုသူများ
• ကိုယ်ပိုင်ဆိုင် ဖွင့်လိုသူများ
• Air Con Company ကြီးများတွင် အလုပ်ဝင်ချင်သူများ
• Air Con ပညာရပ်ကို လေ့လာချင်သော Mechanical Engineer များ ကို SIE Training Centre မှ ဖိတ်ခေါ် ပါရစေ။

📚 စာတွေ့ 30%, 🛠 လက်တွေ့ 70% သင်ကြားမှု ပုံစံနှင့် အတူ သင်ထောက်ကူ ပစ္စည်း စုံလင်စွာဖြင့် ကျန်းမာရေး ဝန်ကြီး ဌာန မှ ချမှတ်ထားသော စည်းကမ်းများနှင့် အညီ သင်ကြားသွားမှာပါ။

🌐 SIE Training မှ သင်တန်းပြီးသူများကို လုပ်ငန်းအတွေ့အကြုံနှင့် ကျွမ်းကျင်မှုရှိစေရန် လက်တွေ့လုပ်ငန်းခွင်များတွင် အလျဥ်းသင့်သလို Site On-Job Training များဆင်းနိုင်တဲ့ အစီအစဥ်များလည်း လုပ်ပေးထားပါတယ် ခင်ဗျာ။

သင်တန်းမှာ သင်မည့် သင်ခန်းစာလေးတွေကတော

💯 Air con Installation & Repairing Course
💯 Refrigerator Repairing course တို့အပြင် သိသင့်သိထိုက် သည့် အကြောင်းအရာများကို ကျွမ်းကျင် တက်မြောက် သွားသည်အထိ သင်ကြားပေးသွားမှာပါ။

🔰 အားလုံးပဲ ဘေးအပေါင်း ရန်အပေါင်းမှာ ကင်းဝေးကြပါစေကြောင်း နှင့် 2023 လေးမှာ အာမခံချက်ရှိတဲ့ အသက်မွေးဝမ်းကြောင်း ပညာရပ်လေးတခုကို လေ့လာကြရအောင်နော် 👏👏👏

💖💖💖ပညာရပ်ကို အမှန်တကယ် စိတ်ဝင်စားပြီး ပညာလိုချင်သော ညီငယ်များ ပွင့်လင်းစွာ ပြောပြီး တက်ရောက်နိုင်ရန်လည်း ရှိပါတယ်။
(အမှန်တကယ် ငွေကြေးမတတ်နိုင်သူ ပညာလိုချင်သူ)

⏰ အချိန် - 10:00 am to 12:00 noon (or) 2:00 pm to 4:00 pm
👷🏼‍♂️ ဆရာ - Engr San Yu Htike
💵 Fee –200,000 Kyats
🏘 နေရာ - အမှတ် 8/117, မင်းရဲကျော်စွာလမ်း, မဟာမြိုင်, ဥဿာမြို့သစ်, ပဲခူး မြို့။
📱ဖုန်း - 09-2600 907 98, 09-2600 300 86
page - SIE Training Center
သင်တန်းကာလ - 2 months (Monday& Wednesday)
စတင်မည့်နေ့ - 13.05.2022

Refrigeration & Aircond System များအားပြစ်ချက်ရှာဖွေပြုပြင်ခြင်း Air-conditioning System ပြစ်ချက်များကိုရှာဖွေခြင်း(1) C...
07/02/2023

Refrigeration & Aircond System များအားပြစ်ချက်ရှာဖွေပြုပြင်ခြင်း

Air-conditioning System ပြစ်ချက်များကိုရှာဖွေခြင်း

(1) Compressor လည်ပတ်ခြင်းမရှိပါက
a- Power supply ရှိမရှိစစ်ဆေးရမယ်။
b- Wire Connection များကိုစစ်ဆေးရမယ်။
c- Overload Protector,Thermostat,Defrost Timer,Low press cut off, High pressure cut off များကိုစစ်ဆေးရမယ်။
d- Capacitor ကောင်းမကောင်းစစ်ဆေးရမယ်။ Starting device ( ရေခဲသေတ္တာအတွက်) များကောင်းမကောင်းစစ်ဆေးရမယ်။
e- Compressor Motor Winding များကောင်းမကောင်း Short, Ground, Open တိုင်းတာစစ်ဆေးရမယ်။
===================================

(2) Air-con အအေးဓာတ်မရရှိပါက

a- Cooling load မျှတမှု့ရှိမရှိ စစ်ဆေးရမယ်။
b- Outdoor Coil မှာအညစ်ကြေးများပိတ်ဆို့နေမနေ စစ်ဆေးရမယ်။
c- Outdoor coil စနစ်ချို့ယွင်းမှု့ရှိမရှိစစ်ဆေးရမယ်။
d- Outdoor coil တွင် Non condensable Gas များ ရောနှောပါဝင်နေနိုင်တယ်။
e- Filter dryer ပိတ်မပိတ်စစ်ရမယ်။ Expansion Device (Capillary Tube) မှာ ပိတ်ဆို့နေတာဖြစ်နိုင်တယ်။
f- Expansion device အပေါက်ကျဉ်းလွန်း (သို့မဟုတ်) ကျယ်လွန်းနေတာ ဖြစ်နိုင်တယ်။
g- Capillary tube သတ်မှတ်ထားသောအရှည်နဲ ့ အရွယ်စား မကိုက်ညီတာ ဖြစ်နိုင်တယ်။
h- Indoor Fan အလုပ်မလုပ်တာဖြစ်နိုင်တယ်။
i- Indoor coil အတွင်းလေလမ်းကြောင်းပိတ်ဆို့နေတာဖြစ်နိုင်တယ်၊
j- Defrost Heater အလုပ်မလုပ်တာဖြစ်နိုင်တယ်(သို့) ဆက်တိုက် အလုပ်လုပ်နေတာ ဖြစ်နိုင်တယ်။(for Refrigeration)
k- Compressor စွမ်းရည်ကျဆင်းနေတာဖြစ်နိုင်တယ်။
l- Refrigerant gas များလွန်း/နည်းလွန်းတာဖြစ်နိုင်တယ်။
===================================

(3) Air-con မှာအသံများထွက်နေလျှင်

a- Indoor/Ourdoor Fan Blade များတိုက်နေခြင်းရှိ၊မရှိ၊ Bearing များကြပ်နေခြင်းရှိ၊မရှိစစ်ဆေးရမယ်။
b- Compressor ချောဆီပမာနစစ်ရမယ်။
c- Compressor Head တွက် Frost ရေခဲမှုန်များကပ်နေမနေ စစ်ဆေးရမယ်။ ကပ်နေပါက Refrigerant liquid များ ဝင်ရောက်နေပြီဆိုတာသိနိုင်တယ်။ Compressor အတွက် အန္တရာယ်ရှိကြောင်းပါသိနိုင်တယ်။
d- Compressor အထိုင် nut များချောင်လွန်း၊ကြပ်လွန်းခြင်းရှိ၊မရှိစစ်ဆေးရမယ်။
===================================

(4) Discharge pressure ပုံမှန်ထက်များနေပါက

a- Gas များတာဖြစ်နိုင်တယ်။
b- လေပါသွားတာဖြစ်နိုင်တယ်။
c- Outdoor coil တွင်အညစ်ကြေးများပိတ်ဆို့နေတာဖြစ်နိုင်တယ်။
d- Outdoor Unit System ချို့ယွင်းနေတာဖြစ်နိုင်တယ်။
e- Outside Temperature မြင့်လွန်းနေတာဖြစ်နိုင်တယ်။
f- Cooling Load နှင့် System power မမျှတာဖြစ်နိုင်တယ်။
===================================

