05/10/2026
🏗️ Crane ငှားတဲ့အခါ “ဈေးသက်သာတာ” ကိုပဲ မရွေးပါနဲ့ — Safety ဘေးကင်းရေးကိုပါ ရွေးပါ။
ကရိန်း အဌားလုပ်ငန်းမှာ တချို့က—
“ Boom Lift က သယ်ယူပို့ဆောင်ခ ပိုကုန်မယ်”
“မူရင်း Man Basket ( လူ တင်ခြင်း) ပါတဲ့ Platform Truck ( ပလက်ဖောင်း ထရက်)က ငှားခပိုကြီးတယ်”
“အဲဒါတွေ မလိုပါဘူး။ ကျွန်တော်တို့ Truck Mounted Crane ( ကားကရိန်း) နဲ့ အလုပ်လုပ်ပေးမယ်။ ဈေးလည်းသက်သာတယ်”
ဆိုပြီး ကြော်ငြာတတ်ကြပါတယ်။
ကာစတမ်မာ ဘက်ကလည်း
“အလုပ်တူတူပဲ၊ ဈေးသက်သာတာယူမယ်”
ဆိုပြီး ရွေးချယ်မိနိုင်ပါတယ်။
ဒါပေမယ့် မေးသင့်တာက—
“ဈေးသက်သာတာက ဘာကို သက်သာတာလဲ?”
Transport Cost သယ်ပို့ခ စရိတ်သက်သာတာလား?
Rental Cost ဌားခ သက်သာတာလား?
ဒါမှမဟုတ် Safety Equipment (ဘေးကင်းရေး အထောက်ကူပြုပစ္စည်း) နဲ့ Safety Control (ဘေးကင်းရေး ထိန်းချုပ်မှု )တွေကို လျှော့သုံးထားလို့ သက်သာတာလား?
ဒီနှစ်ခုက အရမ်းကွာပါတယ်။
⚠️ ဥပမာတစ်ခု
Boom Lift လို လူတက်အလုပ်လုပ်ဖို့ ဒီဇိုင်းလုပ်ထားတဲ့ Equipment စက်ကို သုံးရင် သယ်ယူပို့ဆောင်စရိတ် ပိုကုန်နိုင်ပါတယ်။
မူရင်း Personnel Platform / Man Basket (လူတင် ပလက်ဖောင်း/ ခြင်း) ပါပြီး လူတင်ဖို့ သင့်တော်တဲ့ Equipment စက်ကို ငှားရင်လည်း ငှားရမ်းခ ပိုမြင့်နိုင်ပါတယ်။
ဒါပေမယ့် အဲဒီအစား—
Truck mounted crane ကားကရိန်း → ဘွန်း ထိပ် → ကိုယ်တိုင်ပြုပြင်တပ်ဆင်ထားတဲ့ ခြင်းနဲ့ → လူ ကို တင်ပို့
ဆိုတဲ့ နည်းလမ်းကို—
“ဈေးသက်သာတယ်၊ အလုပ်လည်းပြီးတယ်”
ဆိုပြီး ကာစတမ်မာ ကို ဆွဲဆောင်ရင်တော့ သတိထားဖို့လိုပါတယ်။
Basket ခြင်း တစ်လုံးရှိတာနဲ့ Personnel Platform ဖြစ်မသွားပါဘူး။
လူတင်ဖို့ အသုံးပြုမယ့် Platform ရဲ့ Design, Attachment, Suspension, Load Capacity, Stability, Guardrail, Fall Protection, Inspection စတာတွေကို သတ်မှတ်ထားတဲ့ Requirements နဲ့ ကိုက်ညီရပါမယ်။
OSHA 1926.1431 မှာ Personnel Platform ကို Qualified Person က Design လုပ်ရမယ်၊ Platform နဲ့ Attachment/Suspension System တွေမှာ သတ်မှတ်ထားတဲ့ ခံနိုင်ရည်ရှိရမယ်၊ Trial Lift နဲ့ Inspection လုပ်ရမယ်၊ Platform နဲ့ Rigging ကို Proof Test လုပ်ရမယ် စတဲ့ Requirement တွေ သတ်မှတ်ထားပါတယ်။
HSE ရဲ့ Work Basket guidance မှာလည်း Operator Training, Risk Assessment, Competent Person Inspection, Communication နဲ့ Fall Protection စတာတွေကို အရေးကြီးတဲ့ အချက်တွေအဖြစ် ထည့်သွင်းထားပါတယ်။
ဒါကြောင့်—
“ကျွန်တော်တို့ Basket က အလုပ်လုပ်လို့ရတယ်”
ဆိုတာနဲ့ မလုံလောက်ပါဘူး။
“ဒီ Basket ကို လူတင်ဖို့ ဘယ်လို Design လုပ်ထားလဲ? ဘယ်လိုစစ်ဆေးထားလဲ? ဘယ်လို Attachment System သုံးထားလဲ? သတ်မှတ်ထားတဲ့ Capacity နဲ့ Procedure ရှိလား?”
