Thiha Dana Construction Group

Thiha Dana Construction Group “မြန်ဆန်တိကျ သီဟဓန”

🏗️ စာရွက်ပေါ်က ဒီဇိုင်း မြေပြင်မှာ ခိုင်ခံ့ဖို့ အင်ဂျင်နီယာတိုင်း သိထားရမယ့် "Site Inspection" လမ်းညွှန်"အိမ်တစ်လုံး၊ အဆ...
30/05/2026

🏗️ စာရွက်ပေါ်က ဒီဇိုင်း မြေပြင်မှာ ခိုင်ခံ့ဖို့ အင်ဂျင်နီယာတိုင်း သိထားရမယ့် "Site Inspection" လမ်းညွှန်

"အိမ်တစ်လုံး၊ အဆောက်အအုံတစ်ခု ဆောက်တဲ့အခါ ငွေကုန်ကြေးကျခံပြီး အကောင်းဆုံးဒီဇိုင်းတွေ ဆွဲရုံ၊ အရည်အသွေးမြင့် ပစ္စည်းတွေ ဝယ်ရုံနဲ့တင် မလုံလောက်သေးပါဘူး"

တကယ်တမ်း မြေပြင်လုပ်ငန်းခွင်မှာ အရေးအကြီးဆုံးနဲ့ အဆောက်အအုံရဲ့ သက်တမ်းကို ဆုံးဖြတ်ပေးတဲ့အရာကတော့ **"Site Inspection" (ခေါ်) လုပ်ငန်းခွင်
အဆင့်ဆင့်ကို စနစ်တကျ စစ်ဆေးခြင်း** ပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ပရော်ဖက်ရှင်နယ် ဆောက်လုပ်ရေးအဖွဲ့တွေနဲ့ အင်ဂျင်နီယာများ မဖြစ်မနေ လိုက်နာရမယ့် အသေးစိတ် အရည်အသွေးထိန်းချုပ်မှု (Quality Control) လမ်းညွှန်
ချက်တွေကို ဗဟုသုတအဖြစ် ဝေမျှပေးလိုက်ပါတယ်ဗျာ။

📋 ၁။ ကြိုတင်စစ်ဆေးခြင်း (Preliminary Inspection)
အလုပ်မစတင်မီ စာရွက်ပေါ်က ဒီဇိုင်းပုံစံများနှင့် Specifications (သတ်မှတ်ချက်များ) ကို မြေပြင်နဲ့ ကိုက်ညီမှု ရှိ၊ မရှိ အရင်ဆုံး သေချာစစ်ဆေးရပါမယ်။
* **အခြေခံအဆောက်အအုံ:**
လုပ်ငန်းခွင်သုံး စက်ကိရိယာများ၊ ပစ္စည်းသိုလှောင်ရုံများ၊ ရေ၊ မီး၊ ဝန်ထမ်းနေထိုင်ရေးနှင့် ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများ ကြိုတင်ပြင်ဆင်ပြီးစီးမှုကို စစ်ဆေးရပါမည်။
* **မြေပြင်အခြေအနေ:**
မြေပြင်ရှိ ပန္နက်အမှတ်အသားများ (Layout)၊ မြေသားခိုင်ခံ့မှု အခြေအနေနှင့် မြေအောက်ရေမျက်နှာပြင် (Water Table) တည်ရှိမှုများကိုပါ တိကျစွာ စစ်ဆေးရပါမယ်။

🧱 ၂။ ကုန်ကြမ်းပစ္စည်းများ၏ အရည်အသွေးစစ်ဆေးခြင်း (Materials Inspection)
လုပ်ငန်းခွင်ထဲဝင်လာတဲ့ ကုန်ကြမ်းပစ္စည်းတွေရဲ့ အရည်အသွေးဟာ အဆောက်အအုံရဲ့ ခိုင်ခံ့မှုကို တိုက်ရိုက် သက်ရောက်စေပါတယ်။
# # # # (က) ဘိလပ်မြေ (Cement)
ဘိလပ်မြေအိတ်များသည် စိုထိုင်းဆကြောင့် ခဲနေခြင်းမျိုးမရှိဘဲ အမှုန့်အခြေအနေ ဖြစ်ရမည့်အပြင် လုပ်ငန်းခွင်အမျိုးအစားအလိုက် ဘိလပ်မြေ အမျိုးအစား (၅) မျိုးကို မှန်ကန်စွာ ရွေးချယ်စစ်ဆေးရပါမယ်။
# # # # (ခ) သဲနှင့် ကျောက် (Fine & Coarse Aggregates)
* **သဲ (Fine Aggregate):** ဖုန်၊ ရွှံ့နှင့် အော်ဂဲနစ်အညစ်အကြေးများ ကင်းစင်ရမည်။ **Silt Test** (ရွှံ့ပါဝင်မှုစစ်ဆေးခြင်း) ပြုလုပ်စဉ် ရွှံ့အလွှာသည် ၁/၈ လက်မထက် ပိုထူနေပါက ထိုသဲကို သန့်စင်အောင် ဆေးကြောပြီးမှသာ အသုံးပြုရမည်။
* **ကျောက် (Coarse Aggregate):** အရွယ်အစားစုံလင်စွာ မျှတစွာပါဝင်သော **"Well-graded"** ဖြစ်ရပါမည်။ ကျောက်ခဲများကြားတွင် လေခိုမှု (Voids) နည်းစေပြီး ဘိလပ်မြေအနှစ်သုံးစွဲမှုကို လျှော့ချပေးနိုင်ကာ စီးပွားရေးတွက်ချေကိုက်စေပါသည်။ အော်ဂဲနစ်ပစ္စည်းများနှင့် အညစ်အကြေးများ ကင်းစင်စေရန် အသုံးမပြုမီ ရေဆေးသင့်သည်။
# # # # (ဂ) ရေနှင့် အခြားပစ္စည်းများ (Water & Admixtures)
* **ရေ:** ရေသည် ဆီ၊ အက်ဆစ်၊ အယ်လ်ကာလီနှင့် အညစ်အကြေးများ ကင်းစင်သော သောက်သုံးနိုင်သည့် ရေအမျိုးအစား ဖြစ်ရမည်။
* **Admixtures:** ကွန်ကရစ်၏ ဂုဏ်သတ္တိမြှင့်တင်ရန် အသုံးပြုသော ဓာတုဆေးရည်များကိုလည်း စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု ရှိ၊ မရှိ စနစ်တကျ စစ်ဆေးရမည်။

