SG Site Engineer Training Class

SG Site Engineer Training Class Skill Training

05/09/2022

Edited -သင့်တော်တဲ့ တစ်ယောက်ကို ရွေးပီးသွားပီဖြစ်လို့ resume ပို့ဖို့မလိုတော့ပါဘူးဗျ။ကျေး‌ဇူးတင်ပါတယ်။

Singapore မှာ Plumbing & Sanitary ပိုင်းအတွက် အင်ဂျင်နီယာတစ်ယောက် ရှာနေပါတယ်။
၁။P&S drawing ကောင်းကောင်းဆွဲတတ်ရပါမယ်။Revit တေ ဘလာဘလာတွေမလိုဘူး။Auto Cad 2D ကောင်းကောင်းဆွဲတတ်ရင်ရပီ။
၂။inspection form ရေးတတ်ရပါမယ်။
၃။office documents ပိုင်းတွေ သူဌေးကို ကူညီပီးလုပ်ပေးရမယ်။
၄။site meeting တက်တာတွေနဲ့ maincon နဲ့ coordination လုပ်ရမှာဖြစ်လို့ English လို အခြားသူနားလည်အောင် ရေးတတ် ပြောတတ်ရမယ်။သူများပြောတာကို နားလည်ရမယ် ဖတ်တတ်ရမယ်။
၅။permit to work ရေးတတ်ရမယ်။
၆။p&s installation ပိုင်းကို ကောင်းကောင်းနားလည်ပီး supervise လုပ်နိုင်ရမယ်။အချိန်ပိုလုပ်နိုင်ရမယ်(ဖရီး)။
၇။သူဌေးကို သီးခံနိုင်ရမယ်။အနည်းဆုံးတစ်နှစ်လုပ်ပေးရမယ်။သူဌေးက မကြိုက်ရင်တော့ ဖြုတ်မယ်။

P&S အတွေ့အကြုံရှိသူ အင်ယာဘွဲ့ရများ +65 86853262 Whatsapp ကနေ resume ပို့ထားပေးပါ။လစာညှိနိုင်း။Spass or WP လျှောက်ပေးပါမယ်။စလုံး ရောက်နေသူများ ပိုအဆင်ပြေပါတယ်၊မြန်မာပြည်က သူတွေလည်းလျှောက်လို့ရပါတယ်။တရုတ်လို ပြောတတ်သူများ ပိုအခွင့်အရေးရှိပါတယ်။အတွေ့အကြုံမရှိသေးသူများ အချိန်ပေး သင်ပေးရမယ့်သူများ resume လာမပို့ပါနဲ့နော်။ပြောရတာအားနာပါတယ် အ‌ဆင်ပြေမှာမဟုတ်လို့ပါ။

အဆင်ပြေတဲ့သူတွေ ကျနော်နဲ့အင်တာဗျူးရပါမယ်။

12/08/2022

SG Set သင်တန်းစတင်ရဲ့ Batch 4 လည်း ပီးဆုံးသွားခဲ့ပါပီ။ Batch 5ကိုတော့ ကျေနာ်အလုပ်များေနလို့ လောလောဆယ်မစသေးပဲ နားထားပါဦးမယ်။ကျနော် အချိန်ပိုထွက်လာမှသာ ပြန်စပါ့မယ်ခင်ဗျာ။

စလုံးကိုလာဖို့ပြင်နေပီး ကူညီမယ့်သူမရှိတဲ့သူတွေ လာမေးလို့ရပါတယ်။တတ်နိုင်သလောက်ကူညီပေးပါ့မယ်။

11/07/2022

SG SET ရဲ့ သင်တန်းအပတ်စဉ် ၄ ကို 17 July မှာ စတင်တော့ဖြစ်ပါတယ်။

ဒီသင်တန်းကိုတက်မယ်ဆိုရင် စင်ကာပူကိုမလာခင်မှာပြင်ဆင်ဖို့လိုအပ်တာတွေ သိချင်တာတွေကို တိုင်ပင်လို့ရမယ် ဆွေးနွေးလို့ရမယ်။

သင်တန်းမှာsingapore construction site နဲ့ပက်သက်တဲ့ proper procedure တွေ သိကိုသိရမယ့် regulation တွေ COP တွေကို ဆိုဒ်အစကနေ အဆုံးထိ တစ်ဆင့်ချင်းစီကို ဆိုဒ်ထဲမှာလက်တွေ့အသုံးပြုခဲ့တဲ့ documents တွေနဲ့တွဲပီး နားလည်အောင် ရှင်းပြပေးပါတယ်။ဆိုဒ်ထဲမှာလက်တွေ့အသုံးပြုခဲ့တဲ့ documents တွေဖြစ်လို့ သင်တန်းပီးလို့ဆိုဒ်ထဲရောက်တဲ့အခါ reference အနေနဲ့ပါအသုံးပြုလို့ပါရမှာဖြစ်ပါတယ်။

