Ardex-Quicseal Myanmar

Ardex-Quicseal Myanmar We provide a comprehensive range of construction materials, trusted by professionals.

Ardex BG 40 တစ်အိတ်ကို ၁၀,၀၀၀ ကျပ်တိတိ သက်သာမယ့် အခွင့်အရေး...🚨💰ပုံမှန်ဈေး 65,000 ကျပ် မှ အခုဈေး 55,000ကျပ် သာ။ (နေပြည်တ...
21/05/2026

Ardex BG 40 တစ်အိတ်ကို ၁၀,၀၀၀ ကျပ်တိတိ သက်သာမယ့် အခွင့်အရေး...🚨

💰ပုံမှန်ဈေး 65,000 ကျပ် မှ အခုဈေး 55,000ကျပ် သာ။ (နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး မြို့များသီးသန့်)

နေပြည်တော်၊ စစ်ကိုင်းနဲ့ မန္တလေးဒေသတွေမှာ မနှစ်က ဖြစ်ပွားခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ​ ကျန်ခဲ့တဲ့ အက်ကြောင်းတွေကို ကြည့်ပြီး အိမ်ရှင်တွေဘယ်လောက် စိုးရိမ်နေရမလဲဆိုတာ

အဆောက်အဦး ပြုပြင်ရေးတွေ လုပ်ပေးနေရတဲ့ Contractor တွေ၊ အင်ဂျင်နီယာတွေနဲ့ အိမ်ဆောက်ပစ္စည်းဆိုင်တွေ အားလုံး သိကြတဲ့အတိုင်းပါပဲ။

​ဒါကြောင့် အိမ်ရှင်တွေရဲ့ သောကကို အတူတူ လျှော့ချပေးနိုင်ဖို့၊ သူတို့ရဲ့ မိသားစုအိမ်မက်လေးတွေကို စရိတ်သက်သက်သာသာနဲ့ ပြန်လည်ခိုင်မာအောင် လုပ်ပေးနိုင်ဖို့အတွက် Ardex Myanmar ကနေ

Ardex BG 40 Non Shrink Groutရဲ့ ဈေးနှုန်းကို အတတ်နိုင်ဆုံး လျှော့ချပေးထားပါတယ်။

ဒါကြောင့် နေပြည်တော် မန္တလေးနဲ့ စစ်ကိုင်းမြို့ကြီးများအတွက်
တစ်အိတ်လျှင် ပုံမှန်ဈေး 65,000 ကျပ်ကို အထူးဈေးနှုန် 55,000 ကျပ်တည်းနဲ့ ရောင်းချပေးသွားမှာပါ။

မိသားစုတွေရဲ့ အိမ်မက်အိမ်လေးတွေ ဘေးကင်းပြီး စိတ်အေးရအောင် ကျွန်တော်တို့နဲ့အတူ လက်တွဲပေးဖို့ ဖိတ်ခေါ်ပါတယ်။

​အခုပေးထားတဲ့ အထူးဈေးနှုန်းက အကန့်အသတ်နဲ့ပဲမလို့ မိမိတို့အတွက်ရော မိမိတို့ပတ်ဝန်းကျင်အတွက်ပါတန်ဖိုးရှိမယ့် ဒီအခွင့်အရေးကို
📲 ဖုန်း: [09-449-111-144] 💬 (သို့မဟုတ်) Page Chat Box တွင် "Grout ဝယ်လိုပါသည်" ဟု စာပို့ပြီး ရယူလိုက်ပါ။

သင်္ကြန်အကြို အထူးအစီအစဥ်...Ardex BG 40 အိတ် 20 ဝယ်တာနဲ့ 3 အိတ်လက်ဆောင်ရမယ့် အခွင့်အရေးဒီနှစ်သင်္ကြန်မှာ ရေလောင်းဖို့ပဲစ...
30/03/2026