🧪 ၃။ ကွန်ကရစ်အချိုးအစားနှင့် Slump (ကျဲမှု/ပျစ်မှု) သတ်မှတ်ချက်များ
ကွန်ကရစ်ဖျော်စပ်ရာတွင် ခိုင်ခံ့မှု (Required Quality)၊ အလုပ်လုပ်ရလွယ်ကူမှု (Workability) နှင့် စီးပွားရေးတွက်ချေကိုက်မှု (Economy) ဟူသော ရည်မှန်းချက် (၃) ချက်ကို မျှတအောင် အဓိကထားရမည်။
* **Water-Cement Ratio:** ကွန်ကရစ်ခိုင်ခံ့မှုအတွက် ဤအချိုးသည် အသက်ဖြစ်ပြီး ခိုင်ခံ့မှုမြင့်မားစေရန် ရေအချိုးကို စနစ်တကျ လျှော့ချတွက်ချက်ရမည်။
* **Slump Test:** ကွန်ကရစ်၏ ပျစ်မှု/ကျဲမှုကို စစ်ဆေးရန်ဖြစ်ပြီး အဆောက်အအုံ အစိတ်အပိုင်းအလိုက် သတ်မှတ်ထားသော စံနှုန်းအတိုင်း ရှိရပါမည်။

📐 ၄။ ကွန်ကရစ်မလောင်းမီ စစ်ဆေးခြင်း (Inspection before Concreting)
ကွန်ကရစ် အမှန်တကယ် မလောင်းမီ နောက်ကြောင်းပြန်ပြင်ရခက်မည့် အချက်များကို သေချာစစ်ဆေးရမည့် အဆင့်ဖြစ်သည်။
* ပုံစံခွက် (Forms/Shuttering) များ၏ ခိုင်ခံ့မှု၊ ထောက်တိုင်များ သေချာမှုနှင့် ယိုစိမ့်မှုမရှိခြင်း။
* သံချောင်းများ၏ အရေအတွက်၊ အချင်းအရွယ်အစားနှင့် အကွာအဝေး (Spacing) များ မှန်ကန်ခြင်း။
* သံချောင်းများ သံချေးမတက်စေရန်(Concrete Cover) အလုံအလောက် ရှိ၊ မရှိနှင့် ပုံစံခွက်အတွင်း သန့်ရှင်းမှု ရှိခြင်း။
* အပူချိန်ကြောင့် ကျုံ့ခြင်း/ဆန့်ခြင်းဒဏ်ခံနိုင်ရန် ထည့်သွင်းရမည့် **Expansion and Contraction Joints** များ၏ တည်နေရာနှင့် ပုံစံများကို စနစ်တကျ စစ်ဆေးခြင်း။

🏗️ ၅။ ကွန်ကရစ်ဖျော်စပ်ခြင်းနှင့် လောင်းခြင်း (Inspection of Concreting)
# # # # (က) Batching & Mixing (စနစ်တကျဖျော်စပ်ခြင်း)
* ပစ္စည်းများကို အလေးချိန် (Weight) သို့မဟုတ် ထုထည် (Volume) ဖြင့် တိကျစွာ တိုင်းတာရမည်။
* **ဖျော်စပ်ချိန် (Mixing Time):** ကွန်ကရစ်ဖျော်စက်ထဲသို့ ရေကို ကွန်ကရစ်ပစ္စည်းများ အားလုံးမထည့်မီ စတင်ထည့်သွင်းပေးရမည်။ ဖျော်စပ်ချိန်သည် ပုံမှန်မွှေစက်များအတွက် **အနည်းဆုံး ၁ မိနစ်** ရှိရမည်ဖြစ်ပြီး၊ ပစ္စည်းအားလုံးစုံလင်စွာ ထည့်ပြီးနောက် **၃ မိနစ်** ခန့်အထိ မွှေပေးခြင်းက အကောင်းဆုံးဖြစ်သည်။ ၃ မိနစ်ထက် ပိုမွှေပါက ကွန်ကရစ်အတွက် အကျိုးထူးခြားမှုမရှိပါ။
# # # # (ခ) Placing & Consolidation (လောင်းခြင်းနှင့် ကျစ်လျစ်စေခြင်း)
* ကွန်ကရစ်ကို အမြင့်ကြီးမှ ပစ်မချရဘဲ အရောအနှောများ ခွဲထွက်ခြင်း (Segregation) မဖြစ်အောင် စနစ်တကျ လောင်းရမည်။
* ကွန်ကရစ်သား ကျစ်လျစ်ပြီး လေခိုခြင်းမရှိစေရန် **Vi****or (တုန်ခါစက်)** ကို အသုံးပြုရာတွင် တစ်နေရာတည်း၌ ၁၅ စက္ကန့်ထက် ပိုမထိုးဘဲ စနစ်တကျ ထိုးထည့်ကျစ်ရမည်။

🗓️ ၆။ ကွန်ကရစ်လောင်းပြီးနောက်ပိုင်း စစ်ဆေးခြင်း (Post-Concreting & Testing)
# # # # (က) Removal of Forms (ပုံစံခွက်များ ခွာခြင်း)
* အဆောက်အအုံ၏ အစိတ်အပိုင်းအလိုက် သတ်မှတ်ရက်ထက်စော၍ ပုံစံခွက်များကို လုံးဝမခွာရပါ (ဥပမာ- Slab များအတွက် အနည်းဆုံး ၂ ပတ်၊ Beam များအတွက် အနည်းဆုံး ၃ ပတ်)။
# # # # (ခ) Curing (ရေလောင်းပြုစုခြင်း)
* ကွန်ကရစ် လောင်းပြီးနောက် မျက်နှာပြင်များကို **အနည်းဆုံး ၇ ရက်အထိ** စဉ်ဆက်မပြတ် စိုစွတ်နေအောင် ထားရမည်။ ရေဖြန်းခြင်း၊ ရေဝပ်စေခြင်း (Ponding)၊ သဲ သို့မဟုတ် ဂုံနီအိတ်စိုများအုပ်ခြင်း သို့မဟုတ် ပလပ်စတစ်အုပ်ခြင်း နည်းလမ်းများကို အသုံးပြုနိုင်သည်။
# # # # (ဂ) Strength Test (ကြံ့ခိုင်မှုစမ်းသပ်ခြင်း - ASTM C31)
* ကွန်ကရစ်၏ ဖိသိပ်မှုခံနိုင်ရည် (Compressive Strength) ကို စစ်ဆေးရန် ပလပ်စတစ် သို့မဟုတ် သံပုံစံခွက်များဖြင့် **၆ လက်မ x ၁၂ လက်မ ရှိသော Cylinder နမူနာတုံးများ** ကို စနစ်တကျ နမူနာယူ ပြုလုပ်ရမည်။ နမူနာတုံးများကို ဓာတ်ခွဲခန်းတွင် **၇ ရက် နှင့် ၂၈ ရက်** သတ်မှတ်သက်တမ်းအလိုက် စမ်းသပ်စစ်ဆေးရမည် ဖြစ်ပါသည်။

