Selgal & Brothers Car Spare Parts Trading Center 09771210138

Selgal & Brothers Car Spare Parts Trading Center 09771210138 ကားလေးအောက်ပိုင်းပစ္စည်းနှင့် Efi ဆင်ဆာပစ္စည်းနဲ့ ပက်သက်လို့ကတော့ Selgal&brothers က welcomeပါ

23/07/2020
⛓⚙ S & B ဂျပန်ကျ ကားလေး ပစ္စည်း အမျိုးမျိုးအရောင်းဆိုင်မှ လူကြီးမင်းတို့ကားလေးတွေရဲ့ လိုအပ်ချက်များကို စိတ်တိုင်းကျ ရောင...
19/07/2020

⛓⚙ S & B ဂျပန်ကျ ကားလေး ပစ္စည်း အမျိုးမျိုးအရောင်းဆိုင်မှ လူကြီးမင်းတို့ကားလေးတွေရဲ့ လိုအပ်ချက်များကို စိတ်တိုင်းကျ ရောင်းချပေးနေပါပြီ ⚙⛓

ကားလေး အင်ဂျင်အောက်ပိုင်း အမျိုးမျိုး
အင်ဂျင်ဟတ်
အင်ဂျင်အပို ပစ္စည်း အမျိုးမျိုး
အောက်ခြမ်း
ပါဝါဂန်း
ကွန်ပျူတာဘောက်
ဆာဘို
အိတ်ဇော စင်ဆာ
ကွန်ပရက်ဆာ
ရှော့ဘား

Body show အမျိုးမျိုး
ရှေ့မီး နောက်မီး
ဘောနပ်
ရှဲ
ပါးချမ်း
တံခါး
အနောက်ဖုံး
ရှေ့နောက် ဘန်ဘာ
ရေတိုင်ကီ အပူကွိုင်
Airbag

တို့ကို စျေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးနေပါပြီ

နယ်များကိုလဲ ကားဂိတ်ထိ ပို့ပေးနေပါပြီ

Online အမြဲမသုံးဖစ်လို့ comment reply မလုပ်နိုင်တာခွင့်လွတ်ပေးပါခင်ဗျာ ❤❤

Ph - 09771210138 (viber)...
Ph - 09950800348 (viber)...

☎️ { Ph - 09..771210138} ☎️.09950800348ကားပစွည်းနှင့် ပတ်သတ်လျှင်    S&B မှာ စိတ်ချရပါတယ် phone (or) Viber ⬇ ဆက်သွယ်ပေးပ...
15/07/2020

☎️ { Ph - 09..771210138} ☎️.09950800348
ကားပစွည်းနှင့် ပတ်သတ်လျှင်
S&B မှာ စိတ်ချရပါတယ်

phone (or) Viber ⬇ ဆက်သွယ်ပေးပါ
📞Ph - 09771210138..09950800348

မိတ်ဆွေ
🚘🚘ကား ပစွည်း တွက်🚘🚘
စိတ်ပူစရာမလိုတော့ဘူး

အချိန်တိုအတွင်း တိကျ မှန်ကန်ပြီး
အာမခံချက်ရှိတဲ့ ဝန်ဆောင်မှုနဲ့ လူကြီးမင်းတို့
ကျေနပ်မှု အပြည့်အဝ ရရှိဖို့ အခုပဲ

🔸 Selgal & Brother.🔸
Car spare parts နှင့် ဆက်သွယ်လိုက်ပါ

လဲလှယ်သော ပစ္စည်းအမျိုးအစားပေါ်မူတည်၍
အာမခံ ကာလ ကို 1ပတ် 1လ
အာမခံ ဖြစ် ရောင်းချပေးနေပါသည်

နယ်မှ မိတ်ဆွေများလည်း မိမိကား အတွက် လိုအပ်သော ပစ္စည်းများ မှာယူနိုင်ပြီး ဖုန်းဖြင့် ဆက်သွယ်မေးမြန်းတိုင်ပင်ပါကလည်း အကောင်းဆုံး အကြံပြု ဆွေးနွေးပေးပါမည်

ဒီတော့ မိမိကားအတွက်
တွေဝေနေစရာ မလိုတော့ဘူးနော်
အခုပဲ ဒီနံပါတ်လေးတွေကို ဆက်သွယ်လိုက်ပါ

ကားအင်ဂျင်ဂီယာနှင့်ဆင်ဆာ ပစွည်းနှင့်အောက်ပိုင်းဆိုင်ရာအပိုပစ္စည်း အရောင်းဆိုင်

Spare Parts လေးတွေသိဖို့ Page ကို Like , Share, See first လေးလုပ်ထားပေးဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျ 🙏🙏🙏🥰

