MT Consultant Group, Inc.

MT Consultant Group, Inc. "A manufacturer's representative specializing in
Public Safety Equipments, DMR products, and Security Consulting Services”

MT Consultant group is a successful Manufacturers’ Representative Sales and Marketing group servicing Excera DMR Two Way Radios, Topflytech GPS tracking devices, fleet management systems and Decatur Electronic Radar products for law enforcement agencies and traffic safety equipment and Hysan Infrared Thermal access control kiosk. We represent only the most reputable and superior quality products to exceed the needs of our customers.

03/13/2026
02/06/2026

💸AYA ATM တိုင်းမှာ AYA Pay ရှိရုံနဲ့ ဘဏ်ကတ်မလိုဘဲ ငွေထုတ်လို့ရတယ်နော်။🤗
ငွေထုတ်ခကလည်း “အခမဲ့” ဆိုတော့ ပိတ်ရက်မှာအပြင်သွားရင်း ငွေထုတ်ဖို့လိုလာပြီဆိုရင် AYA Pay ရဲ့ 📍Near By Feature ကနေ နီးစပ်ရာ ATM တည်နေရာတွေကိုရှာပြီး လွယ်လွယ်ကူကူ ငွေထုတ်လို့ရပြီပေါ့။

📱 AYA Pay ဖြင့် ATM ငွေထုတ်နည်း

👉🏻AYA Pay App တွင် လုပ်ဆောင်ရန်:
1. Cash Out မှ ATM ကိုနှိပ်ပါ။
2. ထုတ်မည့်ပမာဏ နှင့် ယာယီ Pin (၄) လုံး သတ်မှတ်ပါ။
3. Wallet Pin နှင့် OTP ရိုက်ထည့်ပြီး ငွေသားကုဒ် (၆) လုံးကို မှတ်ထားပါ။

👉🏻AYA ATM တွင် လုပ်ဆောင်ရန်:
4. AYA Pay ATM Cash Out ကိုနှိပ်ပြီး မိမိဖုန်းနံပါတ် ရိုက်ထည့်ပါ။
5. ငွေသားကုဒ် (၆) လုံး၊ ငွေပမာဏနှင့် မိမိပေးခဲ့သော ယာယီ Pin (၄) လုံး ရိုက်ထည့်ပြီး ငွေထုတ်ယူပါ။

AYA Pay ပိုကောင်းတယ်

Start Your Journey - https://bit.ly/ayapay-dl-fb

"လွယ်ကူ ဧရာ စိတ်ချပါ"



ိုကောင်းတယ်

With AYA Bank – I just got recognized as one of their top fans! 🎉
02/04/2026

With AYA Bank – I just got recognized as one of their top fans! 🎉

02/04/2026

ဧရာဘဏ်ဝန်ဆောင်မှု အသုံးပြုသူများနှင့် “ဂရုစိုက်ပါ” အစီအစဥ်ရဲ့ စာဖတ်သူပရိသတ်များအတွက် ယခုအပတ်မှာတော့ ATM နဲ့ Card အသုံးပြုမှုနဲ့ပတ်သက်ပြီး သိထားသင့်သည့် ဗဟုသုတအချို့ကို ထပ်ဆင့်မျှဝေလိုက်ပါတယ်။ နေ့စဥ်အသုံးပြုနေကြရတဲ့ ဘဏ်ဝန်ဆောင်မှုများထဲမှ ငွေလွှဲ/ငွေထုတ်ခြင်းများကို ATM တွင်လည်းကောင်း၊ အွန်လိုင်းမှတစ်ဆင့် ဘဏ်ကတ်ဖြင့်လည်းကောင်း အသုံးပြုရာတွင် တွေ့ကြုံတတ်သောအလေ့အထများကို အောက်တွင် ဆက်လက်ဖတ်ရှုလိုက်ပါ။

၁. လိမ်ညာအကြောင်းကြားလာခြင်းကို ဂရုပြုပါ။

သင့်ထံသို့ အရေးကြီးသည့်ပုံစံဖြင့် သင်၏ဘဏ်ကတ်တွင် ပြသာနာရှိနေကြောင်း မဟုတ်မမှန်သည့် အကြောင်းပြချက်တို့ဖြင့် ဖုန်း (သို့) စာတို့မှတစ်ဆင့် ဘဏ်ဝန်ထမ်းအဖြစ်အသွင်ယူပြီး ဆက်သွယ်လာတတ်ပါတယ်။ ထိုသို့ဆက်သွယ်လာပါက မည်သို့ပင် အရေးကြီးအကြောင်းပြချက်ဖြစ်နေပါစေ ဘဏ်ကတ်ရဲ့ PIN,ကျောဘက်ရှိ CVV, expiry date များကို မပေးသင့်ပါ။ ထို့ပြင် မိမိနဲ့ရင်းနှီးသောသူများကိုလည်း မျှဝေခြင်းမပြုသင့်ပါ။ အခြားနေရာများတွင်လည်း ချရေးမှတ်ခြင်းမပြုသင့်ဘဲ မိမိတစ်ဦးတည်းသာ သိထားသင့်ပါတယ်။

