Myat Yan Aung-MYA-မြ Architectural, Structural & Construction Services

Myat Yan Aung-MYA-မြ Architectural, Structural & Construction Services လူကြီးမင်း၏စိတ်ကျေနပ်မှုသည် ကျွန်တော်တို့Team၏အောင်မြင်မှုဖြစ်သည်။

27/06/2025

*လေးစားစွာဖြင့်ပြန်လည်မျှဝေသည်*
Google Authenticator App ဆိုတာဘာလဲ ? သူ့ကိုသုံးမယ်ဆိုရင်ဘာတွေသတိထားဖို့လို့မလဲ ? ဘယ်လိုသုံးရမလဲ ?

ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံက ဖုန်းနံပါတ်တွေကို Google ရဲ့ Verification Code မကျတော့တဲ့ကိစ္စနဲ့ပတ်သတ်ပြီး Google Authenticator တစ်ဆင့်ခံထားဖို့‌ ပြောနေတာလေးတွေတွေ့ရတဲ့အတွက် Google Authenticator App နဲ့ပတ်သတ်ပြီးသိထားသင့်တာလေးတွေပြောပြပေးသွားမှာပါ။

Google Authenticator App ဆိုတာကတော့ ကိုယ့်ရဲ့အွန်လိုင်းအကောင့်တွေကို ပိုပြီးလုံခြုံအောင်ထားဖို့အတွက် သုံးတဲ့ အခမဲ့လုံခြုံရေးအက်ပ် (authentication app) တစ်ခု ဖြစ်ပါတယ်။
ဒါကို Two-Factor Authentication (2FA) / Two-Step Verification လို့ခေါ်တဲ့ လုံခြုံရေးစနစ်အတွက် အသုံးပြုပါတယ်။ ပြောရရင် ကိုယ့်ရဲ့ username နဲ့ password အပြင် နောက်ထပ် လုံခြုံရေး code တစ်ခု ထပ်ထည့်ပေးရတာပေါ့။ ဒီ code ကို Google Authenticator App ကနေ အချိန်နဲ့အမျှ အလိုအလျောက် ထုတ်ပေးပါတယ်။

ဘာတွေသိထားသင့်လဲ?

Google Authenticator App ကို အသုံးပြုမယ်ဆိုရင် အောက်ပါအချက်တွေကို သိထားသင့်ပါတယ်-

Security တစ်ဆင့်ထပ်ခံထားခြင်း

ဒီ App ကနေ ထုတ်ပေးတဲ့ ကုတ် (code) ကို ကိုယ့်ရဲ့ username နဲ့ password အပြင် ထပ်ထည့်ရတာဖြစ်လို့ Hacker တွေက ကိုယ့် password ကို သိသွားရင်တောင် အကောင့်ထဲကို ဝင်ရောက်ဖို့ ခက်ခဲစေပါတယ်။ ဒါက ကိုယ့်အကောင့်ကို ပိုပြီး လုံခြုံစေပါတယ်။

Online မလိုအပ်ခြင်း

Google Authenticator App ကနေ Code တွေ ထုတ်ပေးဖို့အတွက် အင်တာနက် (သို့) ဖုန်းလိုင်း ချိတ်ဆက်ထားဖို့ မလိုအပ်ပါဘူး။ ဒါကြောင့် အင်တာနက်မရှိတဲ့ အချိန်တွေမှာလည်း အသုံးပြုနိုင်ပါတယ်။

အချိန်အခြေခံ Code ( Time-Base Code )

ဒီ App ကနေ ထုတ်ပေးတဲ့ ကုတ်တွေဟာ အချိန်တိုအတွင်း (ဥပမာ- စက္ကန့် ၃၀ ခန့်) ပဲ အသုံးပြုလို့ရပြီး အလိုအလျောက် ပြောင်းလဲနေပါတယ်။

Multiple Account အသုံးပြုနိုင်ခြင်း

Google Account သာမက Facebook, Twitter, Instagram အစရှိတဲ့ တခြား social media platform တွေနဲ့ အွန်လိုင်းဝန်ဆောင်မှုတွေ (ဥပမာ- Cryptocurrency Exchange တွေ) မှာလည်း 2FA အတွက် Google Authenticator ကို အသုံးပြုနိုင်ပါတယ်။

QR Code ဖြင့် လွယ်ကူစွာ ချိတ်ဆက်နိုင်ခြင်း

အကောင့်တွေကို ချိတ်ဆက်တဲ့အခါ QR Code ကို Scan ဖတ်ပြီး အလွယ်တကူ ထည့်သွင်းနိုင်ပါတယ်။
Device များစွာတွင် Sync ပြုလုပ်နိုင်ခြင်း (Google Account ဖြင့်)

