Mandalay Paragon Engineering Group Co.,Ltd

  • Home
  • Mandalay Paragon Engineering Group Co.,Ltd

Mandalay Paragon Engineering Group Co.,Ltd Build With Our Heart

Mandalay Paragon Engineering Group Co.,Ltd proudly presents theJETOUR TMS AUTO (Botataung) Authorized Showroom.• Modern ...
26/11/2025

Mandalay Paragon Engineering Group Co.,Ltd proudly presents the
JETOUR TMS AUTO (Botataung) Authorized Showroom.

• Modern & welcoming showroom design
• Customer-first circulation & open layout
• Test Drive services
• Model consultation & financing support
• After-sales services in one place

Premium SUV Experience — Modern Showroom — Full Service.
Visit today. 🚘✨

✨Build With Our Heart

Email - [email protected]
Website - https://mandalayparagoneng.com/

လိပ်စာ။ ။ Zone 1၊ ရွှေပြည်တော်ဝင်လမ်းနှင့် ပဒုမ္မာလမ်းထောင့်၊ တိုရိုတာရှိုးရွမ်း နောက်ကျော၊ ရွှေကြာပင်ရပ်ကွက်၊ နေပြည်တော်။

☎️ 09 − 2063360, 09 − 43018699 , 09 - 26522773


05/09/2025

Mandalay Paragon Engineering Group Co., Ltd နဲ့လက်တွဲဆောင်ရွက်ရန်အတွက် အင်ဂျင်နီယာများ ခေါ်ယူလိုပါတယ်ခင်ဗျာ…..

၁။ Site Engineers. - 3 ဦး
၂။ Supervisor. - 3 ဦး
၃။ စတိုမှူး - 1 ဦး
၄။ Architect. - 2 ဦး
၅။ Accountant - 2 ဦး
၆။ Q.S. - 2 ဦး

အမှတ်စဉ် ၁ အတွက် လုပ်သက် ၃ နှစ်နှင့်အထက် BE (Civil)ဘွဲ့ရရှိထားသူ

အမှတ်ဉ် ၂ အတွက် အထက်တန်းအောင်လက်မှတ်ရရှိထားပြီး ဆောက်လုပ်ရေးလုပ်ငန်းပိုင်း စိတ်ဝင်စားသူ

အမှတ်စဉ် ၃ အတွက် တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိထားပြီး ပစ္စည်းထိန်းသိမ်းခြင်းနှင့် စာရင်းဇယားပိုင်း စိတ်ဝင်စားသူ

အမှတ်စဉ် ၄ အတွက် B.Arch ဘွဲ့ရရှိထားပြီး လုက်ငန်း အတွေ့အကြုံ ၃ နှစ်နှင့်အထက်ရှိသူ

အမှတ်စဉ် ၅ အတွက် ငွေစာရင်းနှင့်ပတ်သက်၍ အတွေ့အကြုံ ၃ နှစ်နှင့် အထက်ရှိသူ

အမှတ်စဉ် ၆ အတွက် BE/ B Tech / AGTI (Civil) ဘွဲ့ရရှိထားပြီး လုပ်ငန်းအတွေ့အကြုံ ၃ နှစ်နှင့်အထက်ရှိသူ
-
⚫​​လျောက်ထားလိုသူများ CV Form များကို Email ([email protected]) သို့မဟုတ် Viber (09 962040515) သို့ ​​မျှော်မှန်းလစာနှင့်အတူ ပေးပို့ လျောက်ထားနိုင်ပါသည်

⚫​​နေပြည်တော်တွင် Interview လာရောက်ဖြေဆိုနိုင်သူတွေအတွက် ပိုအဆင်ပြေပါမယ် … နေပြည်တော် မလာနိုင်သူများ ဖုန်းဖြင့် အင်တာဗျူးပါမည် …

⚫​​လျောက်ထားသူများ၏ တင်ပြပါ အချက်အလက်များ အပေါ် စိစစ်၍ ကုမ္ပဏီ၏ လိုအပ်ချက်နှင့် ကိုက်ညီသူများအား ဖုန်းဆက်အကြောင်းကြား၍ လူတွေ့စစ်ဆေးခြင်းကို ​နေပြည်​တော်တွင် ဆောင်ရွက်ပေးသွားပါမယ်….