ဆိုင်ဖွင့်ချိန် 🕗မနက် ၉ နာရီ မှ ညနေ ၆ နာရီ🕕

အခန်း-42 ရုံ 13 ဘုရင့်နောင့်စျေး မရမ်းကုန်းမြို့နယ် .ရန်ကုန်

☎️ { Ph - 09..771210138} ☎️.09950800348

ကားပစွည်းနှင့် ပတ်သတ်လျှင်
S&B မှာ စိတ်ချရပါတယ်

လိုင်းပေါမှာအမြဲမရှိပါသဖြင့်
ဖုန်းဆက်ပေးပါရန်

06/07/2020

Zawgyi >>>

" အခ်ိန္တန္လွ်င္ အစားထုိး လဲလွယ္ေပးရေသာ ကားအစိတ္အပုိင္းမ်ား "
🚨🚨🚨🚨🚨

🔛 ကားပိုင္ရွင္အမ်ားစုသည္ ကားကို အသံုးခ်ေနေသာ္လည္း၊ ပံုမွန္ထိန္းသိမ္းျခင္းႏွင့္ ကားပ်က္၍ ျပဳျပင္ရျခင္းမ်ားအတြက္ ေငြေၾကးသံုးစြဲရာတြင္ လက္တြန္႔တတ္ၾကသည္။ ကားအေၾကာင္း၊ ကားသဘာ၀၊ ကားျပဳျပင္ထိန္းသိမ္းျခင္းမ်ားကို နားလည္သေဘာေပါက္ေသာ ကားပိုင္ရွင္မ်ားက ကုန္က်စရိတ္မ်ားကို လက္ခံႏိုင္ၾကေသာ္လည္း ကားအေၾကာင္း နားမလည္ေသာ ပိုင္ရွင္ႏွင့္ ယာဥ္ေမာင္းတို႔အၾကားတြင္ ကားျပဳျပင္ထိန္းသိမ္း စရိတ္သည္ စကားမ်ားမ်ားေျပာရေသာ ျပႆနာျဖစ္လာတတ္သည္။

🔧 ပံုမွန္ျပဳျပင္ထိန္းသိမ္းစရိတ္ႏွင့္ အခ်ိန္တန္လွ်င္ ပ်က္စီးတတ္ေသာ ကားအစိတ္အပိုင္းမ်ား ျပင္ဆင္စရိတ္မ်ားကို အကုန္အက်ခံရန္ ၿငိဳျငင္တတ္ၾကသည္။ ကားတစ္စီး လက္၀ယ္ထားလွ်င္ ျပင္ဆင္ထိန္းသိမ္းစရိတ္သည္ အသံုးျပဳရၿမဲျဖစ္သည္။ ကားေဟာင္း၊ ကားညံ့၀ယ္မိလွ်င္ မၾကာခဏ ကားပ်က္၍ အကုန္အက် ပိုမ်ားသည္။ ကားေကာင္း၀ယ္လွ်င္လည္း ပံုမွန္ျပဳျပင္ထိန္းသိမ္း စရိတ္ရွိသည္။ အခ်ိဳ႕ေသာ ကားပိုင္ရွင္မ်ားသည္ ပ်က္မွသာ ကားျပင္လိုၾကသည္။ ပံုမွန္ထိန္းသိမ္းရသည္ကို နားမလည္၍ အပိုကုန္က်သည္ဟု ျမင္ၾကသည္။

🔧 ကားတစ္စီးအား ပံုမွန္စစ္ေဆးထိန္သိမ္းျခင္း လုပ္မေပးပါက ပို၍ပ်က္စီးေစသည္။ ေဘးကင္းလံုၿခံဳမႈ တျဖည္းျဖည္း က်ဆင္းလာ၍ အႏၲရာယ္လည္း ျဖစ္ႏိုင္သည္။ ကားတစ္စီးတြင္ အစိတ္အပိုင္းေပါင္း မ်ားစြာျဖင့္ ဖြဲ႕စည္းတည္ေဆာက္ထားၿပီး စနစ္ (System) မ်ား ေပါင္းစပ္၍ လည္ပတ္အလုပ္လုပ္သည္။ အခ်ိန္တန္လွ်င္ ပြန္းစားပ်က္စီးတတ္သည္။ ပံုမွန္ျပဳျပင္ ထိန္းသိမ္းျခင္းမ်ားအျပင္ ပ်က္စီးခြၽတ္ယြင္းသြားေသာ အစိတ္အပိုင္းမ်ားကို အစားထိုးလဲလွယ္၍ ျပဳျပင္ေပးရသည္။ ကားအစိတ္အပိုင္း (Auto Parts) ပစၥည္းမ်ားသည္ သံုးစြဲႏိုင္ေသာ သက္တမ္းရွိသည္။ သက္တမ္းကုန္လွ်င္ ခြၽတ္ယြင္းပ်က္စီး လာတတ္သည္။

☑ (၁) ဆီစစ္၊ ေလစစ္မ်ား

🔧ကားတိုင္းတြင္ Air Filter ေခၚ ေလစစ္မ်ားသည္ အခ်ိန္တန္လွ်င္ လဲေပးရသည္။ ခရီးမိုင္ (၃၀,၀၀၀) မွ (၅၀,၀၀၀) အတြင္း သံုးၿပီးပါက ေလစစ္မ်ား လဲေပးသင့္သည္။ အင္ဂ်င္၀ိုင္ အသစ္လဲတိုင္းလည္း ဆီစစ္ (Oil Filter) ဘူးကို လဲေပးရမည္။ ခရီးမိုင္ ၃၀၀၀ မွ ၅၀၀၀ အတြင္းသြားၿပီးတိုင္း အင္ဂ်င္၀ိုင္ႏွင့္ ဆီစစ္ကို လဲေပးသင့္သည္။ ကားအမ်ိဳးအစားအလိုက္ သင့္ေလ်ာ္ေသာ အင္ဂ်င္၀ိုင္ အမ်ိဳးအစားကို ေရြးခ်ယ္သံုးစြဲသင့္သည္။

