BOH - Audio Visual & ELV

BOH - Audio Visual & ELV Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from BOH - Audio Visual & ELV, Engineering service, Yangon.

Shopping Mall တစ်ခုကို ဒီဇိုင်းဆွဲတဲ့အခါ အလင်းအမှောင်၊ အတွင်းပိုင်း အဆင်အပြင်နဲ့  Customer Flow စတာတွေကို အများကြီး စဉ်း...
26/03/2026

Shopping Mall တစ်ခုကို ဒီဇိုင်းဆွဲတဲ့အခါ အလင်းအမှောင်၊ အတွင်းပိုင်း အဆင်အပြင်နဲ့ Customer Flow စတာတွေကို အများကြီး စဉ်းစားရပါတယ်။ ဒါပေမယ့် Atmosphere ကို အပြည့်အဝ ဖန်တီးပေးနိုင်မယ့် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုကတော့ Audio ဖြစ်ပါတယ်။
Yangon, Mandalay, Naypyidaw လို မြို့ကြီးတွေမှာ Shopping Mall အသစ်တွေ တိုးတက်လာတာနဲ့အမျှ Customer Experience ကို အဆင့်မြှင့်ဖို့ လိုအပ်နေပါတယ်။ ဒီနေရာမှာ Zycoo SC15 ဟာ သင့် Project အတွက် အကျိုးရှိစေမယ့် Smart Audio Solution တစ်ခုအဖြစ် ထည့်သွင်းစဉ်းစားဖို့ တန်ဖိုးရှိပါတယ်။

Mall တစ်ခုအတွင်း Background Music က စိတ်ချမ်းသာစေပြီး Shopping Mood ကို ဖန်တီးပေးနိုင်သလို၊ Announcement တွေက Customer များကို အချိန်မီ သတင်းအချက်အလက်ပေးနိုင်ပါတယ်။ အရေးပေါ်အခြေအနေတွေမှာလည်း Emergency Broadcast အဖြစ် အသုံးချနိုင်တာကြောင့် တစ်ခုတည်းနဲ့ အများကြီးကို ဖြေရှင်းပေးနိုင်ပါတယ်။ Installation လည်း လွယ်ကူပြီး Myanmar Market အတွက် သင့်တင့်တဲ့ စျေးနှုန်းနဲ့ ရနိုင်တာက Project Designer အတွက် အကျိုးကျေးဇူး အများကြီး ဖြစ်စေပါတယ်။

အကျိုးအမြတ်ကို Customer များရဲ့ အတွေ့အကြုံနဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်တဲ့အတွက် Mall Design ကို ပိုပြီး Smart, Efficient, Customer-friendly ဖြစ်စေမယ့် အစိတ်အပိုင်းတစ်ခုအဖြစ် Zycoo SC15 ကို သင့် Project မှာ ထည့်သွင်းစဉ်းစားဖို့ အချိန်တန်ပြီလို့ ထင်ပါတယ်။ 🎧

📌 ELV System တစ်ခုမှာ… ပြဿနာတွေက Installation အချိန်မှာထက် Operation အချိန်မှာပဲ ပေါ်လာတတ်ပါတယ်Project တစ်ခုတည်ဆောက်တဲ့အ...
25/03/2026

📌 ELV System တစ်ခုမှာ… ပြဿနာတွေက
Installation အချိန်မှာထက်
Operation အချိန်မှာပဲ ပေါ်လာတတ်ပါတယ်

Project တစ်ခုတည်ဆောက်တဲ့အချိန်မှာ
system အားလုံးဟာ specification အတိုင်း
install လုပ်ပြီး complete ဖြစ်သွားနိုင်ပါတယ်။

ဒါပေမယ့်… တကယ်အသုံးပြုတဲ့အချိန်မှာပဲ
အသေးစိတ်အရာတွေ စတင်ထင်ရှားလာတတ်ပါတယ်။

Camera ရှိပေမယ့် critical area တစ်ချို့ကို မမြင်နိုင်တာမျိုးတွေ၊
Meeting room system တစ်ခုရှိပေမယ့် အသုံးပြုရခက်နေတာမျိုးတွေ၊
Network တည်ငြိမ်မှု မရှိလို့ daily operation ထိခိုက်စေတာမျိုးတွေ…

ဒီလိုအရာတွေဟာ system မရှိလို့ မဟုတ်ပါဘူး။
Design မပြည့်စုံလို့ ဖြစ်တတ်တာများပါတယ်။

အဲ့ဒီအချိန်မှာ ပြန်ပြင်ဖို့ဆိုရင်
အလုပ်လုပ်နေတဲ့ environment ကို
ပြန်ပြောင်းရတတ်တာမို့
အချိန်နဲ့ကုန်ကျစရိတ် နှစ်ခုလုံး
ထပ်တိုးကုန်ကျတာမျိုးတွေ ဖြစ်တတ်ပါတယ်။

တချို့အခါမှာ
system တစ်ခုကို “အသုံးပြုနိုင်ရုံ” အဆင့်မှာပဲထားပြီး
full performance မရနိုင်တဲ့ အခြေအနေတွေနဲ့
သက်သာသလို သုံးနေကြရတာမျိုးလည်း တွေ့ရပါတယ်။

ဒီလိုမဖြစ်အောင်
တချို့ organization တွေက
project အစမှာတင်
“system ကို ဘယ်လိုသုံးမလဲ” ဆိုတာကို
ပိုပြီးအာရုံစိုက်လာကြပါတယ်။
အသုံးပြုမယ့်
⦿ workflow,
⦿ user behavior,
⦿ future expansion,
⦿ integration between systems…

ဒါတွေကို အစကတည်းက စဉ်းစားထားတဲ့
design တစ်ခုက
နောက်ပိုင်း operation အတွက်
များစွာသော တန်ဖိုး သက်ရောက်မှု ကွာဟချက် ဖြစ်စေပါတယ်။

ကျွန်တော်တို့အနေနဲ့လည်း
ELV system design ကို
drawing တစ်စုံတစ်ခုအဖြစ် မမြင်ဘဲ
real-life usage အတွက် solution တစ်ခုအဖြစ်
တည်ဆောက်ပေးတာကို အဓိကထားပါတယ်။

ဒါကြောင့်
project တစ်ခုဟာ install ပြီးပြီးချင်းမှာပဲ မဟုတ်ဘဲ
အသုံးပြုတဲ့နေ့တိုင်းမှာလည်း
အဆင်ပြေစွာ လည်ပတ်နိုင်ဖို့ကို ရည်ရွယ်ပါတယ်။

“စနစ်တကျ အလုပ်လုပ်နိုင်တဲ့ system တစ်ခု” ကို
အစကတည်းကမှန်ကန်စွာ တည်ဆောက်ချင်တဲ့သူများအတွက်

👉 “ဒီ system design ကို တပ်ပြီးတဲ့နောက်…
သုံးချင်တဲ့ ရည်ရွယ်ချက်အတိုင်း
တကယ်အလုပ်ဖြစ်မလား?”
ဆိုတာလေး အမြဲမေးစေချင်ပါတယ်—

