K M Construction

K M Construction Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from K M Construction, Engineering service, Insein, Ywama.

05/05/2025
26/03/2025
Pearl SiteFootings Concrete Casting Work
11/02/2025

Pearl Site
Footings Concrete Casting Work

K M Construction မှတာဝန်ယူတည်ဆောက်ပေးမည့်မင်္ဂလာဒုံမြို့နယ်(ပုလဲဆိုဒ်)Two Storeyed (Roof Slab)RCC Building မြေသန့် ပရိတ်...
10/02/2025

K M Construction မှ

တာဝန်ယူတည်ဆောက်ပေးမည့်

မင်္ဂလာဒုံမြို့နယ်(ပုလဲဆိုဒ်)

Two Storeyed (Roof Slab)

RCC Building မြေသန့် ပရိတ်တရားနာ

ကျောင်းပြီးအင်ဂျင်နီယာ (ဝန်ထမ်း) အစAMC /MDM
09/02/2025

ကျောင်းပြီး

အင်ဂျင်နီယာ (ဝန်ထမ်း) အစ

AMC /MDM

03/02/2025
မြောက်ဒဂုံ Beer Bar .Steel Structure Curved Roof Design.0942015090609254217510
31/01/2025

မြောက်ဒဂုံ Beer Bar .

Steel Structure Curved Roof Design.

09420150906
09254217510

အာစီတိုင် ၉ပတ်လည် ၁၀ပတ်လည်မှာ သံချောင်းဘယ်လောက်ထည့်ရမလဲ???။ဟုတ်ကဲ့။ အကြမ်းဖျင်းပြောရမည်ဆိုရင် အာစီတိုင်လို့ ပြောတာနဲ့ သံ...
31/01/2025

အာစီတိုင် ၉ပတ်လည် ၁၀ပတ်လည်မှာ သံချောင်းဘယ်လောက်ထည့်ရမလဲ???။

ဟုတ်ကဲ့။ အကြမ်းဖျင်းပြောရမည်ဆိုရင် အာစီတိုင်လို့ ပြောတာနဲ့ သံချောင်း ၄ ချောင်းတော့ ထည့်ပေးပါဗျ။

ACI တို့ ဘာတို့ရဲ့ စံသတ်မှတ်ချက်တွေအရတော့ ဖိအားဒဏ် compression ခံနိုင်ဖို့ တိုင်အရွယ်အစား ဧရိယာရဲ့ ၁% ကနေ ၈% အထိ သံချောင်းကို ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ ဥပမာ ၁၀လက်မပတ်လည် တိုင်တစ်တိုင်မှာ ၆မူး လေးချောင်း ထည့်မယ်ဆိုပါစို့။ လုံလောက်မှုရှိမရှိ စစ်ကြည့်ရအောင်။

ဆိုတော့ ကွန်ကရစ်ရဲ့ ဧရိယာ - ၁၀ လက်မ x ၁၀ လက် = ၁၀၀ စတုရန်းလက်မ

သံချောင်းဧရိယာက ခြောက်မူးရဲ့ မျက်နှာပြင်ဧရိယာက ၀.၃၁ စတုရန်းလက်မရှိပါတယ်။
လေးချာင်းဆိုတော့ = ၀.၃၁ x ၄ ချောင်း = ၁.၂၄ စတုရန်းလက်မ ရပါမယ်။

သူတို့နှစ်ခု၏ အချိုးကို တွက်ရင် = (သံချောင်းဧရိယာ)/(ကွန်ကရစ်ဧရိယာ) = ၁.၂၄ / ၁၀၀ = ၀.၀၁၂၄ ရပါမယ်။ ဆိုတော့ ရာခိုင်နှုန်းသိရဖို့ ၁၀၀ နှင့်မြှောက်ရင် = ၁.၂၄ ရာခိုင်နှုန်း ဖြစ်ပါတယ်။

ဒါကြောင့် ၁ နှင့် ၈ ရာခိုင်နှုန်းကြားမှာ ရှိရမယ်ဆိုတော့ အဆင်ပြေတယ်လို့ သတ်မှတ်လို့ရပေမယ့် တော်တော်လေးနည်းနေပါတယ်။ ၁ နှင့် ၈ ရာခိုင်နှုန်းကြားဆိုတော့ အနည်းဆုံးတော့ ၂ ရာခိုင်နှုန်းကနေ ၄ ရာခိုင်နှုန်းအထိ ရှိသင့်ပါတယ်။ ဧရိယာကို အရင်သတ်မှတ်ပြီး ကိုယ်အဆင်ပြေတဲ့ သံချောင်းအရွယ်အစားနဲ့ အရည်အတွက်ကိုလည်း ကစားလို့ရမှာဖြစ်ပါတယ်။