(5) Discharge pressure ပုံမှန်ထက်နည်းနေပါက

a- Gas နည်းနေတာဖြစ်နိုင်တယ်။
b- Compression ကျနေတာဖြစ်နိုင်တယ်။
===================================

(6) Suction pressure ပုံမှန်ထက်များနေပါက

a- Compressor valve များမလုံတာဖြစ်နိုင်တယ််။
b- Capillary tube size နဲ့ Gas ပမာဏမမျှတာဖြစ်နိုင်တယ််။
c- Expansion Valve အပေါက်ကျယ်နေတာဖြစ်နိုင်တယ်။
d- Cooling load မမျှတာဖြစ်နိုင်တယ်။
e- Compressor လည်နေစဉ် Defrost System အလုပ်လုပ်နေတာဖြစ်နိုင်တယ်။ (ရေခဲသေတ္တာများအတွက်)
===================================

(7) Suction pressure ပုံမှန်ထက်နည်းနေပါက
a- Gas ပမာဏနည်းနေတာဖြစ်နိုင်တယ််။
b- Expansion valve ပိတ်နေတာ (သို့မဟုတ်) ကျဉ်းနေတာဖြစ်နိုင်တယ််။
c- Filter dryer, Solenoid valve နှင့် liquid line တစ်လျှောက်ပိတ်ဆို့နေတာဖြစ်နိုင်တယ်။
d- Indoor coin တွင်အညစ်ကြေးများပိတ်ဆို့နေတာဖြစ်နိုင်တယ်၊ ရေခဲနေတာဖြစ်နိုင်တယ်။
e- Indoor fan အလုပ်မလုပ်တာဖြစ်နိုင်တယ််။
f- Thermostat မှသတ်မှတ်အပူချိန်တွင်မဖြတ်၍ System အအေးလွန်နေတာ ဖြစ်နိုင်တယ်။
===================================

(8) Air-conditioner တစ်လုံးအရည်သွေးပြည့်မှီခြင်းရှိ၊မရှိစစ်ဆေးခြင်း
a- စက်ကိုမောင်းနှင်ပါ၊
b- စက်လည်ပတ်ပြီး 15 minutes ကြာလျှင် Indoor Coin Inlet/Outlet Air temperature ကို Thermometer ဖြင့်တိုင်းယူပါ။ Outdoor coin inlet/outlet air temperature ကိုလည်းတိုင်းယူပါ။ Indoor/Outdoor coins temperature difference သည် 8°C/14°C အထက်တွင်ရှိရမယ်။
c- အထက်ပါတိုင်းတာချက်များ ကိုက်ညီမှု့မရှိပါက Running Ampere တန်ဖိုးကို ဆက်လက်စစ်ဆေး ရမယ်။
===================================

(9) သတ်မှတ် Running Ampere ထက်ပိုမြင့်နေလျှင်
a- Outdoor coil Fan or motor ချို့ယွင်းနေတာဖြစ်နိုင်သည်။
b- Outdoor coin အညစ်ကြေးများပိတ်ဆို့နေတာဖြစ်နိုင်သည်။
c- Outdoor unit အကျနေထိုးတဲ့ဘက်မှာရှိနေခြင်း၊ လေလမ်းကြောင်းနဲ့မျက်နှာခြင်းဆိုင် ဖြစ်နေခြင်း၊ ရှေ့မျက်နှာစာ လေဝင်လေထွက် မကောင်းခြင်း၊Outdoor Unit တစ်ခုနှင့်တစ်ခု အပူစွန့်ထုပ်မှု့ မျက်နှာချင်းဆိုင် နီးကပ်စွာ ရှိနေခြင်းဖြစ်နိုင်တယ််။
d- Gas များနေတာဖြစ်နိုင်တယ််။သတ်မှတ် Ampere နည်းနေပါက Sunction pressure ကိုစစ်ဆေးပါ၊ Suction pressure နည်းနေပါက Gas နည်းတာဖြစ်နိုင်တယ််၊ Capillary tube (သို့မဟုတ်) Strainer ပိတ်ဆို့နေတာဖြစ်နိုင်တယ််။ Suction pressure များနေပါက Compression ကျတာ၊ Compressor valve မလုံတာ/Sunction service valve (3way valve) ပိတ်ဆို့နေတာဖြစ်နိုင်တယ်။
=====================================

(10) Refrigeration System မှာ Overcharge ဖြစ်ရင်ဘာဖြစ်မလဲ ? ဘာလုပ်မလဲ ?
* Compressor Discharge Pressure တက်မယ်။
* Compressor အေးနေမယ်။
* Compressor suction line မှာ Frost တက်မယ်။
* ပြုပြင်ရန်မှာ condenser အပေါ်မှာရှိတဲ့ Air Purging v/v ကိုဖွင့်ပြီး Refrigerant လျှော့ Discharge pressure မှန်ရင် ရပ်လိမ့်မယ်။
===================================

(11) Refrigeration System မှာ Under Charge ဖြစ်ရင်ဘာဖြစ်မလဲ။ဘာလုပ်မလဲ ?

* Compressor Discharge pressure ကျမယ်။
* Compressor Dicharge Temperature တက်မယ်။
* Liquid sight glass မှာ Large bubble တွေတွေ့ရမယ်။
* Running Period ကြာမယ်။
* ပြုပြင်ရန်မှာ - Liquid sight glass တွင် bubble များပျောက်သည်အထိ Refrigerant ဖြည့်ပေးရမည်။
===================================

(12) Refrigeration System မှာ H/P cut out ဖြစ်ရင်ဘာလုပ်မလဲ၊ဘာလို့ဖြစ်တာလဲ။

* ဖြစ်ရခြင်းအကြောင်းအရင်းကိုရှာရမယ်။ပြုပြင်မယ်။ Reset လုပ်ပြီး၊ ပြန်မောင်းမယ်
* High Pressure cut out ဖြစ်ရခြင်းအကြောင်းအရင်းတွေက
* Cooling water failure ဖြစ်လို့
* Condenser Tube တွေမှာ Scale များလို့
* Over charge ဖြစ်နေလို့
===================================

(13) Refrigeration system short cycling ဖြစ်နေရင်ဘယ်လိုသိမလဲ၊ဘာလုပ်မလဲ?

Refrigeration Compressor မောင်းလိုက်ရပ်လိုက်မကြာခဏဖြစ်နေရင် (အချိန်တိုအတွင်းမှာ ဖြစ်နေရင် ) Short Cycling ဖြစ်တာ။Short Cycle ဖြစ်ရခြင်းမှာ
* Expension valve choke ဖြစ်လို့
* Filter choke ဖြစ်လို့
* Dehydrator choke ဖြစ်လို့
ပြုပြင်ရန်မှာ - Filter clean လုပ်မယ်။ Dehydrator အသစ်လဲမယ်။ Expension v/v choke ဖြစ်ရခြင်းအကြောင်းမှာ Sytem ထဲတွင် Moisture တွေပါလို့။ ဖုန်အညစ်အကြေးတွေပါလို့။
===================================

(14) R12 compound gauge ကို R22 systm မှာသုံးလို့ရလား၊ ဘာကြောင့်မရတာလဲ?
- မရပါဘူး။
- Pressure သာအမှန်ပြပြီး Temperature အမှန်မပြတော့ပါ။
- ဘာကြောင့်လဲဆိုတော့ R12 နဲ့ R22 boiling point temperature မတူညီလို့ပါ။
===================================

