Aria QS’s Vlog

Aria QS’s Vlog ကိုယ်သွားဖြစ်လုပ်ဖြစ်တဲ့ Activities လေးတွေနဲ့ M&E QS (mainly ACMV) ပိုင်း sharing သွားမဲ့ Page ဖြစ်ပါတယ်။

19/08/2026

>>> သင်တန်းစမယ့်ရက်ကို 30 Aug (Sunday) ကို ရွှေ့ထားပါတယ်နော်

30 Aug (Sun) : 10:00AM - 11:30AM (SG Time)

အဲ့နေ့နီးရင် အတန်း Join ဖို့ Link ပို့ပေးပါမယ်။

30/07/2026

>>> Tender တွက်တဲ့အခါ Material Specification တွေကိုလည်း ကြည့်ထား၊ သိထားဖို့ လိုပါတယ်။

ဘာကြောင့်လဲဆိုတော့ Material Specification က Tender Pricing ကို တိုက်ရိုက်သက်ရောက်စေတဲ့ အရေးကြီးတဲ့ Document တစ်ခုဖြစ်လို့ပါ။

📖 Material Specification ဆိုတာ Project မှာ အသုံးပြုရမယ့် Material တွေရဲ့ Technical Requirement တွေကို အသေးစိတ်ဖော်ပြထားတဲ့ Document ဖြစ်ပါတယ်။

ACMV Ductwork နဲ့ Pipework အတွက် Material Specification ဖတ်တဲ့အခါ အနည်းဆုံး အောက်ပါအချက်တွေကို စစ်ဆေးသင့်ပါတယ်။

✅ 1. Material Type & Grade

Duct

-GI
-SS304
-SS316
-Pre-insulated Foam Duct
-Fabric Duct
-etc.

Pipe

-Carbon Steel
-Black Steel
-Stainless Steel
-Copper
-HDPE
-uPVC
-etc.

📌 Material Type ပြောင်းတာနဲ့ Material Cost တင်မက Fabrication Cost နဲ့ Installation Method ပါ ပြောင်းသွားနိုင်ပါတယ်

✅ 2. Duct Thickness/ Gauge, Pipe Schedule

📌 Thickness နဲ့ Schedule ပြောင်းတာက Material Weight နဲ့ Labour Cost ကို သက်ရောက်နိုင်ပါတယ်။

✅ 3. Applicable Standards

-SMACNA, ASTM, BS, EN, etc.

📌 Applicable Standards တွေက Material Quality၊ Fabrication Method နဲ့ Installation Requirement တွေကို သတ်မှတ်ပေးတဲ့ အခြေခံစံနှုန်းတွေ ဖြစ်ပါတယ်။

နောက် Post မှာ ကျန်တဲ့အချက်တွေကို ဆက်တင်ပေးပါမယ်။




26/07/2026
26/07/2026

>>> Tender အောင်တာ နဲ့ Project ရဲ့ Profit

QS အလုပ်ကို စလေ့လာတဲ့သူတွေနဲ့ စလုပ်တဲ့သူတော်တော်များများက Tender အောင်ပီး project ရရင် အဆင်ပြေပီလို့ ထင်တတ်ကြပါတယ်

ဒါပေမယ့် Tender အောင်တာက projectအတွက်ဆို အစပဲ ရှိပါသေးတယ်

Company တချို့မှာ Tender QS နဲ့ Project (Site) QS ကို သီးသန့်ခွဲထားပေမယ့်၊ Company တချို့မှာတော့ QS တစ်ယောက်တည်းက Tender Stage ကနေ Final Account အထိ Handle လုပ်ရတဲ့အခြေအနေ တွေလည်း ရှိပါတယ်။

အဲဒီလိုအခြေအနေမှာတော့ Tender တွက်တတ်ရုံတင် မလုံလောက်တော့ပါဘူး။ Project ရဲ့ Profit ကို ထိခိုက်စေနိုင်တဲ့ အချက်တွေကိုလည်း နားလည်ထားဖို့ လိုပါတယ်။

ပြီးတော့ Tender တင်တဲ့အချိန်မှာ Competitor တွေ များတာကြောင့် Companyမှာ Project နည်းနေ/မရှိနေတာကြောင့် ဈေးလျှော့ပြီး ယူရတဲ့အခြေအနေတွေလဲ ကြုံရပါတယ်။

ဒါပေမယ့် Project ရလာတိုင်း /Tender အောင်တိုင်း Profit ကောင်းမယ်လို့တော့ မဆိုလိုပါဘူး။

