Aung Myat Kyaw-Mech,JP

Aung Myat Kyaw-Mech,JP Mechanical installation design(機械設備、空調/衛生設備)

ဂျပန်မှာဗောက်ထတဲ့ပြဿနာကို ဘယ်လိုဖြေရှင်းကြလဲ၊??ကျွန်တော် လည်းဗောက်ထတတ်တဲ့သူဖြစ်တော့ သုံးပြီး အဆင်ပြေတဲ့ လိမ်းဆေးနဲ့shamp...
10/04/2026

ဂျပန်မှာဗောက်ထတဲ့ပြဿနာကို
ဘယ်လိုဖြေရှင်းကြလဲ၊??
ကျွန်တော် လည်းဗောက်ထတတ်တဲ့သူဖြစ်တော့
သုံးပြီး အဆင်ပြေတဲ့ လိမ်းဆေးနဲ့
shampoo လေးကို ဝေမျှပေးချင်ပါတယ်၊

📌 ムヒHD 頭皮かゆみ(湿疹)
သူကလိမ်းဆေးပါ ၊စပ်တတ်တတ်လေး၊ထိပ်ကအချွန်လေးနဲ့မို့လို့ ယားပြီဆို လိမ်းရင်းကုပ်လို့ရပါတယ်။🤣
ဂျပန်မှာအေးလို့ ခေါင်းလျှော်ရမှာပျင်းရင်
သုံးလို့ရပါတယ်၊
စျေးက 1000¥ပတ်ဝန်းကျင်လောက်ရှိမယ်၊

📌နောက်တခုက ဆေးShampooပါ။
နာမည်က コラージュ フルフルシャンプ
မြန်မာပြည်က ဟန်နေးခေါင်းလျှော်ရည်လိုပဲ။စျေး1500¥ကျော်လောက်ရှိမယ်

📌နောက်တခုက h&sရဲ့ ဖုခဲフケ、かゆみလို့ရေးထားတဲ့ ခေါင်းလျှော်ရည်လေးပါ။
စျေးက 600¥လောက်ပဲရှိမယ်၊

📌အဲ့၃ခုလုံးကို Drug storeတွေတော်တော်များများမှာဝယ်လို့ရတယ်၊
Amazon/rakuten မှာလည်းရှိတယ်၊
ဗောက်ထကြမ်းတဲ့သူဆို အပေါ်က shampoo ၂ခုလုံးနဲ့လျှော် ။ပြီးရင် လိမ်းဆေးလိမ်း၊အဲ့တာကို တစ်ပတ်လုံးနေတ်ိုင်းလုပ်၊
ကျွန်တော်ဆို တစ်ပတ်လောက်နဲ့ သက်သာသွားတာ♥️🥰

📌オクトဆိုတဲ့ဟာ သွားမသုံးနဲ့ ၊
တစ်ယောက်တည်းကွက်ပြီးနှင်းတွေကျသွားမယ်😌🤣

လက်ထဲအကြွေစေ့တွေ おつりကိုင်ထားတာများနေပြီးဘဏ်မှာအရွက်နဲ့ လဲရင်လည်း手数料ပေးရမှာမပေးချင်ရင်MUFJ三菱UFJရဲ့ ATMတွေမှာကြားရက် (Mon-...
08/04/2026

လက်ထဲအကြွေစေ့တွေ おつり
ကိုင်ထားတာများနေပြီး
ဘဏ်မှာအရွက်နဲ့ လဲရင်လည်း
手数料ပေးရမှာမပေးချင်ရင်
MUFJ三菱UFJရဲ့ ATMတွေမှာ
ကြားရက် (Mon-Friday)ရုံးချိန်အတွင်း
အစေ့တစ်ရာအထိ 無料နဲ့ထည့်လို့ရတယ်နော်၊

(ပိတ်ရက်တော့ATMမှာထည့်မရဘူး)

ကြားရက် ရုံးပျက်ရမှာခက်ရင်
8လပိုင်း ပိတ်ရက်ရှည် (အိုဘုန်းရာစုမိ)ဆို
ရုံးတွေ ကပိတ်ပေမယ့်
ပြက္ခတိန်အပြာရက်တွေရှိလို့
ဘဏ်တွေ အစိုးရရုံးတွေဖွင့်ကြပါတယ်၊