ငလျှင်လှုပ်ပြီးတော့ မိတ်ဆွေတစ်ယောက်ကဖုန်းဆက်တယ်… သူ့အဆောက်အဦလေးပြင်တော့မလို့ အကြံပေးပါအုန်းတဲ့…. ရောက်သွားတော့ သူနေရာက င...
23/04/2025

ငလျှင်လှုပ်ပြီးတော့ မိတ်ဆွေတစ်ယောက်ကဖုန်းဆက်တယ်… သူ့အဆောက်အဦလေးပြင်တော့မလို့ အကြံပေးပါအုန်းတဲ့…. ရောက်သွားတော့ သူနေရာက ငလျှင်ဒဏ်အတော်ခံထားရပုံ… လမ်းတွေလည်း ကွဲအက်ပျက်စီးပြီး အဆောက်အဦက တစ်ခြမ်းနိမ့်သွားပြီ… 6’ ကျယ်တဲ့ Corridor က 8’လောက်ဖြစ်သွားပြီ…
နိမ့်ကျသွားတဲ့အခြမ်းမှာ အစွန်ဆုံး Column ကပျက်စီးမှု့အများဆုံး…

ကြည့်ပြီးတော့အခါကျ သူ့ရဲ့အစီအစဉ်ကို ပြောပြလာတယ်… နှစ်ထပ်အဆောက်အဦမှာ နိမ့်ကျသွားတဲ့ Columကပျက်စီးမှု့များပြီး သူနဲ့ တစ်တန်းထဲ ကပ်လျှက် column နှစ်ချောင်းကတော့ သိပ်မထိထားဘူးတဲ့ … ဒါကြောင့်မို့လို့ Roof Beam ပေါ်မှာ I Beam တစ်ချောင်းတင်ပြီး Wall plug ဖောက်ဆွဲထားမယ်တဲ့… မြေကလည်းထပ်ကျွံနိုင်တာမို့ တကယ်လို့ အစွန်ဆုံး Column ကျွံကျမယ်ဆို ကပ်လျှက် နှစ်တိုင်က လှမ်းဆွဲထားနိုင်အောင်တဲ့ ….

မျက်လုံးထဲမှာတော့ သူငယ်ချင်းသုံးယောက် တိုင်တစ်လုံးကို ထမ်းလာပြီး ဟိုဘက်ဒီဘက် ကမ်းပါးနှစ်ခုကို တံတားမပါပဲ ကူးနေတဲ့ပုံကို မြင်မိတယ်…. သူလည်း အဲ့ဒီပုံကိုစိတ်ကူးယဉ်ပြီး Idea ရသွားတယ်ထင်ပါ့…

ကျွန်တော်လည်း အဆောက်အဦရဲ့လက်ရှိအခြေအနေအရ ကျွမ်းကျင်တဲ့ Structure Engineer ရဲ့အကူအညီလိုကြောင်း ကျွန်တော့အနေနဲ့ အကြံမပေးတတ်ကြောင်း ငလျှင်ကြောင့် ထိခိုက်ခံထားရထား Structure Member တွေကို ကျွမ်းကျင်တဲ့သူတွေရဲ့ ကြီးကြပ်မှု့မပါပဲ ထပ်ပြီး ဖောက်တာထွင်းတာ အလေးထပ်တင်တာ ပိုဆိုးသွားဖို့ပဲရှိကြောင်း ရှင်းပြရတယ်…. ဒါပေမယ်သူပြန်ပြောတာက သူတို့ကိုခေါ်မယ်ဆို ၂ရက် ၃ရက်ကြာမှာတဲ့ မစောင့်ချင်ဘူးတဲ့ …

ကျွန်တော်လည်းပြောစရာရှိတာပြောပြီးပြန်လာခဲ့တယ် …. အပြန်မှာ I Beam ကြီးသယ်ပြီးဝင်လာတဲ့ ကားကြီးနဲ့ ဆုံခဲ့ရတယ်….

နောက်တစ်ဦးကတော့ လမ်းကြုံလို့ ဝင်လိုက်မိတာ … မိတ်ဆွေကတော့မရှိဘူး သူ့တပည့်တွေနဲ့တွေ့ပြီး အဆောက်အဦဘာဖြစ်သွားသေးလဲဆိုတော့လိုက်ပြတယ်…. ကြည့်လိုက်တော့ အဆောက်အဦရဲ့ ဟိုဘက်ထိပ်နဲ့ ဒီဘက်ထိပ် Column တွေ အားလုံးနီးပါး တိုင်းခေါင်းတွေကြေနေပြီး သံချောင်းတွေတောင်ကွေးနေပြီ… မပြင်သေးဘူးလားဆိုတော့ ပြင်နေတယ်တဲ့ …

ဘယ်သူနဲ့ပြင်လဲဆိုတော့ လုပ်ပေးနေကျ အလုပ်သမားအဖွဲ့နဲ့တဲ့ … လိုက်ကြည့်လိုက်တော့ အပေါက်အကွဲမှန်သမျှ ကွန်ကရစ်တောင်မဟုတ်ဘူး မဆလာနဲ့ ဖာပေးထားတယ် … Column နေရာ သံချောင်းကွေးသွားတဲ့နေရာမှာတောင် မဆလာ လေးနဲ့ကွေးပြီး ဖော်ထားလိုက်သေးတယ် …
ငငလျှင်ကြီးပြီးသွားတဲ့အခါ အင်ဂျင်နီယာတွေရဲ့ အခန်းကဏ္ဍကို လူတွေနားလည်လာလိမ့်မယ်ထင်ထားတာ… ဒီအတို

