26/05/2026
Engineering Geology for Beginners - Batch 2 Course ကို ၃၀.၅.၂၀၂၆ နေ့စတင်ဖွင့်လှစ်ပါမယ်။
Course outline ကိုအနည်းအကျဉ်းရှင်းပြပါမယ်။
ပထမအပတ်စဉ်မှာ သင်တန်းသားတွေက Geology သာမဟုတ်ပဲ တခြား Civil and Mining Engineer, အခြားဘွဲ့ရ Lab technician တွေ နဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဘွဲ့ရများ ပါတာမို့ Basic Geology ကို အတန်းချိန် ၄ ချိန်ယူပါတယ်။ Engineering Geology ကို လေ့လာဖို့ သိသင့်တဲ့ ကမ္ဘာကြီးလည်ပတ်ပုံ၊ ကမ္ဘာ့ဖြစ်စဉ်များ၊ Tectonic theory and geological structures, ကမ္ဘာကျောက်ကြီးသုံးမျိုးအကြောင်း အခြေခံများသင်ပေးပါတယ်။
ဒုတိယအပတ်စဉ်လာအပ်ထားတဲ့ ကျောင်းသားများကတော့ လောလောဆယ် အထိ ဘူမိကျောင်းသားများဖြစ်သော်လည်း အချို့ request အရ အဲ့ဒိ အခြေခံဘူမိကို ပြန်သင်ပါမယ်။
စတုတ္တ သင်ခန်းစာက စလို့ အင်ဂျင်နီယာဘူမိအခြေခံဖြစ်တဲ့ Engineering Soil, Engineering Rock မှစလို့ Site Investigation and Investigation techniques ကို အသေးစိပ်သင်ပါမယ်။ Investigation technique မှာ အဆောက်အဦးဆောက်လျင်သော်လည်းကောင်း၊ မိုင်းတွင်းများတူးလျင်သော်လည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်မြို့ပြတည်ဆောက်ရေးများတွင် လိုအပ်သော စူးစမ်းလေ့လာရေး နည်းပညာများကို site investigation, laboratory testing, geophysics and mapping အကြောင်းအရာများကို အသေးစိပ် သင်ကြားပေးပါမယ်။
Investigation သင်ခန်းစာများအပြီး တမံ ၊ ဥမှင်လိုဏ်၊ အဆောက်အဦးများ ၊ မြေအောက်အဆောက်အဦးများ၊ မြေပြိုခြင်း စသည့် လုပ်ငန်းများကို စူးစမ်းလေ့လာရာတွင် အသုံးပြုရမည့် ဘူမိအင်ဂျင်နီယာ လုပ်ငန်းများအကြောင်းကို သင်ကြားပြသပါမည်။
ဘူမိအင်ဂျင်နီယာဘာသာရပ်ဟာ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုထဲ အတွက် အသုံးဝင်တာမဟုတ်ပဲ အခြားသောလုပ်ငန်းစဉ်များဖြစ်သည့် မြေပေါ်မြေအောက်ရေ ရှာဖွေထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်နှင့်ရာသီဥတုပြောင်းလဲခြင်းလုပ်ငန်းလေ့လာရေး၊ သဘာဝဘေးအန္တရာယ်လေ့လာလျော့ချစီမံရေး၊ မြို့ပြတည်ဆောက်ခြင်းနှင့် မြေအသုံးချခြင်းလုပ်ငန်းများတွင် အသုံးချနိုင်ပါသောကြောင့် မြေပုံများအကြောင်း၊ သဘာဝဘေးအန္တရာယ်များ အကြောင်းနှင့် ဘူမိပတ်ဝန်းကျင်အခြေခံအကြောင်းအရာများကိုလည်း Bonus အနေနှင့် ထည့်သွင်းသင်ကြားပါမည်။