ဆိုတာတွေကို မေးရပါမယ်။
🚨 ပိုအန္တရာယ်များတာက…
Hook မှာ Sling စလင်းကြိုး ချိတ် → လူက Sling ကို စီး → Crane ကရိန်းနဲ့ တစ်နေရာကနေ တစ်နေရာ ရွှေ့
ဆိုတဲ့နည်းပါ။
“အရင်ကလည်း ဒီလိုလုပ်လာတာပဲ”
“ဘာမှမဖြစ်ပါဘူး”
ဆိုတာက Safety Evidence မဟုတ်ပါဘူး။
အန္တရာယ်မဖြစ်သေးတာနဲ့ အန္တရာယ်မရှိတာ မတူပါဘူး။
💰 Customer အနေနဲ့ ဘာကို စဉ်းစားသင့်လဲ?
Crane ငှားတဲ့အခါ—
❌ “ဘယ်သူဈေးအချိုဆုံးလဲ?” တစ်ခုတည်း မမေးပါနဲ့။
အဲဒီအစား—
✅ လူတင်ဖို့ ဒီ Equipment က သင့်တော်ရဲ့လား?
✅ Manufacturer က Personnel Lifting အတွက် ခွင့်ပြုထားလား?
✅ Platform / Basket ရဲ့ Design နဲ့ Capacity ကို သက်သေပြနိုင်လား?
✅ Inspection / Certification ရှိလား?
✅ Operator က သက်ဆိုင်ရာ Equipment ကို ကျွမ်းကျင်လား?
✅ Rigger ကြိုးချိတ်သူ/ Signal Person အချက်ပြသူ တွေ Competent ဖြစ်လား?
✅ Risk Assessment နဲ့ Lift Plan ရှိလား?
✅ အရေးပေါ်အခြေအနေမှာ Rescue Plan ရှိလား?
ဆိုတာတွေကို မေးသင့်ပါတယ်။
⚠️ “ဈေးသက်သာလို့” ရွေးလိုက်တဲ့အခါ…
ဒီနေ့ ငွေအနည်းငယ် သက်သာသွားနိုင်ပါတယ်။
ဒါပေမယ့် မတော်တဆဖြစ်ရင်—
လူထိခိုက်မှု / အသက်ဆုံးရှုံးမှု
Crane ပျက်စီးမှု
Project ရပ်တန့်မှု
ကုန်ကျစရိတ်ကြီးမားမှု
ဥပဒေရေးရာ တာဝန်ယူမှု
Company Reputation ထိခိုက်မှု
တွေက ဒီနေ့ သက်သာသွားတဲ့ ငွေထက် အဆများစွာ ပိုကြီးနိုင်ပါတယ်။
🏗️ Crane Rental Company တွေအတွက်လည်း…
“Safety First” လို့ ကြော်ငြာတာထက်—
Safety နဲ့ကိုက်ညီတဲ့ Equipment ပေးပါ။
Competent Operator ပေးပါ။
Competent Rigger / Signal Person ပေးပါ။
သင့်တော်တဲ့ Lifting Method ကို အကြံပြုပါ။
Customer က ဈေးသက်သာတဲ့ ဘေးမကင်းတဲ့နည်းလမ်းကို တောင်းဆိုလာရင်တောင်—
“ဒီနည်းလမ်းက မသင့်တော်ပါဘူး။ ပိုဘေးကင်းတဲ့နည်းလမ်းက ဒီဟာပါ”
လို့ ပြောနိုင်တဲ့ Professionalism ရှိဖို့လိုပါတယ်။
🔴 Customer တွေအတွက် အရေးကြီးဆုံးအချက်
Crane ငှားတာဟာ သံထည်တစ်စီး ငှားတာမဟုတ်ပါဘူး။
သင် ငှားလိုက်တာက—
Equipment + Operator + Lifting Method + Competency + Safety System
ဖြစ်ပါတယ်။
ဒါကြောင့် “ဘယ်သူဈေးအချိုဆုံးလဲ?” ထက်
“ဘယ်သူက ဒီအလုပ်ကို ဘေးကင်းအောင် ဘယ်လိုလုပ်ပေးမလဲ?”
ဆိုတာကို အရင်မေးပါ။
Safety ကို ကြော်ငြာတာနဲ့ Safety ရှိတာ မတူပါဘူး။
ဈေးသက်သာတာနဲ့ Safe ဖြစ်တာလည်း မတူပါဘူး။
🏗️ Crane Rental ကို ဈေးနဲ့ပဲ မရွေးပါနဲ့။
လူ့အသက်နဲ့ရွေးပါ။
#ကရိန်းအဌားဝန်ဆောင်မှု