ငလျှင်ဒဏ်ကြောင့် အဆောက်အဦတွေတော်တော်များများ ထိခိုက်ပျက်စီးကြပါတယ်… ပျက်စီးသွားတဲ့ အဆောက်အဦတွေ ပြန်လည်ပြင်ဆင်မွမ်းမံဖို့...
09/04/2025

ငလျှင်ဒဏ်ကြောင့် အဆောက်အဦတွေတော်တော်များများ ထိခိုက်ပျက်စီးကြပါတယ်… ပျက်စီးသွားတဲ့ အဆောက်အဦတွေ ပြန်လည်ပြင်ဆင်မွမ်းမံဖို့ လုပ်တဲ့အခါမှာ အရင်တည်ဆောက်ခဲ့တဲ့ Design Drawings တွေနဲ့ မှတ်တမ်းတွေ တော်တော်များများအိမ်ရှင်ဆီမှာရှိမနေတော့တာ တွေ့ရပါတယ် …. ဒါ့ကြောင့်မို့လို့ မိမိတို့အဆောက်အဦတွေ တည်ဆောက်ပြီးစီးတဲ့အခါ တည်ဆောက်ပေးတဲ့ ကုမ္ပဏီ ဒါမှမဟုတ် ကန်ထရိုက်တာဘက်ကနေ တောင်းယူသင့်တဲ့ စာရွက်စာတမ်းများအကြောင်းကို ဝေမျှပေးလိုက်ပါတယ် ….

၁။ As-built Drawings Set
အဆောက်အဦတည်ဆောက်စဉ်အခါမှာ အကြောင်းအမျိုးမျိုးကြောင့် မူလ Design ကနေ သွေဖယ်သွားရတာတွေ လိုအပ်ချက်ကြောင့် Design အနည်းငယ်ပြောင်းလိုက်ရတာတွေရှိကောင်းရှိနိုင်ပါတယ်… ဒါကြောင့် အဆောက်အဦပြီးစီးသွားတဲ့အခါ အမှန်တကယ် တည်ဆောက်ထားခဲ့တဲ့အတိုင်း အသေးစိတ်ပြန်တိုင်းပြီး ပြန်ဆွဲပေးရတဲ့ As-built Drawing ကို ဆိုလိုပါတယ် … ဒီအုပ်စုထဲမှာ Architecture Drawings, Structure Drawings, MEP Drawings စသဖြင့် အသေးစိတ် အရှိအတိုင်း အတိအကျ ပြန်ဆွဲထားတဲ့ Drawings များပါဝင်ပါတယ် … နောက်တစ်ချိန် ပြန်လည်ပြင်ဆင်ဖို့လိုတဲ့အခါ Design ပြန်လည်စစ်ဆေးဖို့နဲ့ ပြင်ဆင်ဖို့အတွက် အရမ်းအသုံးဝင်ပါတယ်…

၂။ Inspection Book (or) Log Book
ဒါကတော့ အဆောက်အဦတည်ဆောက်စဉ် ကာလတစ်လျှောက်လုံးမှာ အိမ်ရှင် / Designer နဲ့ ကြီးကြပ်တဲ့ အင်ဂျင်နီယာတွေရဲ့ လုပ်ငန်းတစ်ခုချင်းစီအလိုက် စစ်ဆေးတွေ့ရှိချက် ဆွေးနွေးချက် ပြင်ဆင်ချက် စသည့် မှာကြားချက် ညွှန်ကြားချက်များကို အသေးစိတ် မှတ်တမ်းရေးထားတဲ့ မှတ်တမ်းစာအုပ်ဖြစ်ပါတယ်… အဆောက်အဦးနဲ့ပတ်သက်ပြီး ချို့ယွင်းချက် တစ်စုံတစ်ခုရှိလာပါက မှတ်တမ်းတွေပြန်ကြည့်ပြီး အဖြေရှာရတာ ပိုလွယ်ကူစေပါတယ်…

၃။ Materials Specifications & Lab Results
ဒါတွေကတော့ အဆောက်အဦမှာအသုံးပြုခဲ့တဲ့ Materials တွေရဲ့ အသေးစိတ်အချက်အလက်တွေနဲ့ သူတို့ရဲ့အရည်အသွေးတွေကို Lab မှာစမ်းသပ်ပြီးရထားတဲ့အဖြေတွေပါ … ဒါတွေကလည်း အခုလို ငလျှင်ဒဏ်ခံပြီး ပြန်ပြင်တဲ့အချိန်မှာ ပြင်ဆင်ရမယ့်နည်းလမ်းတွေ ဆုံးဖြတ်ချက်ချနိုင်ဖို့ အရမ်းအရေးပါပါတယ်

