HOLY MEP CO., LTD.

HOLY MEP CO., LTD. Aircon Sale, Service & Installation. Electrical, P&S and Others Engineering ServiceAircon

Growatt Inverter Error Code-10 ဖြေရှင်းနည်း=====================Growatt 6kW, SPF 6000 ES Plus Model မှာ Error/Fault Code...
28/05/2025

Growatt Inverter Error Code-10 ဖြေရှင်းနည်း
=====================

Growatt 6kW, SPF 6000 ES Plus Model မှာ Error/Fault Code 10 ခဏခဏဖြစ်နေတဲ့ ပြဿနာတစ်ခုကို အဆင်ပြေအောင် ဖြေရှင်းပေးခဲ့ပါတယ်။

ပထမအကြိမ်ဖြစ်တော့ ဖုန်းနဲ့ပြဿနာပြောတယ်။ ဖြစ်သွားတဲ့ချိန် Fault Code/Error Code ပေါ်လိမ့်မယ် ဓါတ်ပုံရိုက်ပုံခိုင်းပေမယ့် Customer က ဘာမှနားမလည်တော့ ကိုယ်တိုင်လာရောက်ကြည့်ပေးခဲ့တယ်။ Error Code က 10ဖြစ်နေတယ်။ User Manual ပြန်လှန်ကြည့်တော့ "Output Power Derating" ဆိုပြီးပြတယ်။ Video မှာပါတဲ့အတိုင်း Bypass Powerက ပြုတ်ပြုတ်သွားတော့ 170V အောက်ရောက်ရင်ဖြစ်တာတွေ့ရတယ်။ အဲ့တော့ Inverter Setting ထဲ ချိန်လို့ရသလောက်ချိန်ကြည့်တယ်။

မကြာဘူးပြန်ဖြစ်တယ်။ ဒီတစ်ခါတော့ 170V အောက်လဲရောက်နေတာမဟုတ်ဘူး။ Over Voltageလဲဖြစ်နေတာမဟုတ်ဘူး။ SafeGard (V/A Protector)ကဖြတ်ချနေတာလဲမဟုတ်ဘူး။ Inverter Bypass ကဖြတ်ချနေတာကို တွေ့ရတယ်။ ဘာကြောင့်ပါလိမ့် အတော်တန်စဉ်းစားမိနေတယ်။

နောက်ဆုံးတော့ 15မိနစ်လောက်စောင့်ကြည့်ပြီး ဘာကြောင့်ဖြစ်ရလဲဆိုတာ အဖြေရခဲ့တယ်။ Inverter Setting N0.3 မှာထားတဲ့ AC Input Voltage Range ကလဲ 90~280 Vac မှာထားပြီးသားဆိုတော့ ဖြစ်နိုင်တာတစ်ခုပဲရှိတော့တယ်။ အဲတာကတော့ AC Input Voltage မငြိမ်တဲ့ပြဿနာပါ။

AC Input Voltage မငြိမ်တဲ့ ပြဿနာကိုဖြေရှင်းဖို့ဆိုရင် Stabilizer ဝယ်တပ်ယုံမှတခြားမရှိဘူး။ ဆိုင်က Load ကိုတွက်ပြီး သင့်လျှော်တဲ့ Stabilizer တစ်ခုဝယ်ပြီးတပ်ဆင်ပေးလိုက်ပါတယ်။ ခုတော့ Baypassက‌နေဖြတ်ချတဲ့ ပြဿနာမရှိတော့ပါဘူး။