သင်တန်းပီးသွားပီးသွားပီးနောက် ဆိုဒ်ထဲရောက်တဲ့အချိန် အခက်အခဲဖြစ်ခဲ့ရင် ဖုန်းဆက်ပီးအကူအညီလာတောင်းလို့ပါရသေးတယ်နော်။

ကဲ ဒီထက်ကောင်းတဲ့ service ရှိဦးမလား။

သင်တန်းတက်မယ်ရင် +65 86853262 whatsapp ကနေမက်ဆေ့ or ဖုန်းခေါ်ပီး ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

02/07/2022

17 July မှာသင်တန်း အပတ်စဉ် ၄ ကိုစတင်မှာ ဖြစ်ပါတယ်📢📢📢

ကျနော့်ကို လာအမေးများတဲ့ မေးခွန်းတွေကို နောင်လူတွေအတွက်အဆင်ပြေအောင် ဒီကနေပဲ ဖြေပေးလိုက်ပါတယ်။

၁။သင်တန်းက ဘယ်လိုသင်မှာလဲ?Groupမှာ Video တင်ပီးသင်မှာလား?
zoom meeting app သို့မဟုတ် group call နဲ့သင်မှာပါ။ဆွေးနွေးချင်တာတွေကို လွပ်လပ်စွာ ဆွေးနွေးလို့ရပါတယ်။

၂။ဘယ်အချိန်သင်မှာလဲ?ဘယ်လောက်ကြာမှာလဲ?
တနင်ဂနွေမနက် ၁၁နာရီကနေ ည ၁၁ မြန်မာ(၉:၃၀)အတွင်း ညှိနှိုင်းလို့ရပါတယ်။တစ်ပတ်ကိုတစ်ရက်သင်ပါမယ်။သင်တန်းချိန် နာရီ၃၀ကျော်လောက် ရှိမယ်ထင်ပါတယ်။မေးတာများရင် ပိုကြာနိုင်ပါတယ်။

၃။ဘာတွေသင်မှာလဲ?
singapore construction site မစမီ ကနေ handover ထိ သိသင့်တယ့် ဆိုဒ်အင်ယာတစ်ယောက် မဖြစ်မနေတွေ့ကြုံ ဆောင်ရွက်ရမယ့်အရာတွေကို ကြိုတင်သိရှိပီး လုပ်ငန်းခွင်မှာ ပိုအဆင်ပြေအောင် ပြောပြပေးမှာပါ။

၄။M&E ရောသင်လား၊တက်လို့ရလား?
မသင်ပါဘူးဗျ။M&E သမားတွေ ကျနော့်သင်တန်းတက်ဖို့ မလိုပါဘူးဗျ။

၅။QS ရောသင်လား?
မသင်ပါဘူးဗျ။QS သမားတွေ ကျနော့်သင်တန်းတတ်ဖို့မလိုပါဘူးဗျ။

၆။ဘယ်သူတွေအတွက် သင့်တော်လဲ?
စင်ကာပူ construction မှာ site engineer/project engineer အနေနဲ့လုပ်ချင်တဲ့သူတွေအတွက် အရမ်းကိုအကျိုးများစေရမယ်လို့ အာမခံပါတယ်။ပီးတော့ လက်ရှိစင်ကာပူမှာ အခြားposition နဲ့လုပ်နေပီး site ဘက်ကိုလည်းပြောင်းချင်တယ် အတွေ့အကြုံကောင်းလည်းမရှိသေးဘူးဆိုသူတွေအတွက် အင်မတန်သင့်တော်ပါတယ်။google ကစာတွေဖတ်ပီး သင်မှာမဟုတ်သလို တစ်ခြားတစ်ယောက်စီမှာသင်တန်းတက်ပီး တစ်ဆင့်ပြန်သင်တဲ့သင်တန်းမျိုးလည်းမဟုတ်ပါဘူး။ကျွန်တော်ကိုယ်တိုင် တွေ့ကြုံခဲ့ လေ့လာခဲ့ရတဲ့ ကျနော့်အတွေ့အကြုံစစ်စစ်တွေကို မျှဝေပေးမှာဖြစ်လို့ ဂျင်းသင်တန်းမဟုတ်ကြောင်း အာမခံပါတယ်။

