03/03/2026
Bending Moment (BM) ကို Civil Engineers တွေ မဖြစ်မနေ နားလည်ထားသင့်တဲ့အချက်တွေကိုပြောချင်ပါတယ်…
Structural Engineering မှာ Bending Moment (BM) ဆိုတာ beam design အတွက် အခြေခံအကျဆုံး concept တစ်ခုပါ။
Beam တစ်ခုကို external load တွေ (Point Load, UDL, etc.) တင်လိုက်တဲ့အခါ internal forces တွေ develop ဖြစ်လာပါတယ်။
အဲဒီ internal effect ထဲက beam ကို ကွေးသွားစေတဲ့ rotational effect ကိုပဲ Bending Moment လို့ခေါ်ပါတယ်။
Why is Bending Moment Important?
✔ Beam size ရွေးချယ်ရာမှာ အခြေခံဖြစ်တယ်
✔ Bending stress တွက်ဖို့လိုအပ်တယ်
✔ RCC design မှာ reinforcement arrangement ဆုံးဖြတ်ဖို့ အရေးကြီးတယ်
✔ Structural safety & serviceability ကို ensure လုပ်ပေးတယ်
BM analysis မမှန်ရင် design error ဖြစ်နိုင်ပြီး structural failure အထိ ဖြစ်နိုင်ပါတယ်။
Sagging Moment vs Hogging Moment
🩵Sagging Moment (Positive BM)
Beam က အောက်ဘက်ကို ကွေးသွားတဲ့ပုံစံ
• Top fiber → Compression
• Bottom fiber → Tension
Mid-span မှာ အများဆုံးတွေ့ရတတ်တယ် (Simply Supported Beam)
🤍Hogging Moment (Negative BM)
Beam က အပေါ်ဘက်ကို ကွေးသွားတဲ့ပုံစံ
• Top fiber → Tension
• Bottom fiber → Compression
Continuous beam support နားမှာ ဖြစ်တတ်တယ်
Correct reinforcement placement အတွက် ဒီ concept ကို သေချာနားလည်ဖို့ လိုပါတယ်။
📐 Simple Example
Simply Supported Beam
Span = L
Center မှာ Point Load = W
Maximum Bending Moment
BMmax = WL/4
Location → Mid-span
Reminder…
Load → Shear Force → Bending Moment → Bending Stress
Shear Force Diagram (SFD) နဲ့ Bending Moment Diagram (BMD) တို့ရဲ့ relationship ကို မကျွမ်းကျင်ရင် structural analysis မှာ အားနည်းချက်ရှိနိုင်ပါတယ်။
Site မှာ ဖြစ်တတ်တဲ့ BM related mistakes တွေရှိရင် comment မှာ share လုပ်ပေးပါ 👇
Knowledge sharing လုပ်ကြရအောင်။