Soil, Water, Rebar, Concrete Laboratory

Soil, Water, Rebar, Concrete Laboratory Quality Control Material Testing Lab was founded in collaboration between Concordia & MES in 2010.

အဆောက်အဦး တည်ဆောက်တဲ့ လုပ်ငန်းရှင်များအတွက် လိုအပ်တဲ့ စမ်းသပ်စစ်ဆေးချက်မှန်သမျှကို Quality Control Laboratory မှာ စစ်ဆေ...
21/08/2026

အဆောက်အဦး တည်ဆောက်တဲ့ လုပ်ငန်းရှင်များအတွက် လိုအပ်တဲ့ စမ်းသပ်စစ်ဆေးချက်မှန်သမျှကို Quality Control Laboratory မှာ စစ်ဆေးနိုင်ပါတယ်နော်

ဆောင်ရွက်ပေးသော စမ်းသပ်ချက်များ -
✔️ မြေသားများ၏ ခံနိုင်အား စမ်းသပ်ပေးခြင်း (Field Tests, Laboratory Tests)
✔️ သောက်ရေ/သုံးရေ အရည်အသွေး စမ်းသပ်ပေးခြင်း
✔️ Cement ရဲ့ အရည်အသွေး စမ်းသပ်ပေးခြင်း
✔️ Concrete Mix Design ပြုလုပ်ပေးခြင်း
✔️ သဲ၊ ကျောက်များရဲ့ အရည်အသွေး စမ်းသပ်ပေးခြင်း
✔️ Concrete Strength စမ်းသပ်ပေးခြင်း (Cube Test, Cylinder Test, Brick Test, Block Test)
✔️ Rebar Testing များကို ခေတ်မှီစက်ပစ္စည်းများဖြင့် စမ်းသပ်ပေးနေပါပြီ

📞 ဆက်သွယ်မေးမြန်းရန်

Hlaing (MES) –
☎️ 09 420 020 963, 09 257 592 744
🏢 Federation of Myanmar Engineering Society, Hlaing University Campus, Hlaing Tsp, Yangon.

Thuwana (Thingangyun) –
☎️ 09 773 606 921, 09 687 944 083
🏢 No-137, Taung Htate Pann Street, Thuwana, Thingangyun Tsp, Yangon.

🏗️ ကွန်ကရစ်လောင်းပြီး ၇ ရက်ပြည့်ရုံနဲ့ Design Strength အပြည့်ရပြီလား?မဟုတ်ပါဘူးနော်။ 👷‍♂️ကွန်ကရစ်ဟာ လောင်းပြီးတာနဲ့ ချက်...
18/08/2026

🏗️ ကွန်ကရစ်လောင်းပြီး ၇ ရက်ပြည့်ရုံနဲ့ Design Strength အပြည့်ရပြီလား?

မဟုတ်ပါဘူးနော်။ 👷‍♂️

ကွန်ကရစ်ဟာ လောင်းပြီးတာနဲ့ ချက်ချင်း Design Strength ရရှိသွားတာမဟုတ်ဘဲ Cement နဲ့ Water တို့ ဓာတ်ပြုမှု (Hydration Process) ဆက်လက်ဖြစ်ပေါ်နေတဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ Strength တဖြည်းဖြည်း တိုးလာပါတယ်။

⏱️ ၃ ရက်ခန့်
ကွန်ကရစ်ရဲ့ Strength တစ်စိတ်တစ်ပိုင်းကို ရရှိလာပြီဖြစ်ပေမယ့် အပြည့်အဝ ခိုင်ခံ့သေးတာ မဟုတ်ပါ။

⏱️ ၇ ရက်ခန့်
Strength သိသိသာသာ တိုးလာပြီဖြစ်ပေမယ့် ပုံမှန်အားဖြင့် 28-day strength ကို မရောက်ရှိသေးပါ။ သို့သော် ၇ ရက်မှာ Strength ဘယ်လောက်ရာခိုင်နှုန်း ရမလဲဆိုတာ Concrete အားလုံးအတွက် တစ်ပုံစံတည်း မသတ်မှတ်နိုင်ပါ။ Mix Design၊ Cement အမျိုးအစား၊ Water-Cement Ratio၊ Curing နည်းလမ်း၊ အပူချိန် စတဲ့အချက်တွေကြောင့် ကွာခြားနိုင်ပါတယ်။

⏱️ ၂၈ ရက်
ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ Concrete ရဲ့ 28-day Compressive Strength ကို သတ်မှတ်ချက်အရ Design/Specified Strength နဲ့ နှိုင်းယှဉ်စစ်ဆေးရာမှာ အများဆုံးအသုံးပြုတဲ့ Reference Age ဖြစ်ပါတယ်။