(15) Solenoid v/v & Expension v/v ဘယ်မှာထားလဲ။
• Solenoid v/v & expension v/v ၂ခုလုံး Refrigeration system မှာရှိပါတယ်။
• Solenoid v/v သည် condenser နှင့် expansion v/v ကြားမှာရှိပါတယ်။
• Expension v/v သည် solenoid v/v နှင့် evaporator ကြားမှာရှိပါတယ်။
===================================

(16) Refrigeration system မှာ compressor suction pressure & discharge pressure ဘယ်လောက်ရှိလဲ?
In R12 : Compressor suction pressure & Temperature -2kg/cm2 & -10°C
: Compressor discharge pressure & Temperature -8.5kg/cm2 & 93°C
In R22 : Compressor suction pressure & Temperature 3.5kg/cm2 & -10°C
: Compressor discharge pressure & Temperature 13kg/cm2 & 93°C
: Oil Pressure 3-8 kg/cm2
In NH3 : Compressor suction pressure -2kg/cm2
: Compressor discharge pressure 11.5kg/cm2
===================================

(17) Refrigeration System မှာ High pressure cut out နဲ့ Low Pressure cut out ဘာကွာသလဲ ?
* High Pressure cut out ဖြစ်ရင် Reset လုပ်ပြီးမှပြန်မောင်းလို့ရတယ်။ H/P cut out က Compressor discharge side မှာရှိတယ်။
* Low pressure cut out ဖြစ်ရင် suction pressure ပြန်တက်လာတဲ့အခါမှ cut in ပြန်ဖြစ်ပြီး compressor ပြန်လည်လာပါတယ်။ low pressure cut out က compressor suction side မှာရှိတယ်။
* (Cool Room temperature တက်လာလို့ thermostat က solenoid v/v ကို ပြန်ပွင့်သွားတဲ့အတွက် suction pressure ပြန်တက်လာမယ်။)
===================================

(18) Refrigerant ရဲ့ Property တွေကိုပြောပြပါ။
* Low boiling point temperature
* High critial temperature
* Non corrosive & Non Toxic
* Non Flamable and non explosive
* Non chemical reaction with L.O
* Low Condensing pressure
* Easy leak detecting
* High Latent heat
* Stable under working conditio
* Cheap and Easily stored
===================================

(19) Refrigeration System မှာ leakage ဘယ်လိုစမ်းမလဲ ?
- R12 နဲ့ R22 သုံးရင် leakage နည်းရင် Haylydé Torch နဲ့စမ်းမယ်။ Haylydé Torch မီးတောက်အစိမ်းရောင် ပြောင်းသွားရင် Leakage ရှိတယ်။
- Leakage များရင်ဆပ်ပြာရေနဲ့စမ်းမယ်။ Bubble ထလာရင် Leakage အပေါက်ရှိတယ်။
- Ammoia ဆိုရင်Litmas paper နဲ့စမ်းမယ်၊အပြာရောင်ပြောင်းသွားရင်Leakage ရှိတယ်။
- (Leakage အနဲအများကို Pressure & Reciever sight glass level ကိုကြည့်ပါ။)
===================================

(20) Refrigeration system မှာ Refrigeration ကို Purging လုပ်ရင် ဘယ်ကိုထုတ်မလဲ?

* Feron System ဆိုရင် လေထဲကိုပဲထုတ်ပြစ်မယ်။
* Ammonia သုံးရင် ရေပုံးထဲက ရေထဲကိုစွန့်ထုတ်မယ်။Ammonia ကရေထဲမှာပဲ ပျော်ဝင်တယ်။
* Vacuum မဖြစ်ရန်သတိပြုပါ။ Purge လုပ်နေစဉ် System ထဲမှာ Vacuum ဖြစ်ပါက ရေများ System ထဲ ဝင်ရောက်လာမယ်။(Ammonia Sytem မှာ Relief valve ပေါက်ရင် compressor suction ဘက်ကို ပြန်ဝင််မယ်။
===================================

(21) Air_cond System မှာTemperatureဘယ်လိုချိန်ညှိမလဲ၊ဘယ်လို Controlလုပ်မလဲ?

Temperature ချိန်ဖို့ Thermostat ရှိတယ်။အခန်းရဲ့ Temperatue အတက်အကျဟာ Thermostat အပေါ် မူတည်ပြီးအရေးကြီးတာကဘယ်လို Aircondition မျိုးလည်း Individual (or) Common Single Air duct လား။ Individual ကိုယ့်အခန်းနဲ့ ကိုယ်ဆို Portable thermostat နဲ့ temperature အတင်အချလုပ်လို့ရတယ်။ Common Room System ဆိုဘုံတိုး၊လျှော့သွားမယ်။ကိုယ့်အခန်းထဲဝင်နေတဲ့လေကိုပဲအတိုးအလျှော့ လုပ်ပေးရမယ်။
===================================

(22) Refrigeration မှာ Pumping Down လုပ်ပြပါ။ Safety Device ဘာတွေထားလဲ။

Pumping Down ဆိုတာ၊ လေချုတာဘဲဖြစ်ဖြစ်၊ Switch Plant တစ်ခုကို ရပ်ချင်ရင်ဘဲဖြစ်ဖြစ် ရပ်တဲ့ Procedure /Condenser Outlet မပိတ်ခင် Plant ကို Auto မှ Manual ပြောင်းရမယ်။ဘာကြောင့်လဲဆိုတော့ Low Pressure ဖြစ်လို ့ L.P Cut-out ဖြုတ်ချလို ့Plant ရပ်သွားလို ့ Nearly Zero မောင်းလို ့မရဘူး။ ဒါကြောင့် Auto မောင်းလို ့ မရဘူး။ (၁) Compressor CH/O auto to manual (၂) Condenser Outlet V/V ပိတ်ရမယ်။Refrigerant တွေ အားလုံး Condenser ထဲမှာသွားစုမယ်။ Return ကလည်း မလာတော့ဘူး။ Suction Pressure ကျလာမယ်။ Suction Pressure က Just about '0' ('0' တော့ မဟုတ်တော့ဘူး။ Vacuum ဖြစ်မှာစိုးလို ့။) အဲ့ဒီမှာရပ်မယ်။ (၃) ပြီးရင် Condenser Inlet V/V ကိုပိတ်လိုက်မယ်။ Safety Device- 1. L.P cut-out, 2. H.P cut-out, 3. Cooling Water failure cut-out, 4. L.O failure cut-out, 5. Relief V/V on Condenser Air Purging လုပ်တဲ့အခါ Condenser in/out S.W Temp တူမှလုပ်လို ့ရတယ်။ Liquid ဖြစ်လာရင် Temperature မပြောင်း တော့ဘူး။ Air Purging လုပ်ရင်Refrigerant Liquid ထွက်လာမှပိတ်။ Sight Glassမှာ Small Bubble တွေ ့။
===================================

(23) Air Ciondition System မှာ Temperature ဘယ်လိုချိန်မလဲ။ဘယ်လို Control လုပ်မလဲ။

Temperature ချိန်ဖို ့ Thermostat ရှိတယ်။ အခန်းရဲ ့ Temperature အတက်အကျဟာ Thermostat ပေါ် မူတည်ပြီး၊ အရေးကြီးတာက ဘယ်လို Air Condition မျိုးလဲ၊ Individual or Common Single Air Duct လား။ Individual ကိုယ့်အခန်းနဲ ့ကိုယ်ဆို Portable Thermostat နဲ ့ Temperature အတင်အချလုပ်လို ့ ရတယ်။ Common Room System ဆို ဘုံတိုး၊လျှော့သွားမယ်။ကိုယ့်အခန်းထဲ ဝင်နေတဲ့လေကိုဘဲ အတိုးအလျှော့လုပ်ပေးရမယ်။
===================================

(24) Refrigeration Pumping Down လုပ်ပြပါ။ Safety Device အနေနဲ့ဘာတွေထားလဲ?