ဒါနဲ့ ဝယ်သုံးထားတဲ့ Johsun Electronic သုံးလို့အတော်လေးအဆင်ပြေကြောင်း ဒီက Reviewတိုတိုလေးနဲ့ ထည့်ရေးလိုက်ပါတယ်။ Johsun Electronic ကထုတ်တဲ့ Stabilizerလေး သုံးပြီး နှစ်ပတ်ကျော်ပါပြီ။ သူကအရင်တုန်းက Stabilizerလို Cut/Out လုပ်တာ Relayမသံုးပဲ Servo Motorသုံးထားပါတယ်။ 15KVAကိုမှ သေးသေးနဲ့ ကျစ်ကျစ်လစ်လစ်လေးဖြစ်လို့ installation အတွက် spaceလဲမယူတော့ဘူး။ လက်ရှိအချိန်ထိတော့ သံုးလို့အဆင်ပြေပါတယ်။

Contact:

+95 9966687008 (Viber)
+95 9789080234 (Viber)
+95 9685188822 (Viber)

Email:
[email protected]

Website:
www.holymep.com

HOLY MEP CO., LTD.
Virtual Business Card Link
https://vbcs.app/ds/vbc/i/1707c260-25b8-4d19-8788-d98a03478e90

May-2025
Save the Date

မိမိတပ်ဆင်တဲ့ Solar Module  ရဲ့  clamp တပ်ဆင်တဲ့ ​နေရာ ကို Installation Manual အရ ပြန်စစ်ကြည့်ကြမလား ..Recommended Clamp...
22/05/2025

မိမိတပ်ဆင်တဲ့ Solar Module ရဲ့ clamp တပ်ဆင်တဲ့ ​နေရာ ကို Installation Manual အရ ပြန်စစ်ကြည့်ကြမလား ..

Recommended Clamping Zones for Solar Panel Installations

■ Solar Module အပျက်အစီး ​အ​လျော်အစား ကိစ္စ​တွေမှာ သက်ဆိုင်ရာ Third Party က လာစစ်လို့ မိမိ တပ်ဆင်မှုက သက်ဆိုင်ရာ OEM ရဲ့ သတ်မှတ် တပ်ဆင်မှု လိုအပ်ချက်အတိုင်း မတပ်ဆင်ဖြစ်ခဲ့ရင် ရလဒ်က ဘယ်လိုဖြစ်လာနိုင်မလဲ ။

Solar Module ​​တွေ ကို Mounting Rail မှာ တပ်ဆင်ရင် သက်ဆိုင်ရာ Module အလိုက် ထုတ်လုပ်သူအလိုက် Module ကို သတ်မှတ် Clamp ဖမ်းရမယ့် ​နေရာမှာ Clamp ဖမ်းဖို့ Clamping Zone ဆိုတာကို သတ်မှတ်​ပေးထားလေ့ရှိပါတယ်။
■Mid Clamp တပ်ဆင်ရမည့် ​နေရာ ( ဧရိယာ )
■End Clamp တပ်ဆင်ရမည့် ​နေရာ (ဧရိယာ )

ဘာ​ကြောင့်ဆို Module ​တွေက Design life / Operation life အရ အနှစ် ၂၀ / ၃၀ အထိ အသုံးပြုရမှာဖြစ်လို့ မမှန်ကန်တဲ့ ​နေရာကို clamp ဖမ်းမိရင်
1.Module ကို clamp ဖိထားတဲ့ ​နေရာက ဖိအားမညီမျှလို့ အခန့်မသင့်ရင် Module မှန်ကွဲတာ​တွေ ၊ ​
2.လေတိုက်လို့ uplift force ​ပေါ်ပြီး Mounting Rail က​နေ ပြုတ်ထွက်တာ​တွေ
3.Module က ဖိထားရမည့် ​နေရာ မမှန်ကန်လို့ ခုံး​နေတာ ခွက်​နေတာ​တွေက​နေ Front Mirror ​တွေ micro crash ဖြစ်လာနိုင်လို့ပါ။

အဲ့လိုအချိန်ကျ Module ပျက်စီးမှု ဖြစ်လာရင် အာမခံကာလ ၊အ​လျော်အစား ကိစ္စ​တွေရှိလာရင် မိမိ တပ်ဆင်မှုလိုအပ်ချက်​ကြောင့် ပျက်စီးရတာမျိုး ဖြစ်တဲ့အတွက် အာမခံအ​ကြောင်းတရားနဲ့မကိုက်ညီတာမျိုး မဖြစ်​စေချင်တာပါ။