၈ ရာခိုင်နှုန်းထက် ပိုများရင်ကော ဘာဖြစ်မလဲဆရာရေ?????။

သေချာတာက‌တော့ မကုန်သင့်ပဲ ကုန်ကျမယ်။ သံချောင်းတွေ စိပ်လွန်းမယ် ကွန်ကရစ်သား နည်းသွားမယ် ကွန်ကရစ်ထမ်းရမည့်လုပ်ငန်းမှာ အားနည်းမယ် ခိုင်ခန့်မှုနည်းမယ်။ ဝန်သေပမာဏများတဲ့အတွက် နောက်ပိုင်းမှာ တိုင်တွေအနေနဲ့ Stress ဒဏ်ကို ခံနေရမှာ ဖြစ်ပါတယ်။

သံချောင်းပါတဲ့ မည်သည့်ကွန်ကရစ်လုပ်ငန်းတွင် မဆို သံချောင်းများတိုင်း ကောင်းတယ်ဆိုတဲ့ အယူအဆကြီးကိုလည်း ဖျောက်ပစ်ကြရမှာဖြစ်ပါတယ်။ သံချောင်းဆိုတာ ကွန်ကရစ်ကို ကူညီပေးတဲ့သူ ဖြစ်တဲ့အတွက် ကွန်ကရစ်ပမာဏထက် များနေလို့မရပါဘူး။ သူက အဓိကမဟုတ်ပါဘူး။ ကွန်ကရစ်ကအဓိကဖြစ်ပြီး ကွန်ကရစ်အနေနဲ့ အားနည်းတဲ့အပိုင်းကိုသာ သံချောင်းကိုထည့်ပြီး ကူပေးရတဲ့ အားကူသံချောင်းဖြစ်တဲ့အတွက် စနစ်တကျ ခွဲခြားသတ်မှတ်ပြီး လိုအပ်သလောက်သာ အသုံးပြုရမှာဖြသ်ပါတယ်။
Over Weight မဖြစ်စေဖို့လည်း အရေးကြီးတာဖြစ်ပါတယ်။

ကွန်ကရစ်လုပ်ငန်းတွင် သံချောင်းပမာဏသည် အဓိကမဟုတ်ပဲ ကွန်ကရစ်ရဲ့ ဘယ်အပိုင်း ဘယ်နေရာမှာ ထားရမယ်ဆိုတဲ့ နေရာချမှုကသာ အဓိကဖြစ်ပါတယ်။ ဥပမာ ကြမ်းခင်းတွေ အမိုးတွေမှာ ဘင့်ထုတ်တွေမှာ ကွန်ကရစ်သားရဲ့ဘယ်အပိုင်း Neutral Axis အပေါ်အောက် ထားသင့်တဲ့နေရာ ကွန်ကရစ်ကနေ အားနည်းတဲ့ ဆွဲဆန့်ဒဏ်ခံရမယ့်အပိုင်းမှာ ထည့်ရမှာဖြစ်ပါတယ်။

ငါးမူး လေးချောင်းပဲ သုံးထားတာ အဆင်ပေပါ့မလားဆရာ?????

ငါးမူးလေးချောင်းဆိုရင်တော့ = ၀.၂ x ၄ ချောင်း = ၀.၈ စတုရန်းလက်မ
သံချောင်းရာခိုင်နှုန်း = ၀.၅/၁၀၀ = ၀.၀၀၅ = ၀.၀၀၅ x ၁၀၀ = ၀.၅ ရာခိုင်နှုန်းဆိုတော့ လုံးဝအဆင်မပြေတာ တွေ့ရနိုင်ပါတယ်။

ဒါတွေကတော့ ဧရိယာအချိုးကနေ သံချောင်းပမာဏကို တွက်ချက်တဲ့ အလွယ်ဆုံးနည်းလမ်းဖြစ်ပါတယ်။ ခံနိုင်ရည်တွက်ချက်မှုတွေ အသေးစိတ်ဒီဇိုင်းလုပ်တာကတော့ အကောင်းဆုံးပဲဖြစ်ပါတယ်။

#ထန်ပီး(NYRDDC,MDY)

Address

Insein
Ywama

Alerts

Be the first to know and let us send you an email when K M Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to K M Construction:

Share