Pumping down ဆိုတာမြန်မာလိုဘာသာပြန်တော့ လေချူတာကိုခေါ်တယ်။ လေချူတာပဲဖြစ်ဖြစ် switch plant တစ်ခုကိုရပ်ချင်ရင်ပဲ ဖြစ်ဖြစ်ရပ်တဲ့ Procedure
* Condenser Out let မပိတ်ခင် Plant ကို Auto မှ Manual သို့ပြောင်းမောင်းရမယ်၊ ဘာကြောင့်လဲဆိုတော့ Low Pressure ဖြစ်လို့ L.P cut out ဖြုတ်ချလို့ Plant ရပ်သွားပြီး Nearly Zero (0) ဖြစ်အောင် မောင်းလို့မရတဲ့ အတွက်ကြောင့်ပါ။ ဒါကြောင့် Auto မောင်းလို့မရဘူး။
(1) Compressor Change over auto to manual
(2) Condenser outlet v/v ကိုပိတ်မယ်။ပြီးရင်Refrigerant တွေအားလုံးကို Condenser ထဲမှာသွားစုမယ်။ Return ကလည်းမလာတော့ဘူး။ Suction pressure ကျလာမယ်။ Suction pressure က Just about Zero. Zero တော့မဟုတ်ဘူး၊ Vacuum ဖြစ်မှာဆိုးလို့ အဲ့မှာရပ်မယ်။
(3) ပြီးရင် Condenser inlet valve ကိုပိတ်လိုက်။

Safety Device
1) L.P cut out
2) H.P cut out
3) Cooling water failure cut out
4) L.O failure cut out
5) Relief valve on condenser (ကွန်ဒန်ဆာအပေါ်က Relief v/v) Air Purging လုပ်တဲ့အခါ Condenser in / out Sea Water temperatuee တူမှလုပ်လို့ရတယ်။ Liquid ဖြစ်လာရင် temperature မပြောင်းတော့ဘူး။ Air Purging လုပ်တဲ့အခါ Refrigerant liquid ထွက်လာမှပိတ်လိုက်။Sight Glass မှာ Small bubble တွေ့လိမ့်မယ်။

ဗဟုသုတရရှိစေရန်မျှဝေပါသည်။
လိုအပ်ချက်များဖြည့်စွပ်ပေးပါ။
အမှားရှိလျှင် ပြင်ပေးပါ။
ကြားဆရာ၊ သင်ဆရာ၊ မြင်ဆရာများကို
အစဉ်ထာဝရ လေးစားလျှက်
Credit
T.Y.M.M

"အာဇာနည်နေ့ ဒို့မမေ့"တိုင်းပြည်အတွက် အသက်ပေး‌သွားသော ဗိုလ်ချုပ်နှင့်အာဇာနည်ခေါင်းဆောင်ကြီးများအား S.I.E Training Centre ...
19/07/2022

"အာဇာနည်နေ့ ဒို့မမေ့"

တိုင်းပြည်အတွက် အသက်ပေး‌သွားသော ဗိုလ်ချုပ်နှင့်အာဇာနည်ခေါင်းဆောင်ကြီးများအား S.I.E Training Centre မိသားစု မှ အလေးပြု ဂါရဝ ပြုပါတယ်🙏🙏🙏

Photo Credit- original uploder

🙏🙏🙏 “ဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတော်နေ့ မှာ ကမ္ဘာသူ ကမ္ဘာသားနှင့် မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး စိတ်ချမ်းသာ ကိုယ်...
12/07/2022

🙏🙏🙏 “ဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတော်နေ့ မှာ
ကမ္ဘာသူ ကမ္ဘာသားနှင့် မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး စိတ်ချမ်းသာ ကိုယ်၏ကျန်းမာပြီး လိုအင်ဆန္ဒများလည်း ပြည့်ဝကြပါစေကြောင်း SIE Training Centre ိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်...” 🙏🙏🙏

🚩 #အဲကွန်းNamePlateကဂက်စ်ဖိအားများအကြောင်း🔺အဲကွန်းနဲ့အအေးခန်းစက်တွေ ပုံမှန်အခြေအနေမောင်းနေချိန်နဲ့ရပ်ထားချိန်မှာတွေ့ရတဲ့...
11/07/2022

🚩
#အဲကွန်းNamePlateကဂက်စ်ဖိအားများအကြောင်း

🔺အဲကွန်းနဲ့အအေးခန်းစက်တွေ ပုံမှန်အခြေအနေမောင်းနေချိန်နဲ့ရပ်ထားချိန်မှာတွေ့ရတဲ့ ဂက်စ်ရဲ့ဖိအား (Gas Pressure)အကြောင်းပြောရရင် ‌

📍(၁)စက်ရုံကစမ်းသပ်ထားတဲ့ အင်ဒိုး၊အောက်ဒိုးယူနစ်ပိုက်တွေရဲ့ ဂက်ဖိအားခံနိုင်ရည်(Test Pressure)

📍(၂)အဲကွန်း၊အအေးခန်းစက်တလုံး စက်ရပ်ထားချိန်မှာရှိနေမည့် ဂက်စ်ရဲ့ဖိအား(Standing Pressure)

📍(၃)စက်မောင်းနှင်နေချိန် ကွန်ပရက်ဆာ
အ၀င်Suction pipe မှာရှိနေတဲ့ ဂက်စ်ဖိအား။(Suction pressure)

📍(၄)စက်မောင်းနှင်နေချိန် ကွန်ပရက်ဆာ အထွက် Discharge pipe မှာရှိနေတဲ့ ဂက်စ်ဖိအား။(Discharge pressure)ဆိုပြီး

လေးမျိုး တွေ့နိုင်ပါတယ်။

အဲဒီထဲကအပေါ်နှစ်မျိုးအကြောင်းပြောပါရစေ။

🔺(၁)Test pressure

Test pressure ဆိုတာက အဲဒီအင်ဒိုး၊အောက်ဒိုးယူနစ်ကို ဂက်စ်ဖိအားအများဆုံးခံနိုင်ရည်ဘယ်လောက်ထိသုံးလို့ရတယ်ဆိုတာ စမ်းသပ်မှုကနေ ရထားတဲ့ ရလာဒ်အရ
ပြောထားတာပါ။အဲကွန်းတိုင်းမှာ ရေးထားပါတယ်။
High side ဆိုတာက အောက်ဒိုးကိုပြောတာပါ။
Low Side ဆိုတာက အင်ဒိုးကိုပြောတာပါ။
သူ့ကို အင်ဒိုး အောက်ဒိုးရဲ့ အမြင့်ဆုံး ဖိအားခံနိုင်ရည်(Maximum allowable pressure)လို့လည်းရေးထား ဖော်ပြထားတတ်ပါတယ်။
အတိုကောက်Max ဆိုပြီးလည်းရေးထားတတ်ပါတယ်။
Maximum Discharge Pressure လို့လည်းဖော်ပြထားတတ်ပါတယ်။
အဲဒီဖိအားထက်ကျော်မသုံးသင့်ပါဘူး။ကေျာ်သုံးရင်
ပိုက်တွေ ခံနိုင်မှာမဟုတ်ပါဘူး။ဂက်စ်ယိုစိမ့်မှာပါ။

သူ့ကို ယူနစ်အနေနဲ့
Mega Pascal (Mpa)
Bar
Pound per Square Inches(PSI )ယူနစ်တွေနဲ့ အများဆုံးဖော်ပြတတ်ပါတယ်။