၄။ Materials Brand / Code
ဒါကတော့ အသုံးပြုခဲ့တဲ့ ပစ္စည်းတွေရဲ့ Brand တွေနဲ့ Code တွေကို ပြုစုထားတဲ့ File ပါ … ဒါမှ တစ်ချို့အစိတ်အပိုင်းတွေကို ဆေးပြန်သုတ်မယ် ကြွေပြားပြန်ကပ်မယ် စသဖြင့်လိုလာတဲ့အခါ အလွယ်တစ်ကူပြန်ကြည့်ပြီး သူ့ code အတိုင်းမှာလိုက်လို့ရတဲ့အတွက် အချိန်ကုန်သက်သာစေပါတယ် ( MPEG မှာတော့ ဝယ်ယူခဲ့တဲ့ဆိုင်နာမည်နဲ့ ဖုန်းနံပါတ်ပါ ထည့်ပေးလေ့ရှိပါတယ်)

၅။ Recorded Photos
နောက်ဆုံးအချက်အနေနဲ့ကတော့ လုပ်ငန်း စတင်ဆောင်ရွက်ချိန်ကနေ ပြီးစီးသွားတဲ့အချိန်အထိ ဆောင်ရွက်ခဲ့တဲ့ အဆင့်အလိုက် အရေးကြီးတဲ့ မှတ်တမ်းဓါတ်ပုံများဖြစ်ပါတယ်…
ဒါမှာသာ နောင်တစ်ချိန်ပြန်လည်ပြင်ဆင်ဖို့လိုအပ်လာတဲ့အခါ မြေတူးလုပ်ငန်းမှာ မြေကောင်းသလား ရေထွက်သလား စသဖြင့် Concrete မလောင်းခင်မှာရော Steel Position တွေမှန်ရဲ့လား စသဖြင့် ပြန်လည်းစစ်ဆေးပေးနိုင်မှာဖြစ်ပါတယ် ….

မိတ်ဆွေများ လုံခြုံဘေးကင်းစွာနဲ့ သာယာတဲ့ အိမ်ကလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်

✨Build With Our Heart

Email - [email protected]
Website - https://mandalayparagoneng.com/

လိပ်စာ။ ။ Zone 1၊ ရွှေပြည်တော်ဝင်လမ်းနှင့် ပဒုမ္မာလမ်းထောင့်၊ တိုရိုတာရှိုးရွမ်း နောက်ကျော၊ ရွှေကြာပင်ရပ်ကွက်၊ နေပြည်တော်။

☎️ 09 − 2063360, 09 − 43018699 , 09 - 26522773

.,Ltd &InteriorDesign

ငလျှင်ဒဏ်ကို ပိုပြီးခံနိုင်ဖို့ Structure Engineer ရဲ့တွက်ချက်မှု့တွေအပြင် Architect တွေကလည်း Design မှာထည့်သွင်းစဉ်းစား...
09/04/2025

ငလျှင်ဒဏ်ကို ပိုပြီးခံနိုင်ဖို့ Structure Engineer ရဲ့တွက်ချက်မှု့တွေအပြင် Architect တွေကလည်း Design မှာထည့်သွင်းစဉ်းစားပေးနိုင်တာတွေရှိပါတယ်…..

T shape, L shape, U shape စတဲ့ ပန္နက်ပုံတွေဟာ ငလျှင်လှုပ်ချိန်မှာ ရိုးရှင်းတဲ့ Rectangular plan တို့ Square plan တွေထက် ပိုပြီးပျက်စီးနိုင်ခြေများပါတယ် … သူတို့ရဲ့ ထောင့်ချိုးတွေမှာ လှုပ်ရှားမှု့ကြောင့် Stressတွေပိုများနိုင်ပြီးထိခိုက်မှု့များတာဖြစ်ပါတယ် ….ဒါကြောင့် Complex shape တွေလုပ်ဖို့လိုလာတဲ့အခါ ရိုးရှင်းတဲ့ Rectangle လေးတွေတစ်ခုချင်းစီကို seismic joint ခံပြီးဆက်ထားပေးဖို့ စီမံရေးဆွဲပေးရပါတယ် ….

