SCG Brand

SCG Brand SCG မှဆန်းသစ်သော အိမ်ဆောက်ပစ္စည်းများနှင့် စိတ်ကူးIdeas များကို စဉ်ဆက်မပြတ် ဖော်ပြပေးနေပါတယ်

အဆင်ပြေတဲ့လုပ်ငန်း၊ မီးမမှန်လည်း စိတ်မပူ! ⚡💪🏼မီးပျက်လို့ လုပ်ငန်းအရှိန်မပျက်စေဖို့ ကူဘိုတာ ZT Plus ဒီဇယ်အင်ဂျင်** နဲ့ အာ...
29/08/2026

အဆင်ပြေတဲ့လုပ်ငန်း၊ မီးမမှန်လည်း စိတ်မပူ! ⚡💪🏼

မီးပျက်လို့ လုပ်ငန်းအရှိန်မပျက်စေဖို့ ကူဘိုတာ ZT Plus ဒီဇယ်အင်ဂျင်** နဲ့ အားကိုးလိုက်ပါ။
အကြမ်းခံ၊ စွမ်းဆောင်ရည်မြင့်ပြီး ဒိုင်နမိုနဲ့ချိတ်ဆက်ကာ လုပ်ငန်းလိုအပ်ချက်အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်ပါတယ်။ 🔥

မီးလာမယ့်အချိန်ကို မစောင့်တော့ဘဲ ZT Plus နဲ့ လုပ်ငန်းကို ဆက်လက်လည်ပတ်လိုက်ပါ! 👍🏼

သင့်ထုတ်ကုန်များအတွက် အရည်အသွေးမြင့် Premium Packaging ကို ရှာဖွေနေပါသလား? 📦✨ကျွန်ုပ်တို့နှင့် ပူးပေါင်းလုပ်ကိုင်နေသော ယ...
28/08/2026

သင့်ထုတ်ကုန်များအတွက် အရည်အသွေးမြင့် Premium Packaging ကို ရှာဖွေနေပါသလား? 📦✨
ကျွန်ုပ်တို့နှင့် ပူးပေါင်းလုပ်ကိုင်နေသော ယုံကြည်စိတ်ချရသည့် ပါကင်ဘူးထုတ်လုပ်သောစက်ရုံ များ မှ SCGP Test Liner နှင့် White Top Liner စက္ကူများကို အသုံးပြု၍ လူကြီးမင်းထုတ်ကုန်များအတွက် အရည်အသွေးမြင့်ပြီး လှပသေသပ်သော ပါကင်ဘူးများကို ထုတ်လုပ်ပေးနေပါသည်။
ကျွန်ုပ်တို့၏ SCGP Test Liner နှင့် White Top Liner စက္ကူများသည် ISO Standards နှင့်အညီ ထုတ်လုပ်ထားပြီး FSC® Certified ဖြစ်သည့်အပြင် Thailand Standards နှင့်လည်း ကိုက်ညီသော အရည်အသွေးမြင့် Paper များဖြစ်ပါသည်။
သင့်ထုတ်ကုန်များအတွက် ခိုင်ခံ့မှု၊ အရည်အသွေးနှင့် Premium Look ကို ပိုမိုကောင်းမွန်စေရန် မှန်ကန်သော Packaging Paper ကို ရွေးချယ်လိုက်ပါ။
📩 အသေးစိတ်အချက်အလက်များအတွက် ယနေ့ပဲ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အင်ဂျင်အစိတ်အပိုင်းများကို တစ်စုံလုံး လဲလှယ်သင့်သည့် အကြောင်းရင်းများပစ္စည်းတစ်ပိုင်းတည်းကိုသာ ခွဲမလဲဘဲ တစ်စုံလုံး (အစုံ...
27/08/2026

အင်ဂျင်အစိတ်အပိုင်းများကို တစ်စုံလုံး လဲလှယ်သင့်သည့် အကြောင်းရင်းများ

ပစ္စည်းတစ်ပိုင်းတည်းကိုသာ ခွဲမလဲဘဲ တစ်စုံလုံး (အစုံလိုက်) လဲလှယ်ခြင်း က အောက်ပါအားသာချက်များကို ရရှိစေပါတယ်—