၇။သင်တန်းကြေး ဘယ်လောက်လဲ၊ဘယ်လိုပေးရမှာလဲ?
မြန်မာပြည်ကနေတက်မယ့်သူတွေအတွက် သင်တန်းကြေး မြန်မာကျပ်ငွေတစ်သိန်းပါ၊Kpay ကနေလွှဲပေးရမှာပါ။စင်ကာပူမှာရောက်ပီးသားသူတွေအတွက် စင်ကာပူဒေါ်လာ တစ်ရာပါ၊UOB အကောင့်ကိုလွှဲပေးရမှာပါ။

၈။သင်တန်းပီးရင် certificateပေးမှာလား?
Certificateမပေးပါဘူး။သူ့ထက်ပိုအကျိုးရှိတဲ့ site ထဲမှာ referenceလုပ်လို့ရမယ့် documentsတွေပါ ပေးလိုက်မှာပါ။

အခြားသိလိုတာများကို ပေ့မက်ဆင်ဂျာ သို့မဟုတ် +65 86853262 ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။

ကျေးဇူးတင်ပါတယ်

🗓️SGSET သင်တန်းရဲ့အပတ်စဉ် ၄ ကို 17 July မှာစတင်ဖွင့်လှစ်မည်ဖြစ်ပါသည်📢📢📢ဒါတွေသင်ပါမယ်👇construction site မစမီကနေ handover ...
28/06/2022

🗓️SGSET သင်တန်းရဲ့အပတ်စဉ် ၄ ကို 17 July မှာစတင်ဖွင့်လှစ်မည်ဖြစ်ပါသည်📢📢📢

ဒါတွေသင်ပါမယ်👇
construction site မစမီကနေ handover လုပ်တဲ့ထိ site engineer/project engineer တစ်ယောက်သိထားရမယ့်အရာတွေ။requirements တွေက ဘာတွေလဲ။ဘယ်လို documents တွေပြင်ဆင်ထားဖို့လိုလဲ၊ဘာတွေကို ဘယ်ချိန် approval တောင်းဖို့လိုလဲ။Site inspection အတွက် inspection form&attached documents တွေဘယ်လိုပြင်ရမလဲ အပါအဝင် အခြားတွေ့ကြုံ လုပ်ဆောင်ရမယ့်အရာတွေကို တစ်ဆင့်ခြင်းစီ ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

ကျနော် ၇နှစ်ကျော်ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေ လေ့လာခဲ့ရတဲ့အရာတွေကို ဆရာစားမချန် အိတ်သွန်ဖာမှောက်ပြောပြပေးတာဖြစ်လို့ ဒီသင်တန်းကိုတက်ပီး ထိုင်နားထောင်နေယုံတဲ့တင် ကိုယ်တွေ့ကြုံရတဲ့အလား အတွေ့အကြုံတွေတိုးသွားစေရမယ်လို့ အာမခံပါတယ်။နားမလည်တဲ့အရာ မရှင်းတဲ့အရာကို ချက်ချင်းမေး အားမနာတမ်းမေးလို့ရပါတယ်။

ကျနော့်site တွေမှာ လုပ်ခဲ့တဲ့documents တွေ လေ့လာခဲ့တဲ့အသုံးဝင်မယ့် documentsတွေကို လက်တွေ့မှာ referenceလုပ်ဖို့အတွက်ပါထည့်ပေးထားပါတယ်။

📞Online Group Call နဲ့သင်ပါတယ်။
💰သင်တန်းကြေး မြန်မာငွေ တစ်သိန်းကျပ်
💰Kpay နဲ့ပေးရပါမယ်။
💰စလုံးကသူဆို S$100 စလုံး Bank
🕛Every Sunday နေ့လည်12pm or 1pm
☎️+65 86853262ကို whatsapp ကနေဆက်သွယ်စုံစမ်းနိုင်သလို ပေ့မက်ဆင်ဂျာကနေလည်း မေးမြန်းနိုင်ပါတယ်။

ကျနော့်စီမှာသင်တန်းလာတက်ပီး ဘာအတွေ့အကြုံမှမရ ဘာမှအကျိုးမဖြစ်သွားသူစီက ပိုက်ဆံ ကျနော်ယူမိမှာ တကယ်ကိုစိုးရိမ်ပါတယ်။အဲ့ဒါကြောင့် ကျနော့်စီမှာသင်တန်းတက်နေသူတွေကို နားလည်ရဲ့လား အဆင်ပြေရဲ့လား အမြဲမေးပါတယ်။နားလည်တယ်ဆိုမှသာ ရှေ့ကိုဆက်ပါတယ်။သူတို့လိုအပ်တဲ့အကူညီကို ပေးနိုင်အောင်ကြိုးစားပါတယ်။ကျနော်က ညီအကိုတို့စီက အခကြေးငွေယူတယ် ညီအကိုတို့က ကျနော့်စီက အတွေ့အကြုံတွေ ရသွားတယ်ဆိုတဲ့ နှစ်ဘက်အကျိုးရှိတာမျိုးပဲဖြစ်ချင်တာ ကျနော့်စိတ်ရင်းပါ။
ကျေးဇူးတင်ပါတယ်