၂. အခြားသူထံမှ အကူအညီတောင်းခံရာတွင် ဂရုပြုပါ။

AYA ATM တွင် ဘဏ်ကတ်ဖြင့် ငွေသားထုတ်ယူခြင်း (သို့) ငွေလွှဲခြင်းပြုလုပ်ရာတွင် မေးမြန်းလိုသောအကြောင်းအရာရှိပါက ဧရာဘဏ်ဝန်ထမ်းတစ်ဦးဦးကိုသာ အကူအညီတောင်းခံ၍ မေးမြန်သင့်သည်ဖြစ်ပြီး မိမိရဲ့ PIN နံပါတ်ရိုက်ရာတွင် လက် (သို့) ပခုံးနှင့်ကွယ်ထားသင့်ပါတယ်။ CVV နံပါတ်ကိုလည်း အခြားသူမမြင်အောင် သတိပြုလုပ်ဆောင်သင့်ပါတယ်။

၃. ပုံမှန်မဟုတ်သော ATM တွင် ငွေလွှဲ၊ ငွေထုတ်ခြင်း မပြုပါနဲ့။

မိမိအသုံးပြုမည့် ATM တွင် ကတ်ထည့်သွင်းသည့်နေရာတွင် ပုံမှန်မဟုတ် ခက်ခဲနေခြင်း၊ ရိုက်သည့်ခလုတ်များအလွန်အမင်း ချောင်နေခြင်း၊ ATM ရှိရာအခန်း၏ အလင်းရောင်မှာ မှတ်တမ်းတင်ကင်မရာမှ မှတ်တမ်းမတင်နိုင်လောက်အောင် အလင်းမရှိနေခြင်း စသည့် ပုံမှန်မဟုတ်သော အနေအထားများတွေ့ရှိရပါက မသမာမှုများဖြစ်ပေါ်လာနိုင်သည့်အတွက် ငွေလွှဲ/ ငွေထုတ်ခြင်းများကို မပြုလုပ်သင့်ပါ။

AYA ATM နဲ့ ဧရာဘဏ်ကတ်များတွင် ငွေလွှဲ/ငွေထုတ်ဝန်ဆောင်မှုများကို စိတ်အေးလုံခြုံစွာ ပြုလုပ်နိုင်ကြပါစေ။

စိတ်ချယုံကြည် ဧရာဝတီ - Your Trusted Partner

12/24/2025

ပျော်ရွှင်စရာ ခရစ္စမတ် အချိန်အခါသမယတွင် ကောင်းချီးမင်္ဂလာ အဖြာဖြာတို့နှင့် ပြည့်စုံပြီး ဝေးကွာနေကြသည့် မိသားစုများနှင့်အတူ အေးချမ်းသာယာ ကြပါစေကြောင်း Max Cementမှ ဆုတောင်း မေတ္တာပို့သအပ်ပါသည်။



12/24/2025

အေးချမ်းသည့် ခရစ္စမတ် အချိန်အခါတွင် ကောင်းချီးမင်္ဂလာ အဖြာဖြာတို့နှင့် ပြည့်စုံပြီး ချစ်ခင်ရသူများနှင့်အတူ ငြိမ်းချမ်းပျော်ရွှင် ကြပါစေကြောင်း Max Highway မှ ဆုတောင်း မေတ္တာပို့သအပ်ပါသည်။