🎯 ၇။ လက်ရာကောင်းမွန်မှု စစ်ဆေးခြင်း (Inspection of Workmanship)
ကွန်ကရစ်အပြင် အဆောက်အအုံတစ်ခုလုံးရဲ့ လက်ရာပိုင်းဆိုင်ရာ ပြီးပြည့်စုံမှုကို အောက်ပါအတိုင်း စေ့စပ်စွာ စစ်ဆေးရပါမည်။
* **Planeness (ပြင်ညီမှု):**
နံရံ၊ ကြမ်းပြင်၊ မျက်နှာကျက်နှင့် လှေကားအောက်ခြေ မျက်နှာပြင်များ ညီညာပြန့်ပြူးမှု ရှိ၊ မရှိ။
* **Verticality (ဒေါင်လိုက်မတ်မှု):**
တိုင်များ၊ နံရံများ၊ တံခါးနှင့် ပြတင်းပေါက်ဘောင်များ ဒေါင်လိုက် တည့်မတ်စွာ ကျမှု ရှိ၊ မရှိ (ဒေါင်လိုက်စောင်းနေခြင်း မရှိစေရန်)။
* **Horizontality (အလျားလိုက်ညီမှု):**
ရက်မများ၊ ကြမ်းပြင်များ၊ မျက်နှာကျက်များနှင့် တံခါး/ပြတင်းပေါက်ဘောင်များ အလျားလိုက် ညီညာမှု ရှိ၊ မရှိ။
* **Correctness of Slope & Dimensions:**
လျှောစောင်းလမ်း (Ramps) များ၊ လှေကားထစ်များ၏ စောင်းတန်းစောင်းနှုန်း (Slope) မှန်ကန်မှုနှင့် အခန်းများ၏ အလျား၊ အနံ၊ အမြင့် အတိုင်းအတာများ တိကျမှု ရှိ၊ မရှိ စစ်ဆေးခြင်း။
* ဤသို့ စစ်ဆေးရာတွင် ရိုးရှင်းပြီး တိကျသော ကိရိယာများဖြစ်သည့် Level Gauge (ရေချိန်)၊ Plumb Bob (ထောင့်မှန်သီး) နှင့် Square (ထောင့်မှန်ပေပေ) တို့ကို အသုံးပြုရပါမည်။

💡 အနှစ်ချုပ်
အဆောက်အအုံတစ်ခုဟာ စာရွက်ပေါ်မှာ ဘယ်လောက်ပဲ လှပခိုင်ခံ့နေပါစေ... မြေပြင်လုပ်ငန်းခွင်ထဲမှာ စနစ်ကျတဲ့ **Site Inspection** မရှိရင်တော့ ရေရှည်မှာ ကြံ့ခိုင်မှုအားနည်းတဲ့ ပြဿနာတွေကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အင်ဂျင်နီယာကောင်းတစ်ယောက်အနေနဲ့ ဒီအချက်တွေကို မြေပြင်မှာ အတိအကျ အသုံးချပြီး အရည်အသွေးအကောင်းဆုံး အဆောက်အအုံတွေကို ဖန်တီးတည်ဆောက်နိုင်ကြပါစေကြောင်း တိုက်တွန်းလိုက်ရပါတယ်ဗျာ။ 👷‍♂️🏢

ရင်းမြစ်: Site Engineer Field Reference and Structural Manual (U Nyi Hla Nge)

"မိုးရွာထဲ ထီးဆောင်းပြီး ပစ္စည်းလိုက်ဝယ်ရတဲ့ ဒုက္ခတွေကနေ ကင်းဝေးပါစေ" အိမ်ကို ကန်ထရိုက်မအပ်ဘဲ ကိုယ်တိုင် လက်သမားခေါ်ပြီး...
29/05/2026

"မိုးရွာထဲ ထီးဆောင်းပြီး ပစ္စည်းလိုက်ဝယ်ရတဲ့ ဒုက္ခတွေကနေ ကင်းဝေးပါစေ"

အိမ်ကို ကန်ထရိုက်မအပ်ဘဲ ကိုယ်တိုင် လက်သမားခေါ်ပြီး ဆောက်ဖူးသူတွေ သိကြပါတယ်... မိုးရာသီမှာ အိမ်ဆောက်ရတာ ဘယ်လောက် စိတ်အနှောင့်အယှက် ဖြစ်ရလဲဆိုတာ။

သဲ၊ ကျောက်၊ ဘိလပ်မြေ ကားတွေ မိုးရွာထဲ ဆိုဒ်ထဲဝင်ဖို့ ရွှံ့ဗွက်တွေကြား လုံးပန်းရတာ။

မိုးမိပြီး ဘိလပ်မြေအိတ်တွေ ခဲကုန်မှာ စိုးရိမ်ရတာ။
ပစ္စည်းပြတ်လို့ မိုးရွာထဲ ဆိုင်တွေကို အသည်းအသန် လိုက်ပတ်ဝယ်ရတာ။

ဒီလို ခေါင်းခဲစရာ ဒုက္ခတွေအားလုံးကို Thiha Dana Construction ကိုသာ လွှဲအပ်လိုက်ပါ။
လူကြီးမင်းတို့ဘက်က မိုးရွာထဲ ထီးဆောင်းပြီး ပစ္စည်းလိုက်ဝယ်စရာမလို၊ အလုပ်သမားတွေနဲ့ စကားများစရာမလိုဘဲ အိမ်မှာ အေးအေးဆေးဆေး ကော်ဖီသောက်ရင်း ဖုန်းထဲကနေ ကျွန်တော်တို့ ပို့ပေးမယ့် Daily Site Update လေးတွေကိုပဲ ကြည့်နေရုံပါပဲဗျာ။ လူကြီးမင်းတို့ရဲ့ အချိန်နဲ့ စိတ်အေးချမ်းသာမှုကို ကျွန်တော်တို့ အပြည့်အဝ တာဝန်ယူပေးပါရစေ။