အဲ့ဒီအဖြေကို
design အဆင့်မှာတင် ရှာချင်တယ်ဆိုရင်
Team BOH နဲ့
ဆွေးနွေးနိုင်ပါတယ်။

LED Video Wall တစ်ခု တပ်ဆင်တဲ့အခါ အရေးကြီးဆုံးအချက်တစ်ခုကတော့ Pixel Pitch (pixel အချင်းချင်းအကွာအဝေး) နဲ့ Optimal Viewin...
24/03/2026

LED Video Wall တစ်ခု တပ်ဆင်တဲ့အခါ အရေးကြီးဆုံးအချက်တစ်ခုကတော့ Pixel Pitch (pixel အချင်းချင်းအကွာအဝေး) နဲ့ Optimal Viewing Distance (အကောင်းဆုံးကြည့်ရှုနိုင်တဲ့အကွာအဝေး) ကို ကိုက်ညီအောင် ရွေးချယ်ဖို့ပဲ ဖြစ်ပါတယ်။

Pixel Pitch နဲ့ အကောင်းဆုံးကြည့်ရှုနိုင်တဲ့ အကွာအဝေးကို လေ့လာကြည့်ရပါမယ်။ Pixel Pitch 7.9 mm ဆိုရင် 26 ပေ၊ 5.9 mm ဆိုရင် ပေ 20၊ 3.9 mm ဆိုရင် 13 ပေ၊ 2.9 mm ဆိုရင် 10 ပေ၊ 1.9 mm ဆိုရင် 6 ပေ၊ 1.5 mm ဆိုရင် 5 ပေ၊ 1.2 mm ဆိုရင် 4 ပေ၊ နဲ့ 0.9 mm ဆိုရင် 3 ပေ အကွာအဝေးမှာ အကောင်းဆုံး ကြည့်ရှုနိုင်တယ်လို့ သတ်မှတ်ထားပါတယ်။

ဒါကို သိဖို့ လိုခြင်းရဲ့ အကြောင်းရင်းတွေထဲက ပထမဦးဆုံး အနေနဲ့ Resolution နဲ့ Budget ကို ချိန်ဆဖို့ ဖြစ်ပါတယ်။ Pixel Pitch သေးလေ (0.9mm လို) Resolution ကောင်းလေ၊ အနီးကပ်ကြည့်ရှုရတဲ့ နေရာတွေ (Conference Room, Control Room) အတွက် သင့်တော်လေ ဖြစ်ပေမဲ့လို့ ဈေးနှုန်းလည်း မြင့်မားလေ ဖြစ်ပါတယ်။

ဒုတိယအချက် အနေနဲ့ Outdoor နဲ့ Indoor ကွာခြားချက်ကိုလည်း ထည့်သွင်းစဉ်းစားရပါမယ်။ အပြင်ဘက် (Outdoor) အတွက်ဆိုရင် Pixel Pitch ကြီးတဲ့ P5.9, P7.9 မျိုးကို သုံးလေ့ရှိပြီးတော့၊ အကွာအဝေး အလုံအလောက်ရှိရင် အဆင်ပြေပါတယ်။ Indoor အတွက်ဆိုရင် P1.2 ကနေ P2.9 အတွင်းကို အများဆုံးရွေးချယ်တတ်ကြပါတယ်။

တတိယအနေနဲ့ ဖောက်သည်လိုအပ်ချက်ကို မှန်ကန်စွာ အကြံပြုနိုင်ဖို့ ဖြစ်ပါတယ်။ ဥပမာ ဖောက်သည်က "ဒီနေရာက လူကြည့်တဲ့အကွာအဝေးက 10 ပေပဲရှိတယ်" လို့ပြောရင် အနည်းဆုံး P2.9 (10 ft) ဒါမှမဟုတ် ပိုသေးတဲ့ Pitch ကိုပဲ အကြံပြုသင့်ပါတယ်။ Pitch ကြီးရင် အနီးကပ်ကြည့်ရင် Pixel တွေ မြင်နေရပြီး Quality အပေါ် ပြောစရာ အခြေအနေ ဖြစ်တတ်ပါတယ်။

သတိပြုဖို့ တစ်ခုကတော့ ဒီမှာ ဆွေးနွေးထားတဲ့ အကွာအဝေးများသည် "Optimal Viewing Distance" (Retina Distance) အတွက်ဖြစ်ပြီး၊ သာမန် အနီးစပ်ဆုံး ကြည့်ရှုနိုင်တဲ့အကွာအဝေးထက် အနည်းငယ်ပိုပြီးတော့ အကောင်းဆုံးဖြစ်အောင် တွက်ချက်ထားခြင်းဖြစ်ပါတယ်။ ဒီအချက်အလက်လေးကို ကိုယ့် Project Design မှာ အခြေခံအဖြစ် ထားပြီး တွက်ချက်ကြည့်နိုင်မှာ ဖြစ်ပါတယ်။ အားလုံးပဲ အောင်မြင်ကြပါစေ။

ELV လောကထဲမှာ အလုပ်ဝင်ခါစ engineers တွေအတွက် “Shop Drawing” ဆိုတဲ့စကားလုံးက အမြဲလိုလို ကြားနေရတဲ့အရာတစ်ခုပါ။ ဒါပေမယ့် ဘာ...
23/03/2026

ELV လောကထဲမှာ အလုပ်ဝင်ခါစ engineers တွေအတွက် “Shop Drawing” ဆိုတဲ့စကားလုံးက အမြဲလိုလို ကြားနေရတဲ့အရာတစ်ခုပါ။ ဒါပေမယ့် ဘာလည်း Shop Drawing ဆိုတာကျ သိတော့ သိတယ်။ ဒါပေမဲ့ ဘာလည်း မသိဘူး ဆိုတာမျိုး ဖြစ်တတ်ကြပါတယ်။ အချို့ကလည်း Tender မှာ ပေးတဲ့ Consultant Drawing တွေနဲ့ အတူတူပဲ ထင်တတ်ကြပါတယ်။ တကယ်မှာတော့ Shop Drawing ဆိုတာက Design ကို လက်တွေ့ Site မှာ အကောင်အထည်ဖော်ဖို့အတွက် ပြင်ဆင်ထားတဲ့ Ex*****on Drawing ဖြစ်ပါတယ်။