Project စပြီးနောက်ပိုင်းမှာ…

✅ Material Price အပြောင်းအလဲ
✅ Manpower Cost တက်လာတာ
✅ Productivity/Progressမကောင်းတာ
✅ Coordination ကြောင့် reworkတွေလုပ်ရတာ
✅ Design Change တွေဖြစ်လာတာ
✅ VO ရသင့်၊မရသင့်

ဒီလိုအချက်တွေက Project ရဲ့ Profit အပေါ် သက်ရောက်နိုင်ပါတယ်။

ဒါကြောင့် QS ရဲ့ အလုပ်က BQ ကောက်/Tender တွက်ပြီး Submit လုပ်လိုက်တာနဲ့ မပြီးသေးပါဘူး။

Project တစ်လျှောက် Budget ကို Monitor လုပ်ရမယ်၊ Cost ကို Control လုပ်ရမယ်၊ Progress Claim တွေကို အချိန်မီတင်ရမယ်၊ Variation Order တွေကို Supporting Documents နဲ့ စနစ်တကျတင်ရမယ်။ နောက်ဆုံး Final Account ပိတ်ပြီး Final Retention ပြန်ရတဲ့အထိ Commercial ပိုင်းကို ဆက်လက် Manage လုပ်ရပါတယ်။




25/07/2026

📢 ACMV QS သင်တန်း (Batch - 2) အပ်နှံနိုင်ပါပြီ

Batch (1) ကို Join ပေးကြတဲ့သူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ 🙏

Batch (2) ကို စတင်ဖွင့်လှစ်တော့မှာဖြစ်လို့ စိတ်ဝင်စားတဲ့သူတွေအတွက် အသေးစိတ်ဖော်ပြပေးလိုက်ပါတယ်။

ဒီသင်တန်းမှာ ACMV QS အလုပ်စဉ်တစ်ခုလုံးကို Project Case Study ပုံစံနဲ့ လက်တွေ့အလုပ်လုပ်သလို နားလည်အောင် Share ပေးသွားမှာပါ။

Theory သက်သက်မဟုတ်ဘဲ Project Experience ပေါ်အခြေခံပြီး ရှင်းပြပေးမှာဖြစ်ပါတယ်။

ဒါ့အပြင် သိထားသလောက် MEP Field နဲ့ပတ်သက်တဲ့ Knowledge တွေ၊ Site Experience တွေကိုလည်း အတတ်နိုင်ဆုံး Share ပေးသွားမှာပါ။

📚 သင်ကြားပေးမည့် အကြောင်းအရာများ

✅ Tender Stage
✅ Budget & Cost Control
✅ Progress Claim
✅ Variation Order (VO)
✅ Final Account
✅ Defects Liability Period (DLP)
✅ Final Retention Claim

Project တစ်ခုကို QS တစ်ယောက်အနေနဲ့ Tender Stage ကနေ Final Retention ပြန်ရတဲ့အထိ ဘယ်လို Handle လုပ်ရလဲဆိုတာကို Step by Step လက်တွေ့ကျကျ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

🗓️ သင်တန်းစတင်မည့်ရက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၂) ရက် (သို့) (၂၃) ရက်
(အတည်ပြုရက်ကို ထပ်မံအသိပေးပါမည်။)

⏳ သင်တန်းကာလ – (၄) လ

💵 သင်တန်းကြေး

🇲🇲 မြန်မာနိုင်ငံမှ တက်ရောက်သူ – ၃၀၀,၀၀၀ ကျပ်

🌍 Overseas / 🇸🇬 Singapore မှ တက်ရောက်သူ – SGD 250

📩 သင်တန်းအပ်နှံခြင်း၊ သင်တန်းကြေးပေးသွင်းခြင်းနှင့် သင်တန်းအကြောင်း အသေးစိတ်မေးမြန်းလိုပါက Page Chat Box မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။




08/05/2026

Edit : 3 ယောက်လုံးအတွက် ရသွားပါပီနော်

M&E BIM Modeller - 2 ယောက် (S pass) နဲ့ QAQC(WP) တစ်ယောက်ခေါ်နေပါတယ်

- SG experience ရှိရပါမယ်

- SG မှာ အလုပ်လုပ်နေတဲ့သူ / အလုပ်ပြောင်းချင်တဲ့သူ /

အမှန်တစ်ကယ်ဆွဲနိုင်တဲ့သူမှ ပိုအဆင်ပြေပါ

မယ်..

CV ကိုတော့ [email protected] ကိုပို့ပေးပါ

Address

Singapore

Website

Alerts

Be the first to know and let us send you an email when Aria QS’s Vlog posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share