🔬 ဒါကြောင့် “၂၈ ရက်ပြည့်ရင် Concrete က ၁၀၀% အားရပြီး၊ အဲဒီနောက် Strength မတိုးတော့ဘူး” လို့လည်း မယူဆသင့်ပါဘူး။ သင့်တော်တဲ့ Curing အခြေအနေရှိရင် Concrete Strength ဟာ ၂၈ ရက်နောက်ပိုင်းမှာလည်း ဆက်လက်တိုးတက်နိုင်ပါတယ်။

⚠️ Formwork / ငြမ်း ဖြုတ်ခြင်းမှာလည်း “၇ ရက်ပြည့်ပြီဆို ဖြုတ်လို့ရပြီ” လို့ မဆုံးဖြတ်သင့်ပါ။
Concrete ရရှိထားတဲ့ Strength၊ Structural Member အမျိုးအစား၊ Span၊ သယ်ဆောင်ရမယ့် Load၊ Curing အခြေအနေ၊ သက်ဆိုင်ရာ Design Code နဲ့ Engineer ရဲ့ သတ်မှတ်ချက်များကို ထည့်သွင်းစဉ်းစားပြီးမှ ဆုံးဖြတ်သင့်ပါတယ်။

💡 အရေးကြီးဆုံးက Concrete ရဲ့ Strength ကို ခန့်မှန်းရာမှာ ရက်အရေအတွက်တစ်ခုတည်းကို မကြည့်ဘဲ သတ်မှတ်ထားတဲ့ Specification နဲ့ Test Result တွေကို အခြေခံဖို့ပါ။

🧪 Soil, Water, Rebar နှင့် Concrete တို့ရဲ့ အရည်အသွေး၊ သတ်မှတ်ချက်နှင့် စံချိန်စံညွှန်း ပြည့်မီမှုတွေကိုလည်း သင့်တော်တဲ့ Laboratory Testing များဖြင့် စစ်ဆေးနိုင်ပါတယ်။

ဆက်သွယ်မေးမြန်းရန်
Hlaing (MES) –
☎️ 09 420 020 963, 09 257 592 744
🏢 Federation of Myanmar Engineering Society, Hlaing University Campus, Hlaing Tsp, Yangon.

Thuwana (Thingangyun) –
☎️ 09 773 606 921, 09 687 944 083
🏢 No-137, Taung Htate Pann Street, Thuwana, Thingangyun Tsp, Yangon.

Foundation မချခင် ပထမဆုံးစစ်ဆေးသင့်တာက.... Soil Testing မြေသားများရဲ့ ခံနိုင်အား စမ်းသပ်မှု Soil Testing Service ကို MES...
14/08/2026

Foundation မချခင် ပထမဆုံးစစ်ဆေးသင့်တာက.... Soil Testing

မြေသားများရဲ့ ခံနိုင်အား စမ်းသပ်မှု Soil Testing Service ကို MES Quality Control Lab မှ ခေတ်မှီစက်ပစ္စည်းများနဲ့ တာဝန်ယူစမ်းသပ်နိုင်ပါတယ်။

စမ်းသပ်စစ်ဆေးရရှိနိုင်မယ့် မြေသားစစ်ဆေးမူများမှာ
👩‍🔧Moisture Content
👩‍🔧Sieve Analysis ( Soil, Sand, Gravel)
👩‍🔧Hydrometer Test
👩‍🔧Specific Gravity
👩‍🔧Atterberg's Limit (PL & LL)
👩‍🔧Unconfined Compressive Test (UCS)
👩‍🔧Triaxial Compression Test (UU)
👩‍🔧California Bearing Ratio (CBR)
👩‍🔧Direct Shear Test (UU)
👩‍🔧Consolidation Test
👩‍🔧CBR Test, etc..., အစရှိတဲ့ စမ်းသပ်မူများကို စမ်းသပ်ပေးနေပါတယ်။

အသေးစိတ်ဆက်သွယ်စုံစမ်းလိုပါက
Hlaing (MES) –
☎️ 09 420 020 963, 09 257 592 744
🏢 Federation of Myanmar Engineering Society, Hlaing University Campus, Hlaing Tsp, Yangon.

Thuwana (Thingangyun) –
☎️ 09 773 606 921, 09 687 944 083
🏢 No-137, Taung Htate Pann Street, Thuwana, Thingangyun Tsp, Yangon.