နောက်တစ်ချက် Symmetrical ဖြစ်တဲ့ Building တွေဟာ ငလျှင်အားတွေကို ညီညီမျှမျှဖြန့်ဝေပေးနိုင်တာမို့လို့ ငလျှင်ဒဏ်ကြောင့် Twist ဖြစ်သွားမှာ Rotation ဖြစ်သွားနိုင်တာတွေကို လျှော့ချပေးနိုင်ပါတယ်… ဒါကြောင့် ငလျှင်ဒဏ်ကိုလျှော့ချဖို့လိုတဲ့ အဆောက်အဦတွေမှာဆို Symmetry Form ကိုစဉ်းစားရေးဆွဲပေးရပါတယ်…

အဆောက်အဦရဲ့ အဓိက အစိတ်အပိုင်းတွေဖြစ်တဲ့ အမိုး၊ နံရံ၊ ကြမ်းခင်းတွေမှာဆိုရင်လည်း သူတို့ရဲ့ အလေးချိန်တွေကို တဖက်နဲ့ တစ်ဖက် ညီမျှအောင် တစ်ဖက်စောင်းနင်းမဖြစ်အောင် စဉ်းစားတွက်ချက်ရေးဆွဲရပါတယ် … တစ်ဖက်မှာ လေးလံတဲ့ အုတ်နံရံတွေနဲ့ Design လုပ်ထားပြီး ဆန့်ကျင်ဘက်တစ်ဖက်မှာ Curtain wall တွေထည့်ထားတာမျိုးတို့ အဆောက်အဦရဲ့အစွန်းတစ်ဖက်မှာ Cantilever အဝဲအစွန်း အလွန်အကျွံထုတ်ထားတာမျိုးတွေက ငလျှင်ဘေးနဲ့ကြုံတဲ့အခါ ပျက်စီးနိုင်ဖို့ အခွင့်အလန်းပိုများနိုင်ပါတယ်….

ပြီးတော့ အဆောက်အဦတစ်ခုမှာ ပုံမှန် Floor level အပြင် ကြမ်းခင်းတွေကို Level အမျိုးမျိုး ထပ်ခွဲထားခြင်းကလည်း ငလျှင်လှုပ်ချိန်မှာ weak points တွေများစေပါတယ် .. . ဒီလို Split levels တွေခွဲဖို့လိုအပ်ခဲ့မယ်ဆိုရင်တောင် Isolated structures အနေနဲ့ စဉ်းစားပေးရပါတယ်…

အဆောက်အဦရဲ့ Openings တွေဖြစ်တဲ့ တံခါး ပြတင်းတွေရဲ့ Size နဲ့ နေရာချထားမှု့ကလည်း ငလျှင်ဘေးနဲ့ကြုံတဲ့အခါအရေးကြီးပါတယ် … မညီညာတဲ့ပြတင်းပေါက်တွေရယ် ကျယ်လွန်းတဲ့ openings တွေကြောင့် နံရံတွေရဲ့ ခံနိုင်ရည် လျှော့နည်းသွားနိုင်လို့ပါ … အဆောက်အဦတွေရဲ့ Corners အနားမှာလည်း Openings တွေမရှိသင့်ပါဘူး ….

ငလျှင်လှုပ်ချိန်မှာ ပြုတ်ကျလာနိုင်တဲ့ မျက်နှာကျက်တွေ မီးဆိုင်းတွေနဲ့ တခြား အလှအပအတွက်တန်ဆာဆင်ထားတဲ့ပစ္စည်းတွေကိုလည်း သေချာခိုင်ခန့်အောင် ဆောင်ရွက်ထားနိုင်ခြင်းနဲ့ ပေါ့ပါးတဲ့ အမိုးပစ္စည်းတွေ Design မှာထည့်သုံးပေးခြင်းဖြင့်လည်း ငလျှင်ဒဏ်ကြောင့်ဖြစ်လာနိုင်မယ် အန္တရာယ်ကိုလျှော့ချနိုင်ပါတယ်…

အဆောက်အဦရဲ့ အခြေနဲ့ အမြင့်အချိုးကလည်း ငလျှင်ဒဏ်ခံနိုင်ဖို့အရေးကြီးပါတယ် Height မြင့်လေလေ ငလျှင်ကြောင့် ယိမ်းနွဲ့နိုင်မှု့များလေလေဖြစ်လို့ ကျဉ်းရှည်ရှည် Building တွေကို ငလျှင်ဇုံမှာ မလုပ်သင့်ပါဘူး….

ဒါကတော့ ငလျှင်ဒဏ်နဲ့ပတ်သက်ပြီး ဗိသူကာရှု့ထောင့်ကနေ စဉ်းစားပေးနိုင်တာတွေကို အကြမ်းဖျင်း ဝေမျှပေးတာဖြစ်ပါတယ် တခြားအချက်တွေလည်းအများကြီးရှိနိုင်မှာပါ

အဆောက်အဦတစ်ခုလုံးဘေးကင်းလုံခြုံဖို့ဆိုတာ Architect နဲ့ Structure Engineer တွေအပြင် ဒီအဆောက်အအုံတစ်ခုလုံးမှာ ပါဝင်ပတ်သက်ရမယ့် နယ်ပယ်အသီးသီးအလိုက် ကျွမ်းကျင်တဲ့ ပညာရှင်တွေ အများကြီးလိုအပ်ပါတယ်

အားလုံးပဲ ဘေးရနန်ကင်းပြီး သဘာဝဘေးအန္တရာယ်တွေကနေ လွတ်ကင်းနိုင်ကြပါစေ …..