■ Module ကို Rail မှာ မြဲမြံစွာ ဖမ်းဖို့ Clamp ကို ဘယ်လိုတပ်မလဲ။
■ ဒီ​အောက်က တွက်ချက်မှုက နမူနာတွက်ချက်မှုပါ
■မိမိ တပ်ဆင်သည့် Module အမျိုးအစား အလိုက် သက်ဆိုင်ရာ Installation Manual ကို အကိုးအကားပြုရန် ​လေးနက်စွာ တိုက်တွန်းပါသည်။
■ဒီ​နေရာမှာ Module ရဲ့ Long Side အလျား အရှည်ဘက်မှာ ဖမ်းရင်ဘယ်လို Short Side အနံဘက်မှာ ဖမ်းရင် ဘယ်လိုဆိုတာ ကွာခြားနိုင်ပါတယ်

■ ​ယေဘူယျအားဖြစ် မိမိ Clamp တပ်ဆင်မည့် ​နေရာ ကို ရှာ​ဖွေသိရှိနိုင် ရန် Module ၏အရှည်ကို 4 နဲ့စား ရတဲ့​နေရာမှာ Clamp ကို ဖမ်းသင့်ပါတယ်။
ဥပမာ။ ။
Jinko Solar _ Module Dimension 2278 mm x1134 mm အတွက် Clamp ဖမ်းသင့်​သော ​နေရာကို နမူနာ တွက်ချက်ပါက
■ Clamp တပ်ဆင်မည့်​​နေရာ Long Side အလျားလိုက်အတိုင်း
■ Module ၏ Long Side အရှည် 2278 mm
■ တပ်ဆင်သင့်​သော Clamping Zone = 2278/4 = 569.5 mm ဆို​တော့
■ Module Clamp ကို Module ထိပ်ဆုံးမှ 570 ​နေရာအကွာ အတွင်း တွင် တပ်ဆင်သင့်ပါသည်။

နမူနာ ပုံအရ ​ယေဘုယျ​ပြောရရင်
■Green Zone ​နေရာက clamp ( Mid clamp ) ( end clamp ) ဖမ်းသင့်တဲ့​နေရာပါ။
■သာမန်အားဖြစ် ​( ယေဘူယျ )အားဖြစ် Module ရဲ့ အရှည် ၏ 1/4 ​နေရာ အတွင်း ( Module အလျား အရှည်ဘက် ဖြစ်​စေ / Module အနံ အတိုင်းဖြစ်​စေ ) clamp ကိုဖမ်း​လေ့ရှိပါတယ် ။
■Red Zone /Danger Zone ထဲမှာ မရှိသင့်ပါဘူး ၊

အထူးသတိပြုရန် :
Clamping Zone အတိအကျက မိမိ အသုံးပြုသည့် Module ၏ သက်ဆိုင်ရာ ထုတ်လုပ်သူ၏ installation manual ကို အတိအကျ အကိုးအကားရယူပါ။
ဘာ​ကြောင့်ဆို Clamping /Rail Design /Mounting Arrangement အရ
■Fix Type
■(Single Axis /Dual Axis )Tracker
■Non-penetrating Ballast Solar Racking စတဲ့ အ​ခြေအ​နေ​ပေါ်မူတည်ပြီး တပ်ဆင်မှု ခွင့်ပြု clamping zone ​တွေ ကွာခြားနိုင်ပါတယ်။

Module တစ်ခု ၏ Front /Back Mechanical Loading ခံနိုင်မှုမှာ ​အောက်ပါအတိုင်းဖြစ်ပါသည်။

Test load pressure when mounting on the long side:

Front (push) 5400 Pa
Back (pull) 2400 Pa

Test load pressure when mounting on the short side:

Front (push) 2400 Pa
Back (pull) 2400 Pa

Crd: koMyoZaw (RS Electrical)

3 Storeyed R.C Building MEP DesignLocation : KalawProject supply & installtion မအပ်ရင်တောင်မှ Design လာအပ်လို့ရပါတယ်။Cli...
18/05/2025

3 Storeyed R.C Building MEP Design
Location : Kalaw

Project supply & installtion မအပ်ရင်တောင်မှ Design လာအပ်လို့ရပါတယ်။

Client ဘက်က အဆင်ပြေတဲ့ဈေးနဲ့ Designလုပ်ပြီး Drawingတွေဆွဲပေးပါတယ်။

Drawing ဆွဲတဲ့နေရာမှာလဲ installation အတွက်အဆင်ပြေအောင် သေချာလေးဆွဲပေးပါတယ်။ Electrical ပိုင်းမှာ cable wayတွေသိပ်ပြဿနာမရှိပေမယ့် Plumbing & Sanitary ပိုင်းမှာ Beam နဲ့မလွတ်တာတို့၊ Stack တွေချတဲ့နေရာက ပြတင်းပေါက် နဲ့တိုးနေတာတို့….စသဖြင့် Sanitary Pipe Line တွေ သုံးခေါက်တောင်ပြင်လိုက်ရတယ်။

Project တစ်ခုလုံးရဲ့ ကုန်ကျစရိတ်ဘယ်လောက်ရှိမလဲဆိုတဲ့ Estimationပါလုပ်ပေးပါတယ်။

Project ပေးရင် Design & Estimation Charges ပေးစရာမလိုပဲ FOCလုပ်ပေးပါတယ်။

Contact:

+95 9966687008 (Viber)
+95 9789080234 (Viber)
+95 9685188822 (Viber)

Email:
[email protected]

Website:
www.holymep.com

HOLY MEP CO., LTD.
Virtual Business Card Link
https://vbcs.app/ds/vbc/i/1707c260-25b8-4d19-8788-d98a03478e90

May-2025
Save the Date

Yangon Condo ProjectPipe Sleeve Installation WorkUrgentလိုအပ်လို့ လောလောနဲ့ ဝင်ပေးလိုက်တာ။M&E နဲ့ပတ်သက်ပြီး Installation...
14/05/2025

Yangon Condo Project

Pipe Sleeve Installation Work

Urgentလိုအပ်လို့ လောလောနဲ့ ဝင်ပေးလိုက်တာ။

M&E နဲ့ပတ်သက်ပြီး Installationလိုအပ်ရင် ဆက်သွယ်နိုင်ပါတယ်။

Contact:

+95 9966687008 (Viber)
+95 9789080234 (Viber)
+95 9685188822 (Viber)

Email:
[email protected]

Website:
www.holymep.com

HOLY MEP CO., LTD.
Virtual Business Card Link
https://vbcs.app/ds/vbc/i/1707c260-25b8-4d19-8788-d98a03478e90

14-May-2025
Save the Date

09/04/2025

ဒီ Website ၁၀ခုသာ ကြိုသိခဲ့ရင် တော်တော်ကောင်းမယ်

- - - - - -

1. Snapdrop.net

ဒီ Websiteကတော့ ဘယ် Phone ဖြစ်ဖြစ် ဘယ် Deviceဘဲ ဖြစ်နေ File ကို ကြားခံမလိုဘဲ Share နိုင်ပါတယ်

ကြိုးလည်းမလိုဘူး Zapyaလည်းမလိုဘူး Same Wifiဖြစ်နေရင် ကြိုက်ရာ File - Data - Picture - Videoကို လှမ်းပို့ပေးနိုင်ပါတယ်

သုံးပုံ သုံးနည်းလည်း အရမ်းရိုးရှင်းပြီး အလွယ်ကူဆုံး File Shareလုပ်နိုင်တဲ့ Websiteလည်းဖြစ်ပါတယ်