"စင်ကာပူ အလုပ်အကိုင်အကြောင်း သိကောင်းစရာ တစ်ချို့"ကျနော်ကပညာအရည်အချင်းဘလာဘလာ အတွေ့အကြုံကဘလာဘလာ အလုပ်ရနိုင်လောက်လား?စင်ကာ...
07/06/2022

"စင်ကာပူ အလုပ်အကိုင်အကြောင်း သိကောင်းစရာ တစ်ချို့"

ကျနော်ကပညာအရည်အချင်းဘလာဘလာ အတွေ့အကြုံကဘလာဘလာ အလုပ်ရနိုင်လောက်လား?
စင်ကာပူမှာအလုပ်လာရှာတဲ့အခါဖြတ်သန်းရတဲ့ပထမဆုံးဖြစ်တဲ့ အင်တာဗျူးရဖို့နဲ့ အလုပ်ရဖို့က ကိုယ့်ရဲ့ resume နဲ့ ကံ အပေါ်မူတည်တယ်။ဘယ်တစ်ခုက ရာခိုင်နှုန်းပိုများမလဲတော့ သေချာမသိဘူး။ဘာလို့အဲ့လိုပြောလဲဆိုတော့ အဘက်ဘက်ကပြည့်စုံနေတဲ့သူတွေ အင်တာဗျူးမရ အလုပ်မရပဲပြန်သွားရတာတွေ မြင်ဘူးသလို ဘာမှစိတ်ဝင်စားစရာမရှိပေမယ့် အလုပ်ရသွားကြသူတွေလဲမြင်ဘူးလို့ပါ။

စင်ကာပူကအလုပ်ကို ဘယ်လိုရှာမလဲ?
Jobstreet/jobdb နဲ့ careers future.com.sg အပြင်အခြားသော website တွေကနေ အလုပ်ကြော်ညာတွေကနေ ကိုယ်စိတ်ဝင်စားတဲ့ နေရာကိုလျှောက်လို့ရတယ်။jobstreet app မှာ ကိုယ်ရေးအချက်အလက်တွေဖြည့်မယ် ပီးရင် resume ကို upload လုပ်ထားပီးရင် ကိုယ်လျှောက်ချင်တဲ့အလုပ်တွေ့တဲ့အခါ apply now button ကိုနှိပ်ပီးလျှောက်ယုံပဲ။jobstreet mobile app နဲ့ web မှာ computer က web မှာ ဝင်သုံးရင် ပိုပီးကောင်းပါတယ်။mobile app က ကြော်ညာတွေ auto update မဖြစ်တာမျိုးကြုံရလို့ပါ။careers future website ကတော့ အစိုးရက သူ့နိုင်သားနဲ့အမြဲတမ်းနေထိုင်သူတွေအတွက် အလုပ်အကိုင်ရရေးဦးစားပေးအနေနဲ့ စီစဉ်ထားတဲ့ဟာပဲဖြစ်ပါတယ်။လစ်လပ်နေရာရှိတဲ့ company တိုင်းဟာ လူသစ်မခန့်ခင်မှာ CF website မှာအရင်တင်ပီး ကြေညာရပါတယ်။ကြေညာပီး တစ်လနေလို့မှာ စလုံးနိုင်ငံသား/PR တွေကို မခန့်ဖြစ်မှသာ နိုင်ငံခြားသားကိုအလုပ်ခန့်ခွင့်ရှိပါတယ်။အာ့ကြောင့် CF website မှာအလုပ်ခေါ်တာ တွေ့ရမှုပိုများသလို အားလုံးကလည်း တကယ့်အစစ်အမှန်တွေချည်းပါပဲ။ဒါပေမယ့် အားနည်းချက်က citizen/PR ပဲ login လုပ်ပီး အလုပ်လျှောက်လို့ရပါတယ်။
ကျနော်တို့အနေနဲ့က ဘယ်လိုကြိုးစားလို့ရလဲဆိုတော့ CF website ကိုဝင် အလုပ်ခေါ်တဲ့company name ကို copy ပီးတော့ အဲ့ company website က contact info မှာ email ပေးထားရင် ယူပီး အဲ့ကိုemail ပို့ဒါမျိုးတော့ကြိုးစားလို့ရပါတယ်။contact info မပေးတဲ့ company တွေကြရင်တော့ neglet လုပ်လိုက်ယုံပဲရှိတာပေါ့ဗျာ။