Thiha Dana Construction Group တွင် အလုပ်မအပ်မှီ လူကြီးမင်းတို့ စိတ်တိုင်းကျစေရန်အတွက် အောက်ပါဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနေပါပြီ -
✅ မိသားစုဝင်ဦးရေ၊ မြေကွက်အကျယ်အဝန်းနှင့် ကိုက်ညီမည့် အိမ်ပုံစံကို ခေတ်မီ 3D Drawing များဖြင့် အခမဲ့ ကြိုတင်ပုံဖော်ပေးခြင်း။
✅ မိမိတို့ စိတ်ကူးထားသည့် ဘတ်ဂျက်နှင့် ကွက်တိဖြစ်စေရန် ပစ္စည်းအမျိုးအစားအလိုက် အသေးစိတ် တွက်ချက်ပေးခြင်း။
✅ စာချုပ်ချုပ်ဆိုပြီးပါကလည်း စည်ပင်ခွင့်ပြုချက်မှစ၍ အိမ်သော့အပ်သည်အထိ စိတ်ချရသော အင်ဂျင်နီယာအဖွဲ့ဖြင့် တာဝန်ယူ တည်ဆောက်ပေးခြင်း။
အိမ်မက်တွေကို စက္ကူပေါ်ကနေ လက်တွေ့မြေပြင်ဆီ ရောက်ရှိဖို့ ကျွန်တော်တို့နဲ့ အခုပဲ လာရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။

👷‍♂️ Thiha Su Aung
🎓 B.E (Civil) - T. T. U
🏗️ Founder @ Thiha Dana Construction Group
📞 09-964461691
📍 ရုံးခန်း - အမှတ် (134)၊ လက်ယက်စမ်းရပ်ကွက်၊ သန်လျင်မြို့။

🏗️ ရန်ကုန်မှာ ဆောက်တာနဲ့ မန္တလေးမှာ ဆောက်တာ ဘာတွေကွာလဲ? (Seismic Detailing အကြောင်း သိကောင်းစရာ)အဆောက်အအုံတစ်ခု ခိုင်ခံ့...
29/05/2026

🏗️ ရန်ကုန်မှာ ဆောက်တာနဲ့ မန္တလေးမှာ ဆောက်တာ ဘာတွေကွာလဲ? (Seismic Detailing အကြောင်း သိကောင်းစရာ)

အဆောက်အအုံတစ်ခု ခိုင်ခံ့ဖို့ဆိုတာ Structure Design တွက်ချက်ရုံတင်မကဘဲ... မိမိဆောက်မယ့်နေရာရဲ့ ငလျင်ဇုန်အပေါ် မူတည်ပြီး (Seismic Detailing) ကလည်း အသက်ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ မြို့ကြီးနှစ်မြို့ဖြစ်တဲ့ ရန်ကုန်နဲ့ မန္တလေးမှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်ဝင်နေတဲ့ အင်ဂျင်နီယာတွေနဲ့ အိမ်ရှင်တွေ မဖြစ်မနေ သိထားသင့်တဲ့ အဓိကကွာခြားချက်တွေကို ဗဟုသုတအဖြစ် ခွဲခြမ်းစိတ်ဖြာ ဝေမျှပေးချင်ပါတယ်။

၁။ ငလျင်ဇုန်နဲ့ Frame အမျိုးအစား ကွာခြားချက် (Seismic Zones & Frame Types)

မြန်မာနိုင်ငံရဲ့ ငလျင်ဇုန်မြေပုံနဲ့ UBC (Uniform Building Code) စံနှုန်းတွေအရ မြို့နှစ်မြို့ရဲ့ သတ်မှတ်ချက်က အခုလို ကွာခြားသွားပါတယ် —
ရန်ကုန်မြို့: UBC စံနှုန်းအရ Zone 2A (Moderate Seismic Risk) အလယ်အလတ် ငလျင်အန္တရာယ်ရှိဇုန်ထဲမှာ ပါဝင်ပါတယ်။ ဒါကြောင့် ရန်ကုန်က အဆောက်အအုံတွေကို IMRF (Intermediate Moment-Resisting Frame) စနစ်နဲ့ Detailing လုပ်ပေးရမှာ ဖြစ်ပါတယ်။
မန္တလေးမြို့: ငလျင်အန္တရာယ် အလွန်များတဲ့ Zone 4 (High Seismic Risk) ဖြစ်ပါတယ်။ ဒါကြောင့် မန္တလေးမှာဆောက်ရင်တော့ အမြင့်ဆုံးအဆင့်ရှိတဲ့ SMRF (Special Moment-Resisting Frame) စနစ်ကို မဖြစ်မနေ အသုံးပြုရမှာ ဖြစ်ပါတယ်။

၂။ Beams များအတွက် သတ်မှတ်ချက်
ရန်ကုန် (IMRF): Beam တွေရဲ့ ကွင်းသံ (Stirrups) တွေကို ငလျင်ဒဏ်ခံနိုင်တဲ့ ၁၃၅ ဒီဂရီ Seismic Hooks စနစ်အတိုင်း သေချာကွေးပြီး စနစ်တကျ သုံးစွဲရပါမယ်။
မန္တလေး (SMRF): ငလျင်လှုပ်ခါတဲ့အခါ ပိုမိုခံနိုင်ရည်ရှိစေဖို့ Beam ရဲ့ တိုင်နဲ့ဆုံတဲ့နေရာ 2h အကွာအဝေးအတွင်း မှာ အလွန်စိပ်စိတ် ကို သုံးရပါတယ်။ ကွင်းသံအကွာအဝေး (s) ဟာ ၄ လက်မထက် မကျော်ရဘူး (သို့မဟုတ် \le d/4) ဆိုတဲ့ တင်းကျပ်တဲ့ စည်းကမ်းချက် ရှိပါတယ်။

၃။ Columns များအတွက် သတ်မှတ်ချက်
ရန်ကုန် (IMRF): တိုင်သံချောင်းဆက်တဲ့နေရာ (Lap Splice) အတွက် ပြင်းထန်တဲ့ အထူးကန့်သတ်ချက် မရှိသော်လည်း ငလျင်ဒဏ်ကြောင့် (Potential Hinge) ဖြစ်နိုင်ခြေရှိတဲ့ နေရာတွေနဲ့ ဝေးရာ (တိုင်နဲ့ ထုတ်တန်းဆုံချက် Joint တွေနဲ့ ဝေးရာ) မှာ ဆက်တာ ပိုကောင်းပါတယ်။
မန္တလေး (SMRF): ငလျင်ဒဏ်ကြောင့် တိုင်ခြေနဲ့ တိုင်ခေါင်းတွေမှာ အားသက်ရောက်မှု အများဆုံးဖြစ်တတ်လို့ သံချောင်းဆက်မယ်ဆိုရင် တိုင်ရဲ့ အလယ်ဗဟို (Center Half) မှာပဲ ဆက်ရပါမယ်။ အဲဒီနေရာကိုလည်း ကွင်းသံတွေ စိပ်စိပ်ပတ်ပြီး အထူးခိုင်မာအောင် (Transverse Reinforcement ဖြင့် Enclose လုပ်ပြီး) ပြန်လည်ထိန်းချုပ်ပေးရပါတယ်။