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် မဖြစ်မနေ စစ်ဆေးသင့်သော Concrete Testing👷‍♂️Quality Control မှ စစ်ဆေးဆောင်ရွက်ပေးသော စမ်းသပ...
07/08/2026

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် မဖြစ်မနေ စစ်ဆေးသင့်သော Concrete Testing👷‍♂️

Quality Control မှ စစ်ဆေးဆောင်ရွက်ပေးသော စမ်းသပ်ချက်များမှာ
✔️ Compressive Strength (Cube, Brick, Cylinder) စမ်းသပ်ပေးခြင်း
✔️ Cement ၏ အရည်အသွေး စမ်းသပ်ပေးခြင်း
✔️ Concrete Mix Design ပြုလုပ်ပေးခြင်း
✔️ Concrete Trimix Test ပြုလုပ်ပေးခြင်း
✔️ (Sand, Gravel) သဲ၊ ကျောက်၏ အရည်အသွေး စမ်းသပ်ပေးတို့ကို ပြုလုပ်ပေးနေပါတယ်

📞 ဆက်သွယ်မေးမြန်းရန်

Hlaing (MES) –
☎️ 09 420 020 963, 09 257 592 744
🏢 Federation of Myanmar Engineering Society, Hlaing University Campus, Hlaing Tsp, Yangon.

Thuwana (Thingangyun) –
☎️ 09 773 606 921, 09 687 944 083
🏢 No-137, Taung Htate Pann Street, Thuwana, Thingangyun Tsp, Yangon.

❓ Soil Test မလုပ်ဘဲ Foundation ချမိရင် ဘာတွေဖြစ်နိုင်မလဲ?A) အဆောက်အဦ စောင်းသွားခြင်း၊ နံရံနှင့် အမိုးမျက်နှာကြက်များတွင်...
04/08/2026

❓ Soil Test မလုပ်ဘဲ Foundation ချမိရင် ဘာတွေဖြစ်နိုင်မလဲ?

A) အဆောက်အဦ စောင်းသွားခြင်း၊ နံရံနှင့် အမိုးမျက်နှာကြက်များတွင် အက်ကြောင်းများ ပေါ်လာခြင်း ✅

B) အဆောက်အဦ ဆေးရောင်ပြယ်သွားခြင်း

✔️ အဖြေမှန် – A

💡 ဘာကြောင့်လဲ?

Foundation သည် အဆောက်အဦ၏ အလေးချိန်ကို မြေသားသို့ လုံခြုံစွာ လွှဲပြောင်းပေးရသည့် အရေးကြီးဆုံး အစိတ်အပိုင်းဖြစ်ပါတယ်။

Soil Test မလုပ်ဘဲ Foundation ကို ဒီဇိုင်းဆွဲခြင်း သို့မဟုတ် ဆောက်လုပ်ခြင်းကြောင့် မြေသား၏ Bearing Capacity ကို တိကျစွာ မသိနိုင်ပါ။ ထို့ကြောင့် မြေသားခံနိုင်ရည်ထက် အဆောက်အဦး၏ အလေးချိန် ပိုများပါက မြေကျွံခြင်း (Settlement) ဖြစ်ပေါ်နိုင်ပြီး—

✔️ အဆောက်အဦ စောင်းခြင်း
✔️ နံရံ၊ ကြမ်းခင်းနှင့် အမိုးမျက်နှာကြက်များတွင် အက်ကြောင်းများ ဖြစ်ပေါ်ခြင်း
✔️ တံခါး၊ ပြတင်းပေါက်များ ကပ်ခြင်း သို့မဟုတ် မပိတ်နိုင်ခြင်း
✔️ ပြုပြင်ထိန်းသိမ်းစရိတ် မြင့်တက်လာခြင်း

စသည့် ပြဿနာများကို ရင်ဆိုင်ရနိုင်ပါတယ်။

🏢 Soil Test တစ်ကြိမ် ပြုလုပ်ခြင်းက နောင်တွင် သိန်းရာ၊ သန်းရာချီသော ပြုပြင်စရိတ်များကို လျှော့ချပေးနိုင်ပါတယ်။

🔬 Soil, Water, Rebar နှင့် Concrete များ၏ အရည်အသွေးနှင့် စံချိန်စံညွှန်း ပြည့်မီမှုကိုလည်း ကျွန်ုပ်တို့၏ Laboratory တွင် ခေတ်မီစက်ကိရိယာများဖြင့် တိကျယုံကြည်စိတ်ချစွာ စမ်းသပ်စစ်ဆေးပေးလျက်ရှိပါသည်။

📩 အသေးစိတ် သိရှိလိုပါက Messenger မှတစ်ဆင့် အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