အဲ့ရက်တွေ သွားထည့်ရင် ရုံးပျက်စရာမလိုတော့ဘူး၊
🥰

အိုဆာကာ ရောက်ပြီဆို လက်မြှောက်ထားတဲ့ လူကြီးGlico Sign(グリコ)နဲ့ ဓာတ်ပုံရိုက်လေ့ရှိကြပါတယ်၊အဲ့ဒီGlico Sign(グリコ)က ဘာလို့နာမည...
07/04/2026

အိုဆာကာ ရောက်ပြီဆို လက်မြှောက်ထားတဲ့
လူကြီးGlico Sign(グリコ)နဲ့ ဓာတ်ပုံရိုက်လေ့ရှိကြပါတယ်၊

အဲ့ဒီGlico Sign(グリコ)က ဘာလို့နာမည်ကြီးတာလဲ?
မော်ဒယ်တစ်ယောက်ယောက် ဒါမှမဟုတ် သမိုင်းတစ်ခုခုရှိလို့လား??

အမှန်ကတော့ အဲ့ဒါတွေကြောင့်မဟုတ်ပါဘူး၊
Glico Sign(グリコ)ဆိုတာ
နာမည်ကြီးကုမ္ပဏီတစ်ခုရဲ့
ကြော်ငြာဆိုင်းဘုတ်လေး
တစ်ခုပါပဲ၊

ချောကလက်ချောင်း Pockyရယ်၊သကြားလုံးတွေရယ် ထုတ်တဲ့ နာမည်ကြီး Company
江崎グリコ (အဲဇခိဂူလိကို)Companyရဲ့ သူတို့product ကြော်ငြာဘုတ်လေးပဲ ဖြစ်ပါတယ်၊

ပိုကီ(Pockyポッキー)ချောကလက်ချောင်းက
လူတိုင်းသိမယ်လို့ထင်ပါတယ်

‘’Gulicoရဲ့キャラメルသကြားလုံးတစ်လုံးစားရင် မီတာ300အထိပြေးဖို့ အင်အား​တွေရလာတယ်’’
ဆိုတဲ့ အဓိပ္ပါယ်နဲ့ ပြေးလမ်းမှာပြေးနေတဲ့ ကြော်ငြာဘုတ်လေး ဖြစ်နေရတာပါ။

05/04/2026

အိုဆာကာ/ခမ်းဆိုင်ဘက်မှာ ရထားစီးရင် Point ရတဲ့
ရထားကဒ်လေးအကြောင်း၊

တိုကျိုဘက်မှာသုံးတဲ့ Pasmo,Suica ကဒ်တွေက
တိုကျိုဘက်မှာPoint 割引ရပေမယ့်
ကမ်းဆိုင်ဘက်မှာရထားစီးရင် Point 割引လျော့စျေးမရပါဘူး၊

အိုဆာကာမှာICOCA ဆိုတဲ့ရထားကဒ်လည်းpoint မရပါဘူး၊

အိုဆာကာဘက်မှာpoints ရတဲ့ရထားကဒ်လေးက Pitapa ဆိုတဲ့ ရထားကဒ်လေးဖြစ်ပါတယ်၊

Pitapa ကဒ်ကို申し込みလုပ်တဲ့linkလေး👇👇
https://www.pitapa.com/link/card_lineup

စိတ်ဝင်စားရင်video ထဲမှာလျှောက်နည်းအကြောင်းလေးပြောထားပါတယ်၊
ရထားစီးတာများတဲ့ ညီ/ညီမတွေ Pitapa Lite cardလေးလုပ်ထားသင့်ပါတယ်၊

📌ဂျပန်ရွေးကောက်ပွဲလက်ရှိအာဏာရပါတီ လွှတ်တော်ရဲ့၃ပုံ၂ပုံအနိုင်ရရှိ။📌အတိုက်အခံပါတီ ဥက္ကဌ၂ယောက်လုံးဥက္ကဌနေရာမှ နှုတ်ထွက်။
08/02/2026