မြန်မာ့ပြည်ကနေအလုပ်လျှောက်တာ ရနိုင်လောက်လား?
ပထမဆုံးမှာပြောခဲ့သလို ကံ ပေါ့ဗျာ။သို့သော် HR အများစုနဲ့ company အများစုကတော့ စလုံးမှာရှိနေသူနဲ့မြန်မာပြည်ကသူဆို လက်ရှိစလုံးမှာ ရောက်နေသူကိုပဲရွေးကြမှာပါ။ဘာလို့ဆို နိုင်ငံခြားကလူကိုလှမ်းခေါ်တာက ဒီမှာရှိနေတဲ့သူကိုအလုပ်ခန့်တာထက် သူတို့အတွက် ပိုပီး အလုပ်ပိုလို့ပါ။မရဘူး မပြောဘူးနော် chance နည်းတယ်ပြောတာ။ဘယ်လိုကြိုးစားရင် ပိုအဆင်ပြေလဲဆိုတော့ resume မှာ စလုံးလိပ်စာနဲ့ ဖုန်းနံပါတ်(အသိတစ်ယောက်အကူညီတောင်း)ထည့်ပီး လျှောက်ကြည့်လို့ တစ်လအတွင်း အင်တာဗျူးဖို့ဆက်သွယ်တာ ကြုံရမယ်ဆိုရင် chance အများကြီးရှိပါတယ်။လူကိုယ်တိုင် စလုံးကို လာရှာရင်လည်း အဆင်ပြေနိုင်ပါတယ်။အဲ့လိုမှမဟုတ်ပဲ အင်တာဗျူးအတွက် အခွင့်အရေးမရတဲ့သူတွေအနေနဲ့ စင်ကာပူကိုလူကိုယ်တိုင်လာပီးရှာမယ်ဆိုရင်တော့ ဆုံးရှုံးဖို့ပိုများပါတယ်။

အလုပ်လျှောက်နေတာ သုံးလေးလရှိပီ အင်တာဗျူးမရလို့ ဘယ်လိုလုပ်ရမလဲ?
resume မကောင်းသလို ကံလည်းမကောင်းလို့ပါ။ကိုယ့် resume ကိုတော့ ကောင်းတယ်ထင်ကြတဲ့သူချည်းပါပဲ။ဒါပေမယ့် အခြားသူတွေရဲ့resume နဲ့ယှဉ်ကြည့်ရင် အဖြေတွေ့ပါလိမ့်မယ်။grammer တွေကအစ တလွဲရေးထားပီး ကောင်းတယ်ထင်နေသူလည်း ရှိပါတယ်။resume ထဲမှာ job description ကကိုယ်နဲ့သင့်တော်တဲ့အချက်တွေကို resume ထဲပါအောင်ရေးပါ။ရေးတဲ့အခါ ကော်ပီကူးရေးတာမျိုးမဟုတ်ပဲ စကားလုံးတွေပြောင်းသုံးတာမျိုး သို့မဟုတ် စီလျော်အောင် ပြုပြင်ပီးရေးရင် ပိုကောင်းပါတယ်(grammer တော့မှန်ပါစေ)။

နိဂုံးချုပ်ရရင်
စလုံးကိုလူကိုယ်တိုင်လာပီးအလုပ်လာရှာမယ်ဆိုရင် အဆင်ပြေရင် နှစ်လနေပီး အလုပ်ရှာခွင့်ရမယ်။ဒီလောက်ကုန်မယ်…
၁။လေယာဉ်ခ -
၂။အခန်းခ တစ်လ ၅၀၀ဝန်းကျင်
၃။စားစရိတ် တစ်လ ၃၀၀ ဝန်းကျင်
၄။ဖုန်းဖိုး ၁၀
၅။ကား/ရထားခ ၂၀
ဆိုတော့ တစ်လအတွက်
၈၃၀ x ၁၄၉၀ လက်ရှိပေါက်ဈေး = ၁၂၃၆၇၀၀ကျပ်
နှစ်လစာဆို ၂၅သိန်း + လေယာဉ် ခဆိုတော့ သိန်းလေးဆယ်လောက် အနည်းဆုံး ရင်းရမယ်။အလုပ်မရရင် ဆုံး။
အဲ့တော့ လာမယ်စိတ်ကူးရင် ကြိုတင်ပြင်ဆင်ပါ လေ့လာပါ ဖြစ်နိုင်ခြေရှိမှ လာမယ်ဆုံးဖြတ်ပါလို့ပဲ အကြံပြုချင်ပါတယ်။
SGSET

ဘာကြောင့် ဒီသင်တန်းတက်သင့်လဲ?လူတိုင်းနဲ့ရင်းနှီးတဲ့ဥပမာတစ်ခု မေးကြည့်မယ်.....စင်ကာပူမှာ excavation work ဆိုတာကို ဘယ်လို ...
01/06/2022

ဘာကြောင့် ဒီသင်တန်းတက်သင့်လဲ?