Consultant Drawing တွေကတော့ စနစ်တစ်ခုလုံးကို ဘယ်လိုတည်ဆောက်မလဲဆိုတဲ့ concept level ကို ပြထားတာ ဖြစ်ပြီး Detail အဆင့်မဟုတ်ပါဘူး။ ဥပမာအားဖြင့် CCTV Camera တစ်လုံးကို ဘယ်နေရာမှာ တပ်မလဲဆိုတာကို ပြထားနိုင်ပေမယ့်၊ တကယ်တပ်မယ့်အချိန်မှာလိုအပ်မယ့် mounting height, cable ဘယ်လမ်းကြောင်းက သွားမလဲ၊ junction box ဘယ်မှာထားမလဲဆိုတာမျိုး အသေးစိတ်အချက်အလက်တွေတော့ မပါလာတတ်ပါဘူး။ ဒီလို Detail အပိုင်းတွေကို ထည့်သွင်းပြီး Site မှာ အလုပ်လုပ်သူတွေ အတွက် အမှန်တကယ် အသုံးဝင်အောင် ပြင်ဆင်ထားတာကိုပဲ Shop Drawing လို့ ခေါ်ပါတယ်။

လက်တွေ့ Project တစ်ခုမှာ Shop Drawing မရှိဘဲ အလုပ်လုပ်ရင် ပြဿနာတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ Installation team အတွက် မရှင်းလင်းမှုတွေ ဖြစ်လာမယ်၊ တပ်ဆင်မှားယွင်းနိုင်ပါတယ်၊ ပြန်ပြင်ရတဲ့ Rework cost ပိုကုန်ပါမယ်၊ Consultant ကလည်း Approval မပေးနိုင်တော့တဲ့အထိ ဖြစ်နိုင်ပါတယ်။ အဆုံးသတ်မှာတော့ Project delay ဖြစ်ပြီး Company အတွက် လည်း ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် Shop Drawing ဆိုတာက Project အောင်မြင်မှုအတွက် အလွန်အရေးကြီးတဲ့ အခြေခံအုတ်မြစ်တစ်ခုလို့ ဆိုနိုင်ပါတယ်။

Entry Level Engineers တွေအတွက် အရေးကြီးဆုံး အချက်ကတော့ Shop Drawing ကို ရိုးရိုး Drawing တစ်ခုလို မမြင်ပဲ “Ex*****on Plan” လို့ မြင်နိုင်ဖို့ပါ။ ဒီလို မြင်နိုင်တဲ့အခါမှာပဲ ကိုယ်ဆွဲတဲ့ Drawing တစ်ခုဟာ Site မှာ တကယ်အလုပ်လုပ်နိုင်မလား၊ Installation team က အဆင်ပြေပြေလုပ်နိုင်မလား ဆိုတာကို ကြိုတင်စဉ်းစားနိုင်လာပါတယ်။ ဒီအဆင့်ကို ရောက်လာပြီဆိုရင်တော့ သာမန် Engineer တစ်ယောက်ကနေ Professional Engineer တစ်ယောက်အဖြစ် တစ်ဆင့်တက်လာတာပါပဲ။

အတွေ့အကြုံတိုးလာတာနဲ့အမျှ သိလာရမယ့် အချက်တစ်ခုကတော့ Drawing ဖတ်တတ်တာထက် Drawing ပြင်ဆင်တတ်တာက ပိုပြီး အရေးကြီးလာတာပါ။ Good Engineer တစ်ယောက်ဆိုတာ Drawing ကို နားလည်ဖတ်နိုင်သူဖြစ်ပြီး၊ Great Engineer တစ်ယောက်ဆိုတာတော့ Shop Drawing ကို ကိုယ်တိုင် ပြင်ဆင်နိုင်ပြီး Site အတွက် တကယ်အသုံးဝင်အောင် ပြုလုပ်နိုင်သူဖြစ်ပါတယ်။

အချုပ်အနေနဲ့ ပြောရမယ်ဆိုရင် ELV Project တစ်ခုမှာ Design ကောင်းတာတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ တကယ်အရေးကြီးတာက Ex*****on ဖြစ်ပြီး၊ အဲဒီ Ex*****on ကို အကောင်းဆုံး ထိန်းချုပ်ပေးနိုင်တာက Shop Drawing ဖြစ်ပါတယ်။ Shop Drawing ကို နားလည်ပြီး ကျွမ်းကျင်လာတာက Engineer တစ်ယောက်ရဲ့ Career ကို တကယ်တမ်း ပြောင်းလဲပေးနိုင်တဲ့ Skill တစ်ခု ဖြစ်ပါတယ်။


လတ်တလော Middle East ဒေသအတွင်း ပဋိပက္ခများတိုးလာနေခြင်းကို နိုင်ငံရေးသတင်းအဖြစ် တစ်ခုတည်း အဖြစ် ရှုမြင်ခြင်းထက် Infrastru...
20/03/2026

လတ်တလော Middle East ဒေသအတွင်း ပဋိပက္ခများတိုးလာနေခြင်းကို နိုင်ငံရေးသတင်းအဖြစ် တစ်ခုတည်း အဖြစ် ရှုမြင်ခြင်းထက် Infrastructure, technology deployment နှင့် building systems အပေါ် သက်ရောက်မှုတွေဟာ မျက်မြင်မတွေ့ရပေမယ့် စီးပွားရေးအရ အလွန်တင်းကျပ်တဲ့ pressure တစ်ခုအဖြစ် လက်တွေ့ ထိတွေ့လာရနိုင်စရာ ရှိပါတယ်။ System integration industry — အထူးသဖြင့် ELV, AV, security နှင့် ICT solutions များ — အတွက်တော့ ဒီအခြေအနေဟာ risk တစ်ခုတည်းမဟုတ်ပဲ direction ပြောင်းလဲမှုတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။

ပထမဆုံး သတိပြုရမည့်အချက်မှာ supply chain instability ဖြစ်ပါတယ်။ ယနေ့ ELV project တစ်ခုအောင်မြင်ဖို့ လိုအပ်တဲ့ equipment အများစုသည် global sourcing အပေါ် မူတည်နေပါတယ်။ Shipping route မတည်ငြိမ်မှု၊ insurance premium မြင့်တက်မှုနှင့် logistics delay များသည် project timeline ကို integrator မထိန်းချုပ်နိုင်သည့်အခြေအနေသို့ တဖြည်းဖြည်း ဦးတည်စေနိုင်ပါတယ်။ Investor အနေဖြင့် ဒီအချက်ကို capex planning အတွင်း contingency အဖြစ် ထည့်သွင်းစဉ်းစားရန် လိုအပ်လာပါတယ်။

ဒုတိယအနေဖြင့် cost structure ပြောင်းလဲမှုကိုလည်း လျစ်လျူရှုဖို့ မသင့်ပါ။ Energy price နှင့် logistics cost တက်လာတာနှင့်အမျှ equipment price သာမက installation cost, commissioning effort နှင့် lifecycle maintenance cost တို့ပါ တဖြည်းဖြည်း တက်လာမှာ အသေအချာပါ။ Fixed-price contract များတွင် margin erosion ဖြစ်နိုင်ခြေ မြင့်မားလာတဲ့ အတွက် integrator များအတွက် financial discipline နှင့် contract structuring က ပိုမို အရေးကြီးလာပါတယ်။ Investor များအနေဖြင့်လည်း lowest-cost selection ထက် resilient delivery capability ကို ပို၍ အလေးထားရမည့်ကာလဖြစ်လာမှာ ဖြစ်ပါတယ်။

