EcoLite Myanmar

EcoLite Myanmar CLC ဝိတ်ပေါ့ ကွန်ကရစ် နည်းပညာနှင့် စက်ပစ္စည်းများ ဖြန့်ဖြူးရောင်းချပေးပါတယ်..

We introduce Cellular Lightweight Conrete CLC technologies & local made machineries to Myanmar market with much affordable prices.

09/05/2026

ခေတ်မီ ဆောက်လုပ်ရေးမှာ Dead Load လျှော့ချရေးနဲ့ ငလျင်ဒဏ် ခံနိုင်ရည်ရှိရေးဟာ အဓိက မဏ္ဍိုင်ဖြစ်ပါတယ်.. 💡

​၁၃ ရာစု Kakatiya မင်းဆက် အင်ဂျင်နီယာများ၏ Sand-box Foundation နှင့် Lightweight Floating Bricks နည်းပညာမှသည် ဒီနေ့ခေတ် Cellular Lightweight Concrete (CLC) ဘလောက်တုံးများအထိ — ပေါ့ပါး ခိုင်ခံ့မှု ဆန်းသစ်တီထွင်မှုများသည် အဆောက်အအုံများ၏ ရေရှည်ကြံ့ခိုင်မှုကို အာမခံပေးလျက်ရှိပါသည်..

​ဆောက်လုပ်ရေးစရိတ် သက်သာစေပြီး ဘေးအန္တရာယ်ခံနိုင်ရည်ရှိသည့် Green Building Technology - CLC အကြောင်း အသေးစိတ် လေ့လာရန် ဆက်သွယ်လိုက်ပါ.. 🏗️🍃

ိတ်ပေါ့ကွန်ကရစ် #ဝိတ်ပေါ့အုတ် #ရေပေါ်အုတ်

09/04/2026

လိုအပ်ချက်တွေကို အချိန်နဲ့ တစ်ပြေးညီ ဖြည့်စီးပေးကြတဲ့ ထုတ်လုပ်တပ်ဆင်ရေး အဖွဲ့သားများကို ကျေးဇူးပါ...

ြံစည်းရိုး #ခြံစည်းရိုး

09/03/2026

မိုးထဲ လေထဲ ကြိုးစားပေးကြတဲ့ installation အဖွဲ့တွေကို ကျေးဇူးတင်ပါကြောင်း.. 🙏

ြံစည်းရိုး #ခြံစည်းရိုး

08/31/2026

🧱 CLC Business Knowledge Series EPISODE 3

CLC စက်ရုံကို ဘယ်ဒေသမှာ စသင့်လဲ?

CLC လုပ်ငန်းစချင်တာနဲ့
CLC သုံးတဲ့သူများတဲ့နေရာကို ရွေးလိုက်ရုံနဲ့ မလုံလောက်ပါဘူး..

အရင်ဆုံး ကိုယ့်ဒေသရဲ့ Market Need ကို သိဖို့လိုပါတယ်..

အတွေ့အကြုံမရှိသေးတဲ့ လုပ်ငန်းရှင်တွေအတွက် Market Research ဆိုတာ ရှုပ်ထွေးသလို ထင်ရနိုင်ပါတယ်..

ဒါပေမယ့် အလွယ်ဆုံးနည်းတစ်ခုက ->

👉 ကိုယ့်အနီးအနားက အုတ်၊ သဲ၊ ကျောက် အရောင်းဆိုင်တွေကို ကိုယ်တိုင်ကွင်းဆင်းပါ..
👉 လက်ရှိ Clay Brick တစ်လကို ဘယ်လောက်ရောင်းရလဲ မေးပါ..
👉 ဘယ်လတွေ အရောင်းကောင်းလဲ၊ ဘယ်လတွေ အရောင်းပါးလဲ မေးပါ..
👉 ဆိုင်အများကြီးက Data တွေကို စုပါ..
👉 ပြီးရင် ကိုယ့်ဒေသရဲ့ Demand ကို ခန့်မှန်းပါ..