☑ (၂) ဘက္ထရီ

🔧ကားတစ္စီးတြင္ ဘက္ထရီသည္ အသက္ျဖစ္သည္။ ဘက္ထရီေကာင္းၿပီး၊ အားသြင္းစနစ္ မေကာင္းပါက ဘက္ထရီ အားမရွိဘဲ ျဖစ္တတ္သည္။ ဘက္ထရီ အားမေကာင္းလွ်င္ ကားစက္ႏႈိးရ ခက္ခဲတတ္သည္။ ကားဘက္ထရီတစ္လံုးသည္ ပံုမွန္ထိန္းသိမ္းေပးရန္ လိုအပ္သည္။ အရည္အေသြးအမ်ိဳးအစား ေကာင္းေသာ ကားဘက္ထရီတစ္လံုး၏ ပ်မ္းမွ်သက္တမ္းသည္ အမ်ားဆံုး (၃) ႏွစ္သာ အသံုးခံသည္။ AGM (Absorbant Glass Mat) ဂ်ယ္လီသံုးေသာ ဘက္ထရီအမ်ိဳးအစားသည္ ႐ိုး႐ိုးခဲ-အက္ဆစ္ဘက္ထရီ အမ်ိဳးအစားထက္ (၁) ႏွစ္ေက်ာ္ ပို၍အသံုးခံသည္။ Maintenance Free ဘက္ထရီမွလြဲ၍ ခဲ-အက္ဆစ္ ဘက္ထရီမ်ားသည္ ျပဳျပင္ထိန္းသိမ္းေပးရန္ လို အပ္ပါသည္။

☑ (၃) ဘရိတ္ရႈး (Brake Pad)

🔧ဘရိတ္႐ွဴးမ်ားသည္ အၿမဲပြတ္တိုက္ သံုးစြဲရေသာအရာျဖစ္၍ ပြန္းစားသြားႏိုင္သည္။ ကားအရြယ္အစား၊ အေလးခ်ိန္အေပၚ မူတည္၍ ဘရိတ္႐ွဴးသက္တမ္းသည္ မိုင္ ၃၀,၀၀၀ မွ မိုင္ ၇၀,၀၀၀ အထိ အသံုးခံသည္။ ကားေမာင္းႏွင္မႈစတိုင္ အေလ့အက်င့္အေပၚ မူတည္၍ ဘရိတ္ရွဴးသက္တမ္း ကြာျခားႏိုင္သည္။ ေရွ႕ဘီးမွ ဘရိတ္ရွဴးမ်ားသည္ ပို၍အကုန္ျမန္သည္။ ေခတ္ေပၚကားမ်ားမွ ဘရိတ္႐ွဴးလိုင္နာကို Semi-metallic လိုင္နာႏွင့္ Ceramic လိုင္နာ အမ်ိဳးအစားမ်ား အသံုးျပဳထား၍ သက္တမ္း ပို၍ၾကာရွည္ခံသည္။

☑ (၄) တာယာ (Tires)

🔧ကားတစ္စီး ေဘးကင္းလံုၿခံဳစြာ ေမာင္းႏွင္ႏုိင္ေရးအတြက္ တာယာဘီးမ်ားသည္ အေရးႀကီးဆံုးျဖစ္သည္။ တာယာဘီးမ်ား ၾကာရွည္အသံုးခံရန္ ပံုမွန္ျပဳျပင္ထိန္းသိမ္းေရး ေဆာင္ရြက္ေပးမွျဖစ္မည္။ ကားေအာက္ပုိင္း Suspension စနစ္ႏွင့္ စတီယာရင္စနစ္မ်ား ေကာင္းပါမွ တာယာမ်ား အသံုးခံမည္။ တာယာဘီး အလိုင္းမန္႔ ပံုမွန္ခ်ိန္ေပးရသည္။ ေလေပါင္ဖိအား မွန္ရမည္။ တာယာမ်ားကို ေရွ႕-ေနာက္၊ ဘယ္-ညာလွည့္၍ သံုးေပးရသည္။ တာယာ ထိန္းသိမ္းမႈေကာင္းၿပီး အရည္အေသြးေကာင္း နာမည္ရေသာ တာယာမ်ားသည္ မုိင္ ၆၀,၀၀၀မွ မုိင္ ၈၀,၀၀၀ အထိ အသံုးခံပါသည္။

☑ (၅) ကလပ္ (Clutch)

🔧Manual Gear သံုးေသာကားမ်ားတြင္ ကလပ္အဖြဲ႕အစည္းသည္ အမ်ားဆံုး အလုပ္လုပ္ရ၍ ပြန္းစားပ်က္စီးမႈ ရွိသည္။ ကလပ္ပလိတ္ျပား တစ္ခ်ပ္သည္ မိုင္(၇၀,၀၀၀) ေက်ာ္အထိ အသံုးခံပါသည္။ ကားေမာင္းၾကမ္းေသာ အေလ့အထရွိေသာ ဘတ္စ္ကားမ်ားႏွင့္ ကုန္တင္ထရပ္ကားမ်ားတြင္ ကလပ္ပလိတ္သက္တမ္း ၾကာရွည္မခံပါ။

☑ (၆) တုိင္မင္ဘတ္လ္ႀကိဳး (Timing Belt)