သင်္ကြန်အကြို အထူးအစီအစဥ်...Ardex BG 40 အိတ် 20 ဝယ်တာနဲ့ 3 အိတ်လက်ဆောင်ရမယ့် အခွင့်အရေး

ဒီနှစ်သင်္ကြန်မှာ ရေလောင်းဖို့ပဲစီစဥ်ထားတာလား။
သင့်ရဲ့ Project site ထဲမှာရော Grout လောင်းဖို့ မစီစဉ်ရသေးဘူးမလား။

သင်္ကြန်ပိတ်ရက်ရှည်ကြီး မရောက်ခင် လုပ်ငန်းခွင်က အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို အပြီးသတ်ဖို့ ပြင်ဆင်နေတဲ့ Engineer တို့၊ Contractor တို့အတွက် Ardex ကနေ အလန်းစား "အတာလက်ဆောင်" တစ်ခု ယူဆောင်လာပါပြီ။

🎁 သင်္ကြန်အထူး Promotion (20+3 Special Offer!)
ဒီနှစ်သင်္ကြန်မှာ အလုပ်တွေလည်း မြန်မြန်ပြီး၊ ပိုက်ဆံကုန်လည်း သက်သာစေဖို့အတွက်...
🔥 Ardex BG 40 အိတ် (၂၀) ဝယ်ယူတိုင်း (၃) အိတ် လက်ဆောင်ပေးနေပါပြီ။

💰 ဈေးနှုန်းက တစ်အိတ်လျှင် ၆၅,၀၀၀ ကျပ်
(၂၀) အိတ်ဖိုး ပေးရုံနဲ့ (၂၃) အိတ် ရမှာဖြစ်လို့ တစ်အိတ်ချင်းစီရဲ့ ပျှမ်းမျှဈေးနှုန်းက ၅၆,၀၀၀ကျပ် ဝန်းကျင်ပဲ ကျသင့်တော့မှာပါ။

အိတ်ရေ (၂၀) ဖိုး ပေးရုံနဲ့ (၂၃) အိတ် ရမယ့် ဒီအခွင့်အရေးက သင်္ကြန်ပိတ်ရက်မတိုင်ခင် အကန့်အသတ်နဲ့သာ ရှိတာမို့ အခုကတည်းက လက်မနှေးပဲ အမြန်မှာယူထားဖို့ အကြံပေးချင်ပါတယ်။

"အလုပ်လည်းပြီး၊ အိတ်ကပ်လည်း သက်သာစေမယ့် Ardex အတာလက်ဆောင်ကို အမိအရ ဆုပ်ကိုင်လိုက်ပါ!"

အဆောက်အဦရဲ့ ဝန်ကို အခိုင်မာဆုံး ထမ်းပိုးပေးဖို့... Gap လေးတွေကို အသေအချာ ဖြည့်ဆည်းပေးလိုက်ပါ" 🏗️💪အဆောက်အဦတစ်ခုရဲ့ ကြံ့ခိ...
11/03/2026

အဆောက်အဦရဲ့ ဝန်ကို အခိုင်မာဆုံး ထမ်းပိုးပေးဖို့... Gap လေးတွေကို အသေအချာ ဖြည့်ဆည်းပေးလိုက်ပါ" 🏗️💪
အဆောက်အဦတစ်ခုရဲ့ ကြံ့ခိုင်မှုဟာ အမြင်သာဆုံး အစိတ်အပိုင်းတွေထက် မမြင်ရတဲ့ အခြေခံအုတ်မြစ် (Foundation) ပေါ်မှာ ပိုမူတည်ပါတယ်။ အထူးသဖြင့် Steel Column Base Plate တွေနဲ့ Heavy Machine Base တွေအောက်မှာ မမြင်ရတဲ့ လေဟာနယ် (Gap) လေးတွေ ကျန်နေခဲ့မယ်ဆိုရင်... ဒါဟာ Structure တစ်ခုလုံးရဲ့ တည်ငြိမ်မှုကို ခြိမ်းခြောက်လာနိုင်တဲ့ "တိတ်တဆိတ် အန္တရာယ်" ပါပဲ။