💡 အနှစ်ချုပ်: မန္တလေးလို ငလျင်ဇုန်မြင့်တဲ့နေရာတွေမှာ Detailing က ပိုမိုစိပ်ပြီး တင်းကျပ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်လာတဲ့အခါ အဆောက်အအုံက ပုံပျက်သွားရင်တောင်မှ ဝုန်းခနဲ ချက်ချင်းပြိုမကျဘဲ ကြံ့ကြံ့ခံနိုင်နေစေဖို့ (High Ductility) ဖြစ်ပြီး၊ အဆောက်အအုံထဲက လူတွေ ဘေးကင်းရာကို ထွက်ပြေးဖို့ အချိန်လုံလောက်စွာ ရရှိစေရန် ဖန်တီးထားခြင်း ဖြစ်ပါတယ်။
(မှတ်ချက် - အဆောက်အအုံမှာ Shear Wall သို့မဟုတ် Braced Frame တွေပါဝင်လာရင်တော့ Dual System အဖြစ် သီးသန့်တွက်ချက်ရမှာ ဖြစ်ပါတယ်)

🤔 ရန်ကုန်မှာ မန္တလေးစံနှုန်း (SMRF) အတိုင်း အဆင့်မြှင့်ဆောက်ရင် ဘာဖြစ်မလဲ?
"ရန်ကုန်က ဇုန်အလယ်အလတ်ပဲ ဆိုပေမဲ့ ပိုစိပ်ပြီး ပိုခိုင်တဲ့ မန္တလေးက SMRF စနစ်အတိုင်း အဆင့်မြှင့်ဆောက်လိုက်
ရင် ပိုမကောင်းဘူးလား" လို့ မေးစရာ ရှိလာပါတယ်။

Building Code တွေဆိုတာ အနည်းဆုံး ရှိရမည့် သတ်မှတ်ချက် (Minimum Requirement) ကိုပဲ ပြဋ္ဌာန်းထားတာဖြစ်လို့ သတ်မှတ်ထားတာထက် ပိုကောင်းတဲ့ စနစ်ကို သုံးမယ်ဆိုရင် ဥပဒေအရ အမြဲတမ်း ခွင့်ပြုပါတယ်။
ဒါပေမဲ့ အကောင်းနဲ့ အဆိုး ဒွန်တွဲလာပါလိမ့်မယ် —

👍 အကျိုးကျေးဇူး (Pros):
1 အဆောက်အအုံ ပိုမိုဘေးကင်းစိတ်ချရမယ် (High Safety & Ductility): ငလျင်ဒဏ်ခံနိုင်ရည်စွမ်းရည် သိသိသာသာ တက်သွားတဲ့အတွက် ထင်မှတ်မထားတဲ့ ပြင်းထန်တဲ့ငလျင် လှုပ်ခတ်ခဲ့ရင်တောင် ဝုန်းခနဲ ပြိုမကျဘဲ လူ့အသက်ပေါင်းများစွာကို ကာကွယ်ပေးနိုင်မှာပါ။
2 Seismic Force သက်ရောက်မှု လျော့ကျနိုင်တယ်: Structural Design တွက်ချက်တဲ့အခါ SMRF ရဲ့ R တန်ဖိုး (Response Modification Coefficient) က ပိုကြီးတဲ့အတွက် အဆောက်အအုံပေါ် ကျရောက်မယ့် ငလျင်ဒီဇိုင်းအား (Base Shear) ကို လျော့ကျစေပါတယ်။

👎 စိန်ခေါ်မှုနှင့် အားနည်းချက် (Cons):
1 သံချောင်းကုန်ကျစရိတ် ပိုများမယ်
SMRF ရဲ့ စည်းကမ်းတွေအရ ကွင်းသံတွေကို စိပ်
စိပ်ပတ်ရမှာ ဖြစ်ပြီး သံချောင်းအလေးချိန် တန်ချိန် ပိုသုံးရမှာဖြစ်လို့ ကုန်ကျစရိတ် ပိုမိုမြင့်မားသွားပါမယ်။
2 လုပ်ငန်းခွင် လက်ဝင်ပြီး ကွန်ကရစ်လောင်းရ ခက်ခဲမယ်:
Seismic Design ကို Specification နဲ့အညီ Rebar fabrication နဲ့ Installation အတွက် ကျွမ်းကျင် Rebar worker များလိုအပ်ပါတယ်။
သံချောင်းတွေ အရမ်းစိပ်သွားတဲ့အခါ (အထူးသဖြင့် တိုင်နဲ့ ထုတ်တန်းဆုံတဲ့ Joint နေရာတွေမှာ) ကွန်ကရစ်ထဲက ကျောက်ခဲတွေ မဆင်းနိုင်ဘဲ Honeycombing (ကွန်ကရစ်ခေါင်းပွခြင်း) ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကျွမ်းကျင်လုပ်သား လိုအပ်ပြီး Vi****or (ကွန်ကရစ်တုန်ခါစက်) ကိုလည်း စနစ်တကျ သုံးဖို့ လိုအပ်ပါတယ်။

💡 အိမ်ဆောက်မည့်သူများအတွက် အကြံပြုချက်
သာမန် ၃ ထပ်၊ ၄ ထပ် လုံးချင်းအိမ်များ:
ရန်ကုန်မှာဆိုရင် Code က သတ်မှတ်ထားတဲ့ IMRF စနစ် အတိုင်း စနစ်တကျ ဆောက်လုပ်ရင်ပဲ လုံလောက်ပါတယ်။ စေတနာလွန်ပြီး SMRF ပြောင်းသုံးရင် ငွေကုန်လူပန်း (Over-design) ဖြစ်ရုံပဲ ရှိပါလိမ့်မယ်။
အထပ်မြင့်နှင့် အရေးကြီးအဆောက်အအုံများ:
ရန်ကုန်မှာပဲ ဖြစ်ဖြစ် High-rise (အထပ်မြင့်အဆောက်အအုံကြီးတွေ)၊ ဆေးရုံတွေ၊ မီးသတ်စခန်းတွေနဲ့ ကယ်ဆယ်ရေးဗဟိုဌာန (Essential Buildings) တွေ ဆောက်မယ်ဆိုရင်တော့ SMRF စနစ် ကို ထည့်သွင်းအသုံးပြုဖို့ အကြံပြုလိုပါတယ်။