ပြီးတော့ Market Price နဲ့ Production Cost ကို ချိန်ရပါမယ်..

လက်ရှိ Clay Brick ဈေးက 450–500+ ကျပ် ဆိုရင်
18" × 8" × 4" CLC တစ်လုံးရဲ့ Wall Coverage ကို Clay Brick ၆ လုံးခန့်နဲ့ Benchmark လုပ်ပြီး 2,700–3,000 ကျပ်ဝန်းကျင် ကို ချိန်ကြည့်လို့ရပါတယ်..

ဒါပေမယ့် တစ်ဖက်မှာ ->

Cement + Sand + Labour + Production Cost တွေကလည်း ဘယ်လောက်ရှိလဲ တွက်ရမယ်..

Market က လက်ခံနိုင်မယ့်ဈေးထဲမှာ ကိုယ့်ကုန်ကျစရိတ်နဲ့ အမြတ် ကျန်နိုင်ရဲ့လား?

ဒါက အဓိကပါ။

ပြီးတော့ ဒီနေ့ဈေးတစ်ခုတည်း မကြည့်ပါနဲ့..

Cement၊ Sand၊ Clay Brick ဈေးတွေက ရာသီ၊ Weather၊ Fuel၊ သယ်ယူပို့ဆောင်ရေးနဲ့ Supply အခြေအနေတွေအပေါ် မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်..

အရေးကြီးဆုံးက ->

👉Market Research မလုပ်ရသေးဘူး..
👉Demand မသေချာသေးဘူး..
👉Price Gap မရှိသေးဘူး..
👉Working Capital မလုံလောက်သေးဘူးဆိုရင်..
စက်မဝယ်သေးတာကလည်း Business Decision တစ်ခုပါ..

ဒီ Series ရဲ့ ရည်ရွယ်ချက်က
CLC လုပ်ငန်းလုပ်ချင်သူတိုင်း
စက်မဝယ်ခင် ကိုယ့် Market၊ ကိုယ့် Cost နဲ့ ကိုယ့် Business ကိုယ်တိုင် တွက်ချက်ပြီး ဆုံးဖြတ်နိုင်အောင် အသိပညာမျှဝေပေးသွားမှာပါ..

EPISODE 4 မှာ — Market နဲ့ Price ကိုက်ပြီဆိုရင် “တစ်လ ဘယ်လောက်ထုတ်ရမလဲ?” ကို ဆက်တွက်ကြည့်ကြမယ်။

CLC Business Knowledge Series
Start with Knowledge, Not with a Machine.

ိတ်ပေါ့ကွန်ကရစ် #ဝိတ်ပေါ့အုတ် #ရေပေါ်အုတ်

08/29/2026

🧱 EcoLite Knowledge Series — EP11

CLC က ပေါ့တယ်… ဒါပေမယ့် ခိုင်ရဲ့လား?
“ပေါ့တယ် = မခိုင်ဘူး” လို့ တစ်ခါတည်း သတ်မှတ်လို့မရပါဘူး..

Wall တစ်ခုကို ရွေးချယ်တဲ့အခါ Loadbearing / Non-loadbearing ဆိုတဲ့ အသုံးပြုမယ့် Function ကိုပါ ထည့်စဉ်းစားရပါတယ်..

ASTM ရဲ့ Concrete Masonry Unit Standards တွေကို Reference အနေနဲ့ကြည့်ရင်လည်း Application အလိုက် Strength Requirement တွေ မတူတာကို တွေ့ရပါတယ်..

အရေးကြီးဆုံးက—
“ပေါ့တယ်” ဆိုတာ Weight ရဲ့ Characteristic..
“ခိုင်တယ်” ဆိုတာ Test Result နဲ့ ဆိုင်ပါတယ်..
ကိုယ့် Project အတွက် ဘယ်လောက် Strength လိုအပ်လဲ သိပြီးမှ Product ကို ရွေးချယ်သင့်ပါတယ်..