ဒီလို စိုးရိမ်စရာတွေကို အကောင်းဆုံး ဖြေရှင်းပေးနိုင်တာကတော့ ကမ္ဘာကျော်စံချိန်မီ ARDEX BG 40 GP (Non-Shrink Grout) ပဲ ဖြစ်ပါတယ်။

ဘာကြောင့် ARDEX BG 40 GP ကို ရွေးချယ်သင့်တာလဲ?
🔹 Non-Shrink Precision: Grout လောင်းပြီးနောက် ကျုံ့သွားခြင်း (Shrink) လုံးဝမရှိတဲ့အတွက် Base Plate နဲ့ ကွန်ကရစ်ကြားမှာ ၁၀၀% ထိတွေ့မှုရှိနေစေပြီး ဝန်အားကို အပြည့်အဝ ထမ်းဆောင်ပေးနိုင်ပါတယ်။
🔹 Extreme Strength: ခံနိုင်ရည်အား (Compressive Strength) အထူးကောင်းမွန်ပြီး ၇ ရက်မှာ 50 MPa နဲ့ ၂၈ ရက်မှာ 70 MPa အထိ ရရှိစေလို့ Heavy Industrial Project တွေအတွက် အသင့်တော်ဆုံးပါ။
🔹 High Fluidity: စီးဝင်မှုအား ကောင်းမွန်လွန်းလို့ လက်လှမ်းမမီတဲ့ Gap လေးတွေထဲအထိ အလွယ်တကူ စီးဝင်ဖြည့်ပေးနိုင်သလို Pump နဲ့လည်း လွယ်ကူစွာ အသုံးပြုနိုင်ပါတယ်။
🔹 Rust Protection: Chloride လုံးဝမပါဝင်တဲ့အတွက် Steel Structure တွေကို သံချေးတက်ခြင်း (Corrosion) ဒဏ်ကနေ ရေရှည်ကာကွယ်ပေးပါတယ်။
🔹 All-Weather Resilience: Indoor ရော Outdoor Project တွေမှာပါ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။

ဘယ်နေရာတွေမှာ အဓိက သုံးသင့်သလဲ?
📌 Steel Column Base Plates (စတီးတိုင်အောက်ခြေများ)
📌 Heavy Machine Foundations (စက်ယန္တရားကြီးများ၏ အုတ်မြစ်များ)
📌 Precast Concrete Elements (ကြိုတင်သွန်းလောင်းထားသော ကွန်ကရစ် အစိတ်အပိုင်းများ)
📌 Structural Support Areas (အလေးခံ ထောက်တိုင်များ)

"ခိုင်မာတဲ့ Structure တစ်ခုကို အောက်ခြေကနေ စတင်တည်ဆောက်ပါ"

အရည်အသွေးမြင့် ARDEX BG 40 GP နဲ့ဆိုရင် သင့်ရဲ့ Project တွေဟာ ရေရှည်မှာ ပိုမိုခိုင်ခံ့ပြီး စိတ်ချရမှာ အသေအချာပါပဲ။

17/12/2025

Grouting Cement တွေထဲမှာ သူကဘာလို့ပိုနာမည်ကြီးရတာလဲ❗
ဘာလို့ လူတွေ အလုအယက်ဝယ်နေကြတာလဲ ❓
သူ့မှာ ဘယ်လိုအားသာချက်တွေရှိနေတာလဲ ✅

ဆိုတာကိုသိချင်တယ်ဆိုရင်တော့
အခုvideoလေးကိုအဆုံးထိကြည့်လိုက်နော် 🌟

🚨 Ardex Grout 12/12 အထူး Promotion! - ကန်ထရိုက်တာများနှင့် လုပ်ငန်းရှင်များအတွက် လက်လွှတ်မခံသင့်သည့် အခွင့်အရေး 🚨လက်ရှိဈ...
12/12/2025