တတိယအချက်ကတော့ demand pattern ပြောင်းလဲခြင်း ဖြစ်ပါတယ်။ ပဋိပက္ခနှင့် geopolitical uncertainty တိုးလာတာကြောင့် non-essential aesthetic systems များအတွက် investment အချို့နှေးကွေးနိုင်ပေမဲ့ security၊ healthcare၊ transportation နှင့် mission-critical infrastructure များတွင် investment မကျသွားဘဲ တစ်ချို့အပိုင်းတွေမှာ ပိုလို့တောင် ပိုတက်လာနိုင်ပါတယ်။ ဒီ အပြောင်းအလဲက integrator များအတွက် market shrink ဖြစ်ခြင်းထက် market shift ဖြစ်ခြင်းဟု သဘောပေါက်ဖို့ လိုပါတယ်။

ဒီနေရာမှာ security နှင့် resilience သည် system design ၏ အဓိကအချက်အချာဖြစ်လာပါတယ်။ CCTV, access control, command center integration နှင့် emergency communication systems များသည် “optional features” မဟုတ်တော့ဘဲ “core infrastructure” အဖြစ် တန်ဖိုးထားလာကြမှာပါ။ Client များက technology ကို မေးခြင်းထက် “risk ကို ဘယ်လို manage လုပ်ပေးနိုင်မလဲ” ဟု မေးလာဖို့ များပါတယ်။ ဒီလိုအခြေအနေမှာ integrator များရဲ့ အခန်းကဏ္ဍသည် installer မှ consultant ဖက်ကို ပိုပြီး နီးကပ်သွားတယ်လို့ ဆိုနိုင်ပါတယ်။

နောက်ထပ် အပြောင်းအလဲ တစ်ခုကတော့ sourcing နှင့် design philosophy ဖြစ်ပါတယ်။ ယခင်က brand တစ်ခုတည်းပေါ် မူတည်သော solution များဟာ supply disruption ဖြစ်လာတဲ့အခါမှာ project တစ်ခုလုံးကို ရပ်တန့်စေနိုင်ပါတယ်။ ဒါ့ကြောင့် open architecture, multi-brand compatibility နှင့် flexible system design များဟာဆိုရင် လာမည့်နှစ်များတွေမှာ standard practice တစ်ခုဖြစ်လာနိုင်စရာ ရှိပါတယ်။ Investor များအနေဖြင့်လည်း vendor lock-in risk ကို လျှော့ချနိုင်တဲ့ အတွက် ဒီလို design ကို ပိုမိုနှစ်သက်လာကြမှာ အမှန်ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် digital systems အများစုကလည်း IP-based ဖြစ်လာကြတာမို့ cybersecurity ဟာ physical system design နှင့် မခွဲမရသော အစိတ်အပိုင်းတစ်ခု ဖြစ်လာနေပါတယ်။ အယင်က ELV system ကို standalone infrastructure အဖြစ် ချဉ်းကပ်ခဲ့ကြပေမဲ့လို့ ဒီနေ့ခေတ်ကာလမှာတော့ network, data နှင့် remote access များနှင့် ပေါင်းစပ်ထားတဲ့ cyber-physical system အဖြစ် ပြောင်းလဲသွားပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် integrator များဟာ ဆိုရင် IT နှင့် security domain နှစ်ခုလုံးကို နားလည်တဲ့ hybrid capability လိုအပ်လာပြီ ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ ဒီအခြေအနေတစ်ခုလုံးကို risk အဖြစ်ချည်းပဲ သီးသန့် မမြင်ဘဲ geopolitical tension များဟာ industry ကို ပိုမို matured ဖြစ်စေသည့် [အခြေခံအားဖြင့် နှစ်လိုဖွယ် မဟုတ်သည့်တိုင်အောင်] driving force တစ်ခုလို့ မြင်ကြည့်လို့လည်း ရနိုင်ပါတယ်။ Procurement strategy ပိုမိုခိုင်မာလာစေမဲ့၊ design flexibility ပိုမိုတိုးတက်လာစေမဲ့၊ service-based business model များ ပိုမိုတန်ဖိုးရှိလာစေမဲ့ တွန်းအားလို့ ဆိုနိုင်ပါတယ်။ System integrator များအတွက် “installation contractor” အဖြစ် သီးသန့် ရပ်တည်ခြင်းထက် “infrastructure partner” အဖြစ် ပြောင်းလဲနိုင်သူများသည် လာမည့်နှစ်များတွင် ပိုမိုအောင်မြင်နိုင်စရာ ရှိပါတယ်။

Investor များအတွက် ကတော့ uncertainty များလာသည့်ကာလမှာ low-cost ex*****on ထက် resilient system design နှင့် reliable delivery partner ကိုရွေးချယ်ခြင်း အားဖြင့် အမြတ်တစ်ခုတည်းမဟုတ်ပဲ asset protection အဖြစ်ပါ ရှုမြင် တည်ဆောက်နိုင်စေဖို့ ပို၍ အရေးကြီးလာပြီလို့ပဲ ဆိုချင်ပါတယ်။

📺  ဟိုတယ်၊ ဆေးရုံ၊ Condominium နဲ့ Apartment Project တွေမှာ အရင်တုန်းက MATV (Master Antenna Television) စနစ်ကို အသုံးမျာ...
19/03/2026

📺 ဟိုတယ်၊ ဆေးရုံ၊ Condominium နဲ့ Apartment Project တွေမှာ အရင်တုန်းက MATV (Master Antenna Television) စနစ်ကို အသုံးများခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ IPTV (Internet Protocol Television) စနစ်တွေက ပိုပြီး flexible ဖြစ်လာပြီး feature များလာတဲ့အတွက် project အသစ်များမှာ IPTV ကိုရွေးချယ်လာကြပါတယ်။ MATV မှ IPTV သို့ ပြောင်းမယ်ဆိုရင် ဒီ ၁၀ ချက်ကို သတိထားသင့်ပါတယ်။


1️⃣ IPTV က LAN network ပေါ်မှာ run လုပ်တဲ့ system ဖြစ်တဲ့အတွက် Network Infrastructure Ready ဖြစ်ရပါမယ်။ ဒါကြောင့် structured cabling, switches, bandwidth capacity တွေကို design stage မှာပဲ စဉ်းစားထားဖို့ လိုပါတယ်။

2️⃣ HD / 4K video stream တွေက bandwidth များစွာသုံးတာမို့ Bandwidth Planning စဉ်းစားရပါမယ်။ Switch backbone နဲ့ uplink bandwidth မလုံလောက်ရင် video lag, buffering ဖြစ်စေနိုင်ပါတယ်။

3️⃣ Professional IPTV systems တွေမှာ IP multicast ကို သုံးတဲ့အတွက် Multicast Support
ဖြစ်ဖို့ တွက်ဆထားရပါမယ်။ Network switches တွေမှာ IGMP Snooping / IGMP Querier support ရှိဖို့ အရေးကြီးပါတယ်။