နိဂုံးချုပ်အနေနဲ့ မိမိဆောက်မယ့်မြို့ရဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ Structural Design ကို သေချာတွက်ချက်ခိုင်းဖို့နဲ့ လုပ်ငန်းခွင်ထဲမှာ Design အတိုင်း တိတိကျကျ သံချောင်းဆင်၊ ကွင်းသံ ပတ်ရဲ့လားဆိုတာကို ကျွမ်းကျင်အင်ဂျင်နီယာများနှင့် သေချာကြပ်မတ်ဖို့တိုက်တွန်းလိုက်ရပါတယ်ဗျာ။ 👷‍♂️🏗️

👷‍♂️ Thiha Su Aung
🎓 B.E (Civil) - T. T. U
🏗️ Founder @ Thiha Dana Construction Group
✅ We promise you satisfaction.
📞 09-964461691
📍 ရုံးခန်း - အမှတ် (134)၊ လက်ယက်စမ်းရပ်ကွက်၊ သန်လျင်မြို့။

"အိမ်ဆောက်ဖို့ မြေကွက်လေးပဲ ရှိသေးလား? ကျန်တာအားလုံးကို Thiha Dana အား ကိုးလိုက်ပါ" 🤝မိတ်ဆွေတို့ စိတ်ကူးထဲက အိမ်မက်ကို လ...
28/05/2026

"အိမ်ဆောက်ဖို့ မြေကွက်လေးပဲ ရှိသေးလား? ကျန်တာအားလုံးကို Thiha Dana အား ကိုးလိုက်ပါ" 🤝

မိတ်ဆွေတို့ စိတ်ကူးထဲက အိမ်မက်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ ခေါင်းရှုပ်ခံပြီး နေရာအနှံ့ လိုက်ရှာနေစရာ မလိုတော့ပါဘူး။
Thiha Dana Construction Group မှ အစစအရာရာကို စိတ်ချယုံကြည်စွာ တာဝန်ယူ ဆောင်ရွက်ပေးနေပါသည်။

ကျွန်တော်တို့ထံတွင် အလုပ်အပ်နှံပါက -
1 စည်ပင်ခွင့်ပြုချက် (Municipal Permits): ခေါင်းရှုပ်စရာ ကောင်းသော စည်ပင်အင်ဂျင်နီယာဌာန ခွင့်ပြုချက်များကို စနစ်တကျ ဆောင်ရွက်ပေးခြင်း။
2 အသေးစိတ်ဒီဇိုင်း (3D & Structural Drawings): ခေတ်မီဆန်းသစ်ပြီး မိသားစုနှင့် ကိုက်ညီမည့် 3D ပုံစံများနှင့် ခိုင်ခံ့သော အင်ဂျင်နီယာ တွက်ချက်မှုများ ပြုလုပ်ပေးခြင်း။
3 ပွင့်လင်းမြင်သာသော BOQ: ကုန်ကျစရိတ်များကို အိတ်သွန်ဖာမှောက် ပွင့်လင်းစွာ တွက်ချက်ပြသပြီး Budget အလိုက် ညှိနှိုင်းပေးခြင်း။
4 စိတ်ချရသော တည်ဆောက်မှု: အစမှ အဆုံးတိုင် မြို့ပြအင်ဂျင်နီယာကိုယ်တိုင် ဆိုဒ်တွင် အနီးကပ် ကြီးကြပ် တည်ဆောက်ပေးခြင်း။

"We promise you satisfaction" ဆိုတဲ့ ဆောင်ပုဒ်အတိုင်း လူကြီးမင်းတို့ရဲ့ ယုံကြည်မှုကို အကောင်းဆုံး လက်ရာများဖြင့် သက်သေပြပါရစေ။

👷‍♂️ Thiha Su Aung
🎓 B.E (Civil) - T. T. U
🏗️ Founder @ Thiha Dana Construction Group
📞 09-964461691
📍 ရုံးခန်း - အမှတ် (134)၊ လက်ယက်စမ်းရပ်ကွက်၊ သန်လျင်မြို့။

မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာ (၅) လမ်းမှာ တည်ဆောက်နေတဲ့ 17' x 45' (၂) ထပ်ခွဲ RC နေအိမ်မှာPlinth Beam လုပ်ငန်းအတွက် Form...
27/05/2026

မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာ (၅) လမ်းမှာ တည်ဆောက်နေတဲ့ 17' x 45' (၂) ထပ်ခွဲ RC နေအိမ်မှာ
Plinth Beam လုပ်ငန်းအတွက် Formwork လုပ်ငန်း Rebar လုပ်ငန်းများ ဆောင်ရွက်နေပါတယ်။

အိမ်ဆောက်ဖို့ စိတ်ကူးရှိနေတဲ့ မိတ်ဆွေများလည်း Thiha Dana Construction Group နဲ့ အခမဲ့ ဆွေးနွေးတိုင်ပင်
နိုင်ပါတယ်။

👷‍♂️ Thiha Su Aung
🎓 B.E (Civil) - T. T. U
🏗️ Founder @ Thiha Dana Construction Group
✅ We promise you satisfaction.
📞 09-964461691
📍 ရုံးခန်း - အမှတ် (134)၊ လက်ယက်စမ်းရပ်ကွက်၊ သန်လျင်မြို့။

မြောက်ဥက္ကလာပမြို့နယ်၊ ဥစ္စနာ (၅) လမ်းမှာ တည်ဆောက်နေတဲ့ (၂၅' x ၃၇') အကျယ်အဝန်းရှိ (၂) ထပ်ခွဲ RC နေအိမ်လုံးချင်းဆိုဒ်ရဲ့ ...
27/05/2026

မြောက်ဥက္ကလာပမြို့နယ်၊ ဥစ္စနာ (၅) လမ်းမှာ တည်ဆောက်နေတဲ့ (၂၅' x ၃၇') အကျယ်အဝန်းရှိ (၂) ထပ်ခွဲ RC နေအိမ်လုံးချင်းဆိုဒ်ရဲ့ မြေညီထပ် ပလာစတာချောခြင်းလုပ်ငန်း (Ground Floor Plastering Progress) အခြေအနေလေးကို တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။

လက်ရှိမှာတော့ မြေညီထပ်ရဲ့ အတွင်းနံရံတွေကို Interior Plaster (အတွင်းအင်္ဂတေ) စတင်ချောနေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ Thiha Dana အဖွဲ့သားတွေအနေနဲ့ အင်္ဂတေချောတဲ့အခါ…