အတွင်းပိုင်း ထိခိုက်မှုကို ကာကွယ်ခြင်း - ပစ္စည်းအဟောင်းနှင့် အသစ် ရောသုံးခြင်းကြောင့် မမျှတဘဲ ပစ္စည်းအသစ်များပါ သက်တမ်းမတိုင်မီ ပျက်စီးခြင်းကို တားဆီးပေးပါတယ်။
ရေရှည် တွက်ခြေကိုက်ခြင်း - လက်ခစရိတ်နှင့် စက်ရပ်နားရသည့် အချိန်များကို သက်သာစေပြီး ခဏခဏ ပြန်ပြင်ရသည့် ဒုက္ခကို ကင်းဝေးစေပါတယ်။
အင်ဂျင်သက်တမ်း ရှည်ကြာခြင်း - အင်ဂျင်စနစ်များကို ပြည့်ဝစွာ လည်ပတ်စေပြီး နှစ်ရှည်လများ စိတ်ချယုံကြည်စွာ အသုံးပြုနိုင်ပါတယ်။

အကြံပြုချက် - ယာဉ်စက်ယန္တရားများအတွက် ၁၀၀% ယုံကြည်စိတ်ချရပြီး အရည်အသွေးပြည့်မီသော ကူဘိုတာ အပိုပစ္စည်းအစစ်အမှန်များကိုသာ ရွေးချယ်အသုံးပြုသင့်ပါတယ်။

သွပ်အမိုးပြားများထက် SCG ဖိုင်ဘာဘိလပ်မြေ အမိုးပြား Prolon Series က ပိုမိုကောင်းမွန်ရသည့် အချက် (၃) ချက် -ထူးခြားလှပသော ဒ...
26/08/2026

သွပ်အမိုးပြားများထက် SCG ဖိုင်ဘာဘိလပ်မြေ အမိုးပြား Prolon Series က ပိုမိုကောင်းမွန်ရသည့် အချက် (၃) ချက် -

ထူးခြားလှပသော ဒီဇိုင်း
သေသပ်တောက်ပြောင်သော အရောင်အသွေးများနှင့်အတူ အခြားအိမ်များနှင့်မတူဘဲ ထူးခြားလှပစေခြင်း။
အပူဒဏ်သက်သာခြင်း
သွပ်အမိုးပြားများကဲ့သို့ အပူမစုပ်ယူဘဲ အပူစီးကူးမှုနှုန်း အလွန်နည်းပါးခြင်း။
ခိုင်ခံ့ပြီး သံချေးမတက်ခြင်း
သွပ်အမိုးပြားများထက် ပိုမိုခိုင်မာတောင့်တင်းပြီး သံချေး လုံးဝမတက်ဘဲ ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိခြင်း။

24/08/2026

လက်ရာမြောက် အိမ်တစ်လုံးအတွက် အပြည့်စုံဆုံး ဖန်တီးမှု ✨

SCG ရဲ့ EXCELLA ကြွေပြားမိုးကြွေပြား က လက်ရာမြောက်တဲ့ အိမ်တစ်လုံးအတွက် ဘာကြောင့် အကောင်းဆုံး ရွေးချယ်မှု ဖြစ်ရတာလဲ❓
အကြောင်းကတော့ ပြီးပြည့်စုံခြင်းဆိုတာ အခိုင်အမာဆုံး အခြေခံကနေ စတင်တယ်လို့ ကျွန်ုပ်တို့ ယုံကြည်လို့ပါပဲ။
EXCELLA ဟာ သွင်ပြင်လက်ရာနဲ့ ခေတ်မီဆန်းသစ်မှုကို အကောင်းဆုံး ပေါင်းစပ်ထားပြီး ထူးကဲတဲ့ ကာကွယ်မှုနဲ့အတူ အချိန်ကာလကို ကျော်လွန်တဲ့ လှပမှုကို ပေးစွမ်းပါတယ် —

🔹 ထူးကဲသော ခိုင်ခံ့မှု — တာရှည်ခံမှုအတွက် အထူးဖန်တီးထားသော အရည်အသွေးမြင့် ရွှံ့စေးများ။
🔹 ပြည့်စုံတိကျမှု — 1,100°C အထိ အပူချိန်ဖြင့် Dry Press Fast Firing နည်းပညာကို အသုံးပြုထားခြင်း။
🔹 အချိန်ကာလကို ကျော်လွန်သော လှပမှု — အရောင်အသွေး ကြာရှည်ခံစေရန်အတွက် ခေတ်မီ Glazing နည်းပညာကို အသုံးပြုထားခြင်း။
🔹 သာလွန်ကောင်းမွန်သော ကာကွယ်မှု — ရေစိမ့်ဝင်မှုကို ထိရောက်စွာ ကာကွယ်ပေးနိုင်သည့် 2-layer Interlocking (၂ ထပ် အပြန်အလှန် ချိတ်ဆက်မှု) စနစ်။