4️⃣ IPTV traffic ကို VLAN separation လုပ်ထားရင် network performance ပိုကောင်းပါတယ်။ Network Segmentation ကြိုတင်လုပ်ထားခြင်းက data traffic နဲ့ video traffic ကို conflict မဖြစ်အောင် ကာကွယ်ပေးပါတယ်။

5️⃣ IPTV system မှာ content source မျိုးစုံကို integrate လုပ်နိုင်ပါတယ်။
• Satellite TV
• Local HDMI sources
• OTT content
• Hotel information channel
ဒီ integration architecture ကို design လုပ်ဖို့လိုပါတယ်။

6️⃣ IPTV system ရဲ့ brain က middleware software ဖြစ်ပါတယ်။
ဒီ middleware က
• Channel management
• User interface
• Video-on-demand
• Digital signage
တို့ကို control လုပ်ပါတယ်။

7️⃣ TV တွေက IPTV compatible ဖြစ်ဖို့ လိုပါမယ်။
အချို့ project တွေမှာ
• Smart TV
• Android TV
• IPTV set-top box
တွေကို အသုံးပြုကြပါတယ်။

8️⃣ Project size ကြီးလာတဲ့အခါ IPTV system က easily expandable ဖြစ်ဖို့ လိုပါတယ်။
Room numbers တိုးလာတဲ့အခါ system upgrade အလွယ်တကူလုပ်နိုင်ရမယ်။

9️⃣ Maintenance & Monitoringအတွက် Professional IPTV system တွေမှာ central monitoring dashboard ရှိပါတယ်။ ဒါကြောင့် fault detection နဲ့ troubleshooting ပိုလွယ်ပါတယ်။

🔟 Future Services Integration အတွက် IPTV system က future services တွေ integrate လုပ်နိုင်ပါတယ်။
• Digital signage
• Room service ordering
• Guest messaging
• Interactive hotel services
ဒါတွေက MATV system မှာ မဖြစ်နိုင်တဲ့ feature တွေလို့လည်း ဆိုနိုင်ပါတယ်။

🔎 အချုပ်အားဖြင့် ပြောရရင် MATV system က simple broadcasting system ဖြစ်ပေမယ့်
IPTV ကတော့ digital service platform တစ်ခု ဖြစ်ပါတယ်။ Project design stage မှာ network architecture ကို မှန်ကန်စွာ design လုပ်ထားမယ်ဆိုရင် IPTV system က long-term value အများကြီးပေးနိုင်ပါတယ်။

📌 A&A ပရောဂျက်တွေမှာ ELV အင်ဂျင်နီယာတွေ အလုပ်လုပ်တဲ့ခါ ဒီ  အချက် (၇) ချက်ကို သတိထားဖို့ လိုပါတယ်။ ဆောက်လုပ်ပြီးသား အဆောက...
19/03/2026

📌 A&A ပရောဂျက်တွေမှာ ELV အင်ဂျင်နီယာတွေ အလုပ်လုပ်တဲ့ခါ ဒီ အချက် (၇) ချက်ကို သတိထားဖို့ လိုပါတယ်။

ဆောက်လုပ်ပြီးသား အဆောက်အအုံတွေကို တိုးချဲ့ပြုပြင်တဲ့ A&A (Addition & Alteration) ပရောဂျက်တွေဟာ အဆောက်အအုံသစ် ပရောဂျက်တွေထက် စိန်ခေါ်မှုတွေ ပိုများပါတယ်။ ဒီလို ပရောဂျက်တွေမှာ ELV စနစ်တွေ (CCTV, Fire Alarm, PA, Access Control, Data Networking) တပ်ဆင်တဲ့အခါ အောက်ပါအချက်တွေကို အထူးဂရုပြုဖို့ လိုအပ်ပါတယ်။

၁။ မူလဆောက်လက်စ အဆောက်အအုံပုံများ (As-Built Drawings) ကို သေချာလေ့လာဖို့ လိုပါတယ်။
• မူလက မြှုပ်ဆွဲထားတဲ့ ဝိုင်ယာကြိုးတွေ၊ ပိုက်လိုင်းတွေ ရှိနေနိုင်တယ်။
• တိုင်များ၊ Beam တွေ၊ နေရာများ အတိအကျ နေရာသိဖို့လိုတယ်။
၂။ မူလလျှပ်စစ်ဝန်အား (Electrical Load) ကို စစ်ဆေးဖို့ လိုပါတယ်။
• ELV စနစ်အသစ်အတွက် လျှပ်စစ်မီးယူမယ်ဆိုရင် မူလဆားကစ်က overload ဖြစ်နေလားဆိုတာ စစ်ဆေးရပါမယ်။
• UPS နဲ့ Power Backup လုံလောက်မှုရှိလားဆိုတာလည်း စစ်ရပါမယ်။
၃။ နံရံဖောက်ခြင်း၊ မျက်နှာကျက်ဖောက်ခြင်း မလုပ်ခင် သေချာစဉ်းစားဖို့ လိုပါတယ်။
• မူလအဆောက်အအုံရဲ့ အားပြုနံရံ (Load-Bearing Wall) တွေကို မထိခိုက်စေဖို့ အရေးကြီးပါတယ်။
• မီးခံနံရံ (Fire-Rated Wall) တွေကို ဖောက်ရင် နောက်ပိုင်း Fire Stopping လုပ်ဖို့ မမေ့ပါနဲ့။
၄။ မူလဝိုင်ယာကြိုးအဟောင်းများနှင့် လှိုင်းနှောင့်ယှက်မှု(Interference) ကို သတိပြုပါ။
• မူလဓာတ်အားလိုင်း (Power Cable) တွေနဲ့ ELV ကြိုးတွေ အတူတူပြေးရင် Signal Interference ဖြစ်နိုင်တယ်။
• အနည်းဆုံး အကွာအဝေး (Separation Distance) ကို လိုက်နာရပါမယ်။
၅။ လက်ရှိအသုံးပြုနေတဲ့ အဆောက်အအုံဖြစ်လို့ လုပ်ငန်းခွင်ဘေးကင်းရေး အထူးဂရုစိုက်ဖို့ လိုပါတယ်။
• လူတွေသွားလာနေတဲ့နေရာမှာ ကေဘယ်တွေ ဖြန့်ခင်းတဲ့အခါ ခလုတ်တိုက်နိုင်တဲ့အန္တရာယ်ကို ရှောင်ရှားနိုင်စေဖို့ လိုပါတယ်။
• ဖုန်မှုန့်တွေ၊ ဆူညံသံတွေကို ထိန်းချုပ်ပြီး လုပ်ငန်းရှင်နဲ့ နေထိုင်သူတွေကို အနှောက်အယှက် အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ဖို့လိုပါတယ်။
၆။ မူလမီးဘေးကာကွယ်ရေးစနစ်ကို ထိခိုက်မှုမရှိစေရန် ဂရုပြုပါ။
• မျက်နှာကျက်ဖြုတ်တဲ့အခါ မူလ Smoke Detector တွေ၊ Sprinkler တွေကို မပျက်စီးအောင် ကာကွယ်ပါ။
• ယာယီဖြုတ်ထားရင် ပြန်တပ်ဖို့မမေ့ပါနဲ့။
၇။ ခွင့်ပြုချက်နှင့် သက်ဆိုင်ရာအသိပေးချက်များ (Permits & Notifications)
• A&A အလုပ်ဆိုတာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဆီက ခွင့်ပြုချက်လိုအပ်တတ်ပါတယ်။
• အဆောက်အအုံပိုင်ရှင်၊ မန်နေဂျာနဲ့ ကြိုတင်ညှိနှိုင်းပြီး အလုပ်ချိန်ကို သတ်မှတ်ဖို့လိုပါတယ်။