အခုနောက်ပိုင်း Google Authenticator မှာ ကိုယ့်ရဲ့ Google Account ထဲကို Verification Code တွေကို Sync လုပ်နိုင်တဲ့ Feature ပါလာပါတယ်။ ဒါက ဖုန်းပျောက်သွားရင် သို့မဟုတ် ဖုန်းပြောင်းလဲတဲ့အခါ Code တွေကို ပြန်ယူရတာ ပိုလွယ်ကူစေပါတယ်။

သတိထားရမည့်အချက်များ

ဖုန်းပျောက်ခြင်း/ပျက်စီးခြင်း

Google Account နဲ့ Sync လုပ်ထားတာမဟုတ်ဘဲ ကိုယ့်ဖုန်းထဲမှာပဲ Authenticator codes တွေကို သိမ်းထားရင် ဖုန်းပျောက်သွားတာ၊ ပျက်စီးသွားတာ သို့မဟုတ် Reset ချလိုက်တာမျိုးတွေ ဖြစ်ခဲ့ရင် ကိုယ့်ရဲ့ အကောင့်တွေကို ပြန်ဝင်ဖို့ ခက်ခဲသွားနိုင်ပါတယ်။ ဒါကြောင့် Backup Plan ထားရှိဖို့ အရေးကြီးပါတယ်။ (ဥပမာ- Backup Codes တွေကို သိမ်းထားခြင်း)

Sync လုပ်ခြင်းရဲ့ အားနည်းချက်

Google Account နဲ့ Sync လုပ်ထားမယ်ဆိုရင် အဆင်ပြေပေမယ့် တစ်ဖက်မှာ Google Account ကို Hacker တစ်ယောက်က ဝင်ရောက်ခွင့်ရသွားရင် (password နဲ့ အခြား အချက်အလက်တွေပါ သိသွားခဲ့ရင်) Authenticator codes တွေပါ အလွယ်တကူ ရယူသွားနိုင်တဲ့ အန္တရာယ်လည်း ရှိပါတယ်။ ဒါကြောင့် ကိုယ့် Google Account ရဲ့ လုံခြုံရေးကိုလည်း အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။

Manual Code ရိုက်ထည့်ရခြင်း

တချို့ authenticator apps တွေလို Notification ကနေ တစ်ခါတည်း အတည်ပြုပေးနိုင်တာမျိုး မဟုတ်ဘဲ၊ Google Authenticator ကနေ ထုတ်ပေးတဲ့ Code ကို ကိုယ်တိုင် ပြန်ရိုက်ထည့်ပေးရတာပါ။

Secret Key ၏ လုံခြုံရေး

Google Authenticator ကို ချိတ်ဆက်တဲ့အခါ ပေးတဲ့ "Secret Key" ဟာ အရေးကြီးပါတယ်။ ဒီ Secret Key ကို ဝန်ဆောင်မှုပေးတဲ့ ဘက်ကလည်း သိမ်းဆည်းထားပြီး၊ အကယ်၍ ဒီ Secret Key တွေပါ Hacker တွေလက်ထဲ ရောက်သွားခဲ့ရင် (Hacker တွေက ကုမ္ပဏီရဲ့ Server ကို Hack နိုင်ခဲ့ရင်) အကောင့်တွေ အန္တရာယ်ရှိနိုင်ပါတယ်။

ဆိုတော့ Google Authenticator App နဲ့ပတ်သတ်ပြီးသိထားသင့်တာလေးတွေသိထားပြီးပြီဆိုတော့ ဒီ App ကိုဘယ်လိုသုံးရမလဲ ?

ဒီ App ကို ကိုယ့်ရဲ့ Google Account အတွက်ရော၊ တခြား Social Media Account တွေ၊ Online Service တွေအတွက်ပါ 2FA (Two-Factor Authentication) အဖြစ် သုံးနိုင်ပါတယ်။
Google Authenticator ကို စတင်အသုံးပြုပုံ
Google Authenticator App ကို အသုံးပြုဖို့ အဓိက အဆင့် (၂) ဆင့် ရှိပါတယ်။
Google Authenticator App ကို Download & Install လုပ်ခြင်း
အကောင့်တစ်ခုချင်းစီကို Google Authenticator နှင့် ချိတ်ဆက်ခြင်း

၁။ Google Authenticator App ကို Download & Install လုပ်ခြင်း
ပထမဆုံးအနေနဲ့ ကိုယ့်ဖုန်းမှာ Google Authenticator App ကို ဒေါင်းလုဒ်လုပ်ပြီး ထည့်သွင်းရပါမယ်။
* Android ဖုန်းများအတွက်: Google Play Store မှာ "Google Authenticator" လို့ ရှာပြီး ဒေါင်းလုဒ်လုပ်ပါ။
* iPhone (iOS) ဖုန်းများအတွက်: Apple App Store မှာ "Google Authenticator" လို့ ရှာပြီး ဒေါင်းလုဒ်လုပ်ပါ။