🧱 EcoLite Knowledge Series — EP11
Let’s build better walls together.

#ရေပေါ်အုတ် ိတ်ပေါ့ကွန်ကရစ် #ဝိတ်ပေါ့အုတ်

08/29/2026

မိတ်ကပ်ချယ်ပြီး ဆံထုံးတပ်ပေးလိုက်တော့ ပို ကျက်သရေ ရှိသွားတာပေါ့... 🥰


ြံစည်းရိုး #ခြံစည်းရိုး

08/27/2026

CLC ကို cake မို စနစ်သုံးပြီး ဖြတ်တဲ့ စနစ်က ရည်ရှည်မှာ mass ထုတ်ဖို့အတွက် ကုန်ကျ စာရိတ် အနည်းဆုံးနဲ့ အထိရောက်ဆုံးစနစ်ပါ.. ဒါပေမယ့် ဖြတ်ချိန် မှန်ဖို့တော့ လိုပါတယ်.. စောလွန်း ပျော့လွန်းရင် ပြိုကျတတ်ပြီး နောက်ကျရင်လည်း အနားထိပ်တွေပဲ့တာ.. လွှကြောင်းကြမ်းတာမျိုးတွေ ဖြစ်တတ်ပါတယ်.. အထူးသဖြင့် manual cutting တွေမှာပေါ့.. ဒီနေရာမှာ setting time ဖမ်းတတ်ဖို့ က အရေးကြီးပါတယ်.. ရာသီဥတု အပူချိန် စိုထိုင်းဆ ဖျော်စပ်တဲ့သဲမှာရေပါဝင်မှု ဘိလပ်မြေ အမျိုးအစား စတဲ့ စတဲ့ အကြောင်းတွေကြောင့် setting ကလည်း နေ့တိုင်းတော့ တူမနေတတ်ပါဘူး.. ဒါတွေကို ကျွမ်းကျင်ဖို့ဆိုတာ လေ့ကျင့် သင်ကြားပေးရပါတယ်.. အဆုံးရှုံးခံရပါတယ်.. ဒါဟာ CLC လုပ်ငန်းရှင်တိုင်း ကြုံတွေ့ရမယ့် အခြေအနေပါ.. တစ်ကယ်တော့ ဒါဟာလည်း ရင်းနှီးမြှပ်နှံမှုရဲ့ တစ်စိတ်တစ်ပိုင်းပဲဆိုတာ နားလည်ထားဖို့ လိုပါတယ်..

ိတ်ပေါ့ကွန်ကရစ် #ဝိတ်ပေါ့အုတ်

08/26/2026

မိတ်ကပ်လိမ်းပေးလိုက်တော့ ပိုလှသွားပြီ.. 😍

Precast ခြံစည်းရိုးဆို သတိရလိုက်နော်..

ြံစည်းရိုး
#ခြံစည်းရိုး #အုတ်တံတိုင်း

08/22/2026

🧱 CLC BUSINESS KNOWLEDGE SERIES
EPISODE 2 — CLC Market ရှိလား? ကိုယ့်ဒေသကို အရင်ကြည့်ပါ...

CLC လုပ်ငန်းစချင်တဲ့အခါ
“ဒီနေရာမှာ CLC Market ရှိလား?” ဆိုတာကို အရင်မေးကြတာ သဘာဝပါ။

ဒါပေမယ့် Market ကို မြို့တစ်မြို့လုံးအပေါ် အကြမ်းဖျင်းကြည့်ပြီး ဆုံးဖြတ်လို့မရပါဘူး။