🔧OHC (Over Head Cam) အင္ဂ်င္မ်ားတြင္ ရာဘာတုိင္မင္ Belt ႀကိဳးျပတ္ပါက အင္ဂ်င္ပ်က္စီးတတ္သည္။ သက္တမ္းမကုန္မီ ႀကိဳတင္လဲေပးရေသာ ကားအစိတ္အပိုင္း ပစၥည္းျဖစ္သည္။ ရာဘာႏွင့္ ျပဳလုပ္ထားေသာ တိုင္မင္ Belt ႀကိဳးသည္ အမဲဆီ၊ အင္ဂ်င္၀ိုင္၊ ဒီဇယ္ဆီစေသာ ေရနံအေျခခံပစၥည္းမ်ားကို ေၾကာက္ပါသည္။ ၀ုိင္းဆီးမေကာင္း၍ ဆီယိုေနလွ်င္ Timing Belt ႀကိဳးကို ထိခိုက္ၿပီး သက္တမ္းမေစ့မီ ျပတ္ထြက္တတ္သည္။ Belt ႀကိဳးတစ္ေခ်ာင္း၏ သက္တမ္းသည္ မိုင္ ၆၀,၀၀၀ (သို႔မဟုတ္) ကီလိုမီတာ ၁၀၀,၀၀၀ အထိ ရွိသည္။

☑ (၇) ဆီပန္႔ (Fuel Pump)

🔧ဓာတ္ဆီအင္ဂ်င္သံုးကားတစ္စီးတြင္ Fuel Pump ေကာင္းမွ (Fuel System) ဆီပို႔စနစ္ေကာင္းမည္။ ေခတ္ေပၚကားမ်ားတြင္ EFI စနစ္ျဖစ္၍ Fuel Pump အေရးႀကီးသည္။ Fuel Pump တစ္လံုး၏ သက္တမ္းသည္ မိုင္ ၆၀,၀၀၀ ေက်ာ္ အသံုးခံသည္။

☑ (၈) ဂတ္စ္ကတ္ (Gasket)

🔧ကားအင္ဂ်င္တစ္လံုးတြင္ Gasket မ်ိဳးစံုသံုးသည္။ အဓိကအားျဖင့္ Intake Manifold, Exhaust Manifold ႏွင့္ အင္ဂ်င္ Head တို႔ တပ္ဆင္ရာတြင္ ဂတ္စ္ကတ္ကိုသံုးရသည္။ ရာဘာဂတ္စ္ကတ္မ်ားလည္းရွိသည္။ ဂတ္စ္ကတ္အားလံုးထဲတြင္ အင္ဂ်င္ Head Gasket သည္ အေရးအႀကီးဆံုး ျဖစ္သည္။ အေၾကာင္းမ်ိဳးမ်ိဳးေၾကာင့္ ေရတိုင္ကီေရဆူၿပီး အင္ဂ်င္အပူခ်ိန္ လြန္ကဲလွ်င္ ဂတ္စ္ကတ္ ျပတ္တတ္သည္။ ဂတ္စ္ကတ္ျပတ္ပါက ေရလိုင္း၊ ဆီလိုင္းမ်ား ေရာေႏွာသြားၿပီး အင္ဂ်င္ကို ပ်က္စီးေစသည္။ အရည္အေသြးေကာင္းေသာ Gasket တစ္ခ်ပ္၏ သက္တမ္းသည္ မိုင္ ၆၀,၀၀၀ မွ မုိင္ ၇၀,၀၀၀အထိ အသံုးခံသည္။ အင္ဂ်င္အေအးခံစနစ္ကို ဂ႐ုစိုက္လွ်င္ ဂတ္စ္ကတ္ျပတ္ေသာျပႆနာ ကင္းေ၀းၿပီး ၾကာရွည္အသံုးခံမည္။

☑ (၉) ေရလည္အံု (Water Pump)

🔧အင္ဂ်င္အေအးခံစနစ္တြင္ အဓိကက်ေသာအရာမွာ ေရလည္အံုျဖစ္သည္။ အေအးခံစနစ္အတြင္း အရည္မ်ား လည္ပတ္ေစရန္၊ ေရလည္အံုပန္႔က လွည့္ေပးရသည္။ Water Pump တြင္ ၀ိုင္းဆီးႏွင့္ Ball Bearing အထိုင္သည္ အေရးႀကီးသည္။ Pump သံုးစြဲမႈသက္တမ္းၾကာလာလွ်င္ ၀ိုင္းဆီးေပါက္ၿပီး ၎ေနရာမွ အေအးခံရည္မ်ား ယိုစိမ့္ထြက္မည္။ အေအးခံစနစ္တြင္ ေရယိုစိမ့္ေနျခင္းသည္ ေရတိုင္ကီ ေရဆူႏုိင္ေသာ ျပႆနာအရင္းအျမစ္ ျဖစ္သည္။

🔧(Water Pump) ေရလည္အံုတစ္လံုးသည္ မုိင္ ၇၀,၀၀၀ မွ မိုင္ ၁၀၀,၀၀၀ ေက်ာ္အထိ အသံုးခံပါသည္။ Water Pump မွ ေရယိုစိမ့္ေသာ လကၡဏာျပလွ်င္ ေဘာလ္ထိုင္ႏွင့္ ၀ိုင္းဆီးမေကာင္းေတာ့သည့္ လကၡဏာျဖစ္သည္။ အခ်ိဳ႕ေသာကားဆရာမ်ားက ေရလည္အံုကို ျပန္ျပင္၍သံုးၾကသည္။ အေကာင္းဆံုးမွာ ေရလည္အံု အသစ္တစ္လံုး လဲေပးျခင္း ျဖစ္ပါသည္။