11/26/2025

AYA Pay အသုံးပြုသူတွေအနေနဲ့ မိမိတို့ AYA Pay Wallet ကနေ မည်သည့် AYA ဘဏ်အကောင့်သို့မဆို ငွေလွှဲပြောင်းနိုင်ပြီနော်။😇
AYA Pay ဗားရှင်း (3.3.10) ရဲ့ ဝန်ဆောင်မှုအသစ် "To Any AYA Account" နဲ့ဆို မိမိတို့ငွေပေးပို့လိုသူရဲ့ AYA Pay Wallet ကိုသာမက AYA ဘဏ်အကောင့်သို့လည်း ငွေသားများကို လွယ်ကူမြန်ဆန်စွာ လွှဲပြောင်းနိုင်ပါပြီ။❤️
(မှတ်ချက် – Ngwe Toe Mae Shwe၊ AYA Su-Buu နှင့် Fixed Deposit အမျိုးအစားမပါဝင်ပါ။)
မည်သည့် AYA ဘဏ်အကောင့်သို့မဆို ငွေလွှဲပြောင်းရာမှာ တစ်ကြိမ်လျှင် အနည်းဆုံး - ၁၀,၀၀၀ ကျပ် နဲ့ အများဆုံး - ၅၀၀,၀၀၀ ကျပ် အထိလွှဲပြောင်းနိုင်မှာဖြစ်ပြီး Transaction တစ်ကြောင်းလျှင် ၃၀၀ ကျပ် ပုံသေနှုန်း ကျသင့်မှာပါ။🎁
တစ်နေ့လျှင် သိန်း ၂၀, တစ်ပတ်လျှင် သိန်း ၁၀၀ နှင့် တစ်လလျှင် သိန်း ၂၀၀ အထိ လွှဲပြောင်းနိုင်မှာဖြစ်ပါတယ်။

AYA Pay Wallet ကနေ မည်သည့် AYA ဘဏ်အကောင့်သို့မဆို ငွေလွှဲဖို့အတွက်-
၁။AYA Pay Wallet Home Screen ရှိ “Transfer” ကိုနှိပ်ပါ
၂။ "To Any AYA Account" ကိုနှိပ်ပါ
၃။ မိမိငွေလွှဲလိုသော AYA Bank Acc နံပါတ်ကိုရိုက်ထည့်ပြီး "Continue" ကိုနှိပ်ပါ။
၄။ ပေးပို့လိုသော ငွေပမာဏကိုထည့်ပါ။
၅။ AYA Pay Wallet ၏ Passcode ကိုရိုက်ထည့်ပါ။


*မိမိ၏ AYA Pay Wallet နှင့်ချိတ်ဆက်ထားသော Bank Account သို့ cash out ပြုလုပ်ခြင်းအတွက် ငွေကြေးကောက်ခံခြင်းမရှိပါ။*

အခုပဲ AYA Pay App ကို update လုပ်ပြီး စတင်အသုံးပြုလိုက်တော့နော်။

Start Your Journey 👉 https://www.ayapay.com/dl

"လွယ်ကူ ဧရာ စိတ်ချပါ"

ိုကောင်းတယ်

We are Praying for the Memory of Deputy Andrew Nunez.Our hearts are with Deputy Nunez, his family, and the entire San Be...
10/28/2025

We are Praying for the Memory of Deputy Andrew Nunez.
Our hearts are with Deputy Nunez, his family, and the entire San Bernardino County Sheriff’s Department during this time of profound loss.

His service, compassion, and devotion to protecting others will never be forgotten.

10/14/2025

ကိုယ့်မှာ AYA Credit Card ရှိတယ်ဆို AYA Pay နဲ့ ချိတ်ဆက်ထားလိုက်နော်

AYA Pay Account နဲ့ AYA Credit Card ချိတ်ဆက်ထားပြီးပြီဆိုရင် ၊ Wallet မှတဆင့် Credit Card ထဲသို့ ငွေပြန်လည်ဖြည့်သွင်းခြင်းကို အလွယ်တကူပြုလုပ်လို့ရမှာပဲ ဖြစ်ပါတယ်။❤ဒါကြောင့် AYA Pay နဲ့ AYA Credit Card အကောင့်ကို မချိတ်ဆက်ရသေးရင် အောက်ပါအဆင့်လေးတွေအတိုင်း လုပ်ဆောင်လိုက်ပါ! 👇🏻

AYA Pay နဲ့ AYA Credit Card ချိတ်ဆက်နည်း

· AYA Pay App ရဲ့ Home Screen ရှိ "Wallet" ကို နှိပ်ပါ။

· ကတ်များ (Cards) ကိုရွေးပြီး Add New Cards ကိုနှိပ်ပါ။

· ချိတ်ဆက်မယ့် ဘဏ်အကောင့်အမည် နဲ့ ကတ်နံပါတ် ကို မှန်ကန်စွာ ဖြည့်ပြီး Continue ကိုနှိပ်ပါ။ (AYA Pay အသုံးပြုသူအမည်/ဖုန်းနံပါတ်နှင့် ကတ်ပိုင်ရှင် အမည်၊ ဖုန်းနံပါတ် သည် တူညီရပါမည် )