1MPa=146 PSI ရှိတယ် လို့မှတ်နိုင်ပါတယ်။
(အကြမ်းဖျဉ်း 150PSIပေါ့)

အဲကွန်းတွေရဲ့ အောက်ဒိုးယူနစ်နဲ့ အင်ဒိုးယူနစ်သုံးထားတဲ့ ပိုက်ရဲ့ အထူအပါးဖွဲ့စည့်ပုံလိုက်လို့ ခံနိုင်ဖိအားမတူတာတွေ့ရမှာပါ။အဲဒီပိုက်တွေရဲ့ အထူအပါးက စက်ရဲ့အရည်အသွေးကို ပြဌာန်းတာပါ။

စက်တွေမှာ အမှန်အကန်ဖော်ပြထားတဲ့ ခံနိုင်ရည်ဖိအားကိုကြည့်ပြီး စက်ရဲ့ အရည်သွေး ပိုက်အထူအပါးကိုခန့်မှန်းလို့ရပါတယ်။များလေကောင်းလေပါ။

အဲဒီခံနိုင်ရည်ဟာ အဲကွန်း၊အအေးခန်းရဲ့ သုံးစွဲမည့်ဂက်စ်ရဲ့အမျိုးအစားပေါ် မူတည်ပါတယ်။

R-410A ၊ R-32 ၊ R-744 အစရှိတဲ့သုံးမည့်ဂက်စ်တွေသုံးတဲ့စက်တွေဟာ ဂက်စ်တွေရဲ့သိပ်သည်းဆများတဲ့အတွက် Test Pressureများမှရမှာပါ။
(ဒီဂက်စ်တွေသုံးတဲ့ စက်တွေမှာဆိုရင် အောက်ဒိုးကွိုင်ကို
4.2 MPa (PSI 600)ခံနိုင်ရည်ရှိတဲ့ထိထားတတ်ကြပါတယ်။အင်ဒိုးကွိုင်ကိုတော့ 2.5MPa (360 PSI)ထိထားတတ်ကြပါတယ်)

R-22, R-134a , R-407C ,R-404A အစရှိတဲ့ ဂက်စ်တွေသုံးတဲ့ စက်တွေဟာ Test Pressure နည်းလေ့ရှိပါတယ်။
(ဒီဂက်စ်တွေသုံးတဲ့ အများစုစက်တွေမှာဆိုရင် အောက်ဒိုးကွိုင်ကို3 MPa (PSI 450)ခံနိုင်ရည်ရှိတဲ့ထိ အမြင့်ဆုံးထားတတ်ကြပါတယ်။အင်ဒိုးကွိုင်ကိုတော့ 2MPa (300 PSI)ထိအမြင့်ဆုံးထားတတ်ကြပါတယ်)။

🔺(၂)Standing Pressure

သူကတော့ စက်ရပ်နေချိန်မှာရှိနေမည့် ဂက်စ်ရဲ့ဖိအားကိုပြောတာပါ။ဒီဖိအားကတော့ ပတ်၀န်းကျင်အပူချိန်လိုက်ပြီး ပြောင်းနေတတ်ပါတယ်။ ပတ်၀န်းကျင်အပူချိန် မြင့်ရင်မြင့်တဲ့အလျောက် အနည်းအကျဉ်းလိုက်ပြောင်းနိုင်ပါတယ်။ အပးချိန်ကို အသေထားရင် ဂက်စ်အမျိုးအစားတခုခြင်းဆီမှာ Standing Pressure တွေက မတူပါဘူး။

လက်တွေတိုင်းတာမှုများအရ အိမ်သုံးအဲကွန်းအများစုမှာ
ဂက်စ်ဆိုရင် ပတ်၀န်းကျင် အပူချိန် 35'C ထိကတော့
📍R-22ဆိုရင်
(140PSI ကနေ 160PSI)ကြားမကျော်ကြပါဘူး။

📍R-134Aဆိုရင်
(85PSI ကနေ 98PSI)ကြားမကျော်ကြပါဘူး။

📍R-410A,R-32ဆိုရင်
(240PSI ကနေ 260PSI)ကြားမကျော်ကြပါဘူး။

အဲဒီ Standing Pressure ဟာစက်မောင်းနေချိန် အင်ဒိုးယူနစ်မှာရှိနေတဲ့ ဂက်စ်ရဲ့ဖိအား(Suction pressure)ထက်နှစ်ဆ၀န်းကျင်ရှိပါတယ်။

အင်ဒိုးယူနစ်ထဲရဲ့ အ၀င်အထွက်ပိုက်‌ေတွ( Low pressure Liquid and Suction Pipe)တွေနဲ့ သူတို့ကို ဂျွှိုင်း ထားတဲ့ ဖလဲနပ် တွေဟာ စက်မောင်းနေချိန် ဂက်စဖိအား(Suction pressure)ကို ခံနိုင်ပေမယ့် ၊Standing pressurကို ရောက်သွားရင်ဘခံနိုင်ရည်မရှိပဲ ဂက်စ်တွေယိုစိမ့်တတ်ပါတယ်။

⛔အဲဒီအခါအဲကွန်းဟာ စက်မောင်းချိန် မယိုပေမယ့် ရပ်တဲ့အချိန်မှာ ပိုက်ကနေ ဂက်စ်ယိုစိမ့်ပြီး ကုန်ခမ်းသွားနိုင်ပါတယ်။

စက်မောင်းချိန်မှာ ဂက်စ်အပေါက်လိုက်စမ်းရင်တွေ့မှာမဟုတ်ပဲ စက်ကိုရပ်တပ်ပြီး Standing pressure
ရနေချိန်အပေါက်ရှာမှသာ ယိုစိမ့်မှု ကို တွေ့ရတတ်ပါတယ်။သတိထားနိုင်ဖိုပ့ါ။

မဟုတ်ရင် ဂက်စ်က ယိုပြီး အပေါက်ရှာမရဖြစ်တတ်တာ ခဏခဏကြုံနေကြားနေရလို့ပါ။

ဂက်စ်ယိုတာစမ်းတဲ့အခါ ပိုက်ဆက်ဖလဲဂျွိုင်းတွေ၊
ပိုက်ချင်းထိနိုင်တဲ့နေရာတွေ၊ပိုက်နဲ့ ဖရိမ်ထိတဲ့နေရာတွေ၊
အကွေးတွေ၊လိုအပ်ရင် ကွန်ပရက်ဆာ ဘော်ဒီကိုပါ အပေါက်ရှာသင့်ရင်ရှာပေးရပါတယ်။

အင်ဒိုးယူနစ်တွေမှာတော့ ဂက်စ်ဖိအား 150PSInကျော်မှ တချို့အပေါက်တွေက စိမ့်တတ်လို့ ဖိအားနည်းနည်းလေးပိုထည့်လို့ ဖြုတ်ထုတ်ပြီးယိုစိမ့်မှုကိုရှာသင့်ပါတယ်။

writer-ကိုနန္ဒမိုး

CHIGO FLOOR STANDING TYPE ERROR CODE
01/07/2022

CHIGO FLOOR STANDING TYPE ERROR CODE

Chigo error code for Wall mounted type
30/06/2022

Chigo error code for Wall mounted type

 ုပ်ငန်းခွင်ဝင်စညီလေးတို့အတွက် #အိမ်သုံးအဲကွန်း  (220 Volts)သုံး  Type aircon ရဲ့Indoor နဲ့ Outdoor ဝါယာဆက်သွယ်ခြင်းနှင်...
21/06/2022