📌ဂျပန်ရွေးကောက်ပွဲ
လက်ရှိအာဏာရပါတီ လွှတ်တော်ရဲ့
၃ပုံ၂ပုံအနိုင်ရရှိ။

📌အတိုက်အခံပါတီ ဥက္ကဌ၂ယောက်လုံး
ဥက္ကဌနေရာမှ နှုတ်ထွက်။

မနက်ဖြန်မှာလုပ်မယ့်ဂျပန်ရွေးကောက်ပွဲမှာ 🔵လက်ရှိအာဏာရပါတီ 自民党(じみんとうLDP)+維新会(အိရှင်ခိုင်း)ပေါင်းထားတဲ့အုပ်စုနဲ့🔵ဒုတိယ/တတိယ...
07/02/2026

မနက်ဖြန်မှာလုပ်မယ့်ဂျပန်ရွေးကောက်ပွဲမှာ

🔵လက်ရှိအာဏာရပါတီ 自民党(じみんとうLDP)+
維新会(အိရှင်ခိုင်း)ပေါင်းထားတဲ့အုပ်စုနဲ့

🔵ဒုတိယ/တတိယအင်အားကြီးတဲ့
立憲民主党(လိခဲမင်းရှူးသို)+公明党(ခိုမဲသို)ပေါင်းထားတဲ့ 中道(ခြူးဒိုး)ပါတီ တို့

ပြိုင်ဆိုင်မှုပြင်းထန်ပြီးလူထုစိတ်ဝင်စားမှုမြင့်​နေပါတယ်။

အခုဘွားတော်သာဆက်အနိုင်ရရင်ဘာတွေဖြစ်မလဲ??
📌စားသောက်ကုန်အခွန်zero ၂နှစ်
📌အိမ်သုံးမီတာခ/gasဖိုးထောက်ပံကြေးplan
📌ပင်စင် အာမခံကြေးတွေလျော့ချမယ့်plan
📌ကာကွယ်ရေးအသုံးစရိတ်တိုး
📌ကလေးတွေ အခမဲ့ပညာရေး
📌နိုင်ငံခြားသားတွေနဲ့ပတ်သက်လို့က
ဗီဇာတိုးတာ/နိုင်ငံအဝင်အထွက်နဲ့ မြေ•အိမ်ဝယ်တာကျပ်လာနိုင်ပါတယ်(ဂျီမင်သိုကတခြားပါတီတွေထက်စာရင် နိုင်ငံခြားသားpolicyပျော့တယ်လို့ပြောလို့ရမယ်)
📌ဘွားတော်က 103万壁လို့ခေါ်တဲ့ တစ်နှစ်ဝင်ငွေ သောင်း103ကျော်ရင်အခွန်ပေးရတဲ့ဥပဒေကို173သောင်းပြောင်းပေးခဲ့ပါတယ်၊
#ဂျပန်ရွေးကောက်ပွဲ

#衆議院選挙
#高市早苗

တိုကျိုPoint 11,000¥
05/02/2026

တိုကျိုPoint 11,000¥

ဂျပန်မှာအလုပ်ကလမ်းအရမ်းလျှောက်ရတဲ့သူတို့၊自動販売機မှာအအေး/ရေကိုခဏခဏသောက်ဖြစ်တဲ့သူတို့ဆိုရင်Coke Onဆိုတဲ့ appကိုဒေါင်းထား။လမ်...
28/01/2026

ဂျပန်မှာအလုပ်ကလမ်းအရမ်းလျှောက်ရတဲ့သူတို့၊

自動販売機မှာအအေး/ရေကိုခဏခဏသောက်ဖြစ်တဲ့

သူတို့ဆိုရင်Coke Onဆိုတဲ့ appကိုဒေါင်းထား။

လမ်းလျှောက်ရင်လည်း points (stamp)တွေရသလို၊

အဲ့appထဲက ဂိမ်းတွေဆော့ရင်
လည်းpoints(stamp)တွေ့ရတယ်၊

အအေးတစ်ဗူးဝယ်တိုင်းလည်းstampရတယ်။
အဲ့stamp ၁၅ခုပြည့်ရင် အအေးတစ်ဗူးfreeရတယ်

(Code on touchမရှိတဲ့စက်ဆိုရင်တော့
အဲ့appသုံးမရပါဘူး)

https://apps.apple.com/jp/app/coke-on/id1088184021?l=en-US

27/01/2026

လက်ရှိဝန်ကြီးချုပ်Takaichi Sanaeကအခုလာမယ့် ၂လပိုင်းရွေးကောက်ပွဲမှာအာဏာရပါတီLDP(自民党)နဲ့မိတ်ဖက်ပါတီ維新会ပေါင်းလို့ နိုင်တဲ့အမတ်နေရာတစ်ဝက်မကျော်ရင် ဝန်ကြီးချုပ်နေရာကနေနှုတ်ထွက်မယ်ပြော၊ #ဂျပန်ရွေးကောက်ပွဲ #選挙