အကျဉ်းချုပ်အနေနဲ့ပြောရရင်... A&A ပရောဂျက်တွေဟာ Greenfield ပရောဂျက်တွေလို လွတ်လွတ်လပ်လပ် ဆွဲဆန့်လို့မရဘဲ မူလအဆောက်အအုံရဲ့ အားနည်းချက်တွေ၊ ကန့်သတ်ချက်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ရတာမို့ အတွေ့အကြုံရင့်ကျက်မှုနဲ့ စေ့စပ်သေချာမှုအရမ်းလိုအပ်ပါတယ်။

အပေါ်ကအချက်တွေကို သေချာလိုက်နာမယ်ဆိုရင် ကိုယ့်အတွက်ရော၊ ကိုယ့်ကုမ္ပဏီအတွက်ပါ နာမည်ကောင်းရစေမယ့် အလုပ်တွေ ဖြစ်လာမှာ ဖြစ်ပါတယ်။

📌 Value Engineering သည် Cheapest Option ကို ရွေးဖို့ သက်သက်မဟုတ်ပါဘူးProject တစ်ခုလုပ်တဲ့အခါ “Budget ကျော်နေလို့ နည်းနည်...
18/03/2026

📌 Value Engineering သည် Cheapest Option ကို ရွေးဖို့ သက်သက်မဟုတ်ပါဘူး

Project တစ်ခုလုပ်တဲ့အခါ “Budget ကျော်နေလို့ နည်းနည်း လျှော့ရမယ်” ဆိုတဲ့ စကားကို အမြဲကြား ရတတ်ပါတယ်။ ဒါပေမယ့် Budget လျှော့တာကို

Value Engineering လို့ ခေါ်တာနဲ့
Cheap / Low Quality Option ကိုရွေးတာဟာ လုံးဝ မတူပါဘူး။

ELV Project တွေမှာ ဒီအချက်ကို မခွဲခြားနိုင်ရင် system performance၊ reliability နဲ့ maintenance cost တွေမှာ အကြီးအကျယ် ထိခိုက်နိုင်ပါတယ်။

🔧 Value Engineering (VE) ဆိုတာက
Performance ကိုမလျော့ပဲ Cost ကို optimize လုပ်ခြင်း ဖြစ်ပါတယ်။

ဥပမာ –
• Speaker brand တစ်ခုက စျေးကြီးတယ် → Same acoustic performance ရနိုင်တဲ့ brand alternative ကိုရွေးနိုင်ပါတယ်။

• 48-core fiber cable design ကို → actual requirement အရ 24-core fiber ပြောင်းနိုင်ပါတယ်။

• Rack layout ကို optimize လုပ်ပြီး → cable length ကို လျှော့ချနိုင်ပါတယ်။

ဒါတွေက Quality ကိုမထိခိုက်ပဲ Project Cost ကို optimize လုပ်တာ ဖြစ်ပါတယ်။
👉 Function လည်း မလျော့ဘူး
👉 Reliability လည်း မလျော့ဘူး
👉 Lifecycle cost လည်း မတက်ဘူး
ဒါက Professional Engineering Approach ဖြစ်ပါတယ်။

⚠️ Cheap option ဆိုတာကတော့
Quality ကို sacrifice လုပ်ပြီး initial cost လျှော့တာ ဖြစ်ပါတယ်။
ဥပမာ –
• Proper IP camera အစား cheap camera သုံးဖို့ ကြိုးစားတာ
• Structured cabling standard မလိုက်ဘဲ cheap cable သုံးဖို့ ရွေးချယ်တာ
• PA system design မတွက်ဘဲ speaker cheap version သုံးတာ

ဒီလိုလုပ်ခြင်းအားဖြင့်
❌ Image quality မကောင်းတဲ့ ရလဒ် ရလာနိုင်ပါတယ်။
❌ Network unstable ဖြစ်စေနိုင်ပါတယ်။
❌ Sound coverage မမှန် ဖြစ်တတ်ပါတယ်။
❌ Maintenance cost ပိုပြီး ကုန်ကျသွားနိုင်စရာ ရှိပါတယ်။

ဒီအတွက် နောက်ဆုံးမှာ Client က နှစ်ခါပြန်လုပ်ရတဲ့ project ဖြစ်သွားတတ်ပါတယ်။

💡 Professional engineers တွေအတွက်
Goal က Cost ကို အနည်းဆုံးလုပ်တာ မဖြစ်သင့်ပါဘူး။

ဒီအစား Goal ကတော့ Maximum Performance per Kyats ဖြစ်သင့်ပါတယ်။

ဒါကြောင့် Project meeting တွေမှာ
• Cheap option အစား
• Value engineering proposal တင်ပြဆွေးနွေးပါ
ဒါက Engineer တစ်ယောက်ရဲ့ professional credibility ကိုတက်စေမှာ ဖြစ်ပါတယ်။

✅ အချုပ်အားဖြင့် ပြောရရင်

Cheap Option ဆိုတာ Function လျော့တဲ့၊ Performance နိမ့်ပြီး maintenance စရိတ် ပိုမြင့်စေတဲ့ ရေတို တစ်ပွဲတိုး အစီအစဉ်မျိုး ဖြစ်တတ်ပြီးတော့

Value engineering option ကတော့ Function လည်း မလျော့၊ performance လည်း မြင့်မားပြီး life cycle cost လည်း ကောင်းတဲ့ professional engineering option တစ်ခု ဖြစ်ပါတယ်။
🎯 နောက်တစ်ခါ project cost လျှော့ရမယ်ဆိုရင် မေးကြည့်ပါ —
Value engineering လုပ်ရမှာလား စျေးလျှော့ရရုံသက်သက်ပဲလားဆိုတာ တိတိပပ မေးမြန်းပါ။
ဒီနှစ်ခုက လုံးဝ တူမနေပါဘူး။





🚀 We’re Growing — And You’re Invited!At Team BOH, we don’t just hire employees…We welcome future team members who want t...
17/03/2026

🚀 We’re Growing — And You’re Invited!