☑ (၁၀) Spark Plugs

🔧အင္ဂ်င္မီးေပးစနစ္ (Ignition System) တြင္ Plug မ်ားသည္ အဓိက တာ၀န္ထမ္းေဆာင္ရေသာ အစိတ္အပုိင္းျဖစ္သည္။ ပလပ္မေကာင္းလွ်င္ အင္ဂ်င္စက္သံ မမွန္ေတာ့ဘဲ ဆီစားမ်ားမည္။ ပလပ္မ်ားကို စစ္ေဆးျခင္း၊ ေဆးေၾကာျခင္း လုပ္ေပးရသည္။ EFI စနစ္သံုးေသာ ကားအင္ဂ်င္မ်ားတြင္ ပလပ္အမ်ိဳးအစား ေကာင္းေကာင္းသံုးဖုိ႔ လုိပါသည္။ ပလပ္တီနမ္ပလပ္မ်ားသည္ ေစ်းႏႈန္းႀကီးေသာ္လည္း မုိင္ ၁၀၀,၀၀၀ အထိ အသံုးခံသည္။ အရည္အေသြးညံ့ေသာ ဓာတ္ဆီမ်ားသည္ ပလပ္သက္တမ္းကို တုိေစသည္။ မူလေအာ္ရီဂ်င္နယ္ပါလာေသာ ပလပ္အမ်ိဳးအစားသည္ အေကာင္းဆံုးျဖစ္၍ ေနာက္ထပ္လဲလွ်င္လည္း ေအာ္ရီဂ်င္နယ္ပစၥည္းကိုသာ သံုးသင့္သည္။

🔛 ကားတစ္စီးတြင္ ပံုမွန္သက္တမ္းအတုိင္း လဲလွယ္ေပးရေသာ ပစၥည္းအစိတ္အပုိင္း (Auto Parts) မ်ားသည္ ယာဥ္ပုိင္ရွင္၊ ယာဥ္ေမာင္းဆရာတုိ႔၏ ဂ႐ုစုိက္ထိန္းသိမ္းျခင္းေပၚ၌ မူတည္ပါသည္။ အခ်ိဳ႕ေသာပစၥည္းမ်ား ၾကာၾကာအသံုးမခံျခင္းမွာ အရည္အေသြးျပႆနာေၾကာင့္လည္း ျဖစ္ႏုိင္သည္။

🔛 ကားတစ္စီးသည္ အသစ္ျဖစ္ေစကာမူ ပံုမွန္ထိန္းသိမ္းျခင္း (Maintenance Service) ေဆာင္ရြက္ေပးရသည္။ Used Car မ်ားသည္လည္း ပို၍ဂ႐ုစုိက္ျပဳျပင္ရသည္။ ပံုမွန္ Maintenance ျပဳျခင္းအျပင္ သက္တမ္းေစ့၍ ပစၥည္းလဲလွယ္ ျပဳျပင္ရေသာ စရိတ္မ်ားလည္းရွိသည္။ ျပဳျပင္ထိန္းသိမ္းျခင္းသည္ သင့္ကားကုိ သက္တမ္းၾကာရွည္ေစ႐ံုသာမက အၿမဲတမ္း အဆင္သင့္ေကာင္းမြန္ေနေသာ အေျခအေနကို ထိန္းသိမ္းထားျခင္းလည္း ျဖစ္သည္။ ေဘးကင္းလံုၿခံဳစိတ္ခ်ရေသာ ကားတစ္စီး ျဖစ္ေနေစရန္အတြက္လည္း ေဆာင္ရြက္ျခင္းျဖစ္သည္။
🚘🚘🚘🚘🚘
================================================
ျပန္လည္မ်ွေဝျခင္း ျဖစ္ပါသည္
By 👉 ကား-Car အေျကာင္းစုံ

Credit》》original uploader

Unicode >>>

" အချိန်တန်လျှင် အစားထိုး လဲလှယ်ပေးရသော ကားအစိတ်အပိုင်းများ "
🚨🚨🚨🚨🚨

🔛 ကားပိုင်ရှင်အများစုသည် ကားကို အသုံးချနေသော်လည်း၊ ပုံမှန်ထိန်းသိမ်းခြင်းနှင့် ကားပျက်၍ ပြုပြင်ရခြင်းများအတွက် ငွေကြေးသုံးစွဲရာတွင် လက်တွန့်တတ်ကြသည်။ ကားအကြောင်း၊ ကားသဘာဝ၊ ကားပြုပြင်ထိန်းသိမ်းခြင်းများကို နားလည်သဘောပေါက်သော ကားပိုင်ရှင်များက ကုန်ကျစရိတ်များကို လက်ခံနိုင်ကြသော်လည်း ကားအကြောင်း နားမလည်သော ပိုင်ရှင်နှင့် ယာဉ်မောင်းတို့အကြားတွင် ကားပြုပြင်ထိန်းသိမ်း စရိတ်သည် စကားများများပြောရသော ပြဿနာဖြစ်လာတတ်သည်။