22/01/2026

နောက်နှစ်市民税လျော့ပေးတဲ့ふるさと納税လုပ်နည်းလေး။
➖➖➖➖➖➖➖➖ ➖➖➖➖➖➖
ふるさと納税ဆိုတာ
နယ်တနယ်နယ်ကပစ္စည်းကိုဝယ်ပြီး
2000¥နုတ်ပြီးကျန်တဲ့ပိုက်ဆံကနောက်နှစ်ရဲ့ နေထိုင်ခွန်ကိုလျော့ပေးတဲ့ふるさと納税ပါ။
(※Gmailရယ် my number card/Mynaportal app/12လပိုင်းမှာရတဲ့
源泉徴収票တွေလိုပါတယ်။နည်းနည်းတော့ရှုပ်ပါတယ်၊2000¥နဲ့ ပစ္စည်းကောင်းကောင်းလေးတွေရသလိုသဘောပါ))
➖➖➖➖➖➖➖➖
လုပ်နည်းလေးက↓
🔵さとふるpageကိုသွား။
https://www.satofull.jp/
🔵Gmailနဲ့ account ဖွင့်။
🔵ပစ္စည်းဝယ်
🔵တခြားpageတွေကလည်းဝယ်လို့ရ
(ဥပမာ-楽天ふるさと納税)
🔵ငွေချေ/ပစ္စည်းရောက်ပြီး/
တစ်လလောက်ကြာပြီးရင်
ကိုယ့်mailထဲကို寄附証明書linkရောက်လာလိမ့်မယ်၊
🔵အဲ့linkကနေ寄附証明書ကို PDFရော xmlရောကြည့်လို့ရတယ်၊
🔵xmlကို download ဆွဲပြီးအခွန်ရုံးမှာ確定申告လုပ်ရမယ်
🔵အခွန်ရုံးကို လူကိုယ်တိုင်သွားပြီးလုပ်လို့ရသလို၊
My number cardရှိပြီး Mynaportal appရှိရင်အိမ်ကနေ online ကနေ 申告လုပ်လို့ရတယ်၊
➖➖➖➖➖➖➖➖
確定申告လုပ်နည်းလေးက↓
🔵確定申告ကိုonlineကလုပ်ချင်ရင်国税庁ကိုgoogleမှာရိုက်ရှာ
🔵確定申告書等作成コーナーကိုရွေး
https://www.keisan.nta.go.jp/kyoutu/ky/sm/top
🔵作成開始ကိုနှိပ်
🔵My number cardနဲ့လုပ်မယ်ဆို
はい、はい、スマートフォンを使用するကိုရွေး
🔵令和7年分ကိုရွေး
🔵所得税ကိုရွေး
(12လပိုင်းမှာရတဲ့
源泉徴収票ရှိမှလုပ်လို့ရတာပါ၊)
➖➖➖➖➖➖➖➖
အသေးစိတ်စိတ်ဝင်စားရင်video ထဲက stepလေးတွေကြည့်ပေးနော်
#aungmyatkyaw

#ふるさと納税

အခု ဂျပန်မှာဘွားတော် ဝန်ကြီးချုပ်ဖြစ်လာတဲ့နဲ့ပတ်သက်ပြီး ဆရာကြီးတွေက” နိုင်ငံခြားသားတွေတင်းကြပ်တော့မယ် “စတဲ့negative poin...
21/10/2025

အခု ဂျပန်မှာဘွားတော် ဝန်ကြီးချုပ်ဖြစ်လာတဲ့နဲ့ပတ်သက်ပြီး ဆရာကြီးတွေက” နိုင်ငံခြားသားတွေတင်းကြပ်တော့မယ် “စတဲ့negative point ကနေရေးကြတာတွေ့ရတယ်။