At Team BOH, we don’t just hire employees…

We welcome future team members who want to grow, learn, and build something meaningful together.

💼 Position: Admin Assistant

If you are someone who:
✨ Loves being organized and detail-oriented
✨ Enjoys supporting a fast-moving engineering team
✨ Can handle communication, scheduling, and coordination with confidence
✨ Wants to work in a professional yet friendly environment

Then… this might be your next big move.

🌟 Why Join Team BOH?

✔ Work with a growing AV & ELV engineering company
✔ Learn real-world project coordination skills
✔ Supportive team culture (not toxic, not boring 😉)
✔ Career growth opportunities — we don’t keep you stuck
✔ Be part of something bigger, not just “a job”


📍 We’re not just hiring…
👉 We’re building a team that people don’t want to leave

📩 Ready to join us?
Send your CV to: [email protected]
Or message us directly at 09768207455 [Free call on Viber]

Efficiency Expert တစ်ဦးအတွက် နတ်ဖက်တဲ့ နည်းပညာမိတ်ဖက်တစ်တွဲ 🤖 AI + ELVကေဘယ်လ်တွေ လိုက်ရေတွက်နေရတဲ့နေ့ရက်တွေ၊ ဒီဇိုင်းခဏ ...
17/03/2026

Efficiency Expert တစ်ဦးအတွက်
နတ်ဖက်တဲ့ နည်းပညာမိတ်ဖက်တစ်တွဲ
🤖 AI + ELV

ကေဘယ်လ်တွေ လိုက်ရေတွက်နေရတဲ့နေ့ရက်တွေ၊
ဒီဇိုင်းခဏ ခဏ ပြင်နေရတဲ့ ညနေခင်းတွေ
မကြာခင်ပဲ ကုန်ဆုံးပါတော့မယ်။

ELV အင်ဂျင်နီယာတွေအတွက် AI ဟာ အဖော်ကောင်းတစ်ယောက်လိုပါပဲ။

✅ AI က ကေဘယ်လ်အလျှောက်အတက်တွေကို ကြိုတင်ခန့်မှန်းပေး၊ Rack တွေနေရာချထားမှုကိုလည်း အကောင်းဆုံးဖြစ်အောင် တွက်ပေးမဲ့ ဉာဏ်ရည်ထက်မြက်တဲ့ ဒီဇိုင်း

✅ PDF ပုံကြမ်းတွေကနေ တစ်မိနစ်ပိုင်းအတွင်း ပစ္စည်းအရေအတွက်စာရင်း (BOQ) ထုတ်ပေးနိုင်ခြင်း။

✅ CCTV ဒါမှမဟုတ် Access Control တွေ မပျက်စီးခင် ကြိုတင်သိရှိအောင် AI က စောင့်ကြည့်ပေးမဲ့ ကြိုတင်ကာကွယ်မှု ပြုပြင်ထိန်းသိမ်းမှု စနစ်။

ရာဇဝင်ထဲမှာ Hard work ကို ထားရစ်ခဲ့ပါတော့
Smart work ဖြစ်ဖြစ်နဲ့
ဉာဏ်ကောင်းကောင်းနဲ့ အလုပ်လုပ်ပြီး
ပိုပြီး အနားယူရမဲ့ ခေတ်ကာလကို ရောက်ပါပြီ။

💡

🔥 ELV QS တွေအတွက် BATNA ဆိုတာ ဘာလဲELV လုပ်ငန်းရှင်များ၊ Network Installation System Integrator များနဲ့ အထူးသဖြင့် Quanti...
13/03/2026

🔥 ELV QS တွေအတွက် BATNA ဆိုတာ ဘာလဲ

ELV လုပ်ငန်းရှင်များ၊ Network Installation System Integrator များနဲ့ အထူးသဖြင့် Quantity Surveyor (QS) ညီအကိုများအတွက် ဒီနေ့ အကြောင်းအရာလေးတစ်ခု မျှဝေချင်ပါတယ်။ QS များ နေ့စဉ်အလုပ်လုပ်တဲ့အခါ Project တင်ဒါဝင်ရတာ၊ Client နဲ့ ဈေးနှုန်းညှိနှိုင်းရတာ၊ Proposal တင်ရတာ၊ Contract terms ဆွေးနွေးရတာတွေကို မကြာခဏ ကြုံတွေ့ရပါတယ်။ ဒီလို ညှိနှိုင်းရတဲ့အခါတိုင်းမှာ “ကိုယ့်ဘက်က မနစ်နာဘဲ အကောင်းဆုံးရလဒ်ရအောင် ဘယ်လိုလုပ်မလဲ” ဆိုတာကို စဉ်းစားရပါတယ်။

ဒီနေရာမှာ စီးပွားရေးနဲ့ negotiation ပညာရပ်တွေထဲမှာ အလွန်အသုံးများတဲ့ concept တစ်ခုရှိပါတယ်။ အဲဒါကတော့ BATNA လို့ခေါ်တဲ့ အယူအဆပါ။

BATNA ဆိုတာက Best Alternative To a Negotiated Agreement ဆိုတဲ့ စကားလုံးရဲ့ အတိုကောက်ဖြစ်ပါတယ်။ လွယ်လွယ်နဲ့ ပြောရရင် “လက်ရှိညှိနှိုင်းနေတဲ့ deal မဖြစ်လာခဲ့ရင် ကိုယ်သွားနိုင်တဲ့ အကောင်းဆုံး အခြားရွေးချယ်စရာ” လို့ နားလည်နိုင်ပါတယ်။ Client နဲ့ ဈေးညှိနေတာမှာ ကိုယ်လိုချင်တဲ့ price မရဘူးဆိုရင် ကိုယ်မှာ နောက်ထပ် ဘာ option ရှိသလဲဆိုတာကို ဆိုလိုတာပါ။ အဲဒီ option ကိုပဲ BATNA လို့ခေါ်ပါတယ်။ BATNA ကောင်းတဲ့သူတွေက negotiation table မှာ ပိုအားသာတတ်ကြပါတယ်။

ELV လုပ်ငန်းထဲမှာတော့ BATNA ရှိခြင်းက ပိုပြီး အရေးကြီးပါတယ်။ Cable, Fiber, CCTV, Access Control, Network equipment စတဲ့ ပစ္စည်းဈေးနှုန်းတွေက တစ်နေ့တစ်မျိုး ပြောင်းလဲနေတတ်ပြီး Client တွေကလည်း အမြဲ ဈေးအနိမ့်ဆုံးကို ရချင်ကြပါတယ်။ ဒီလိုအခြေအနေတွေမှာ ကိုယ့်မှာ BATNA ကောင်းကောင်းရှိနေမယ်ဆိုရင် negotiation လုပ်ရတာ ပိုအဆင်ပြေသလို ကိုယ့် profit margin မကျအောင်လည်း ထိန်းနိုင်ပါတယ်။