🚨 Ardex Grout 12/12 အထူး Promotion! - ကန်ထရိုက်တာများနှင့် လုပ်ငန်းရှင်များအတွက် လက်လွှတ်မခံသင့်သည့် အခွင့်အရေး 🚨
လက်ရှိဈေးကွက်ထဲမှာ Quality အကောင်းဆုံးဖြစ်တဲ့ Ardex Grout ကို အသက်သာဆုံးဈေးနှုန်းနဲ့ "Stock ဝယ်စုထားနိုင်မယ့်" အချိန်ရောက်လာပါပြီ! 🏗️
ဒီဈေးနှုန်းက ဒီဇင်ဘာ (၃၁) အထိပဲ ရမှာနော်။

💰 ဘယ်လောက်ထိ သက်သာမလဲ?
(၁) ပုံမှန် Promotion ဈေးနှုန်း ❌ မူရင်းဈေး: ၇၈,၀၀၀ ကျပ် ✅ Promotion ဈေး: ၆၈,၀၀၀ ကျပ် (တစ်အိတ်ဝယ်တိုင်း ၁၀,၀၀၀ ကျပ် တိတိ ချက်ချင်းသက်သာပါမည်!) 🔥

(၂) လက်ကားဝယ်ယူသူများအတွက် အိတ် (၁၀၀) နှင့်အထက် ဝယ်ယူပါက Promotion ဈေးထဲကမှ တစ်အိတ်ကို ၄,၀၀၀ ကျပ် ထပ်မံ လျှော့ပေးပါမည်။ 👉 ဆိုလိုတာက တစ်အိတ်ကို ၆၄,၀၀၀ ကျပ် တည်းနဲ့ ရမယ့်သဘောပါပဲ။
💡 တွက်ကြည့်ပါ: အိတ် ၁၀၀ ဝယ်ရင် ပုံမှန် Promotion ထက် (၄) သိန်းကျပ် ပိုမိုသက်သာပြီး လုပ်ငန်းအတွက် အမြတ်အစွန်း ပိုကျန်စေမှာပါ။

🏆 ဘာကြောင့် အခုချက်ချင်း ဝယ်ထားသင့်တာလဲ?
✅ Cost အသက်သာဆုံးအချိန်: ကုန်ကျစရိတ်ကို လျှော့ချပြီး အမြတ်များများကျန်ဖို့ ဒီလိုအချိန်မှာ Stock ဖြည့်ထားတာ အကောင်းဆုံးပါပဲ။ ✅ International Quality: ISO 9001:2015 နဲ့ ISO 14001:2015 လက်မှတ်ရထားပြီးသားမို့ အရည်အသွေးအတွက် လုံးဝ စိတ်ချရပါတယ်။ ✅ Limited Offer: အရေအတွက် ကန့်သတ်ထားသလို၊ ဈေးပြန်မတက်ခင် အမြန်ဆုံး ဝယ်ယူထားမှ စိတ်ချရပါမယ်။

⚠️ သတိပြုရန်: ဒီ Promotion သည် [ဒီဇင်ဘာ ၃၁] အထိသာ အကျုံးဝင်ပြီး Stock ကုန်လျှင် အစီအစဉ် ပြီးဆုံးမှာဖြစ်ပါတယ်။
👷‍♂️ သင့်လုပ်ငန်းခွင်အတွက် အကောင်းဆုံး Grout ကို အသက်သာဆုံးဈေးနဲ့ ဝယ်ယူဖို့ အခုပဲ ဆက်သွယ်လိုက်ပါ!
📲 ဖုန်း: [09-449-111-144] 💬 (သို့မဟုတ်) Page Chat Box တွင် "Grout ဝယ်လိုပါသည်" ဟု စာပို့ပေးပါ။

10/12/2025

မြန်မာနိင်ငံကဆောက်လုပ်ရေး company တွေတော်တော်များများ အသုံးပြုနေကြပြီဖြစ်တဲ့
grouting cement ဆိုတာဘာလဲ?