-
သင်ကြားချိန် ၂၂ ချိန်ရှိပြီး စနေနှင့် တနင်္ဂနွေ ည ၇ နာရီမှာ ၂ နာရီမှာ ၂ နာရီခွဲခန့်အထိသင်ကြားပါမယ်။ သင်ကြားမည့်သူမှာ ကျွန်တော် ဒေါက်တာကျော်စွာမြင့်သိန်းဖြစ်ပြီး အခါအားလျော်စွာ ပြင်ပမှာ ကျွမ်းကျင်ဆရာများကိုလည်း ဖိတ်ခေါ်သင်ကြားပေးပါမယ်။
-
သင်တန်း Certificate ပေးပါမယ်။ သင်ခန်းစာတစ်ခုအပြီး Google Form ဖြင့်ဖြေရမည့် Exercise များကို ဖြေဆိုအပြီး Certificate ပေးပါမည်။ ဖြေဆိုရန်နောက်ဆုံးရက် သတ်မှတ်မထားပါသောကြောင့် Exercise များပြီး Certificate ယူနိုင်ပါမည်။
-
သင်တန်းကြေး တသိန်းခွဲ သတ်မှတ်ထားပါသည်။ သင်တန်းကြေးကို သင်တန်းမစခင်သော်လည်းကောင်း၊ သင်တန်းတက်နေချိန်သော်လည်းကောင်း၊ အခါခါခွဲ၍သော်လည်းကောင်း ပေးနိုင်ပါသည်။ သင်တန်းပုံမှန်တက်ပေးရန်သာ အဓိက ဖြစ်ပါတယ်။
-
သင်တန်းကို online မှ Zoom App ဖြင့်သင်ကြားမည်ဖြစ်ပါသည်။ သင်တန်း lecture လိုက်ရန်၊ Google Exercise များဖြေဆိုရန် Mobile App များဖြင့် လည်း မိမိကျွမ်းကျင်မှုကိုလိုက်၍ အဆင်ပြေနိုင်ပါသည်။ Lecture မမှီလိုက်သူများ Lecture video ကို နောက်တနေ့ Telegram Group မှာ upload လုပ်ပေးမှာမို့ မိမိကြိုက်သည့်အချိန် လေ့လာ၍ မိမိကြိုက်သည့်အချိန် လေ့ကျင်ခန်းများလုပ်နိုင်ပါသည်။
-
Internship ဆင်းရန် - ရန်ကုန်မြို့ရှိ soil laboratory တွင် internship ဆင်းနိုင်ရန်စီစဉ်ပေးပါမည်။ သို့သော် project ရှိချိန်တွင်သာ လုပ်ငန်းလည်ပတ်နေပါသဖြင့် internship ဆင်းရန် စာရင်းပေးထားပြီး လုပ်ငန်းရှိသည့်အခါ အကြောင်းကြားပါမည်။ အလားတူ project ရှိသည့်အခါ site visit လိုက်ဖို့လည်း စီစဉ်ပေးပါမည်။ နာမည်စာရင်းပေးထားလျှင် site လုပ်ငန်းများရှိ၍ လုံခြုံရေးပြဿနာများ သိပ်မရှိသည့်အခါ site visit လိုက်နိုင်ပါရန် အကြောင်းကြားပါမည်။
-
သင်တန်းအပ်ရန် -
အောက်ပါ Google Link မှ တဆင့် သင်တန်းအပ်ပြီး၊ ငွေသွင်းရန် Bank Information တောင်းယူနိုင်ပါသည်။ ယခုလာမည့် စနေနေ့ စမှာမို့ အမြန်စာရင်းသွင်းပါရန် မေတ္တာရပ်ခံပါသည်။
https://docs.google.com/forms/d/e/1FAIpQLSfyQJ63xLjXvgFu_Qz4XsrfEC3Dco7iP-pkLOnyPfaLR1G-6w/viewform?usp=header
နာမည်နှင့် Email ပေးထားသူများလည်း အချို့ စာရင်းမသွင်းရသေးပါသဖြင့် Google Form မှာ စာရင်းသွင်းဖို့ တိုက်တွန်းပါသည်။ စာရင်းသွင်းသူများကို သာ Zoom Invitation Link ပို့ပေးပါမည်။