02/09/2026
ရှမ်းပြည်နယ်တောင်ပိုင်း ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်များဖန်တီးပေးရေး လုပ်ငန်းကော်မတီနှင့် ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို စက်တင်ဘာလ (၂ ) ရက်နေ့ မနက် (၉) နာရီအချိန်တွင် ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်း အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားပြီး သင်တန်းသား၊သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ထို့နောက် ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။