နံရံသန့်ရှင်းရေးနှင့် ရေလောင်းခြင်း
Para Guide (ပတ်ကန်းတုံး) စနစ်တကျ ရိုက်ခြင်း
သဲဆေးစကာချပြီးမှသုံးခြင်း
အခုလို စေ့စပ်သေချာစွာ ဆောင်ရွက်ပေးနေတာမို့ ဆောက်လုပ်ပြီးစီးတဲ့အခါ လိုင်းဖြောင့်စင်းပြီး နံရံချောလေးတွေကို ရရှိမှာ ဖြစ်ပါတယ်။

နောက်ထပ် ဆောင်ရွက်မယ့် လုပ်ငန်းစဉ် Update တွေကိုလည်း ဆက်လက်တင်ပြပေးသွားမှာဖြစ်လို့ စောင့်မျှော်
ကြည့်ရှုပေးပါဦးခင်ဗျာ။

အိမ်ဆောက်ဖို့၊ အိမ်ပြင်ဖို့ စိတ်ကူးရှိနေတဲ့ မိတ်ဆွေများလည်း Thiha Dana Construction Group နဲ့ အခမဲ့ လာရောက်ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

🏠 Thiha Dana Construction Group
📞 09-964461691
📍 ရုံးခန်း - အမှတ် (၁၃၄)၊ လက်ယက်စမ်းရပ်ကွက်၊ သန်လျင်မြို့။

ရွှေပေါက်ကံ၊ ၁၃ရပ်ကွက်ရှိ 17' x 45' နှစ်ထပ် Site လေးကတော့ ပထမထပ် Slab အတွက် Formwork လုပ်ငန်းဆောင်ရွက်လျှက်ရှိပါတယ်။👷‍♂️...
27/05/2026

ရွှေပေါက်ကံ၊ ၁၃ရပ်ကွက်ရှိ 17' x 45' နှစ်ထပ် Site လေးကတော့ ပထမထပ် Slab အတွက် Formwork လုပ်ငန်းဆောင်ရွက်လျှက်ရှိပါတယ်။

👷‍♂️ Thiha Su Aung
🎓 B.E (Civil) - T. T. U
🏗️ Founder @ Thiha Dana Construction Group
✅ We promise you satisfaction.
📞 09-964461691
📍 ရုံးခန်း - အမှတ် (134)၊ လက်ယက်စမ်းရပ်ကွက်၊ သန်လျင်မြို့။

ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၈၀) ရပ်ကွက်မှာ တည်ဆောက်နေတဲ့ 34' x 48' (၃) ထပ် RC နေအိမ်စီမံကိန်းရဲ့ 1st Floor Slab ကွန်ကရစ်လောင်...
27/05/2026

ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၈၀) ရပ်ကွက်မှာ တည်ဆောက်နေတဲ့ 34' x 48' (၃) ထပ် RC နေအိမ်စီမံကိန်းရဲ့ 1st Floor Slab ကွန်ကရစ်လောင်းပါတယ်။
Grade 25 Ready mixed concrete ကို Stationary Pump အသုံးပြုပါတယ်။
မိုးမရွာခင်လေးပြီးအောင် လူအင်းအားများများသုံး၍
အမြန်ပြီးအောင် ဆောင်ရွက်လိုက်ရပါတယ်။

👷‍♂️ Thiha Su Aung
🎓 B.E (Civil) - T. T. U
🏗️ Founder @ Thiha Dana Construction Group
✅ We promise you satisfaction.
📞 09-964461691
📍 ရုံးခန်း - အမှတ် (134)၊ လက်ယက်စမ်းရပ်ကွက်၊ သန်လျင်မြို့။

သန်လျင်မြို့၊ မြို့မတောင်ရပ်ကွက်မှာတည်ဆောက်နေတဲ့ 17' x 42' အကျယ်အဝန်းရှိ (၂) ထပ် RC နေအိမ်ရဲ့  အုတ်စီခြင်းနဲ့ အချောကိုင်...
27/05/2026

သန်လျင်မြို့၊ မြို့မတောင်ရပ်ကွက်မှာတည်ဆောက်နေတဲ့ 17' x 42' အကျယ်အဝန်းရှိ (၂) ထပ် RC နေအိမ်ရဲ့ အုတ်စီခြင်းနဲ့ အချောကိုင် လုပ်ငန်းစဉ် လက်စသတ်တော့မှာဖြစ်ပြီး ကြမ်းခင်းတော့ပင်း လောင်းရန် ပြင်ဆင်လျှက်ရှိပါတယ်။

အခုဆိုရင်မြို့မတောင်က Site လေးဟာ အိမ်ရဲ့အကြမ်းထည်လုပ်ငန်းပီးတော့မှာမို့ စိတ်ချမ်းသာရပါတယ်။

အိမ်ဆောက်ဖို့၊ ပြင်ဖို့ စိတ်ကူးရှိနေတဲ့ မိတ်ဆွေများလည်း ကျွန်တော်တို့နဲ့ အခမဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

🏠 Thiha Dana Construction Group
📞 09-964461691
📍 ရုံးခန်း - အမှတ် (134)၊ လက်ယက်စမ်းရပ်ကွက်၊ သန်လျင်မြို့။

🗓️ "မိုးရွာလို့ အိမ်ဆောက်တာတွေ ကြန့်ကြာသွားမလား..." စိုးရိမ်နေတဲ့ အိမ်ရှင်များအတွက်"မိုးတွင်းကြီး အိမ်ဆောက်တဲ့အခါ မိုးရွ...
27/05/2026

🗓️ "မိုးရွာလို့ အိမ်ဆောက်တာတွေ ကြန့်ကြာသွားမလား..." စိုးရိမ်နေတဲ့ အိမ်ရှင်များအတွက်

"မိုးတွင်းကြီး အိမ်ဆောက်တဲ့အခါ မိုးရွာလို့ အလုပ်တွေနားရရင် အိမ်ပြီးမယ့်ရက် နောက်ကျကုန်မှာပေါ့" ဆိုပြီး အိမ်ရှင်တွေ တွေးပူတတ်ကြတာ သဘာဝပါပဲ။ ဒါပေမဲ့ စနစ်ကျတဲ့ Project Management (လုပ်ငန်းစီမံခန့်ခွဲမှု) ရှိတဲ့ အဖွဲ့အစည်းနဲ့ လက်တွဲမယ်ဆိုရင်တော့ မိုးရာသီဟာ အလုပ်နှောင့်နှေးစေမယ့် အကြောင်းရင်း မဟုတ်တော့ပါဘူး။

ကျွန်တော်တို့ Thiha Dana Construction မှာ မိုးတွင်းပေါင်းများစွာကို အောင်မြင်စွာ ဖြတ်သန်းလာတဲ့ လုပ်ငန်းခွင်အတွေ့အကြုံတွေ ရှိတာကြောင့်... မိုးရာသီအတွက် သီးသန့်လုပ်ငန်းအစီအစဉ် (Site Schedule) တွေကို စနစ်တကျ ကြိုတင်ရေးဆွဲထားပါတယ်။

