18/04/2023
Auto ဆီ ATF or CVT Oil လဲနည်းလေးပါ🛅
မသိသေးတဲ့ မိတ်ဆွေများအတွက် မျှဝေပေးလိုက်ပါတယ်✌💓
🔽 ပထမဆုံး ပြောပြမှာက အော်တိုဆီဂိုက်တံ ပါတဲ့ကားပါ...
👉ကားကို မြေပြင်ညီမှာ ရပ်ပြီး အင်ဂျင်အအေးကို စောင့်
👉ဆီဟောင်းတွေ ဖောက်ချပြီရင် ဆီကို ဂိုက်တံအပေါက်ကနေ ဂိုက်တံအပြည့် ရောက်တဲ့အထိ ထည့်ပါ...ဖြည်းဖြည်းချင်းထည့်ပါ။
👉ရောက်ပြီဆိုရင် ကားစက်နိုး ဂီယာကို P,R,N,D စတဲ့ဂီယာတွေမှာ ရှေ့တိုးနောက် ဆုတ်လုပ်ပေးပါ ၂မီနစ်လောက်..လုပ်နေတဲ့အချိန်မှာ.ဘရိတ်ကိုလည်းနင်းထား...hand brake ကိုလည်းဆွဲထားပါ ။
👉ဂီယာဆီ စစ်ဆေး နေတဲ့အချိန် ရှိသင့်တဲ့ ကားအင်ဂျင် အပူချိန်က ၇၀' နဲ့ ၁၀၀ ကြား မှာပါ။
👉ပြီးရင် ဆီဂိုက်တံကိုပြန်စစ်ပါ... အမြင့်ဆုံးအမှတ်ထိအောင် ပြန်ထည့်ပါ။
👉 ကားကို ၂ ကီလိုမီတာလောက် ပတ်မောင်း ပြီးရင် ပြန်စစ်ကြည့်ပါ..ဒါ က တော့ ကျွန်တော် လုပ်တဲ့ နည်းပါ။
🔽 အော်တို ဂီယာအုံမှာ ဂိုက်တံ မပါတဲ့ ကားဆိုရင် သူ့မှာ အပေါက် သုံးပေါက်ပါ ပါတယ်။
🚘ဆီဟောင်းထုတ်တဲ့ ပေါက်, ပြန်ပြီး ဖြည့်တဲ့အပေါက်နှင့် အပိုဆီ ပြန်လျှံ ကျတဲ့ အပေါက်(over fill)တို့ ဖြစ်ပါတယ်။
🚖ပထမဆုံးကားကို ကားမြောက်တဲ့ စင်ပေါ်မှာ တင်ပြီး ဆီဟောင်းတွေကို ကုန်အောင် ထုတ်ပြီး, drain plug ကို ပြန်ပိတ်,( ၂၄ Nm)ခန့့်ကျပ်ပြီး...
ပြီးရင်တော့.....ဆီလျှံ အပေါက် (over fill) ကနေ ဆီပြန် ကျ လာတဲ့အထိ အဝင်ပေါက်ကနေ ထည့်ပါ။🚘ပီးရင် ကားကိုစက်နိုးပြီး ဂီယာ ကို P,N , R, D ဂီယာတို့ကို ရွှေ့ပါ...၂-၅ မီနစ်ခန့် ...
🚖ကားစက် မရပ်ဘဲ ဂီယာ ကို P မှာထား ပြီး ကားကို ပြန်မြှောက်ပြီး အော်တိုဆီကို ဆီ လျှံ ကျ အပေါက်မှ ဆီကျတဲ့ အထိ ပြန်ဖြည့်ပါ...ပြီးရင် ကား ကို road test လုပ်ပြီး ပြန် စစ်ဆေးပါ.........
🚘အော်တိုဆီ ကို စက်အသုံးပြုပြီး လဲ လို့လည်းရပါတယ်။ ဒါပေမဲ့ လို အပ်တာ ထက် အော်တိုဆီ ပိုကုန်ပါတယ်..ဘာလို့လည်းဆိုတော့ ဆီအရောင် ပြောင်းတဲ့ အထိ စောင့် ပြီး လဲရပါတယ် ..
🚖လဲပုံ လဲနည်း ကတော့ အော်တို ဆီ cooler က ပိုက်နှစ်ခု ကို အသုံးပြု ပြီးလဲရပါတယ်
🚘တစ်စီးနဲ့တစ်စီးမတူပါဘူး...လွယ်ပေမဲ့ စက်အသုံးပြု မကျွမ်းကျင်ရင် အရမ်းဒုက္ခ ရောက်ပါတယ် ..😉
🔽 နောက်တခုက CVT (Continuously Variable Transmission)
🚫အော်တိုဆီ ကတော့ ဂီယာဘောက် အစိတ်အပိုင်း တွေ မပျက်စီးရင် ဆီလဲရတဲ့ အနေ အထားမဟုတ်ပါဘူး..
🚫ဆီgrade လုံဝအမွား မခံ ပါဘူး...ဒါပေမဲ့ အော်တို ဆီ လဲ ဖို့ ဆိုတာ ကား ထုတ်လုပ်တဲ့ကုမ္ဗဏီ ပေါ်မှလည်းမူတည်ပါတယ် ..
🚖ကားတစီး နဲ့ တစီး မတူသလို ,ကီလိုမီတာ ဘယ်လောက်, ဘယ်နှနှစ်ကြာရင် လဲရမယ် ဆိုတာကား service book မှာ ပါပါတယ်...
----------
⚠နောက်တခု အကြံပေးချင်တာကတော့ အော်တိုဆီ လဲတိုင်း ဖြစ်နိုင်ရင် အော်တိုဆီစစ်ဇကာပါ တခါတည်းလဲသင့်ပါတယ်။
✔အော်တို ဆီ လဲတဲ့ အခါမှာ အရမ်းအရေး ကြီးတာ ကတော့ အော်တို ဆီ မှား မဝယ် ဘို့ပါ..grade မှန်ဘို့ လည်းလိုပါတယ် ..
အားလုံးအဆင် ပြေ ကြ ပါစေ........
============================
#ကား-Car အကြောင်းစုံ
Photo from google
Credit : UMH