ဒီvd ထဲမှာသေချာလေးရှင်းပြပေးထားပါတယ်
ဒီလထဲမှာလဲ promotion လေးတွေရှိတဲ့အတွက်
page လေးကို follow ထားဖို့မမေ့နဲ့နော်

#ကန်ထရိုက်တာ #ဆောက်လုပ်ရေး

ပြန်လည်ပြုပြင်ရေးလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်တဲ့ grouting cement ရောက်ရှိလို့လာပါပြီ။ အားလုံးသိထားကြတဲ့အတိုင်း inte...
17/06/2025

ပြန်လည်ပြုပြင်ရေးလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်တဲ့ grouting cement ရောက်ရှိလို့လာပါပြီ။

အားလုံးသိထားကြတဲ့အတိုင်း international certificateများစွာ ရရှိထားတဲ့ Germany အခြေစိုက် Ardex တံဆိပ်ဖြစ်တာမို့ Local ထက် quality မှာအများကြီးသာတယ်ဆိုတာ အထူးပြောစရာတောင်လိုမယ်မထင်ပါဘူး။ ပစ္စည်းမရောက်ခင်ထဲက ကြိုတင်ငွေချေထားတဲ့ မိတ်ဆွေများရှိတာကြောင့် အိတ်ရေ ၆၀၀ လောက်သာရပါတော့မယ်ရှင်။ ငွေမချေထားသေးပဲ ယခင်ကလာရောက်စုံစမ်းထားသော ချစ်မိတ်ဆွေများကို ဦးစားပေးချင်တာကြောင့် stock မကုန်ခင် အမြန်ဆက်သွယ်ဝယ်ယူနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါရစေ 🍀🍀🍀

မင်္ဂလာပါ။ဒီတခါမိတ်ဆက်ပေးချင်တဲ့ ပစ္စည်းလေးကတော့ လူကြိုက်များနေတဲ့ Non-Shrink Grout ဖြစ်ပါတယ်။Grout ဆိုတဲ့ အဓိပ္ပါယ်ကို ...
14/06/2025

မင်္ဂလာပါ။

ဒီတခါမိတ်ဆက်ပေးချင်တဲ့ ပစ္စည်းလေးကတော့ လူကြိုက်များနေတဲ့ Non-Shrink Grout ဖြစ်ပါတယ်။

Grout ဆိုတဲ့ အဓိပ္ပါယ်ကို Dictionaryမှာရှာကြည့်မယ်ဆိုရင် သရွတ်၊နှာကြောင်း စသည်ဖြင့်ဘာသာပြန်ကြပါလိမ့်မယ်။ Grout ကိုအမျိုးအစားကြီးအားဖြင့် (၄)မျိုးရှိတာတွေ့ရပါတယ်။

1. Cementitious Grout ( Sanded Grout /Unsanded Grout / Latex Modified Grout)
2. Chemical Grout ( Epoxy Grout/ Acrylic Grout / Furan Grout)
3. Polyester Grout
4. Non-Shrink Grout စသည်တို့ဖြစ်ပါတယ်။

ကျန်တဲ့Groutတွေအကြောင်းကိုစိတ်ဝင်စားရင် နောက်မှသီးသန့်ဖော်ပြပေးပါမယ်။

Groutဆိုတာဘာလဲ

Groutရဲ့အဓိပ္ပါယ်နဲ့အခေါ်အဝေါ်ကို သီးသန့်မြန်မာပြန်ထားတာမတွေ့ရသလောက်ပါပဲ။ Groutဟာ ဘိလပ်မြေသရွတ်(Mortar) နဲ့တူသလိုလိုရှိပေမဲ့မတူပါဘူး။ ဘိလပ်မြေ၊သဲ၊ရေပါဝင်တဲ့အရောဖြစ်ပေမဲ့ mortarက paste ဖြစ်ပြီး binderအနေနဲ့သုံးပါတယ်။ Groutကတော့ Dense fluidဖြစ်ပြီး Filler သို့မဟုတ် loading (ဝန်) ကိုဝေမျှပေးတဲ့ ကြားခံနယ်အနေနဲ့သုံးကြပါတယ်။