ဥပမာအားဖြင့် —
ဖောင်ဒေးရှင်း (Foundation) လုပ်ငန်းစဉ်:
မိုးတွင်းမှာ မြေတူးရင် မြေပြိုတတ်တာကြောင့် လုပ်ငန်းခွင်အတွင်းမှာ သံချည်၊ ကွန်ကရစ်ပုံစံခွက် (Formwork) စတဲ့ ကြိုတင်ထုတ်လုပ်ရေးလုပ်ငန်းတွေကို အရင်အပြီးလုပ်ထားပါတယ်။ ပြီးမှ မြေကို တစ်ကျင်းချင်း တူး၊ လင်း (Lean) ကွန်ကရစ်လောင်း၊ Footing နဲ့ Column (တိုင်) အမြန်ဆုံးပြီးအောင် တစ်ဆင့်ချင်း စနစ်တကျ စီမံပါတယ်။ လုပ်ငန်းအားလုံးကို ပြိုင်တူ မစတင်ဘဲ ထိန်းချုပ်လုပ်ကိုင်တာမို့ မြေကွက်ပျက်စီးမှုကို ကာကွယ်ပြီးသား ဖြစ်ပါတယ်။
မိုးရွာသွန်းမှုအပေါ် မူတည်ပြီး အလုပ်ပြောင်းလဲခြင်း: မိုးသည်းထန်တဲ့ရက်တွေမှာ ဆိုဒ်ကို မနားဘဲ အမိုးအကာအောက်က လုပ်လို့ရမယ့် Indoor-work (အိမ်တွင်းလုပ်ငန်းများ) ကို ပြောင်းလုပ်ပြီး၊ မိုးလွတ်တဲ့ရက်တွေမှာတော့ Outdoor-work (အပြင်ဘက်လုပ်ငန်းများ) ကို အရှိန်အဟုန်နဲ့ လုပ်ကိုင်ပါတယ်။

ရာသီဥတုကို အကြောင်းပြပြီး အချိန်ဆွဲတာမျိုး လုံးဝမရှိစေရပါဘူး။ သတ်မှတ်ရက်အတိုင်း အိမ်ရှင်တို့ အိမ်သစ်ကြီးပေါ် စိတ်ချမ်းသာစွာ တက်နိုင်ဖို့ အရည်အသွေး (Quality) ရော အချိန်ဇယား (Timeline) ပါ တိကျစွာ ထိန်းချုပ်တည်ဆောက်ပေးနေပါတယ်ဗျ။
အိမ်ဆောက်ဖို့ စိတ်ကူးရှိရင် မိုးရာသီကို ကြောက်မနေပါနဲ့တော့။ Thiha Dana ကို အခုပဲ ဆက်သွယ် တိုင်ပင်လိုက်ပါဗျာ။ 📩

👷‍♂️ Thiha Su Aung
🎓 B.E (Civil) - T. T. U
🏗️ Founder @ Thiha Dana Construction Group
✅ We promise you satisfaction.
📞 09-964461691
📍 ရုံးခန်း - အမှတ် (134)၊ လက်ယက်စမ်းရပ်ကွက်၊ သန်လျင်မြို့။

အိမ်ဆောက်ဖို့ စိတ်ကူးရှိပေမဲ့... ဘာမှမသိလို့ အားနာပြီးမမေးရဲ ဖြစ်မနေပါနဲ့"ငါ့မှာ ငွေဘတ်ဂျက် ဘယ်လောက်ပဲရှိတာ... ဒီလောက်နဲ...
27/05/2026

အိမ်ဆောက်ဖို့ စိတ်ကူးရှိပေမဲ့... ဘာမှမသိလို့ အားနာပြီး
မမေးရဲ ဖြစ်မနေပါနဲ့

"ငါ့မှာ ငွေဘတ်ဂျက် ဘယ်လောက်ပဲရှိတာ... ဒီလောက်နဲ့ရော အိမ်ဆောက်လို့ ရပါ့မလား"၊ "အင်ဂျင်နီယာတွေနဲ့ပြရင် တိုင်ပင်ခတွေ အများကြီး ပေးရမလား" ဆိုပြီး တွေးကြောက်နေစရာ မလိုပါဘူးခင်ဗျာ။

Thiha Dana Construction သည် အိမ်ရှင်တို့၏ စိုးရိမ်ပူပန်မှုများကို အကောင်းဆုံး ဖြေရှင်းပေးမည့် မိတ်ဆွေရင်း တစ်ယောက်ပါ။

မိမိတို့ စိတ်ကူးထားသည့် ဘတ်ဂျက်အတိုင်း အလေအလွင့်မရှိ စနစ်တကျ ဖြစ်စေရန် ကုန်ကျစရိတ် တွက်ချက်ပေးခြင်း။
စိတ်ကူးထဲက အိမ်လေးကို မျက်စိရှေ့မှာ ကြိုတင်မြင်တွေ့နိုင်ဖို့ ခေတ်မီ 3D Design များ အခမဲ့ ဖန်တီးဆွေးနွေးပေးခြင်း။
မြေပြင်လုပ်ငန်းခွင်တွင် အင်ဂျင်နီယာကိုယ်တိုင် အနီးကပ်ကြီးကြပ်ပြီး စံချိန်စံညွှန်းမီ တည်ဆောက်ပေးခြင်း။

အိမ်ဆောက်ခြင်းဆိုတာ ဘဝမှာ တစ်ကြိမ်တစ်ခါသာ လုပ်ရခဲတဲ့ အရေးကြီးဆုံး ကိစ္စရပ်ဖြစ်လို့ အားမနာတမ်း အခမဲ့ လာရောက်ဆွေးနွေး တိုင်ပင်နိုင်ပါတယ်ဗျာ။

လူကြီးမင်းတို့ရဲ့ ယုံကြည်မှုကို အကောင်းဆုံး လက်ရာတွေနဲ့ ပြန်လည် ပုံဖော်ပေးပါရစေ။

👷‍♂️ Thiha Su Aung
🎓 B.E (Civil) - T. T. U
🏗️ Founder @ Thiha Dana Construction Group
📞 09-964461691
📍 ရုံးခန်း - အမှတ် (134)၊ လက်ယက်စမ်းရပ်ကွက်၊ သန်လျင်မြို့။

Address

Thanlyin

Telephone

+959964461691

Website

Alerts

Be the first to know and let us send you an email when Thiha Dana Construction Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thiha Dana Construction Group:

Share