· ကျလာသော OTP ကုတ်လေးလုံးကို ဖြည့်ပါ

· AYA Credit Card နဲ့ AYA Pay ချိတ်ဆက်ခြင်းအောင်မြင်ပါသည်။

"AYA Pay နဲ့ AYA Credit Card ကို ချိတ်ဆက်ပြီး ငွေကြေးလုပ်ငန်းတွေကို ပိုမိုလွယ်ကူစွာ လုပ်ဆောင်လိုက်ပါ!"

AYA Pay ပိုကောင်းတယ်

Start Your Journey 👉 https://www.ayapay.com/dl

"လွယ်ကူ ဧရာ စိတ်ချပါ"

ိုကောင်းတယ်

08/27/2025

စုရင်းတိုးရင်း Digital Fixed Deposit ဆိုတာ သင့်ရဲ့ အပ်နှံငွေများကို လုံခြုံစွာထိန်းသိမ်းပေးရုံသာမက၊ အပ်ငွေပမာဏအလိုက် မြင့်မားသောအတိုးနှုန်းများ ရရှိနိုင်တဲ့ ငွေစုအကောင့်ဖြစ်လို့ ဘဏ်သွားစရာမလိုဘဲ AYA Mobile Banking ရှိရုံနဲ့ လွယ်ကူစွာ ဖွင့်နိုင်ပါတယ်။

✔ ဝင်ငွေတိုးပွားလိုသူများ

✔ စိတ်ချရတဲ့နေရာမှာ ရင်းနှီးမြှုပ်နှံလိုသူများ

✔ အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ဘဝကို တည်ဆောက်လိုသူများအတွက် အကောင်းဆုံးသော ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။

💰 စုရင်းတိုးရင်း Digital Fixed Deposit ဖွင့်သင့်တဲ့ အချက် (၆) ချက်

(1) မြင့်မားသော အထူးအတိုးနှုန်းများ ရရှိခြင်း - AYA Mobile Banking အသစ်မှတဆင့် စုရင်းတိုးရင်း Digital Fixed Deposit (ရက် ၁၀၀) အကောင့်ဖွင့်ပါက အပိုဆုအနေဖြင့် အထူးအတိုးနှုန်းကိုပါရရှိမည်ဖြစ်ပါသည်။ အဆိုပါအထူးအတိုးနှုန်းကို မိတ်ဆက်ကာလ ၃ လအတွင်း (ဇူလိုင် ၃၀ မှ အောက်တိုဘာ ၃၀ ရက် အထိ) သာ ရရှိနိုင်မည်ဖြစ်ပါသည်။

(2) လွယ်ကူအဆင်ပြေသော ဖွင့်လှစ်နည်း - AYA Mobile Banking ၏ ဗားရှင်းအသစ်မှတဆင့် အချိန်ပိုင်း အပ်ငွေအကောင့် (Fixed Deposit) ကို ချက်ချင်း ဖွင့်လှစ်နိုင်ပါသည်။ ရက် ၃၀ (သို့မဟုတ်) ရက် ၁၀၀ Plan များထဲမှ မိမိနှစ်သက်ရာ ကို ရွေးချယ်နိုင်ပါသည်။

(3) ငွေကြေးစုဆောင်းမှု အလေ့အထကောင်း မွေးမြူနိုင်ခြင်း - စုရင်းတိုးရင်း Digital Fixed Deposit ဖြင့် မိမိ၏ ငွေကို အနာဂတ်အတွက် လုံခြုံစွာ စုဆောင်းနိုင်ပြီး၊ များများစုလေလေ အတိုးပိုမိုရရှိလေလေ ဖြစ်ပါသည်။

(4) Digital Certificate ချက်ချင်းရရှိခြင်း - အွန်လိုင်းမှတစ်ဆင့် အကောင့်ဖွင့်ပါက Digital Version Certificate ကို ချက်ချင်း Download ရယူနိုင်ပါသည်။ လိုအပ်ပါက နီးစပ်ရာ ဧရာဘဏ်ခွဲများတွင် Digital Certificate ကို ပြသ၍ Hard Copy ထုတ်ယူနိုင်ပါသည်။