📞 ဆက်သွယ်မေးမြန်းရန် -

🏠 Federation of Myanmar Engineering Society, Hlaing University Campus, Hlaing Township, Yangon, Myanmar
☎️ 09 420 020 963, 09 257 592 744

🏠 No-136/137, Taung Htate Pann Street, Thuwana, Thingangyun Tsp, Yangon, Myanmar
☎️ 09 773 606 921, 09 687 944 083

#မြေသားစစ်ဆေးမှု

💧 Water Testing Serviceမိမိလုပ်ငန်းများအတွက် သောက်ရေ၊ သုံးရေ များ၏ အရည်အသွေးကို တိကျမှန်ကန်မှုရှိစေဖို့ စစ်ဆေးရန်လိုအပ်ပ...
31/07/2026

💧 Water Testing Service

မိမိလုပ်ငန်းများအတွက် သောက်ရေ၊ သုံးရေ များ၏ အရည်အသွေးကို တိကျမှန်ကန်မှုရှိစေဖို့ စစ်ဆေးရန်လိုအပ်ပါက Water Test အမျိုးအစားများစွာကို MES QC Lab တွင် ခေတ်မှီစက်ကြီးများဖြင့် တာဝန်ယူစမ်းသပ်ပေးနေပါပြီ. . .

📞 ဆက်သွယ်မေးမြန်းရန်

🏠 Federation of Myanmar Engineering Society, Hlaing University Campus, Hlaing Township, Yangon, Myanmar
☎️ 09 420 020 963, 09 257 592 744

🏠 No-136/137, Taung Htate Pann Street, Thuwana, Thingangyun Tsp, Yangon, Myanmar
☎️ 09 773 606 921, 09 687 944 083

🌕🪷 ဝါဆိုလပြည့်နေ့ ( ဓမ္မစကြာအခါတော်နေ့ )        " သန္ဓေ၊ တောထွက် ၊ ဓမ္မစက် "                မိန့်မြွက်သံချို လဝါဆို ယနေ့...
28/07/2026

🌕🪷 ဝါဆိုလပြည့်နေ့ ( ဓမ္မစကြာအခါတော်နေ့ )

" သန္ဓေ၊ တောထွက် ၊ ဓမ္မစက် "
မိန့်မြွက်သံချို လဝါဆို

ယနေ့ကျရောက်တဲ့ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့မှာ (၇)ရက်သား၊သမီီးအားလုံး ဘေးရန်ကင်းကွာပြီး ကောင်းကျိုးလိုရာမှန်သမျှပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ 🙏

#ဝါဆိုလပြည့်နေ့
#ဓမ္မစင်္ကြာအခါတော်နေ့

အရာရာစျေးတက်နေတဲ့အချိန် ပေးရတဲ့စျေးနဲ့ သံချောင်းအရည်အသွေးကောင်းမကောင်းသိနိုင်ဖို့ Rebar Testing Service! Quality Control...
24/07/2026

အရာရာစျေးတက်နေတဲ့အချိန် ပေးရတဲ့စျေးနဲ့ သံချောင်းအရည်အသွေးကောင်းမကောင်းသိနိုင်ဖို့ Rebar Testing Service!

Quality Control တွင် သံချောင်းအရည်အသွေး တိတိကျကျသိနိုင်ဖို့စစ်ဆေးနိုင်ပါတယ်နော်။

📞 ဆက်သွယ်မေးမြန်းရန်

🏠Federation of Myanmar Engineering Society, Hlaing University Campus, Hlaing Township, Yangon, Myanmar
☎️ 09 420 020 963, 09 257 592 744

🏠No-136/137, Taung Htate Pann Street, Thuwana, Thingangyun Tsp, Yangon, Myanmar
☎️ 09 773 606 921, 09 687 944 083

ငလျင်လှုပ်ရင် ကွေးသွားမလား၊ ဝုန်းခနဲ ကျိုးကျမလား?Rebar (သံချောင်း) ရဲ့ အရည်အသွေးကို စမ်းသပ်စစ်ဆေးပြီးပြီလား? 🏗️အဆောက်အဦး...
22/07/2026

ငလျင်လှုပ်ရင် ကွေးသွားမလား၊ ဝုန်းခနဲ ကျိုးကျမလား?
Rebar (သံချောင်း) ရဲ့ အရည်အသွေးကို စမ်းသပ်စစ်ဆေးပြီးပြီလား? 🏗️