လူတိုင်းနဲ့ရင်းနှီးတဲ့ဥပမာတစ်ခု မေးကြည့်မယ်.....
စင်ကာပူမှာ excavation work ဆိုတာကို ဘယ်လို define လုပ်သလဲ? excavation မလုပ်ခင်ဘာတွေပြင်ဆင်ရမလဲ?

ဘရိုက စရောက်ရောက်ခြင်းဒါတွေကိုမသိထားဘူး ပီးတော့ ဘရိုရဲ့excavation work ကိုလုပ်တဲ့အလုပ်သမားကလည်းမသိဘူး သို့မဟုတ် သိရဲ့နဲ့ရောက်စ အင်ယာကိုလူရာမသွင်းချင်လို့ သူထင်ရာလုပ်လိုက်တဲ့အချိန် မြေအောက်က အစိုးရရဲ့ utility services တစ်ခုခုကိုထိပီး ပျက်စီးသွားရင် တစ်ယောက်ယောက်တော့ သန်းချီလျော်ရမယ် သို့မဟုတ် အနည်းဆုံးတော့ သောက်ပြသနာတက်ပီ။ဒီတစ်ခုထဲတင်မဟုတ်ဘူး scaffolding,formwork,rebar,piling စသဖြင့် လုပ်ငန်းအားလုံးမှာ သိကိုသိထားရမယ့်ဟာတွေရှိတယ်။အဲ့ဒါမှ အမှားမလုပ်မိ ပြသနာမဖြစ်ပဲ လုပ်ငန်းအဆင်ပြေမှာ။အဆုံးစွန်ပြောရရင် မြက်စိုက်ရင်တောင် လိုက်နာရတဲ့သတ်မှတ်ချက်တွေရှိတယ်။ကျနော်မသိသေးခင်က မလိုက်နာပဲလုပ်လိုက်မိတဲ့အတွက် မြက်ခင်းတစ်ခုလုံး မြေလှန်ရဖူးတယ်။

ဘရိုကအဲ့ဒါတွေကို မသိထားရင် ဘယ်သူ့ကိုမေးမလဲ?
စိတ်ဖိစီးမှုအပြည့်နဲ့အလုပ်လုပ်ပီးမှ သင်ခန်းစာတွေထဲကနေသင်ယူမှာလား။
ကျနော့်စီမှာ သင်တန်းတက်ပီး သိသင့်တာတွေကြိုသိထားပီး လုပ်ငန်းခွင်ထဲမှာစိတ်ဖိစီးမှုတွေလျှော့မလား။
စိတ်ဖိစီးမှုကြားကရမယ့် သင်ခန်းစာတွေကနေသင်ယူမလားနဲ့ ကျနော့်စီမှာသင်တန်းတက်မလား စဉ်းစားပေါ့ဘရို။

သင်တန်းတက်ချင်အောင် ရိုးရိုးမပြောပဲ ခြိမ်းခြောက်တယ်လို့များထင်နေပီလား😁
မဟုတ်ပါဘူးနော် အမှန်တရားကို ပြောပြတာပါ။
စိတ်ဝင်စားရင်
+65 86853262 ကိုဆက်သွယ်လိုက်ပါ။5June မှသင်တန်း စ မှာပါ။အချိန်မီပါသေးတယ်🥰

30/05/2022

စင်ကာပူကို အင်ယာအနေနဲ့အလုပ်လာရှာချင်ပေမယ့် စင်ကာပူမှာရောက်နေတဲ့အသိမရှိလို့ သိချင်တာတွေကို မေးစရာလူမရှိတဲ့သူတွေ ကျနော့်ကိုလာမေးလို့ရပါတယ်။

ဆရာကြီးလုပ်ပီးပြောပြချင်လွန်းလို့ မဟုတ်သလို ကိုယ့်သင်တန်းလာတက်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့လည်းမဟုတ်ပါဘူး။ကျွန်တော့်တုန်းကလည်းကြုံခဲ့ရတဲ့အခက်အခဲတွေမို့ ကိုယ်ချင်းစာစိတ်တစ်ခုနဲ့ ပြောပြကူညီတာပါ။

