18/05/2026
Earthquake in Yangon, Myanmar
ရန်ကုန်မှာ အင်အားသိသာပြင်းတဲ့ငလျင်လှုပ်ခတ်
ဒီကနေ့ မနက်ပိုင်း ၈ နာရီ ၃၆ မိနစ်က ရန်ကုန်မြို့ ကမြို့နယ်အများစုမှာ အင်အားသိသာတဲ့ငလျင်အချို့ လှုပ်ခတ်သွားတယ်လို့ မြို့ခံတွေက ဘီဘီစီကိုပြောလာပါတယ်။
သာကေတ၊ သင်္ဃန်းကျွန်းနဲ့ ကမာရွတ်၊ ကြည့်မြင်တိုင်၊ ရွှေပြည်သာတို့အပြင် တခြားမြို့နယ်တွေမှာပါ သိသိသာသာလှုပ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
"အရမ်းကြမ်းတယ်၊ လူတွေအော်ပြီးပြေးကြတာ" လှုပ်တာကြာတယ်။ရပ်တော့မလားရပ်တော့မလားနဲ့ မရပ်ဘူး အနည်းဆုံး တစ်မိနစ်ခွဲ လှုပ်သွားတာ။ အိပ်နေတုန်း နိုးပြီးပြေးရတာအောက်
ရောက်တဲ့အထိလှုပ်တုန်း"လို့ သာကေတမြို့နယ် မှာနေထိုင်သူတစ်ဦးကပြောပါတယ်။
နောက်ထပ်ရန်ကုန်မြို့ခံတစ်ဦးကလည်း "တော်တော်ပြင်းတယ်။ သိသာတယ်။ စားပွဲတွေ။ ကွန်ပျူတာပါလှုပ်တာ။ လူတွေပါယိုင်ကုန်တယ်။ အကုန်ပြေးဆင်းကြတာ” လို့ ရန်ကုန်မြို့လယ်က ကုမ္ပဏီဝန်ထမ်းတစ်ဦးကပြောပါတယ်။
ငလျင်ပြင်းအားဖော်ပြတဲ့ အပလီကေးရှင်းတွေမှာတော့ ရန်ကုန်မှာ အနည်းဆုံး ၃ ကြိမ်ခန့်လှုပ်ခဲ့ပြီး
ပြင်းအား ၅ ဒသမ ၃ မဂ္ဂနီကျူ အထိရှိခဲ့တယ်လို့ဖော်ပြပါတယ်။
ဘီဘီစီပရိသတ်တွေအနေနဲ့ ဒီနေ့မနက်ငလျင်ဒဏ်ကိုဘယ်လိုကြုံခဲ့ရလဲ။ မှတ်ချက်ပေးမျှဝေပေးနိုင်ပါတယ်။
#ဘီဘီစီမြန်မာပိုင်း #ငလျင် #ရန်ကုန်