🔧 ပုံမှန်ပြုပြင်ထိန်းသိမ်းစရိတ်နှင့် အချိန်တန်လျှင် ပျက်စီးတတ်သော ကားအစိတ်အပိုင်းများ ပြင်ဆင်စရိတ်များကို အကုန်အကျခံရန် ငြိုငြင်တတ်ကြသည်။ ကားတစ်စီး လက်ဝယ်ထားလျှင် ပြင်ဆင်ထိန်းသိမ်းစရိတ်သည် အသုံးပြုရမြဲဖြစ်သည်။ ကားဟောင်း၊ ကားညံ့ဝယ်မိလျှင် မကြာခဏ ကားပျက်၍ အကုန်အကျ ပိုများသည်။ ကားကောင်းဝယ်လျှင်လည်း ပုံမှန်ပြုပြင်ထိန်းသိမ်း စရိတ်ရှိသည်။ အချို့သော ကားပိုင်ရှင်များသည် ပျက်မှသာ ကားပြင်လိုကြသည်။ ပုံမှန်ထိန်းသိမ်းရသည်ကို နားမလည်၍ အပိုကုန်ကျသည်ဟု မြင်ကြသည်။

🔧 ကားတစ်စီးအား ပုံမှန်စစ်ဆေးထိန်သိမ်းခြင်း လုပ်မပေးပါက ပို၍ပျက်စီးစေသည်။ ဘေးကင်းလုံခြုံမှု တဖြည်းဖြည်း ကျဆင်းလာ၍ အန္တရာယ်လည်း ဖြစ်နိုင်သည်။ ကားတစ်စီးတွင် အစိတ်အပိုင်းပေါင်း များစွာဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး စနစ် (System) များ ပေါင်းစပ်၍ လည်ပတ်အလုပ်လုပ်သည်။ အချိန်တန်လျှင် ပွန်းစားပျက်စီးတတ်သည်။ ပုံမှန်ပြုပြင် ထိန်းသိမ်းခြင်းများအပြင် ပျက်စီးချွတ်ယွင်းသွားသော အစိတ်အပိုင်းများကို အစားထိုးလဲလှယ်၍ ပြုပြင်ပေးရသည်။ ကားအစိတ်အပိုင်း (Auto Parts) ပစ္စည်းများသည် သုံးစွဲနိုင်သော သက်တမ်းရှိသည်။ သက်တမ်းကုန်လျှင် ချွတ်ယွင်းပျက်စီး လာတတ်သည်။

☑ (၁) ဆီစစ်၊ လေစစ်များ

🔧ကားတိုင်းတွင် Air Filter ခေါ် လေစစ်များသည် အချိန်တန်လျှင် လဲပေးရသည်။ ခရီးမိုင် (၃၀,၀၀၀) မှ (၅၀,၀၀၀) အတွင်း သုံးပြီးပါက လေစစ်များ လဲပေးသင့်သည်။ အင်ဂျင်ဝိုင် အသစ်လဲတိုင်းလည်း ဆီစစ် (Oil Filter) ဘူးကို လဲပေးရမည်။ ခရီးမိုင် ၃၀၀၀ မှ ၅၀၀၀ အတွင်းသွားပြီးတိုင်း အင်ဂျင်ဝိုင်နှင့် ဆီစစ်ကို လဲပေးသင့်သည်။ ကားအမျိုးအစားအလိုက် သင့်လျော်သော အင်ဂျင်ဝိုင် အမျိုးအစားကို ရွေးချယ်သုံးစွဲသင့်သည်။

☑ (၂) ဘက်ထရီ

🔧ကားတစ်စီးတွင် ဘက်ထရီသည် အသက်ဖြစ်သည်။ ဘက်ထရီကောင်းပြီး၊ အားသွင်းစနစ် မကောင်းပါက ဘက်ထရီ အားမရှိဘဲ ဖြစ်တတ်သည်။ ဘက်ထရီ အားမကောင်းလျှင် ကားစက်နှိုးရ ခက်ခဲတတ်သည်။ ကားဘက်ထရီတစ်လုံးသည် ပုံမှန်ထိန်းသိမ်းပေးရန် လိုအပ်သည်။ အရည်အသွေးအမျိုးအစား ကောင်းသော ကားဘက်ထရီတစ်လုံး၏ ပျမ်းမျှသက်တမ်းသည် အများဆုံး (၃) နှစ်သာ အသုံးခံသည်။ AGM (Absorbant Glass Mat) ဂျယ်လီသုံးသော ဘက်ထရီအမျိုးအစားသည် ရိုးရိုးခဲ-အက်ဆစ်ဘက်ထရီ အမျိုးအစားထက် (၁) နှစ်ကျော် ပို၍အသုံးခံသည်။ Maintenance Free ဘက်ထရီမှလွဲ၍ ခဲ-အက်ဆစ် ဘက်ထရီများသည် ပြုပြင်ထိန်းသိမ်းပေးရန် လို အပ်ပါသည်။

☑ (၃) ဘရိတ်ရှုး (Brake Pad)

🔧ဘရိတ်ရှူးများသည် အမြဲပွတ်တိုက် သုံးစွဲရသောအရာဖြစ်၍ ပွန်းစားသွားနိုင်သည်။ ကားအရွယ်အစား၊ အလေးချိန်အပေါ် မူတည်၍ ဘရိတ်ရှူးသက်တမ်းသည် မိုင် ၃၀,၀၀၀ မှ မိုင် ၇၀,၀၀၀ အထိ အသုံးခံသည်။ ကားမောင်းနှင်မှုစတိုင် အလေ့အကျင့်အပေါ် မူတည်၍ ဘရိတ်ရှူးသက်တမ်း ကွာခြားနိုင်သည်။ ရှေ့ဘီးမှ ဘရိတ်ရှူးများသည် ပို၍အကုန်မြန်သည်။ ခေတ်ပေါ်ကားများမှ ဘရိတ်ရှူးလိုင်နာကို Semi-metallic လိုင်နာနှင့် Ceramic လိုင်နာ အမျိုးအစားများ အသုံးပြုထား၍ သက်တမ်း ပို၍ကြာရှည်ခံသည်။