(5) ဘဏ်သို့ သွားရန်မလိုဘဲ အဆင်ပြေစွာ စီမံနိုင်ခြင်း - Mobile Banking App ထဲမှာပင် အပ်ငွေလုပ်ငန်းစဉ်အားလုံးကို အဆင်ပြေစွာ ဆောင်ရွက်နိုင်ပြီး၊ ဘဏ်သို့ သွားရောက်စရာမလိုအပ်ပါ။

(6) စိတ်ချရသော ရင်းနှီးမြှုပ်နှံမှု - AYA Bank ၏ စိတ်ချယုံကြည်ရသော ဝန်ဆောင်မှုဖြင့် သင့်ငွေကို လုံခြုံစွာ စီမံနိုင်ပြီး၊ အနာဂတ်အတွက် ငွေကြေးတိုးပွားမှုကို သေချာစွာ ရရှိစေမည်ဖြစ်ပါသည်။

AYA Mobile Banking ဗားရှင်းအသစ်မှ Digital Fixed Deposit အကောင့်ဖွင့်ပြီး မြင့်မားသော အတိုးနှုန်းများကို အခုပဲ စတင်ခံစားလိုက်ပါ။

📲 AYA Mobile Banking ကို ဒေါင်းလုဒ်ရယူရန် - https://ayabank.com/ayamobilebankingdl

စိတ်ချယုံကြည် ဧရာဝတီ - Your Trusted Partner

#စုရင်းတိုးရင်း


#လွယ်ကူရိုးရှင်း

08/24/2025

🔐 သင့်ငွေကြေးလုံခြုံမှုအတွက် ဒီအချက်တွေထဲက ဘယ်အရာတွေကို လိုက်နာဖြစ်လဲ?

ကိုယ်တိုင်သတိမထားမိဘဲ လုပ်မိလိုက်တဲ့ အရာတွေကြောင့် သင့်ရဲ့ငွေကြေးဆိုင်ရာကိစ္စရပ်များရဲ့ လုံခြုံမှုကို ထိခိုက်စေနိုင်ပါတယ်။ ထိုကဲ့သို့ ငွေကြေး မသမာမှုကို တားဆီးနိုင်ဖို့အတွက် အောက်ပါ အချက်များထဲကမှ သင်လိုက်နာကျင့်သုံးနေတဲ့ အဖြေကို Reactပေးပြီး မျှဝေပေးသွားပါဦး။

👍 စိတ်မချရသော Public Wi-Fi များမှတစ်ဆင့် မိမိရဲ့ ဧရာဝတီဘဏ်နှင့်သက်ဆိုင်သော Application များကို အသုံးမပြုဘဲရှောင်ကျဥ်ခြင်း၊
🤗 ဧရာဝတီဘဏ်နှင့်သက်ဆိုင်သော Applicationများကို ပုံမှန် Updateပြုလုပ်ခြင်း နှင့် ခန့်မှန်းရခက်သော Passwordထားရှိခြင်း၊
😮 ဧရာဝတီဘဏ်နှင့်သက်ဆိုင်သော Website, Social Media Channel များ နဲ့ Application များအား တရားဝင်ဖြစ်/ မဖြစ် စစ်ဆေးပြီးမှအသုံးပြုခြင်း၊
❤️ အထက်ပါ အချက်များအားလုံးကို လိုက်နာခြင်း

သင့်ရဲ့ငွေကြေးဆိုင်ရာနှင့်ပတ်သက်သည့် မသမာမှုများ တားဆီးရာတွင် သတိထားရမယ့် အချက်များကို မိမိကိုယ်တိုင် မှန်ကန်စွာ သိရှိလိုက်နာမှသာ သင့်ရဲ့ငွေကြေးလုံခြုံမှုကို ထိန်းသိမ်းနိုင်မည်ဖြစ်ပါသည်။

ဧရာဝတီဘဏ်ဝန်ထမ်းများသည် မည်သည့်အခါမှ ကိုယ်ရေးကိုယ်တာနှင့်သက်ဆိုင်သော သတင်းအချက်အလက်များကို တောင်းခံခြင်းပြုလုပ်မှာမဟုတ်ကြောင်းလည်း ထပ်မံအသိပေးလိုပါတယ်။

စိတ်ချယုံကြည် ဧရာဝတီ - Your Trusted Partner




Address

6101 Cherry Avenue
Fontana, CA
92336

Telephone

+18448688887

Website

https://www.sjzxlwhg.com/, http://www.LiTaiArmor.com/

Alerts

Be the first to know and let us send you an email when MT Consultant Group, Inc. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MT Consultant Group, Inc.:

Share