18/11/2023
❝ ခရီးကပြန်ရောက်ရင် ကားစစ်ဆေးဖို့ မမေ့ပါနဲ့။‼️ ❞
လူအတော်များများက ခရီးမသွားခင်ဆို ကားဝပ်ရှော့ဆိုင်သွားပြီး ကားစစ်ဆေးတာတွေ၊ ပြုပြင်ထိန်းသိမ်းတာတွေကို တက်တက်ကြွကြွ လုပ်လေ့ရှိကြပေမဲ့ ခရီးကပြန်ရောက်ရင်တော့ ကားကိုပြန်လည်ထိန်းသိမ်းဖို့ မေ့နေတာအမှန်ပါပဲ။ 😅
ဒါကြောင့် ခရီးကပြန်လာတာနဲ့ ကားဝပ်ရှော့မသွားနိုင်ရင်တောင် အိမ်မှာ ကိုယ်တိုင်စစ်ဆေးထိန်းသိမ်းနိုင်မယ့် အချက် (၅) ချက်ကို ဖော်ပြလိုက်ပါတယ်..
♻️ ၁။ ကားအပြင်ဘက်မှာ လမ်းတလျှောက်ညစ်ပတ်ခဲ့တဲ့ ဖုန်၊ ပိုးမွှားနဲ့ အမှိုက်တွေကို သန့်ရှင်းရေး လုပ်ပါ။
♻️ ၂။ ကားတစ်စီးမှာ သေချာပေါက်လိုအပ်တဲ့ အင်ဂျင်ဆီ၊ ဂီယာဆီ၊ ဘရိတ်ဆီ၊ ရေတိုင်ကီ coolant၊ Power Steering Fluid နဲ့ လေကာမှန်ဆေးရည်တွေကို ပုံမှန်ရှိ၊ မရှိ စစ်ဆေးပေးပါ။
♻️ ၃။ တာယာများကို ယိုယွင်းပျက်စီးမှု ရှိ/မရှိ စစ်ဆေးပြီး တာယာဖိအားကို လိုအပ်သလို ချိန်ညှိပါ။
♻️ ၄။ ကားဘတ္ထရီရဲ့ ဗို့အားကို စစ်ပါ။ terminal တွေမှာ သံချေးတက်နေရင် သန့်ရှင်းပေးဖို့ မမေ့ပါနဲ့။
♻️ ၅။ ကားအောက်ပိုင်းရှိ အစိတ်အပိုင်းတွေကို စစ်ဆေးပြီး အတွင်းခန်းကိုလည်း သန့်ရှင်းရေးလုပ်ပါ။
ခရီးဝေးဝေး/နီးနီး အချိန်ကြာကြာ ကားမောင်းနှင်ရတာ၊ လမ်းခရီးကြမ်းတမ်းမှုတွေကြောင့် အနည်းနဲ့အများတော့ ကားထိခိုက်ပျက်စီးမှုတွေ ရှိလာနိုင်ပါတယ်။ ဒါတွေကို လျစ်လျူရှူထားရင် ရေရှည်မှာ ကားရဲ့ပုံမှန်စွမ်းဆောင်ရည်ကိုကျစေပြီး ပြန်လည်ပြုပြင်ထိန်းသိမ်းစရိတ်တွေ ပိုမိုကုန်ကျနိုင်တာမို့ သေချာပေါက် check list တွေကို စစ်ဆေးလိုက်ပါနော်။ 💯
=========================
❝ Don't forget to check the car when you come back from your trip. ❞
Many people go to a car repair shop before they go on a trip. Although they tend to be proactive about maintenance, they often forget to restore the car when they return from a trip.
So, even if you can't go to the car workshop upon returning from a trip, here are (5) tips that you can check and maintain yourself at home.
♻️ 1. Clean the exterior of the car to remove dirt and bugs and grime from the road.
♻️ 2. Engine oil, gear oil, brake oil, radiator coolant, power steering fluid and windshield washer fluid, which are definitely needed in a car, checked regularly.
♻️ 3. Check tires for maintenance and adjust tire pressure as necessary.
♻️ 4. Check the voltage of the car battery. Don't forget to clean the terminals if they are rusted.
♻️ 5. Check the parts under the car and clean the interior as well.
Long-distance/short-distance driving can cause more or less damage to the car due to the roughness of the road. Ignoring these can reduce the car's normal performance in the long run and increase repair and maintenance costs, so be sure to check the checklist. 💯
Contact No : 019-558180, 01-9558542, 09-408900635, 01-9558250, 09-420275736
Viber : 095013241
Email : [email protected]