ကျွန်တော်ကတော့ ကောင်းတဲ့ အချက်လေးတွေလည်းများမယ်လို့ မျှော်လင့်မိတယ်။

ဘွားတော်က
လွှတ်တော်မှာဝန်ကြီးချုပ်လောင်း
နာမည်အဆိုမတင်ခင်ရက်ပိုင်းလေးမှာ
အိုဆာကာမှာstrongဖြစ်တဲ့အတိုက်အခံပါတီ
維新会(အိရှင်းခိုင်း ပါတီ)နဲ့ မဟာမိတ်ဖွဲ့ဖို့ သတင်းတွေ့မိကြမှာပါ၊
သူတို့ဘယ်လို့သတောတူညီချက်တွေနဲ့ မဟာမိတ်ဖွဲ့ခဲ့လဲဆိုတာpublic ကိုချပြထားပါတယ်၊

အဲ့တာတွေက

◆စားသောက်ကုန်ရဲ့ အခွန်ကို၂နှစ်Zero ထားဖို့
(အခုကစျေးမှာဘာဝယ်ဝယ်10%စားသောက်ခွန်)
◆လူမှုဖူလှုံရေး အခွန်တွေဖြစ်တဲ့(ကျန်းမာရေးခွန်/ပင်စင်ခွန်/ဝင်သွေခွန်)တွေကိုလျော့ဖို့
◆လွှတ်တော်အမတ်ဦးရေ10%လျော့ဖို့
ကို သဘောတူညီခဲ့ကြပါတယ်၊
ဒါပေမယ့် ရက်ပိုင်းလေးနဲ့ ဆုံးဖြတ်လို့မရတဲ့ကိစ္စမို့လို့ နောက်ဆက်ပြီ ဆောင်ရွက်သွားမယ်လို့ ဖြည့်ပြောထားပါတယ်၊

အခု
ဘွားတော်ရဲ့cabinets listထွက်လာပါပြီ။
ယူတို့ အားပေးခဲ့တဲ့ ကိုလူချော 小泉さん、ခိုအိဇူမိစံကို ကာကွယ်ရေးဝန်ကြီးဖြစ်ပြီးတော့ ထူးခြားတာက ဒီcabinets မှာ နိုင်ငံခြားသားရေးရာဝန်ကြီး နေရာပါလာပြီး ဝန်ကြီးလုပ်တဲ့သူကိုယ်တိုင်က American-Japan half ဖြစ်တဲ့ 小野田紀美အိုနိုဒ ခိမီဆိုတဲ့ အမျိုးသမီးဖြစ်ပါတယ်၊

17/10/2025

ရေဘဝဲလား 🐙ကင်းမွန်လား 🦑ဂဏန်းလား🦀
ကိုယ်နဲ့မဆိုင်ရင် ဝင်မပါနဲ့😎

❇️言わなくてもわかってるよ、余計なお世話!
မပြောလဲဘဲသိတယ်၊မလိုအပ်ဘဲဝင်မစွက်ဖက်နဲ့

❇️自分のことに集中して
ကိုယ့်ကိစ္စကိုယ်သာအာရုံစိုက်ပါ

❇️人のことを気にするより、自分のことに集中しなさい。
အခြားသူကိုလိုက်စိတ်ပူနေတာထက်ကိုကိုယ်သာအာရုံစိုက်စမ်းပါ

❇️口を出すな
လျှာမရှည်နဲ့/ဝင်မပါနဲ့/လာမပြောနဲ့

❇️これは私たちの問題だから、外部の人は口を出すな。
ဒါကငါ့တို့ကိစ္စ(ပြဿနာ)ဖြစ်တဲ့အတွက်ကြောင့်
အပြင်လူကလျှာမရှည်နဲ့/အာမချောင်နဲ့

❇️首を突っ込まないで
မဆိုင်ရင်ဝင်မပါနဲ့(ခေါင်းဝင်မလျှိုနဲ့)

❇️これはあなたが関わることじゃないよ
ဒါနင်ဝင်ပါ(ပတ်သတ်)ရမဲ့ကိစ္စမဟုတ်ဘူး

❇️ありがた迷惑
ကျေးဇူးတော့တင်ပါတယ်
လက်ခံရတဲ့သူအတွက်အနှောက်အယှက်ဖြစ်တယ်
#日本語
#ဂျပန်စာ
#ဂျပန်စာလေ့လာကြမယ်

住所

大阪市中央区内淡路町3-2- 15
Osaka, Osaka
540038

ウェブサイト

アラート

Aung Myat Kyaw-Mech,JPがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する

カテゴリー