အဆောက်အဦးတစ်ခုရဲ့ ဘေးကင်းလုံခြုံမှု (Safety) ဟာ ဒီဇိုင်းကောင်းရုံ၊ ကွန်ကရစ်ကောင်းရုံနဲ့ မလုံလောက်သေးပါဘူး။ အသုံးပြုထားတဲ့ Rebar (သံချောင်း) ရဲ့ အရည်အသွေးကလည်း အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုကို ထမ်းဆောင်နေပါတယ်။

အထူးသဖြင့် ငလျင်ဒဏ်၊ ဝန်အားနှင့် အချိန်ကြာလာသည်နှင့်အမျှ ဖြစ်ပေါ်လာနိုင်တဲ့ ဖိအားများကို ခံနိုင်ရည်ရှိဖို့ သံချောင်းရဲ့ Yield Strength, Tensile Strength နှင့် Ductility တို့ဟာ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီဖို့ လိုအပ်ပါတယ်။

Rebar Testing ပြုလုပ်ခြင်းက ဘာကြောင့် အရေးကြီးသလဲ?

✔ အဆောက်အဦး၏ ခံနိုင်ရည်ကို ယုံကြည်စိတ်ချနိုင်စေခြင်း

စံချိန်စံညွှန်းပြည့်မီတဲ့ သံချောင်းကို အသုံးပြုခြင်းက အဆောက်အဦးရဲ့ ဖွဲ့စည်းပုံကို ပိုမိုခိုင်မာစေပြီး အန္တရာယ်ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

✔ အက်ကြောင်းများနှင့် အရည်အသွေးဆိုင်ရာ ပြဿနာများကို လျှော့ချပေးခြင်း

Rebar ရဲ့ စက်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ ပြည့်မီတဲ့အခါ ကွန်ကရစ်ဖွဲ့စည်းပုံရဲ့ စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်စေပြီး ရေရှည်အသုံးပြုရာမှာ ပိုမိုစိတ်ချရစေပါတယ်။

✔ အချိန်နှင့် ကုန်ကျစရိတ်ကို သက်သာစေခြင်း

ဆောက်လုပ်ရေးလုပ်ငန်းစဉ် မစတင်မီ စမ်းသပ်စစ်ဆေးထားခြင်းက နောက်ပိုင်းတွင် ပြန်လည်ပြင်ဆင်ရနိုင်တဲ့ အန္တရာယ်များကို လျှော့ချပေးနိုင်ပြီး စီမံကိန်းကို ပိုမိုချောမွေ့စေပါတယ်။

🔬 Soil, Water, Rebar & Concrete Laboratory

သံချောင်းရဲ့ အချင်းအထူကိုသာ ကြည့်ပြီး မဆုံးဖြတ်လိုက်ပါနဲ့။

စံချိန်စံညွှန်းနှင့်အညီ Yield Strength, Tensile Strength, Elongation အပါအဝင် လိုအပ်သော စမ်းသပ်စစ်ဆေးမှုများကို တိကျမှန်ကန်စွာ ဆောင်ရွက်ပေးလျက်ရှိပါသည်။

အရည်အသွေးကို အခြေခံပြီး ယုံကြည်စိတ်ချရတဲ့ ဆောက်လုပ်ရေးအတွက် Rebar Testing ကို ကြိုတင်စစ်ဆေးလိုက်ပါ။

📞 အသေးစိတ်အချက်အလက်များအတွက် Page Chat Box သို့မဟုတ် ဖုန်းမှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ဆက်သွယ်မေးမြန်းလိုသူများအတွက် –

Hlaing (MES) –
☎️ 09 420 020 963, 09 257 592 744
🏢 Federation of Myanmar Engineering Society, Hlaing University Campus, Hlaing Tsp, Yangon.

Thuwana (Thingangyun) –
☎️ 09 773 606 921, 09 687 944 083
🏢 No-137, Taung Htate Pann Street, Thuwana, Thingangyun Tsp, Yangon.

#ဆောက်လုပ်ရေးဗဟုသုတ #သံချောင်းစမ်းသပ်ခြင်

18/07/2026

"𝟏𝟗 𝐉𝐮𝐥𝐲 မမေ့နိုင်"
မျက်ရည်သွန်လို့ ဘဝင်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး…

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ၊ (၁၉) ရက်နေ့၊ နံနက် (၁၀) နာရီ (၃၇) မိနစ် အချိန်တွင် ကျဆုံးသွားသော လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအားလုံးကို ရိုသေလေးစားစွာ ဦးညွှတ် ဂါရဝ ပြုအပ်ပါသည်။

#အာဇာနည်နေ့

Address

Federation Myanmar Engineering Society, Hlaing University Campus, Hlaing Township
Yangon

Alerts

Be the first to know and let us send you an email when Soil, Water, Rebar, Concrete Laboratory posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share