ုပ်ငန်းခွင်ဝင်စညီလေးတို့အတွက်

#အိမ်သုံးအဲကွန်း (220 Volts)သုံး
Type aircon ရဲ့
Indoor နဲ့ Outdoor ဝါယာဆက်သွယ်ခြင်းနှင့်
လျှပ်စစ်ဆားကစ်ရဲ့ အလုပ်လုပ်ပုံအကြောင်း
(Wiring Diagram)အကြောင်းတစေ့တစောင်း

🚩 #ပုံမှန်အိမ်သုံး Split type aircon တွေဟာ
လျှပ်စစ်အနေဖြင့် Single phase(220 Volts) နဲ့
Three phase(380 to 415 Volts)သုံးဆိုပြီး
သိကြတဲ့အတိုင်းနှစ်မျိုးရှိပါတယ်။
အိမ်သုံး ၃-ကောင်(3-Hp)စက်ထက် ငယ်တဲ့ စက်တွေမှာ Single phase power supply ကိုသုံးလေ့ရှိပါတယ်။အခု အဲဒီအကြောင်းလေးကို သိသလောက်မျှဝေချင်ပါတယ်။

အိမ်သုံး Split type aircon တွေမှာ အဓိကပါဝင်အလုပ်မည့် ပစ္စည်းတွေကတော့

⛔ မှာဆိုရင်

🚩၁။လျှပ်စစ်ဆားကစ် (Electronic circuit board)
တခုပါပါလိမ့်မယ် အဲဒီထဲမှာ
🔻 sensor (ရီမုတ် အာရုံခံ)
🔻 air sensor(အပြန်လေအပူချိန်အာရုံခံ)
🔻 or pipe sensor (ပိုက်ထဲက ဂက်စ်အပူချိန် အာရုံခံ)
🔻 signal relay (Outdoor ပါဝါပို့
ဖြတ်တောက် ပစ္စည်း)(1)ခု
🔻 fan motor speed control relay
(3)ခုပုံမှန်အနေနဲ့ပါလေ့ရှိပါတယ်။

ဆားကစ်အပြင် ဆားကစ်ကို မောင်းနှင်ဖို့ လျှပ်စစ်ကို
အဝင် 220 Volts မှ အထွက် 12 Volts ကို
ပြောင်းပေးတဲ့ မိန်းထုပ်လို့ခေါ်တဲ့Transformer
တခုပူးတွဲပါတတ်‌ လေ့ရှိပါတယ်။

🚩၂။Vane motor(လေကြောင်းဘေးတိုက်ပြောင်း
မော်တာ)

🚩၃။Louvre motor(လေကြောင်းအထက်အောက်ပြောင်း မော်တာ)

🚩၄ motor (သို့) Indoor fan motor

စသည်ဖြင့် အဓိကပစ္စည်း လေးမျိုး Indoor unit ထဲမှာရှိပါလိမ့်မယ်။

အဲဒီပစ္စည်းတွေရဲ့အလုပ်လုပ်ပုံကို အကြမ်းဖျင်းပြောရရင်
🔺 air sensor ကတော့ Indoor fan
လည်တဲ့အခါ အခန်းထဲက လေကိုစုပ်ယူတဲ့အချိန်
အဲဒီပြန်လာတဲ့ လေရဲ့အပူချိန်ကို ထောက်လှမ်းပြီး
ဆားကစ်ထဲက Processor ကို လှမ်းပို့ပါတယ်။

အဲကွန်းသုံးသူက ရီမုတ်ကိုနှိပ်ပြီး အခန်းအပူချိန်
ဥပမာအားဖြင့် 25'C ရောက်ရင်တော်ပြီဆိုပြီးနှိပ်ထားရင် Proccessor ကအဲ ဒီရီမုတ်နှိပ်ပြီးချိန်ထားတဲ့ အပူချိန်ကိုမှတ်ထားပါတယ်။

🔺အခန်းအပူချိန်က စက်မောင်းလို့
တဖြည်းဖြည်းကျလာတဲ့အခါ 25'C
အောက်အနည်းငယ်..ရောက်ပြီဆိုရင် အဲဒီအခန်းထဲကလေ ကSensor ကိုဖြတ်တဲ့အခါ သတ်မှတ်ထားတဲ့ အပူချိန်ရောက်ပြီဖြစ်တဲ့အတွက် Proccessor က Outdoor signal relay ကိုလျှပ်စစ်ဖြတ်တောက်လိုက်တဲ့အတွက်
Outdoor ကိုပါဝါမရောက်တော့ပဲ Compressor နဲ့ outdoor fan motor ရပ်သွားအောင်သွယ်ဝိုက်ပြီးလုပ်ပေးပါတယ်။

🔺စက်ရပ်တာကြာလို့...အခန်းထဲမှာအပူချိန်ပြန်မြင့်လာ
လို့..Setting temperature 25'C ထက်.2'C လောက်ပိုမြင့်လာတဲ့အခါ..စက်ကပြန်အလုပ်လုပ်ပြီးကွန်ပရက်ဆာကိုစမောင်းပါလိမ့်မယ်။

🔺Coil or pipe sensor ရဲ့အလုပ်ကလည်း Return air sensor နဲ့ ဆင်ပါတယ်။
Indoor ထဲကို ဖြတ်သွားတဲ့ ဂက်စ်ရဲ့အပူချိန်ဟာ
Indoor fan မလည်ခြင်းကြောင့်ဖြစ်စေ၊
ဂက်စ်နည်းလို့ဖြစ်စေ၊ကွိုင်ပိတ်လို့ဖြစ်စေ
လိုအပ်တာထက် နိမ့်နေပြီဆိုရင် ဆားကစ်ထဲကProcessor ကိုသတင်းပို့ပြီး Proccessor ကတဆင့် Outdoor unit ကိုသွားတဲ့ လျှပ်စစ်ကို
Outdoor signal relay ကတဆင့်ဖြတ်တောက်ပြီး
ရပ်တန့်ပေးပါတယ်။

🔺Vane motor ရဲ့အလုပ်ကတော့ အဲကွန်းတပ်ထားတဲ့အခန်းရဲ့အနေအထားကြောင့် အေးမြတဲ့ လေရဲ့
စီးကြောင်းကို ကိုယ်ကြိုက်တဲ့နေရာကို သွားနိုင်စေဖို့
ဘယ်ညာစောင်းပြှးအလုပ်လုပ်ပေးပါတယ်။
သူကို 12 Volts အောက် DC လျှပ်စစ် ဖြင့်အလုပ်စေလေ့ရှိပါတယ်။

🔺Louvre motor ရဲ့ အလုပ်ကတော့Vane motor နဲ့အတူတူပါပဲ။ကွာတာက ဘေးတိုက်နဲ့အပေါ်အောက် အလုပ်လုပ်ပုံ ရည်ရွယ်ချက်ကွဲတာပဲရှိပါတယ်။

🔺Outdoor signal relay ကတော့ လျှပ်စစ် 5 Amps to 15 Amps ထိခံနိုင်ရည်ရှိတဲ့ Relay တွေဖြစ်လေ့ရှိပါတယ်။ DC နဲ့ AC နှစ်မျိုးသုံး Relay တွေ
ဖြစ်နိုင်ပါတယ်။

🔺သူ့ရဲ့အလုပ်ကတော့ ဆားကစ်ထဲက
Processor ရဲ့ ထိန်းချုပ်မှုနဲ့
Outdoor unit ကို လျှပ်စစ်
ပို့ပေးဖို့နဲ့ ဖြတ်တောက်ပေးဖို့ပါ။