2. Kamua.com

ခုလို Tiktokတွေ Instagram Reelsတွေ Youtube Shortsတွေ ခေတ်စားနေချိန်မှာ အများဆုံး 16:9 Aspect Ratioနဲ့ ရိုက်ကြပြီး Reelsတို့ဘာတို့မှာ တင်မယ်ဆို 9:16 Aspect Ratio နဲ့ ရိုက်ရကြပါတယ်

ဒါကြောင့် ဒါလေးကတော့ ပြန်ပြီး ရိုက်နေစရာ မလိုဘဲ ရှိတဲ့ 16:9 Ratio Video ကို 9:16 ပြန်ပြောင်းပေးမယ့် Websiteလည်းဖြစ်ပါတယ်

Server Speedလည်းတော်တော်ကောင်းတော့ အချိန်တိုမှာဘဲ Video Upload & Download လုပ်နိုင်ပါတယ်

ကိုယ်ရဲ့ Internet Speed တော့ မြန်ဖို့ လိုမယ်နော်

_____________

3. remove.bg

ဒါလေးကတော့ Passportဓာတ်ပုံဖြစ်ဖြစ် Driver License - National Identity Card မျိုးစုံကို ဆိုင်တွေ သွားရောက် ရိုက်နေစရာ မလိုဘဲ

ကိုယ်ရိုက်ထားတဲ့ ပုံကို Background Remove လုပ်ပေးတဲ့ Website လေးဖြစ်ပါတယ်

_____________

4. earth.google.com

နိုင်ငံတကာ ပတ်နေစရာမလိုဘဲ Realityကို Virtual World လို ကြည့်ချင်နေရင် အကောင်းဆုံး ကြည့်ရှူလေ့လာနိုင်တဲ့ Google Earth Website ဖြစ်ပါတယ်

ကိုယ်ရောက်သွားသလို 2D 3Dနဲ့ ကြည့်ရှူနိုင်ပြီး ကိုယ်ရဲ့ Dream Country လေးကို ခဏသာ ကြည့်ပြီး သွားရောက်ဖို့ အတူကြိုးစားလိုက်ရ‌အောင်...

_____________

5. pdfescape.com

တစ်ခါတစ်လေ pdfမှာ editဖို့ လိုနေပေမယ့်လည်း Adobe Acrobatကြီး မရှိတဲ့ အချိန် အမြန်ဆုံးနဲ့ အလွယ်ဆုံးနည်းလေးကို pdfescape ဖြစ်ပါတယ်

pdfescape က တစ်ဆင့် ကိုယ်လိုချင်တာတွေ ထည့်မယ် Signatureတွေထိုးမယ့် အများကြီး ထပ်မံ လုပ်လို့ရပါတယ်

_______

6. unsplash.com

High Resolution ဓာတ်ပုံများ Short Videoများအစားထိုးသုံးဖို့အတွက် သိန်းချီထဲက ကြိုက်နှစ်သက်ရာ ရွေးယူပြီး အသုံးပြုနိုင်ပါတယ်

အားလုံးနီးပါး Freeဆိုတော့ ဒို့မြန်မာတွေအတွက် အကြိုက်ပေါ့...!

_____________

7. app.grammarly.com

Email ပို့တာဖြစ်ဖြစ် နိုင်ငံခြား Supplier သို့မဟုတ် ဧည့်သည်တွေနဲ့ ပြောတာဖြစ်ဖြစ် ကိုယ်သုံးနေတဲ့ English စကားလုံးနဲ့ Grammar မှန်မမှန် စစ်ဆေးပေးတဲ့ Websiteဖြစ်ပါတယ်

တော်တော်များများလည်း အသုံးပြုကြပြီး ခုဆို"အများပြား Extension"တွေ တွဲသုံးနေကြပါတယ်