We Are MPEG !!!
15/02/2025

We Are MPEG !!!

🏡 Ongoing Site Inspections ✨✨✨🔸Project Title: Two & Half Storeyed Residential           Building🔸 Location     : Pobbath...
24/01/2025

🏡 Ongoing Site Inspections ✨✨✨

🔸Project Title: Two & Half Storeyed Residential Building
🔸 Location : Pobbathiri Township,Naypyitaw.
🔸Status : Under Construction


✨Build With Our Heart

📩Email - [email protected]

🏡လိပ်စာ။ ။ Zone 1၊ ရွှေပြည်တော်ဝင်လမ်းနှင့် ပဒုမ္မာလမ်းထောင့်၊ တိုရိုတာရှိုးရွမ်း နောက်ကျော၊ ရွှေကြာပင်ရပ်ကွက်၊ နေပြည်တော်။

📲09 − 2063360, 09 − 43018699 , 09 - 26522773

https://mandalayparagoneng.com/

.,Ltd &InteriorDesign

မင်္ဂလာရှိတဲ့ နံနက်ခင်းလေးမှာ မင်္ဂလာ ပန္နက်လေး အောင်မြင်စွာရိုက်လို့ပြီးစီး လှပသပ်ရပ်စွာပေါ်ထွက်လာအုန်းမယ့် အိမ်ကလေး ✨B...
25/01/2024

မင်္ဂလာရှိတဲ့ နံနက်ခင်းလေးမှာ မင်္ဂလာ ပန္နက်လေး အောင်မြင်စွာရိုက်လို့ပြီးစီး
လှပသပ်ရပ်စွာပေါ်ထွက်လာအုန်းမယ့် အိမ်ကလေး

✨Build With Our Heart

Email - [email protected]
Website - https://mandalayparagoneng.com/

လိပ်စာ။ ။ Zone 1၊ ရွှေပြည်တော်ဝင်လမ်းနှင့် ပဒုမ္မာလမ်းထောင့်၊ တိုရိုတာရှိုးရွမ်း နောက်ကျော၊ ရွှေကြာပင်ရပ်ကွက်၊ နေပြည်တော်။

☎️ 09 − 2063360, 09 − 43018699 , 09 - 26522773

.,Ltd &InteriorDesign

အိမ်အသစ်ဆောက်ဖို့ကို လက်ရှိရှိနေပြီးသားအိမ်အဟောင်းလေးက နေဖို့လည်းမသင့် ဖျက်ပစ်ရမှာလည်း နှမြောနေတော့ ဧည့်သည်လေးဘာလေးလာရင်...
06/10/2023

အိမ်အသစ်ဆောက်ဖို့ကို လက်ရှိရှိနေပြီးသားအိမ်အဟောင်းလေးက နေဖို့လည်းမသင့် ဖျက်ပစ်ရမှာလည်း နှမြောနေတော့ ဧည့်သည်လေးဘာလေးလာရင် တည်းလို့ရအောင် နှစ်ခန်းတွဲ ဘန်ဂလိုပုံလေးပြောင်းပေးလိုက်တယ်…

ယခင်အဟောင်းနဲ့ ပြုပြင်ပြီးသွားတဲ့အချိန် ပြောင်းလဲသွားပုံ အဆင့်ဆင့်သာကြည့်ပေတော့… အဟောင်းကိုပြုပြင်ရတာ အသစ်ဆောက်ရတာထက် ပိုစိတ်ရှည် ပိုလက်ဝင်ပေမယ့် အားလုံးပြီးသွားတဲ့အချိန် ပြန်ရတဲ့ ကျေနပ်မှု့ကလည်း ပိုပါတယ်…

အခုချိန်မှာ ပြည်ပကနေ မှာယူရတဲ့ပစ္စည်းတွေက စျေးတွေလည်းကြီး ရဖို့လည်းခက်ခဲနေတော့ Furniture လေးတွေကို ကျွန်းနဲ့ပဲ စီစဉ်လိုက်တော့တယ်….

