Lift Trucks
Lift Trucks most reliable and affordable forklift available in Myanmar Most Reliable and Affordable Forklift available in Myanmar
Happy New Year新年快乐
15/02/2018
Happy New Year
新年快乐
(Zawgyi)Historic MomentsForklift ပေါ်ပေါက်လာပုံအကြောင်း တစေ့တစောင်း====================================အရာဝတ္ထုတွေအတင်အချြ...
06/04/2017
(Zawgyi)
Historic Moments
====================================
(Unicode)
Historic Moments
Forklift ပေါ်ပေါက်လာပုံအကြောင်း တစေ့တစောင်း
===================================
အရာဝတ္ထုတွေအတင်အချပြုလုပ်ဖို့ အသုံးပြုနေကြတဲ့ Forklift တွေကို ၁၉၀၆ ခုနှစ်ကတီထွင်ခဲ့တာပါ။ ၁၈၀ဝ ပြည့်နှစ်လွန်ကာလတွေတုန်းကတော့ ကုန်ပစ္စည်းတွေ တင်၊ချဖို့ Hoist ခေါ် ချိန်းဘလောက်တွေကိုပဲ အသုံးပြုကြပါတယ်။ ဒါပေမဲ့ ချိန်းဘလောက်တွေဟာ ကုန်ပစ္စည်းတွေရွှေ့ ပြောင်းသယ်ယူဖို့အတွက်တော့ သိပ်အသုံးမဝင်လှပါဘူး။ ၁၀ နှစ်ခန့်အကြာမှာတော့ ပစ္စည်းတွေ မယူရွှေ့ပြောင်းဖို့ သစ်သားစင်ငယ်တွေ၊ ချိန်းကြိုး တွေတပ်ဆင်ထားတဲ့ထရပ်ကားတွေကို တီထွင်လာကြပါတယ်။ အဲဒီကနေ ချိန်းကြိုးတွေ၊ ဝင်ရိုးတွေတပ်ဆင်ထားတဲ့ သစ်သားထရပ်ကားတွေမှာ လျှပ်စစ်မိုတာငယ်တွေ၊ ဘက်ထရီတွေ တပ်ဆင်အသုံးပြုလာကြပါတယ်။ နောက်ပိုင်းမှာတော့ Pallet Truck လို့ လူသိများကြတဲ့ Lift Truck တွေ ပေါ်လာပါတယ်။ ဒီလိုနဲ့ အလွန်လေးလံတဲ့ပစ္စည်းတွေကို အချိန်တိုအတွင်း တင်ချရွှေ့ပြောင်းနိုင်ဖို့အတွက် တစ်ဆင့်ပြီးတစ်ဆင့် ဆန်းသစ်တီ ထွင်လာရင်း အရာဝတ္ထုကြီးငယ်မဟူ တင်ချရွှေ့ပြောင်းနိုင်တဲ့ Forklift တွေ ဖြစ်လာတော့တာပါပဲ။
လူမောင်းနှင်တဲ့ ကမ္ဘာ့ပထမဦးဆုံး Forklift ကို ဝင်ရိုးထုတ်လုပ်တဲ့စက်ရုံမှာအသုံးပြုဖို့ ၁၉၁၇ ခုနှစ်မှာ Clark က တီထွင်ခဲ့ပါတယ်။ ၁၉၂၀ ပြည့်နှစ်လောက်မှာ ဟိုက်ဒရောလစ်စွမ်းအင်သုံး ပထမဦးဆုံး စက်မှုလုပ်ငန်းသုံးထရပ်ကားကို ထုတ်လုပ်ခဲ့ပါတယ်။ ၁၉၂၃ ခုနှစ်မှာ ထက် အောက် နှိမ့်မြှင့်နိုင်ပြီး ပစ္စည်းတင်လို့ရတဲ့ခက်ရင်းခွတွေတပ်ဆင်ထားတဲ့ forklift ကို Yale ကုမ္ပဏီကတီထွင်ခဲ့ပေမဲ့ ချက်ချင်းမတွင်ကျယ်ခဲ့ပါဘူး။ ၁၉၃၀ ပြည့်လွန်နှစ်နှောင်းပိုင်းမှာတော့ Forklift ဒီဇိုင်းသစ်တွေ ထပ်မံဖန်တီးခဲ့ပါတယ်။ ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ ကုန်လှောင်ရုံကြီးတွေမှာသုံးဖို့ ပိုပြီးခေတ်မီအားကောင်းတဲ့ forklift တွေထုတ်လုပ်ခဲ့ရာကနေ ပေငါးဆယ်အထိ မတင်နိုင်တဲ့ Forklift တွေပေါ်လာပါတယ်။ ပိုပြီးဘေးကင်းလုံခြုံဖို့အတွက် ၁၉၅၀ ပြည့်လွန်နှစ်နှောင်းပိုင်းနဲ့ ၁၉၆၀ ပြည့်လွန်နှစ်အစောပိုင်းကာလတွေမှာ Forklift မောင်းနှင်သူအတွက် အကာအရံ တပ်ဆင်အသုံးပြုခဲ့ကြပါတယ်။ နောက်ပိုင်းမှာ Forklift မောင်းနှင်သူရဲ့ဘေးကင်းလုံခြံုမှုကို အဓိကဦးစားပေးတီထွင်လာကြပါတယ်။
ခေတ်ရဲ့လိုအပ်ချက်နဲ့အညီ Forklift တွေဟာ တဖြည်းဖြည်းပြောင်းလဲတိုးတက်လာခဲ့ပြီး Forklift တွေမောင်းနှင်လည်ပတ်ဖို့အတွက် ဘက်ထရီစွမ်းအားကနေ သဘာဝဓာတ်ငွေ့အထိ အဆင့်ဆင့်ပြောင်းလဲသုံးစွဲခဲ့ကြပါတယ်။ ၂၀ဝဝ ပြည့်နှစ်မှာတော့ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး Forklift တွေပေါ်လာပါတယ်။ ဝင်ရိုးတွေ၊ ချိန်းတွေအသုံးပြုပြီး လက်နဲ့လှည့်ရတဲ့ Forklift တွေအသုံးပြုခဲ့ရာကနေ နှစ်တွေကြာလာတဲ့အခါ ကုန်ပစ္စည်းတွေကို ဘေးကင်းကင်းနဲ့ လိုသလိုသယ်ယူပို့ဆောင်နိုင်ဖို့ လူကိုယ်တိုင်အသင့်တက်မောင်းနိုင်တဲ့ ခေတ်မီ Forklift တွေ ဖန်တီးထုတ်လုပ်နိုင်ခဲ့ပါတယ်။ မျက်မှောက်ခေတ်မှာ Forklift တွေကို တစ်ကမ္ဘာလုံး တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြတာ တွေ့မြင်နေကြရပြီ ဖြစ်ပါတယ်။
Credit to Automobile Journal
3wheels or 4wheels Electric Forklifts
03/09/2016
3wheels or 4wheels Electric Forklifts
03/09/2016
Internal Combustion Engine (diesel/gasoline/LPG) forklifts 1.5 ton - 10 ton
Address
No. 36/B, Lay Daunt Kan Road, Thingangyun
Yangon
06011
Telephone
+9595400250
Website
Alerts
Be the first to know and let us send you an email when Lift Trucks posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Business
Send a message to Lift Trucks:
Share