🔺Indoor fan speed control relay ကတော့
၃-လုံးထိ ပါလေ့ရှိပါတယ်။
High speed (အမြန်)၊
Medium speed(အလယ်) နဲ့ Low speec(အနှေး) (HML)အတွက်ဆိုပြီး
တော့ပါ။

အဲဒီသုံးလုံးရဲ့အလုပ်ကတော့ သုံးစွဲသူက
ရီမုတ်ကတဆင့် ရီမုတ်ဆင်ဆာကို ချိန်ပြီး
ကိုယ်လိုချင်တဲ့ အနှေးအမြန် ချိန်တဲ့အခါ
Proccessor ကတဆင့် သက်ဆိုင်ရာ relay ကအလုပ်လုပ်ပြီး Indoor fan motor ကို အလုပ်လုပ်စေဖြင်းပါ။တချို့ဆားကစ်ဘုတ်တွေမှာတော့
Triac သို့မဟုတ် Resistor တွေသုံးပြီး fan speed ကို
ထိမ်းချုပ်ပေးတာမျိုးလည်းရှိပါတယ်။

🔺Indoor unit ထဲမှာပါတဲ့ လျှပ်စစ်ပစ္စည်းတွေရဲ့
အလုပ်ကတော့ အများအားဖြင့် ဒီလိုပုံစံအတူတူပါပဲ။ တချို့ Ceiling Cassette type၊ Ceiling Ducted Type အဲကွန်း တွေမှာ
Drain pump motor တခုပိုတာကလွဲလို့
မထူးခွားပါဘူး။

🚩တချို့ Indoor unit ဆားကစ်တွေမှာ ဆားကစ်အတွက်လျှပ်စစ်ပေးဖို့ မိန်းထုပ်လို့ခေါ်တဲ့ Step down
Transformer မပါပဲ.. ဆားကစ်ထဲမှာပဲ
220 Volts AC လျှပ်စစ်ကို DC အဖြစ်တိုက်ရိုက်အသွင်ပြောင်းလုပ်ထားတာမျိုးလည်းရှိတတ်ပါတယ်။

🔺နောက်တခုကတော့ Indoor ဆားကစ်တွေမှာ
Indoor fan motor အတွက်သုံးတဲ့
Capacitor ကို ဆားကစ်ပေါ်မှာတခါတည်း (Built in)ထည့်သွင်းတပ်ဆင်ထားတတ်ပါတယ်။နေရာကျုံ့စေဖို့ပါ။

🔺Indoor fan motor ရဲ့အလုပ်ကတော့ အခန်းထဲကလေကို တဖက်ကစုပ်ယူ အအေးကွိုင်Indoor coil ကို
ဖြတ်စေပြီး အခန်းထဲပြန်ပို့လွှတ်ပေးတာပါပဲ။

🔺Indoor fan motor ရဲ့ဖွဲ့စည်းပုံကတော့
သူ့အထဲမှာ
Coil
Coil
# Speed regulator Coil (2 coil)

ဆိုပြီးသုံးမျိုး ပါပါတယ်။

🔺Starting နဲ့ Running Coil ရဲ့ အဆုံးတစ်ဖက်ကိုပေါင်းပြီး Common ဘုံစအဖြစ်ပေါင်းလိုက်တဲ့အတွက် မော်တာရဲ့ Starting Coil နဲ့ Running Coil
နှစ်ခုကနေ ကြိုးလုံးအကြီးနဲ့အစသုံးစထွက်လာတာတွေ့ရပါမယ်။

🚩Common အစကို Indoor unit လျှပ်စစ်ပလပ်ကြိုးရဲ့ Neutral အစကို ဆားကစ်ပေါ်မှာ
တိုက်ရိုက်ဆက်ပေးရပြီး Line ကြိုးကို Running coil ကိုတိုက်ရိုက်နဲ့ Running ကနေ ကူးထားတဲ့
Line wire ကို Capacitor ကိုဖြတ်ပြီး Starting
Coil အစကြိုးကို ဆက်ပေးထားတာတွေ့ရပါလိမ့်မယ်။

🚩Speed regulator coil နှစ်ခုကို တခုရဲ့အစနဲ့တခုရဲ့အဆုံးSeries တန်းဆက်
ဆက်ထားပြီး အစသုံးစအဖြစ် ပိုပြီးသေးတဲ့ဝါယာ
ကြိုးနဲ့ထွက်လာတာတွေ့ရပါမယ်။

🚩အဲဒီထဲမှာ အုမ်း Ohms အများဆုံးက
Low speed ဖြစ်ပြီး၊အနည်းဆုံးက High speed နဲ့
အလယ်က Medium speed ဆိုပြီးတွေ့ရပါလ်ိမ့မယ်။အဲဒီအစတခုခြင်းဆီကို ဆားကစ်က
L,M,H ဆိုတဲ့ ငုတ်
အသီးသီးဆိုင်ရာဆိုင်ရာတပ်ထားတာ
တွေ့ရပါလိမ့်မယ်။

🔺အဲဒါကြောင့် Indoor Unit ထဲကို ပလပ်ပေါက်ကနေ
လျှပ်စစ်ကြိုး သုံးကြိုးဝင်ထားတာတွေ့နိုင်ပါတယ်။
Line ၊ Neutral နဲ့ Earth ကြိုးတွေပါ။
Indoor unit ကနေ outdoor unit ကိုလည်း
သုံးကြိုးထွက်ထားတာတွေ့ရပါလိမ့်မယ်။

🔺Signal(2) ၊ Neutral (N) နဲ့ Earth ကြိုးဆိုပြီးရှိပါလိမ့်မယ်။Signal ကြိုးကို နံပါတ် (2)အဖြစ်ထုတ်လုပ်သူအများစုက သတ်မှတ်ပြီး ဝါယာသွယ်တန်းခုံ
Wire terminal မှာသင်္ကေတ ပြုထားလေ့ရှိပါတယ်။

🚩အဲဒီထဲကမှNeutral ကြိုးကတော့ outdoor unit
ကိုတိုက်ရိုက် ပြန်ထွက်ထားပြီး
Signal(2) ကြိုးကတော့ Indoor ဆားကစ်ရဲ့ Outdoor signal relay ကတဆင့် Outdoor
Signal wire (No-2)အဖြစ်ပြန်ထွက်လေ့ရှိပါတယ်။
ဒါကတော့ Indoor မှာရှိတဲ့ လျှပ်စစ်သွယ်တန်းမှုပါ။

🚩🚩Outdoor unit မှာတော့ Indoor ကဝင်လာတဲ့
ဝါယာ ၃-ကြိုး အဝင်မှာတွေရလေ့ရှိပါတယ်။
အဓိကလျှပ်စစ်ပစ္စည်းအနေနဲ့

🔻
🔻 overload(လျှပ်စီးဝန်ပိုဖြတ်ပစ္စည်း)
🔻 fan motor
🔻 ရဲ့Running Capacitor နဲ့
🔻 fan motor ရဲ့Running capacitor
တို့ပါဝငိလေ့ရှိပါတယ်။

🚩Compressor running capacitor
ကတော့...25Mf, 30Mf,35 Mf, 40Mf
စသည်ကို 380 ကနေ 450 Volts.
အနေ စက်စွမ်းရည်လိုက်လို့ရေးထားသုံးထားတာတွေ့ရပါမယ်။