ကျနော်ကသင်တန်းမတက်တက်အောင် ပြောနေတဲ့သူလား သိချင်သူမေးသမျှကို သိသမျှဖြေတဲ့သူလားဆိုတာကို ကျနော့်စီလာမေးဘူးတဲ့သူတွေဆိုသိပါတယ်။
ဒါပေမယ့်တစ်ခုတော့ရှိပါတယ် စကားပြောလို့အဆင်မပြေရင်တော့ ဆက်ပြောတော့မှာမဟုတ်ပါဘူး။ကျနော်က ဒဲ့ပဲ ပြောပါတယ်😁

နိဂုံးချုပ်ရရင်တော့ အကူညီလိုရင် မေးစရာရှိရင် လာမေးပါ။အလုံးစုံမသိတောင် သိသလောက်ပြောပြပီး နှုတ်ဧစောင်မခြင်းနဲ့ကူညီပေးမယ်။သင်တန်းလာတက်ဖို့ ဆွယ်နေမှာမဟုတ်ဘူးဆိုတာ ပြောပြထားတာပါ။

သင်တန်းကတော့ လာမယ့်တနင်ဂနွေ 5 June ကစပီး သင်တန်း စမှာဖြစ်ပါတယ်။

28/05/2022

ကျနော့်ကို လာအမေးများတဲ့ မေးခွန်းတွေကို နောင်လူတွေအတွက်အဆင်ပြေအောင် ဒီကနေပဲ ဖြေပေးလိုက်ပါတယ်။

၁။သင်တန်းက ဘယ်လိုသင်မှာလဲ?Groupမှာ Video တင်ပီးသင်မှာလား?
zoom meeting app သို့မဟုတ် group call နဲ့သင်မှာပါ။ဆွေးနွေးချင်တာတွေကို လွပ်လပ်စွာ ဆွေးနွေးလို့ရပါတယ်။

၂။ဘယ်အချိန်သင်မှာလဲ?ဘယ်လောက်ကြာမှာလဲ?
တနင်ဂနွေမနက် ၁၁နာရီကနေ ည ၁၁ မြန်မာ(၉:၃၀)အတွင်း ညှိနှိုင်းလို့ရပါတယ်။တစ်ပတ်ကိုတစ်ရက်သင်ပါမယ်။သင်တန်းချိန် နာရီ၃၀ကျော်လောက် ရှိမယ်ထင်ပါတယ်။မေးတာများရင် ပိုကြာနိုင်ပါတယ်။

၃။ဘာတွေသင်မှာလဲ?
singapore construction site မစမီ ကနေ handover ထိ သိသင့်တယ့် ဆိုဒ်အင်ယာတစ်ယောက် မဖြစ်မနေတွေ့ကြုံ ဆောင်ရွက်ရမယ့်အရာတွေကို ကြိုတင်သိရှိပီး လုပ်ငန်းခွင်မှာ ပိုအဆင်ပြေအောင် ပြောပြပေးမှာပါ။

၄။M&E ရောသင်လား၊တက်လို့ရလား?
မသင်ပါဘူးဗျ။M&E သမားတွေ ကျနော့်သင်တန်းတက်ဖို့ မလိုပါဘူးဗျ။

၅။QS ရောသင်လား?
မသင်ပါဘူးဗျ။QS သမားတွေ ကျနော့်သင်တန်းတတ်ဖို့မလိုပါဘူးဗျ။

၆။ဘယ်သူတွေအတွက် သင့်တော်လဲ?
စင်ကာပူ construction မှာ site engineer/project engineer အနေနဲ့လုပ်ချင်တဲ့သူတွေအတွက် အရမ်းကိုအကျိုးများစေရမယ်လို့ အာမခံပါတယ်။ပီးတော့ လက်ရှိစင်ကာပူမှာ အခြားposition နဲ့လုပ်နေပီး site ဘက်ကိုလည်းပြောင်းချင်တယ် အတွေ့အကြုံကောင်းလည်းမရှိသေးဘူးဆိုသူတွေအတွက် အင်မတန်သင့်တော်ပါတယ်။google ကစာတွေဖတ်ပီး သင်မှာမဟုတ်သလို တစ်ခြားတစ်ယောက်စီမှာသင်တန်းတက်ပီး တစ်ဆင့်ပြန်သင်တဲ့သင်တန်းမျိုးလည်းမဟုတ်ပါဘူး။ကျွန်တော်ကိုယ်တိုင် တွေ့ကြုံခဲ့ လေ့လာခဲ့ရတဲ့ ကျနော့်အတွေ့အကြုံစစ်စစ်တွေကို မျှဝေပေးမှာဖြစ်လို့ ဂျင်းသင်တန်းမဟုတ်ကြောင်း အာမခံပါတယ်။