ဘယ်နေရာတွေမှာအသုံးပြုကြလဲ

NS Grout ကိုများသောအားဖြင့်
၁။ ကွန်ကရိပြုပြင်ခြင်းလုပ်ငန်း(Honey combဖာထေးခြင်း၊ Patch repair, etc)
၂။ အကြိုအကြားဖြည့်ခြင်း( Gap Filling/Tie rod filling)
၃။ Concreteနှင့် Steel structure Member (Like base plate/ Anchor bolt) တွဲဆက်တဲ့နေရာများဖြည့်ခြင်း
၄။ Precast Concrete Panelsများတစ်ခုနှင့်တစ်ခုဆက်ရာတွင်သုံးခြင်း
၅။ လက်ရှိကွန်ကရစ်structureကိုအားဖြည့်ပြုပြင်ခြင်း စသည်တို့ဖြစ်ပါတယ်။

ကျွန်မတို့ရဲ့ NS Groutနာမည်လေးကတော့ Ardex BG 70 GP နဲ့ BG 40 GP ပါ။

အားသာချက်

⭐️ Premixed Cementitious grout (ကြိုတင်အချိုးကျကျရောစပ်ပြီးသားမို့ အချိုးအစားမှားမှာစိုးရိမ်စရာမလိုတော့ဘူး၊ အကုန်အကျသက်သာပြီးအသုံးပြုရလွယ်ကူတယ်)
⭐️Non- Corrosive ( rebar သံချေးတက်မှာ၊စွန်းထင်းမှာ၊ပျက်စီးမှာပူစရာမလိုဘူး)
⭐️Chloride Free ( ကလိုရွိုက်မပါဝင်တာကြောင့် High early strength မြန်မြန်ရမယ်)

မျက်နှာပြင် ပြင်ဆင်ခြင်း

အသုံးပြုမဲ့မျက်နှာပြင်ဟာ အမှိုက်၊ဆီ၊ရေ၊ချောဆီ၊အမဲဆီ မရှိအောင်ပြင်ဆင်ထားရမယ်။ အသုံးမပြုခင် မျက်နှာပြင်အား ရေအဝလောင်းထားခြင်း သို့မဟုတ် Bonding agentသုတ်ထားခြင်းများ ပြုလုပ်ထားရပါမယ်။

အသုံးပြုပုံ

အသုံးပြုမည့်ပုံးထဲသို့ ရေအရင်ထည့်ပါ။ ထို့နောက် Grout အမှုန့်ကိုထည့်ပြီး အရည်ပျစ်ပျစ်ရတဲ့အထိ အနည်းဆုံး ၃မိနစ်မှ ၅မိနစ်အထိ ဖြေးညှင်းစွာမွှေပေးပါ။

ရောစပ်ရမဲ့ရေပမာဏ

Flowable - 4.3 ~ 4.5 Liters for 25kg/bag
Semi-Precast( Trowellable) - 3.3 ~ 3.5 Liters for 25Kg bag

စျေးလေးက 25Kg တစ်အိတ်ကို ဒေါ်လာစျေးအတက်အကျအလိုက်အနည်းငယ်အပြောင်းအလဲရှိလို့ update ပြန်တင်ပေးပါမယ်ရှင့်။

သိရှိလိုသည်များမေးမြန်းလိုပါက
HP: 09440001144 / 09785315062

29/05/2025

Non shrink Grout အသုံးပြုနည်းကို ဗီဒီယိုလေးနဲ့ရှင်းပြထားပါတယ်။

ဆက်သွယ်မှာယူလိုပါက
ဖုန်း : 09785315062

Address

No.383, Shin Saw Pu Street (2), Ward 16, Shwe Pauk Kan.
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Ardex-Quicseal Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share