မပစ်ရက်လို့ ပြုပြင်ပေးခဲ့တဲ့အိမ်လေးဟာ အခုဆို ပစ်ရက်စရာ မရှိတော့တဲ့အပြင် နေချင်စရာပါကောင်းနေပြန်ရော…

မိတ်ဆွေတို့မှာရော အသုံးပြုဖို့လည်းမသင့် စွန့်ပစ်ဖို့လည်း ခက်နေတဲ့ အဆောက်အဦအဟောင်းလေးတွေ ခုလိုသစ်လွင်လှပ အသုံးဝင်လာအောင် ဖန်တီးဖို့ စိတ်ကူးတွေရှိနေပြီဆို MPEG ကို သတိရပေးပါ …

✨Build With Our Heart

Email - [email protected]
Website - https://mandalayparagoneng.com/

လိပ်စာ။ ။ Zone 1၊ ရွှေပြည်တော်ဝင်လမ်းနှင့် ပဒုမ္မာလမ်းထောင့်၊ တိုရိုတာရှိုးရွမ်း နောက်ကျော၊ ရွှေကြာပင်ရပ်ကွက်၊ နေပြည်တော်။

☎️ 09 − 2063360, 09 − 43018699 , 09 - 26522773

.,Ltd &InteriorDesign

🏡 Ongoing Site Inspections ✨✨✨🔸Project Title: Two-Storeyed Residential          Building🔸 Location     : Kan Hla Quarter...
27/09/2023

🏡 Ongoing Site Inspections ✨✨✨

🔸Project Title: Two-Storeyed Residential Building
🔸 Location : Kan Hla Quarter,Pobbathiri Township,Naypyitaw.
🔸Status : Under Construction


✨Build With Our Heart

📩Email - [email protected]

🏡လိပ်စာ။ ။ Zone 1၊ ရွှေပြည်တော်ဝင်လမ်းနှင့် ပဒုမ္မာလမ်းထောင့်၊ တိုရိုတာရှိုးရွမ်း နောက်ကျော၊ ရွှေကြာပင်ရပ်ကွက်၊ နေပြည်တော်။

📲09 − 2063360, 09 − 43018699 , 09 - 26522773

https://mandalayparagoneng.com/

.,Ltd &InteriorDesign

၈ လနဲ့ အစမှအဆုံး အချောထည်ထိ အပြီးဆောင်ရွက်ပေးခဲ့ရတဲ့လုပ်ငန်းလေး…  ကုန်ကျစားရိတ်လည်းသက်သာအောင် သင့်တင့်တဲ့ ပစ္စည်းအမျိုးအ...
22/09/2023

၈ လနဲ့ အစမှအဆုံး အချောထည်ထိ အပြီးဆောင်ရွက်ပေးခဲ့ရတဲ့လုပ်ငန်းလေး… ကုန်ကျစားရိတ်လည်းသက်သာအောင် သင့်တင့်တဲ့ ပစ္စည်းအမျိုးအစားလေးတွေနဲ့ လှပအောင် ဖန်တီးပေးဖြစ်ခဲ့တယ်… အဆင်ပြေပြေနဲ့ အားလုံးပြီးသွားတော့လည်း ကျေနပ်ပီတိဖြစ်ရတာပါပဲ … အိမ်ရှင်တွေရဲ့ယုံကြည်မှုနဲ့ စိတ်ကြိုက်ဖန်တီးခွင့် ရရှိခဲ့တာလည်း လာဘ်တစ်ပါးပဲ မဟုတ်လား ….

✨Build With Our Heart

Email - [email protected]

လိပ်စာ။ ။ Zone 1၊ ရွှေပြည်တော်ဝင်လမ်းနှင့် ပဒုမ္မာလမ်းထောင့်၊ တိုရိုတာရှိုးရွမ်း နောက်ကျော၊ ရွှေကြာပင်ရပ်ကွက်၊ နေပြည်တော်။

☎️ 09 − 2063360, 09 − 43018699 , 09 - 26522773

https://mandalayparagoneng.com/

.,Ltd &InteriorDesign

လွန်ခဲ့တဲ့ ၆နှစ်ကျော်လောက်က တောင်ပေါ်မြို့လေးမှာ ဟိုတယ် project လေးတစ်ခု စလုပ်ပေးဖြစ်ခဲ့တယ်…. မြေအကျယ်က တစ်ဧက မပြည့်တပြည...
11/03/2023

လွန်ခဲ့တဲ့ ၆နှစ်ကျော်လောက်က တောင်ပေါ်မြို့လေးမှာ ဟိုတယ် project လေးတစ်ခု စလုပ်ပေးဖြစ်ခဲ့တယ်…. မြေအကျယ်က တစ်ဧက မပြည့်တပြည့်လေးရှိပြီး တောင်ပေါ်မြို့ဆိုတဲ့အတိုင်း site ကမြေညီတော့မဟုတ် …. အစနဲ့အဆုံး Level difference ကပေ ၂၀လောက်ရှိတယ်…

Client ရဲ့ စိတ်ကူးက တောင်ပေါ်ဆိုတော့ ဘန်ဂလိုလေးတွေလည်းပါချင်တယ် စီးပွါးရေးအရ အခန်းများများလည်းလိုချင်တယ်လေ…. Client ကိုယ်တိုင်ကလည်း အင်ဂျင်နီယာဆိုပေမယ့် ဒီဘက်ကိုအချိန်မပေးနိုင်တော့… ခင်ဗျားပဲစိတ်ကြိုက်သာ ဆွဲပြီးဆောက်ပါဆိုပြီးအပ်လိုက်တာပဲ ....