၇။သင်တန်းကြေး ဘယ်လောက်လဲ၊ဘယ်လိုပေးရမှာလဲ?
မြန်မာပြည်ကနေတက်မယ့်သူတွေအတွက် သင်တန်းကြေး မြန်မာကျပ်ငွေတစ်သိန်းပါ၊Kpay ကနေလွှဲပေးရမှာပါ။စင်ကာပူမှာရောက်ပီးသားသူတွေအတွက် စင်ကာပူဒေါ်လာ တစ်ရာပါ၊UOB အကောင့်ကိုလွှဲပေးရမှာပါ။

၈။သင်တန်းပီးရင် certificateပေးမှာလား?
Certificateမပေးပါဘူး။သူ့ထက်ပိုအကျိုးရှိတဲ့ site ထဲမှာ referenceလုပ်လို့ရမယ့် documentsတွေပါ ပေးလိုက်မှာပါ။

အခြားသိလိုတာများကို ပေ့မက်ဆင်ဂျာ သို့မဟုတ် +65 86853262 ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။

ကျေးဇူးတင်ပါတယ်

27/05/2022

Resume လည်းကူရေးပေးမယ်၊အလုပ်ရှာဖို့ပါ ကူညီပေးဦးမှာ😁

စင်ကာပူကိုလာပီး အလုပ်ရှာမယ်စိတ်ကူးနေပါသလား?

စင်ကာပူမှာSite engineer/project engineer လုပ်ချင်သူများအတွက် အကူအညီပေးပါရစေ။

အင်ဂျင်နီယာတစ်ယောက်အနေနဲ့ consultantကိုဘယ်အချိန်မှာဆက်သွယ်ရမလဲ?ဘယ်လိုအရေးပါသလဲ?

RE/RTO ဆိုတာ ဘာလဲ?ဘယ်လိုအရေးပါသလဲ?

Inspection form and record တွေဘယ်လိုပြင်ဆင်ရမလဲ?ဘယ်လိုအရေးပါလဲ?

ဘာတွေကို inspection လုပ်ရတာလဲ?

စင်ကာပူအစိုးရရဲ့ regulation တွေအရ Construction site တစ်ခုမစမီပြင်ဆင်ဆောင်ရွက်ရတဲ့အရာတွေ လိုက်နာပီးဆောင်ရွက်ရတာကနေအစ project handover ထိ သိသင့်တာတွေ တွေ့ကြုံရမယ့်အရာတွေအပြင် inspection အမျိုးမျိုးကို နမူနာများနဲ့ပြောပြပေးမှာပဲဖြစ်ပါတယ်။ဒါ့အပြင် piling အမျိုးမျိုးကို method of statement များနဲ့သေချာပြောပြပေးဦးမှာပါ။

ဒါတွေသိထားရင်ဘာအကျိုးရှိမလဲ?ဒါတွေသိထားရင် အင်တာဗျူးတဲ့အချိန်မှာထဲက စင်ကာပူဆိုဒ်အတွေ့အကြုံရှိပီးသားသူတစ်ယောက်လို ပြောနိုင်မယ် ပီးတော့ ဆိုဒ်ထဲရောက်တဲ့အခါ ကိုယ်သိပီးသားတွေဖြစ်တဲ့အတွက် အခက်အခဲမရှိ လွယ်ကူမယ်။

ကျနော်ကတော့စင်ကာပူမှာစီနီယာပရောဂျက်အင်ဂျင်နီယာအနေနဲ့မိန်းကွန်းမှာ7နှစ်နီးပါးလုပ်ခဲ့တာပါ။

အပတ်စဉ် တနင်ဂနွေနေ့တိုင်းအွန်လိုင်းကနေသင်ပါမယ်။သင်တန်းကာလ တစ်လခွဲ နှစ်လ ကြာပါမယ်။အချိန်ညှိလို့ရပါတယ်။

သင်တန်းကြေးတစ်သိန်းကျပ်ပါ။မက်ဆင်ဂျာကနေ ဆက်သွယ်စုံစမ်းလို့ရသလို +65 86853262ကို Whatsapp ကနေဆက်သွယ်ပီးတော့လည်း စုံစမ်းမေးမြန်းလို့ရပါတယ်။
ကျေးဇူးတင်ပါတယ်။

29/04/2022

Pile Foundation

Address

Jurong East Street 13
Singapore
600103

Telephone

+6586853262

Website

Alerts

Be the first to know and let us send you an email when SG Site Engineer Training Class posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SG Site Engineer Training Class:

Share