_____________

8. invideo.io

ကိုယ်ရဲ့ စီးပွားရေး ကိုယ်ရဲ့ Productတွေကို Professionalကျကျ ဆွဲဆောင်စရာ Videoပြုလုပ်လို့ရတဲ့ Website ဖြစ်ပါတယ်

သိန်းဂဏန်းပေးစရာမလိုဘဲ ကိုယ်ပိုင် Brand Stories Video ကို အခမဲ့ ဖန်တီးနို်ငပါတယ်

_____________

9. semrush.com

ဒီခေတ်မှာ အရမ်းလေ့လာရတဲ့ Competitorတွေရဲ့ Strategyကို လေ့လာနိုင်တဲ့ Websiteလေးဖြစ်ပါတယ်

မြန်မာနိုင်ငံမှာတော့ SEO Runတာ အရမ်းနည်းပြီး

Web Pageတွေဘဲ လေ့လာနိုင်မှာဆိုတော့ နိုင်ငံတကာနဲ့ ချိတ်ဆက်လုပ်ရသူတွေအတွက် ဒီWebisteကတော့ ရွှေလို တန်ဖိုးရှိပါတယ်

_____________

10. urbandictionary.com

နေ့တိုင်းလိုလို Slang & Informal Wordsတွေ ထွက်နေတဲ့ "English Language"မှာ အသေးစိတ် အဓိပ္ပာယ်ကို ရှင်းပြပေးတဲ့ Educational Websiteကောင်းလေးဖြစ်ပါတယ်



----------------------





- the process of simplifying everything as to be [accessible] or [understood] by a [moron].

မီးတွေကြာကြာပျက်တော့မှ ကြုံရတဲ့ မသိသေးတဲ့ သူတွေအတွက်ပါ။Growatt Inverter အတွက် Warning code 04 Battery low level alarm (D...
31/03/2025

မီးတွေကြာကြာပျက်တော့မှ ကြုံရတဲ့ မသိသေးတဲ့ သူတွေအတွက်ပါ။

Growatt Inverter အတွက် Warning code 04
Battery low level alarm (Default 20%) သည် Battery 30%အောက်ရောက်လျှင် စမြည်မည်။ တစက္ကန့် တကြိမ် beep လုပ်မည်။ ၎င်းအချိန်တွင် AC များ၊ load များ လျော့ချပြီး lighting only ဖြင့် အချိန်ဆွဲဆန့်နိုင်သည်။ သို့သော် 20% ရောက်လျှင်တော့ အလိုအ‌လျောက်လုံးဝပိတ်ချလိုက်မည်ဖြစ်သည်။

မီးပြန်လာလျှင် အင်ဗာတာပြန်ပွင့်လာပြီး charging ပြန်လုပ်မည်။ Battery low level Alarm မြည်နေဦးမည်ဖြစ်ပြီး 30% နီးပါးရောက်မှ Alarm ပျောက်မည်။

Alarm ကို ပိတ်ထားချင်ပါက Inverter မှ Down ခလုပ် နှင့် ENT ခလုပ်ကို ပြိင်တူ နှိပ်ပါ။
Alarm အသံပျောက်သွားပါမည် ။

Battery charging ပြန်လုပ်ပြီး 30% ရောက်လျှင်တော့ Inverter မှ Down ခလုပ် နှင့် ENT ခလုပ်ကို ပြိင်တူနှိပ်ပြီး ပြန်ဖွင့်ပေးပါ။

Growatt Inverter အသုံးများသူ များအတွက်ဖြစ်ပြီး အခြားသော အင်ဗာတာ များအတွက် ကွဲလွဲမှု့များ ရှိနိုင်ပါသည် ။ ။



Address

400B, Zabuyeik Street, Bokannyunt Qt, Thinganyun
Yangon
11071

Alerts

Be the first to know and let us send you an email when HOLY MEP CO., LTD. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to HOLY MEP CO., LTD.:

Share