အရင်ဆုံး ကိုယ့်ဒေသမှာ—
🔹 ဘယ် Wall Material ကို အများဆုံးသုံးကြလဲ?
🔹 ဘာကြောင့် အဲဒီ Material ကို ရွေးကြလဲ?
🔹 ဈေးနှုန်းက ဘယ်လောက်ရှိလဲ?
🔹 အလွယ်တကူ ရရှိနိုင်လား?
🔹 လူတွေက ရိုးရာအလေ့အထကြောင့် ရွေးတာလား?
🔹 အခုလက်ရှိ မဖြေရှင်းနိုင်သေးတဲ့ လိုအပ်ချက်တွေ ရှိနေသလား?
ဆိုတာတွေကို အရင်နားလည်ဖို့လိုပါတယ်။

CLC ရဲ့ ပြိုင်ဘက်က Clay Brick တစ်မျိုးတည်း မဟုတ်ပါဘူး။ တချို့ဒေသတွေမှာ Clay Brick အသုံးများသလို တချို့ဒေသတွေမှာတော့ Cement နဲ့ ကျောက်မှုန့်ကို Mold ထဲ Press လုပ်ပြီး ထုတ်တဲ့ ဗြုံးအုတ် တွေက ပိုဈေးသက်သာပြီး အသုံးများနိုင်ပါတယ်။ ဒါကြောင့် တစ်နေရာမှာ အလုပ်ဖြစ်တဲ့ CLC Business Model ကို နောက်တစ်နေရာမှာ တိုက်ရိုက်ကူးလို့မရပါဘူး။

နောက်ပြီး Environmental & Regulatory Condition တွေ၊ ဒေသခံတွေရဲ့ သဘာပတ်ဝန်းကျင်အပေါ် သဘောထားတွေ၊ Lightweight Wall လိုအပ်ချက်တွေ တိုးလာတာ၊ ရှိပြီးသားအဆောက်အဦးတွေကို Vertical Expansion လုပ်လာတာတွေကလည်း Market Opportunity ကို ပြောင်းလဲစေနိုင်ပါတယ်။

ဒါပေမယ့်—
“ပေါ့တာနဲ့ ငလျင်ဒဏ်ခံနိုင်တယ်” ဆိုတာမျိုးတော့ တိုက်ရိုက်မဆိုလိုပါဘူး။

Structure Design၊ Connection နဲ့ Construction Quality အားလုံးက အရေးကြီးပါတယ်။

အဲဒါကြောင့် CLC လုပ်ငန်းစချင်ရင်—
“CLC ရောင်းလို့ရမလား?” ကို အရင်မမေးပါနဲ့။
“ကိုယ့်ဒေသမှာ ဘာတွေသုံးနေကြလဲ၊ ဘာကြောင့်သုံးနေကြလဲ၊ ဘာလိုအပ်ချက်တွေ ကျန်နေသေးလဲ?”

အဲဒါကို အရင်လေ့လာပါ။ Market ကို ခန့်မှန်းမနေပါနဲ့။ ကိုယ့်ဒေသကို အရင်နားလည်အောင်လုပ်ပါ။

📌 EPISODE 03 မှာ — Market ရှိတယ်မရှိဘူး ဘယ်လို သိအောင်လုပ်မလဲ.. လုပ်ငန်း စသင့် မစသင့် ဘယ်အချက်တွေနဲ့ ဆုံးဖြတ်မလဲ?

CLC BUSINESS KNOWLEDGE SERIES
EcoLite Myanmar
Let’s build better walls together.

#ဝိတ်ပေါ့ကွန်ကရစ် #ရေပေါ်အုတ် #ပေါ့ခိုင်အုတ်

Address

Seattle, WA

Opening Hours

Monday 9am - 5pm
Tuesday 9am - 5pm
Wednesday 9am - 5pm
Thursday 9am - 5pm
Friday 9am - 5pm
Saturday 9am - 5pm

Alerts

Be the first to know and let us send you an email when EcoLite Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to EcoLite Myanmar:

Shortcuts

Share