☑ (၄) တာယာ (Tires)

🔧ကားတစ်စီး ဘေးကင်းလုံခြုံစွာ မောင်းနှင်နိုင်ရေးအတွက် တာယာဘီးများသည် အရေးကြီးဆုံးဖြစ်သည်။ တာယာဘီးများ ကြာရှည်အသုံးခံရန် ပုံမှန်ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ပေးမှဖြစ်မည်။ ကားအောက်ပိုင်း Suspension စနစ်နှင့် စတီယာရင်စနစ်များ ကောင်းပါမှ တာယာများ အသုံးခံမည်။ တာယာဘီး အလိုင်းမန့် ပုံမှန်ချိန်ပေးရသည်။ လေပေါင်ဖိအား မှန်ရမည်။ တာယာများကို ရှေ့-နောက်၊ ဘယ်-ညာလှည့်၍ သုံးပေးရသည်။ တာယာ ထိန်းသိမ်းမှုကောင်းပြီး အရည်အသွေးကောင်း နာမည်ရသော တာယာများသည် မိုင် ၆၀,၀၀၀မှ မိုင် ၈၀,၀၀၀ အထိ အသုံးခံပါသည်။

☑ (၅) ကလပ် (Clutch)

🔧Manual Gear သုံးသောကားများတွင် ကလပ်အဖွဲ့အစည်းသည် အများဆုံး အလုပ်လုပ်ရ၍ ပွန်းစားပျက်စီးမှု ရှိသည်။ ကလပ်ပလိတ်ပြား တစ်ချပ်သည် မိုင်(၇၀,၀၀၀) ကျော်အထိ အသုံးခံပါသည်။ ကားမောင်းကြမ်းသော အလေ့အထရှိသော ဘတ်စ်ကားများနှင့် ကုန်တင်ထရပ်ကားများတွင် ကလပ်ပလိတ်သက်တမ်း ကြာရှည်မခံပါ။

☑ (၆) တိုင်မင်ဘတ်လ်ကြိုး (Timing Belt)

🔧OHC (Over Head Cam) အင်ဂျင်များတွင် ရာဘာတိုင်မင် Belt ကြိုးပြတ်ပါက အင်ဂျင်ပျက်စီးတတ်သည်။ သက်တမ်းမကုန်မီ ကြိုတင်လဲပေးရသော ကားအစိတ်အပိုင်း ပစ္စည်းဖြစ်သည်။ ရာဘာနှင့် ပြုလုပ်ထားသော တိုင်မင် Belt ကြိုးသည် အမဲဆီ၊ အင်ဂျင်ဝိုင်၊ ဒီဇယ်ဆီစသော ရေနံအခြေခံပစ္စည်းများကို ကြောက်ပါသည်။ ၀ိုင်းဆီးမကောင်း၍ ဆီယိုနေလျှင် Timing Belt ကြိုးကို ထိခိုက်ပြီး သက်တမ်းမစေ့မီ ပြတ်ထွက်တတ်သည်။ Belt ကြိုးတစ်ချောင်း၏ သက်တမ်းသည် မိုင် ၆၀,၀၀၀ (သို့မဟုတ်) ကီလိုမီတာ ၁၀၀,၀၀၀ အထိ ရှိသည်။

☑ (၇) ဆီပန့် (Fuel Pump)

🔧ဓာတ်ဆီအင်ဂျင်သုံးကားတစ်စီးတွင် Fuel Pump ကောင်းမှ (Fuel System) ဆီပို့စနစ်ကောင်းမည်။ ခေတ်ပေါ်ကားများတွင် EFI စနစ်ဖြစ်၍ Fuel Pump အရေးကြီးသည်။ Fuel Pump တစ်လုံး၏ သက်တမ်းသည် မိုင် ၆၀,၀၀၀ ကျော် အသုံးခံသည်။

☑ (၈) ဂတ်စ်ကတ် (Gasket)

🔧ကားအင်ဂျင်တစ်လုံးတွင် Gasket မျိုးစုံသုံးသည်။ အဓိကအားဖြင့် Intake Manifold, Exhaust Manifold နှင့် အင်ဂျင် Head တို့ တပ်ဆင်ရာတွင် ဂတ်စ်ကတ်ကိုသုံးရသည်။ ရာဘာဂတ်စ်ကတ်များလည်းရှိသည်။ ဂတ်စ်ကတ်အားလုံးထဲတွင် အင်ဂျင် Head Gasket သည် အရေးအကြီးဆုံး ဖြစ်သည်။ အကြောင်းမျိုးမျိုးကြောင့် ရေတိုင်ကီရေဆူပြီး အင်ဂျင်အပူချိန် လွန်ကဲလျှင် ဂတ်စ်ကတ် ပြတ်တတ်သည်။ ဂတ်စ်ကတ်ပြတ်ပါက ရေလိုင်း၊ ဆီလိုင်းများ ရောနှောသွားပြီး အင်ဂျင်ကို ပျက်စီးစေသည်။ အရည်အသွေးကောင်းသော Gasket တစ်ချပ်၏ သက်တမ်းသည် မိုင် ၆၀,၀၀၀ မှ မိုင် ၇၀,၀၀၀အထိ အသုံးခံသည်။ အင်ဂျင်အအေးခံစနစ်ကို ဂရုစိုက်လျှင် ဂတ်စ်ကတ်ပြတ်သောပြဿနာ ကင်းဝေးပြီး ကြာရှည်အသုံးခံမည်။