ဥပမာအနေနဲ့ Fiber Optic Cabling Project တစ်ခုအတွက် quotation တင်ထားတယ်ဆိုပါစို့။ Client က ဈေးအရမ်းချိုချို လိုချင်နေပါတယ်။ ဒီလိုအချိန်မှာ ကိုယ့် BATNA က ဘာတွေဖြစ်နိုင်မလဲဆိုတာကို စဉ်းစားကြည့်ရပါမယ်။

တစ်ခုကတော့ Alternative Client ဖြစ်ပါတယ်။ ကိုယ့်မှာ နောက်ထပ် project negotiation တစ်ခုရှိနေတယ်ဆိုရင် အဲဒါဟာ အားကောင်းတဲ့ BATNA ဖြစ်ပါတယ်။ ဒီ project မရရင်လည်း နောက် project တစ်ခုရှိနေတယ်ဆိုတဲ့ ယုံကြည်မှုရှိလာတဲ့အတွက် negotiation လုပ်တဲ့အခါ စိတ်ဖိစီးမှု နည်းသွားပါတယ်။

နောက်တစ်ခုကတော့ Alternative Supplier ဖြစ်ပါတယ်။ Supplier က ဈေးတက်သွားတယ် ဒါမှမဟုတ် credit term မပေးတော့ဘူးဆိုရင် ကိုယ့်မှာ China, Thailand, Vietnam စတဲ့ နိုင်ငံတွေက alternative suppliers တွေကို သိထားမယ်ဆိုရင် အဲဒါဟာ BATNA တစ်ခုဖြစ်ပါတယ်။ Supplier တစ်ခုတည်းကို မူတည်နေမယ်ဆိုရင် negotiation လုပ်တဲ့အခါ အားနည်းသွားတတ်ပါတယ်။

တစ်ခါတလေ Technology ကိုပြောင်းလဲပြီး BATNA ဖန်တီးနိုင်ပါတယ်။ Client က legacy system တစ်ခုကို insist လုပ်နေတယ်ဆိုပေမယ့် ကိုယ်က Wi-Fi 6 solution၊ IP based system၊ cloud managed system စတဲ့ ပို modern technology ကို အဆိုပြုနိုင်မယ်ဆိုရင် negotiation မှာ alternative option တစ်ခု ထပ်ပေါ်လာပါတယ်။

အခြားတစ်ခါတလေ အကောင်းဆုံး BATNA ဆိုတာ Walk Away လို့ခေါ်တဲ့ “မလုပ်တော့ဘူး” ဆိုတဲ့ ဆုံးဖြတ်ချက်ပါပဲ။ Cost တွက်ကြည့်ပြီး profit မရှိဘူးဆိုရင် အဲဒီ project ကို ငြင်းပယ်နိုင်တဲ့ သတ္တိရှိဖို့ လိုပါတယ်။ Negotiation မှာ အပြင်းထန်ဆုံး BATNA ကတော့ ဒီလို decision ဖြစ်တတ်ပါတယ်။

ဒါဆို ELV QS တစ်ယောက်အနေနဲ့ ကိုယ့် BATNA ကို ဘယ်လိုတည်ဆောက်နိုင်မလဲဆိုတာလည်း အရေးကြီးပါတယ်။ အရင်ဆုံး Market ကို အမြဲလေ့လာနေဖို့လိုပါတယ်။ ဘယ်ပစ္စည်း ဘယ်ဈေး၊ ဘယ်နိုင်ငံက import လုပ်ရင် သက်သာလဲဆိုတာကို အမြဲ update ဖြစ်နေအောင် လေ့လာရပါမယ်။

ဒါ့အပြင် contractor, consultant, supplier, developer တွေနဲ့ relationship ကောင်းကောင်းတည်ဆောက်ထားဖို့လည်း အရေးကြီးပါတယ်။ Project တစ်ခုမရခဲ့ရင် နောက် project တစ်ခုရဖို့ အခွင့်အလမ်းတွေ ပိုများလာနိုင်ပါတယ်။

နောက်ဆုံးအနေနဲ့ ကိုယ့် skill set ကို မြှင့်တင်ဖို့လည်း လိုပါတယ်။ ELV industry က အမြဲပြောင်းလဲနေတဲ့အတွက် IP Surveillance, Smart Building, IoT, Integrated systems စတဲ့ technology အသစ်တွေကို နားလည်ထားမယ်ဆိုရင် ကိုယ့်ရဲ့ ကျွမ်းကျင်မှုကိုယ်တိုင်က BATNA ဖြစ်လာနိုင်စေမှာ ဖြစ်ပါတယ်။

အချုပ်ဆိုရရင် negotiation မှာ အောင်မြင်ချင်ရင် “ဒီ project ကိုပဲ မဖြစ်မနေ ရမှ ဖြစ်မယ်” ဆိုတဲ့ mindset ကို တစ်ခါတလေ ဖယ်ထားဖို့ လိုပါတယ်။ ကိုယ့် BATNA ကို သိထားတဲ့အခါမှာသာ လိုအပ်တဲ့အချိန် “ဒီ price နဲ့ မဖြစ်နိုင်ဘူး၊ ကျွန်တော်တို့ alternative option နဲ့ သွားမယ်” ဆိုပြီး confidence နဲ့ ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။

ELV QS ညီအကိုများအားလုံး negotiation တိုင်းမှာ အောင်မြင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ခုလို ၂၀၂၆ ခုနှစ် လိုအချိန်ကာလမှာ ELV (Extra Low Voltage) engineering field က တဖြည်းဖြည်း equipment installation အဆင့် ထ...
11/03/2026

ခုလို ၂၀၂၆ ခုနှစ် လိုအချိန်ကာလမှာ ELV (Extra Low Voltage) engineering field က တဖြည်းဖြည်း equipment installation အဆင့် ထက်ကျော်လွန်ပြီး system architecture design အဆင့် သို့ ရောက်လာနေပြီဖြစ်ပါတယ်။ အရင်ကELV engineer တစ်ယောက်အနေနဲ့ device တပ်ဆင်တာ၊ cable ချိတ်ဆက်ခြင်းတို့ကို အဓိကအလုပ်အဖြစ် လုပ်ခဲ့ကြပေမယ့်လို့ ဒီနေ့ခေတ်မှာတော့ building systems အများစုကို အပြန်အလှန် ဆက်သွယ်လုပ်ဆောင်နိုင်တဲ့ integrated systems တစ်ခု အဖြစ် design လုပ်နိုင်ခြင်းက အရေးကြီးလာပါတယ်။ ဒါ့ကြောင့် ၂၀၂၆ ခုနှစ်မှာ professional ELV engineer တစ်ယောက်အဖြစ် တိုးတက်လိုသူများအတွက် သိထားသင့်တဲ့ advanced concepts အချို့ရှိလာပါတယ်။

Read more at ...

https://boh.com.mm/ယနေ့ခေတ်ရဲ့-elv-concepts-များ/

Address

Yangon

Alerts

Be the first to know and let us send you an email when BOH - Audio Visual & ELV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BOH - Audio Visual & ELV:

Share