🚩Compressor အတွင်းမှာ Winding coil
တွေဖြစ်တဲ့ Running winding coilနဲ့ Starting winding Coil နှစ်ခု ပါဝင်ပြီး Compressor
မောင်းနှင်လည်ပတ်ဖို့အတွက်တော့ ငုတ်သုံးငုတ်
Starting နဲ့ Running Coil ရဲ့ အဆုံးတစ်ဖက်ကိုပေါင်းပြီး Common ဘုံစအဖြစ်ပေါင်းလိုက်တဲ့အတွက် မော်တာရဲ့ Starting Coil နဲ့ Running Coil
နှစ်ခုကနေ ကြိုးလုံးအကြီးနဲ့အစသုံးစထွက်လာတာတွေ့ရပါမယ်။

🚩အမှန်တကယ်က Winding နှစ်စုံပါတဲ့အတွက်
သာမာန်ရေပန့်မော်တာတွေလို့ (၄)စထွက်လာရမှာပါ
ဒါပေမယ့် လေးစထွက်လာလို့ ဝါယာစတွေအပေါင်းမှားရင် Compressor ကပြောင်းပြန်လည်သွားနိုင်ပါတယ် ။အဲဒီလိုပြောင်းပြန်လည်ရင် လောင်သွားနျုင်တဲ့အတွက် စက်ရုံမှာကတည်းက Common ငုတ်ကိုတခါတည်းထုတ်ထားပြီး လိုချင်တဲ့ဖက်ကို လည်အောင်အသေလုပ်ပြီး ထုတ်ထားတာပါ။

🚩Compressor ရဲ့ ဘော်ဒီကသုံးစထဲကမှ
Common အစကို Indoor ကလာတဲ့ Neutral လိုက္ကို Current overload ခံ
တိုက်ရိုက်ဆက်ပေးရပါတယ်။Indoor ကလာတဲ့
Signal (No-2) ကြိုးကို
Running coil ကိုတိုက်ရိုက်နဲ့ Running ကနေ ကူးထားတဲ့ wire ကို Capacitor ကိုဖြတ်ပြီး Starting
Coil အစကြိုးကို ဆက်ပေးထားတာတွေ့ရပါလိမ့်မယ်။

🔻Current overload protector လို့ခေါ်တဲ့လျှပ်စီးဝန်ပိုပစ္စည်းရဲ့အလုပ်ကတော့
Compressor ဟာလျှပ်စီးပိုသုံးရတဲ့အခြေအနေတွေဖြစ်တဲ့
#ဂက်စ်များနေခြင်း၊
#အဝင်ဗို့အားမမှန်ခြင်း
#၊ကွန်ပရက်ဆာထဲက စက်ပစ္စည်းတွေအလုပ်လုပ်ရာမှာ ချွတ်ယွင်းနေခြင်း၊
ဆီနည်းခြင်း-
ချွတ်ယွင်းနေခြင်း
#အထဲက Winding coil တခုခု ချွတ်ယွင်းနေခြင်း

စတာတွေကြောင့် Compressor ကသတ်မှတ်ထားတဲ့ Ampere (လျှပ်စီး)ထက်အချိန်အတိုင်းအတာတခုထိပိုတဲ့အခါ Compressor ကို လျှပ်စစ်မရောက်အောင်ဖြတ်တောက် ကာကွယ်ပေးပါတယ်။

🚩သူ့မှာ အပူစန့်နှုန်းမတူတဲ့ သတ္ထုပြားနှစ်ခုပါဝင်ပြီး
သတ်မှတ်လျှပ်စီးထက်ပိုတဲ့အခါ သံပြားတခုဟာကော့ပြီး လျှပ်စစ်ဓာတ်ကို Compressor ဆီမရောက်အောင် ခလုပ်သဖွယ်ဖြတ်တောက်ပေးပေးပါတယ်။ ဖြတ်တောက်လို့့အချိန်အတိုင်အတာတခုရောက်တဲ့အခါပြန်ကပ်ပြီး Compressor ကိုပြန်လည်စေပါတယ်။Overload ကခဏခဏဖြတ်တောက်နေပြီဆိုရင်တော့ Compressor ကိုစစ်ဆေးပြီးပြုပြင်ရပါမယ်။

🔺Outdoor fan motorရဲ့
running capacitor
ကတော့...1Mf, 2Mf,3Mf, 4Mf,5 Mf
စသည်ကို 380 ကနေ 450 Volts
အနေနဲ့စက်ရဲ့ စွမ်းရည် Capacity လိုက်လို့ရေးထားသုံးထားတာတွေ့ရပါမယ်။

🔺Outdoor fan motor ဟာလည်း Winding coilတွေရဲ့ဖွဲ့စည်းပုံနဲ့ Capacitor တပ်ဆင်ပုံဟာ Compressor နဲ့ အတူတူပါ။

🔺Starting နဲ့ Running Coil ရဲ့ အဆုံးတစ်ဖက်ကိုပေါင်းပြီး Common ဘုံစအဖြစ်ပေါင်းလိုက်တဲ့အတွက် မော်တာရဲ့ Starting Coil နဲ့ Running Coil
နှစ်ခုကနေ အစသုံးစထွက်လာတာတွေ့ရပါမယ်။

🚩Fan motor ရဲ့ ဘော်ဒီကသုံးစထဲကမှ
Common အစကို Indoor ကလာတဲ့ Neutral
ကြိုးကို တိုက်ရိုက်ဆက်ပေးရပါတယ်။

🚩Indoor ကလာတဲ့
Signal (No-2) ကြိုးကိုRunning coil ကိုတိုက်ရိုက်နဲ့ Running ကနေ ကူးထားတဲ့ wire ကို Capacitor ကိုဖြတ်ပြီး Starting
Coil အစကြိုးကို ဆက်ပေးထားတာတွေ့ရပါလိမ့်မယ်။
သာမာန် အိမ်သုံး Split type တစ်လုံးရဲ့ Indoor unit နဲ့ Out door unit ကြား ဝါယာဆက်သွယ်ပုံနဲ့
လျှပ်စစ်ပစ္စည်းတွေရဲ့ဖွဲ့စည်းအလုပ်လုပ်ပုံကတော့
ဒီလောက်ပါပဲ။
ညီလေးတို့အတွက်ကောက်ရိုးတမျှင်ဖြစ်ရင်
မျှဝေရကြိုးနပ်ပါပြီ

uploder_ကိုနန္ဒမိုး

Address

No. 8/117, Min Yee Kyaw Swar Street, 2 Quarter
Bago

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959260090798

Website

Alerts

Be the first to know and let us send you an email when SIE Training Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SIE Training Center:

Share

Our Story

အသက်မွေးဝမ်းကြောင်း သင်တန်းလေးနဲ့ မိတ်ဆက်ပါရစေ။။။

Air Con ပညာရပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုချင်သူတွေကို SIE Engineering Training Center မှ ဖိတ်ခေါ်ပါရစေ

👉 Air Con ပညာရပ်ကို အမှန်တကယ် စိတ်ဝင်စားသူတွေ။ 👉 Air Con ပညာရပ်နဲ့ ကိုယ်ပိုင်ဆိုင် ဖွင့်ချင်သူတွေ။ 👉 Air Con ပညာရပ်နဲ့ အလုပ်ဝင်ချင်သူတွေကို SIE Engineering Training Center မှ ဖိတ်ခေါ်ပါရစေ။

သင်တန်းပီးလို့ ကိုယ်ပိုင်လုပ်ငန်း လုပ်ချင်ရင်ပဲဖြစ်ဖြစ် လုပ်ငန်းခွင် ဝင်ချင်သူတွေပဲဖြစ်ဖြစ်ကို SIE Engineering Training Center မှ လုပ်ငန်းခွင် ဝင်တဲ့အထိ တာဝန်ယူ ဆောင်ရွက်ပေးသွားမှာပါ။