☑ (၉) ရေလည်အုံ (Water Pump)

🔧အင်ဂျင်အအေးခံစနစ်တွင် အဓိကကျသောအရာမှာ ရေလည်အုံဖြစ်သည်။ အအေးခံစနစ်အတွင်း အရည်များ လည်ပတ်စေရန်၊ ရေလည်အုံပန့်က လှည့်ပေးရသည်။ Water Pump တွင် ၀ိုင်းဆီးနှင့် Ball Bearing အထိုင်သည် အရေးကြီးသည်။ Pump သုံးစွဲမှုသက်တမ်းကြာလာလျှင် ၀ိုင်းဆီးပေါက်ပြီး ၎င်းနေရာမှ အအေးခံရည်များ ယိုစိမ့်ထွက်မည်။ အအေးခံစနစ်တွင် ရေယိုစိမ့်နေခြင်းသည် ရေတိုင်ကီ ရေဆူနိုင်သော ပြဿနာအရင်းအမြစ် ဖြစ်သည်။

🔧(Water Pump) ရေလည်အုံတစ်လုံးသည် မိုင် ၇၀,၀၀၀ မှ မိုင် ၁၀၀,၀၀၀ ကျော်အထိ အသုံးခံပါသည်။ Water Pump မှ ရေယိုစိမ့်သော လက္ခဏာပြလျှင် ဘောလ်ထိုင်နှင့် ၀ိုင်းဆီးမကောင်းတော့သည့် လက္ခဏာဖြစ်သည်။ အချို့သောကားဆရာများက ရေလည်အုံကို ပြန်ပြင်၍သုံးကြသည်။ အကောင်းဆုံးမှာ ရေလည်အုံ အသစ်တစ်လုံး လဲပေးခြင်း ဖြစ်ပါသည်။

☑ (၁၀) Spark Plugs

🔧အင်ဂျင်မီးပေးစနစ် (Ignition System) တွင် Plug များသည် အဓိက တာဝန်ထမ်းဆောင်ရသော အစိတ်အပိုင်းဖြစ်သည်။ ပလပ်မကောင်းလျှင် အင်ဂျင်စက်သံ မမှန်တော့ဘဲ ဆီစားများမည်။ ပလပ်များကို စစ်ဆေးခြင်း၊ ဆေးကြောခြင်း လုပ်ပေးရသည်။ EFI စနစ်သုံးသော ကားအင်ဂျင်များတွင် ပလပ်အမျိုးအစား ကောင်းကောင်းသုံးဖို့ လိုပါသည်။ ပလပ်တီနမ်ပလပ်များသည် ဈေးနှုန်းကြီးသော်လည်း မိုင် ၁၀၀,၀၀၀ အထိ အသုံးခံသည်။ အရည်အသွေးညံ့သော ဓာတ်ဆီများသည် ပလပ်သက်တမ်းကို တိုစေသည်။ မူလအော်ရီဂျင်နယ်ပါလာသော ပလပ်အမျိုးအစားသည် အကောင်းဆုံးဖြစ်၍ နောက်ထပ်လဲလျှင်လည်း အော်ရီဂျင်နယ်ပစ္စည်းကိုသာ သုံးသင့်သည်။

🔛 ကားတစ်စီးတွင် ပုံမှန်သက်တမ်းအတိုင်း လဲလှယ်ပေးရသော ပစ္စည်းအစိတ်အပိုင်း (Auto Parts) များသည် ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းဆရာတို့၏ ဂရုစိုက်ထိန်းသိမ်းခြင်းပေါ်၌ မူတည်ပါသည်။ အချို့သောပစ္စည်းများ ကြာကြာအသုံးမခံခြင်းမှာ အရည်အသွေးပြဿနာကြောင့်လည်း ဖြစ်နိုင်သည်။

🔛 ကားတစ်စီးသည် အသစ်ဖြစ်စေကာမူ ပုံမှန်ထိန်းသိမ်းခြင်း (Maintenance Service) ဆောင်ရွက်ပေးရသည်။ Used Car များသည်လည်း ပို၍ဂရုစိုက်ပြုပြင်ရသည်။ ပုံမှန် Maintenance ပြုခြင်းအပြင် သက်တမ်းစေ့၍ ပစ္စည်းလဲလှယ် ပြုပြင်ရသော စရိတ်များလည်းရှိသည်။ ပြုပြင်ထိန်းသိမ်းခြင်းသည် သင့်ကားကို သက်တမ်းကြာရှည်စေရုံသာမက အမြဲတမ်း အဆင်သင့်ကောင်းမွန်နေသော အခြေအနေကို ထိန်းသိမ်းထားခြင်းလည်း ဖြစ်သည်။ ဘေးကင်းလုံခြုံစိတ်ချရသော ကားတစ်စီး ဖြစ်နေစေရန်အတွက်လည်း ဆောင်ရွက်ခြင်းဖြစ်သည်။
🚘🚘🚘🚘🚘
================================================
ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်
By 👉 ကား-Car အကြောင်းစုံ

Credit》》original uploader

Address

Room 13/42 Bayintnaung Market
Yangon
143

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

959771210138

Website

Alerts

Be the first to know and let us send you an email when Selgal & Brothers Car Spare Parts Trading Center 09771210138 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share