🌟 EXCELLA — အချိန်ကာလကို ကျော်လွန်သော လှပမှု။

နေအိမ်တွေမှာလည်း တည်ဆောက်ထားတဲ့ဒီဇိုင်းပုံစံအရ Natural Style, Modern Style, Classic Style နဲ့ Colonial Style စသဖြင့် အမျ...
22/08/2026

နေအိမ်တွေမှာလည်း တည်ဆောက်ထားတဲ့ဒီဇိုင်းပုံစံအရ Natural Style, Modern Style, Classic Style နဲ့ Colonial Style စသဖြင့် အမျိုးအစားများစွာရှိပါတယ်။
Colonial Style အိမ်ပုံစံတွေကတော့ အမေရိကန်လိုနိုင်ငံမျိုးမှာ အများဆုံးတွေ့ရှိရလေ့ ရှိပါတယ်။
နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့အရည်အသွေးပြည့်မီစွာထုတ်လုပ်ထားတဲ့ SCG Smartwood Colonial Series ကတော့ သာမန်ဖိုင်ဘာဘိလပ်မြေပြားတွေနဲ့မတူညီဘဲ ထူးခြားတာကတော့ ပြေပြစ်ညီညာတဲ့လိုင်းပါတာပဲဖြစ်ပါတယ်။
ဒါကြောင့် ကိုလိုနီပုံစံအိမ်လေးတစ်လုံးဆောက်ဖို့စိတ်ကူးရှိနေသူများအတွက် SCG Smartweed Colonial Series က အသင့် တော်ဆုံးပါပဲ။

🧱 SCG Tile Adhesive (ကြွေပြားကပ်ဘိလပ်မြေ)✨ကြွေပြားနှင့် ကျောက်ပြားများကို နံရံနှင့် ကြမ်းပြင်တို့တွင် ခိုင်မာစွာ ကပ်မြဲစ...
20/08/2026

🧱 SCG Tile Adhesive (ကြွေပြားကပ်ဘိလပ်မြေ)✨

ကြွေပြားနှင့် ကျောက်ပြားများကို နံရံနှင့် ကြမ်းပြင်တို့တွင် ခိုင်မာစွာ ကပ်မြဲစေရန် အကောင်းဆုံး ရွေးချယ်မှု -

🔗 ခိုင်ခံ့မှုအထူးကောင်းမွန်ခြင်း: ကြွေပြား၊ ဂရန်နိုက်ပြားများ အလွယ်တကူ မပြုတ်ထွက်အောင် အခိုင်အမာ ကပ်ပေးနိုင်ခြင်း။
💧 ရေစိုခံခြင်း: ရေချိုးခန်း၊ မီးဖိုချောင်နှင့် ရေကူးကန်များအတွက်ပါ အထူးသင့်လျော်ခြင်း။
⏱️ အလုပ်လုပ်ရလွယ်ကူခြင်း: အချိန်ယူ၍ တိကျသေချာစွာ ချိန်ညှိတပ်ဆင်နိုင်ခြင်း။

အိမ်အလှဆင်လုပ်ငန်းများအတွက် ယုံကြည်စိတ်ချရဆုံးသော SCG Tile Adhesive ကို ရွေးချယ်လိုက်ပါ 💙🏡

❄SCG Stay Cool မျက်နှာကြက်နှင့် နံရံကပ် အပူဒဏ်ကာ အကာအကွယ်လွှာ❄☀️အပူကို ၄ ဆ မှ ၆ ဆ အထိ ပိုမိုထိရောက်စွာ ကာကွယ်ပေးပြီး အိမ...
19/08/2026

❄SCG Stay Cool မျက်နှာကြက်နှင့် နံရံကပ် အပူဒဏ်ကာ အကာအကွယ်လွှာ❄

☀️အပူကို ၄ ဆ မှ ၆ ဆ အထိ ပိုမိုထိရောက်စွာ ကာကွယ်ပေးပြီး အိမ်တွင်းအပူချိန်ကို ၃°C မှ ၄°C အထိ လျှော့ချပေးသောကြောင့် သင့်အိမ်ကို ပိုမိုအေးမြပြီး နေထိုင်ရ သက်တောင့်သက်သာ ရှိစေပါသည်။🏡