ဒါနဲ့ပဲ ရှိတဲ့မြေ level အတိုင်းကိုပဲ မြေဖို့မေဖြည့်တာတွေမလုပ်ဘဲ သူ့ level အလိုက် ဘန်ဂလိုလေးတွေကို အစုလိုက်နေရာကပ်ချ….. တစ်စုစီမှာ open space လေးတွေ ပေးပြီး design လုပ်လိုက်တယ် …

မျက်နှာစာမှာတော့ လမ်းနဲ့ level အရမ်းကွာနေတော့ ရှေ့ကကြည့်ရင် ၃ထပ် နောက်ကကြည့်ရင် ၄ထပ် ထည့်ပေးလိုက်တယ်…. Min Building အဝင် Lobby ကို ကြောင်လိမ်လှေခါးကြီးထည့်ပေးလိုက်တယ်….

ဘေးဘက်အခြမ်းမှာတော့ မြေကြီး slope အတိုင်း ၂ထပ် ၃ထပ် ၄ထပ် Step နဲ့သွားတဲ့ Standard room တွေပါတဲ့ တစ်လုံးထည့်လိုက်တယ်….

ဒီလိုနဲ့ပဲ တဖြည်းဖြည်းပုံဖော်ခဲ့တာ အကြမ်းထည်လုပ်ငန်းလေးလည်းပြီးပြတ်တဲ့အချိန်မှာပဲ Covid ရောဂါတွေ ကလည်းပေါ်လာဆိုတော့ အချောထည်လုပ်ငန်းတွေ ဆက်မလုပ်ပဲ…. ကြားထဲမှာ လုပ်ငန်းလည်း တဖြတ်ရပ်သွားခဲ့ရတယ်…

ပြီးခဲ့တဲ့ ၁၀လပိုင်းလောက်ကမှ Client ဘက်ကပုံလေးတွေပို့လာတယ် … .. ကိုယ်တိုင်ပဲဖြည်းဖြည်းချင်းစီလက်စသတ်နေတာ … တခြမ်းတော့ပြီးလုပြီးခင်ပဲတဲ့… တခြမ်းပဲအရင်ပြီးအောင်လုပ်ပြီးဖွင့်တော့မယ်တဲ့… ပုံတွေပို့လိုက်ကတည်းက အရမ်းသွားကြည့်ချင်တာ အလုပ်မအားတာနဲ့မရောက်ဖြစ်ဘူး…. အခုတော့ ကလောဘက်ကို အလုပ်ကိစ္စနဲ့ သွားရင်း ဟိုတယ်လည်းဖွင့်နေပြီဆိုတော့ ဝင်ကြည့် ဓါတ်ပုံရိုက် ဟိုတယ်က ကျွေးတာလေးတွေစား … .. အချိန်အကြာကြီးစောင့်ခဲ့ရပေမယ့်…ဟိုတယ်ထဲလျှောက်ကြည့်ပြီးကိုယ့်ဖာသာကျေနပ်နေရတာ….

မိတ်ဆွေတို့လည်း ကလောဘက်ရောက်ရင် ဝင်တည်းပါ .. တည်းဖို့အချိန်မရတောင် Bar မှာ ကော့တေးလေးသောက် ရှ့ခင်းလေးကြည့် snack လေးတွေဝင်စားပါ… ပျုငှါတဲ့ ဟိုတယ်မန်နေဂျာနဲ့ ဟိုတယ် ဝန်ထမ်းလေးတွေက အကောင်းဆုံးဝန်ဆောင်မှု့ပေးမှာပါ….

အရေးကြီးဆုံးကတော့ ဓါတ်ပုံလှလှလေးတွေ ရိုက်ခဲ့ဖို့ မမေ့ပါနဲ့…..

ဟိုတယ်လေးတွေ ဆောက်ချင်သွားပြီးလား

✨Build With Our Heart

Email - [email protected]

လိပ်စာ။ ။ Zone 1၊ ရွှေပြည်တော်ဝင်လမ်းနှင့် ပဒုမ္မာလမ်းထောင့်၊ တိုရိုတာရှိုးရွမ်း နောက်ကျော၊ ရွှေကြာပင်ရပ်ကွက်၊ နေပြည်တော်။

☎️ 09 − 2063360, 09 − 43018699 , 09 - 26522773

.,Ltd &InteriorDesign

Address

Padonmar Street

Telephone

+9592063360

Website

Alerts

Be the first to know and let us send you an email when Mandalay Paragon Engineering Group Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mandalay Paragon Engineering Group Co.,Ltd:

  • Want your business to be the top-listed Equipment Service?

Share