✅အထူပိုမိုပါဝင်သဖြင့် အကာအကွယ် ပိုမိုရရှိခြင်း
✅ကြံ့ခိုင်မှု မြင့်မားစေရန် ခိုင်ခံ့သော အလူမီနီယမ်ဖလံ (Aluminium Foil) ဖြင့် ငုံပြီး ထုပ်ပိုးထားခြင်း
✅နေအိမ် အမျိုးအစားပေါင်းစုံတွင် တပ်ဆင်အသုံးပြုနိုင်ခြင်း
✅နေထိုင်သူများအတွက် ဘေးကင်းပြီး ကင်ဆာရောဂါ မဖြစ်စေသည့်အပြင် မီးဒဏ်ခံနိုင်ရည်ရှိခြင်း

အပူကာပစ္စည်းတွေဖြစ်တဲ့ CRB-G, UBB-G and FSO-G ဆိုတာဘာတွေလဲ။🔷 ရာသီဥတုအပူဒဏ်ကိုကာကွယ်နိုင်စေဖို့ နိုင်ငံတကာစံချိန်စံနှုန်း...
18/08/2026

အပူကာပစ္စည်းတွေဖြစ်တဲ့ CRB-G, UBB-G and FSO-G ဆိုတာဘာတွေလဲ။

🔷 ရာသီဥတုအပူဒဏ်ကိုကာကွယ်နိုင်စေဖို့ နိုင်ငံတကာစံချိန်စံနှုန်းတွေနဲ့ထုတ်လုပ်ထားတဲ့ SCG Thermal Insulation အမိုးအောက်ခံအပူကာပစ္စည်းအမျိုးအစား ၃ မျိုးကတော့ CRB-G, UBB-G နှင့် FSO-G တို့ပဲဖြစ်ပါတယ်။
✅CRB-G ဆိုတာကတော့ မျက်နှာပြင်နှစ်ဖက်စလုံးကို အလူမီနီယံအုပ်ထားတာဖြစ်ပါတယ်။
✅UBB-G ကတော့ မျက်နှာပြင်မှာ အလူမီနီယံ မအုပ်ထားတာကိုဆိုလိုပြီး
✅FSO-G ကတော့ မျက်နှာပြင်တစ်ဖက်တည်းကိုပဲ အလူမီနီယံအုပ်ထားတာဖြစ်ပါတယ်။
🔺ထုတ်ကုန် တစ်ခုချင်းစီအလိုက် လုပ်ဆောင်မှုတွေကွာသွားတာဖြစ်လို့ မိမိတို့စိတ်တိုင်းကျရွေးချယ်အသုံးပြုနိုင်တာကတော့ SCG ထုတ်ကုန်တွေရဲ့အားသာချက်ပဲဖြစ်ပါတယ်။

တိုးတက်ပြောင်းလဲလာသော ခေတ်နှင့်အညီ ဆောက်လုပ်ရေးပစ္စည်းများ အခန်းကဏ္ဍ မြင့်တက်လာသဖြင့် နေအိမ်တည်ဆောက်ရေးနှင့် အလှဆင်ရာတွင...
16/08/2026

တိုးတက်ပြောင်းလဲလာသော ခေတ်နှင့်အညီ ဆောက်လုပ်ရေးပစ္စည်းများ အခန်းကဏ္ဍ မြင့်တက်လာသဖြင့် နေအိမ်တည်ဆောက်ရေးနှင့် အလှဆင်ရာတွင် သစ်အစားထိုးထုတ်ကုန် SCG Smartwood ကို အသုံးပြုရာ၌ ကုန်ကျစရိတ် ခန့်မှန်းတွက်ချက်ရန်အတွက် ၁၀ ပေပတ်လည် တစ်ကျင်းအတွက် အသုံးပြုနိုင်မည့် အရေအတွက်ပမာဏကို သိရှိရန် လိုအပ်ပါသည်။

Address

No. 136-137, Pyay Road, Sawbwargyigone, Insein
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959253720683

Alerts

Be the first to know and let us send you an email when SCG Brand posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SCG Brand:

Shortcuts

Share