၂။ အကောင့်တစ်ခုချင်းစီကို Google Authenticator နှင့် ချိတ်ဆက်ခြင်း
App ကို ဒေါင်းလုဒ်လုပ်ပြီးပြီဆိုရင် ကိုယ် 2FA ထားချင်တဲ့ အကောင့်တွေကို ချိတ်ဆက်ရပါမယ်။ ဥပမာ Google Account (Gmail) အတွက်ပဲဖြစ်ဖြစ်၊ Facebook, Instagram, Twitter, ဒါမှမဟုတ် Cryptocurrency Exchange တွေအတွက်ပဲဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ်။

အဆင့် (၁): ကိုယ် 2FA ထားချင်တဲ့ အကောင့်ရဲ့ Security Settings ကိုသွားပါ
Google Account အတွက်ဆိုရင်
accounts.google.com ကို သွားပြီး ကိုယ့် Google Account ထဲကို ဝင်ပါ။
ဘယ်ဘက် Menu ကနေ "Security" ကို ရွေးပါ။
"Signing in to Google" အောက်မှာရှိတဲ့ "2-Step Verification" ကို ရှာပြီး Click လုပ်ပါ။ (အကယ်၍ ဖွင့်မထားရသေးရင် "Get Started" ကို နှိပ်ပြီး အဆင့်ဆင့် လိုက်လုပ်ပါ။)

Password ထပ်မေးရင် ထည့်ပေးပါ။
ပြီးရင် အောက်ကို ဆင်းပြီး "Authenticator App" ဆိုတဲ့နေရာမှာ "Set up" သို့မဟုတ် "Change Phone" ကို နှိပ်ပါ။
ကိုယ်သုံးနေတဲ့ ဖုန်းအမျိုးအစား (Android or iPhone) ကို ရွေးပါ။
QR Code တစ်ခု ပေါ်လာပါလိမ့်မယ်။ ဒါမှမဟုတ် QR Code အောက်မှာ "Can't scan it?" ကို နှိပ်လိုက်ရင် "Setup Key" လို့ခေါ်တဲ့ ဂဏန်း/အက္ခရာတွေ ပေါင်းစပ်ထားတဲ့ Code ရှည်ကြီးတစ်ခု ပေါ်လာပါလိမ့်မယ်။ (ဖုန်းတစ်လုံးတည်းနဲ့ လုပ်တာဆိုရင် ဒီ Setup Key က ပိုအဆင်ပြေပါတယ်)

အခြား Social Media/Online Service များအတွက် (ဥပမာ: Facebook, Binance စသည်ဖြင့်):
ကိုယ် 2FA ထားချင်တဲ့ Website (သို့) App ထဲကို ဝင်ပါ။
Account ရဲ့ "Settings" (သို့) "Security" (သို့) "Privacy" ထဲကို သွားပါ။
"Two-Factor Authentication" (2FA) / "Two-Step Verification" / "Multi-Factor Authentication (MFA)" လိုမျိုး နာမည်နဲ့ Option ကို ရှာပါ။
"Authenticator App" ကို ရွေးချယ်ပါ။
ထို့နောက် Website/App ကနေ QR Code တစ်ခု (သို့) Setup Key (Secret Key) တစ်ခု ပေးပါလိမ့်မယ်။

အဆင့် (၂): Google Authenticator App ထဲမှာ အကောင့်ထည့်သွင်းခြင်း
ကိုယ့်ဖုန်းထဲက Google Authenticator App ကို ဖွင့်ပါ။
App ရဲ့ ညာဘက်အောက်ထောင့်က အပေါင်းလက္ခဏာ (+) ခလုတ် ကို နှိပ်ပါ။

* ရွေးစရာ (၂) ခု ပေါ်လာပါမယ်-

* "Scan a QR code": ကွန်ပျူတာ Screen ပေါ်က QR Code ကို ဖုန်းကင်မရာနဲ့ တိုက်ရိုက် Scan ဖတ်ဖို့အတွက်ပါ။ (ဖုန်းနဲ့ ကွန်ပျူတာ ၂ လုံးရှိရင် ဒီနည်းက ပိုလွယ်ပါတယ်)

* "Enter a setup key": QR Code အောက်မှာ ပေါ်နေတဲ့ (သို့) ကိုယ်ကူးယူထားတဲ့ Secret Key (ဂဏန်း/အက္ခရာ Code) ကို ကိုယ်တိုင်ရိုက်ထည့်ဖို့အတွက်ပါ။ (ဖုန်းတစ်လုံးတည်းနဲ့ လုပ်တာဆိုရင် ဒီနည်းကို ရွေးပါ)

* "Enter a setup key" ကို ရွေးလိုက်ရင် "Account name" နဲ့ "Your key" ဆိုပြီး ရိုက်ထည့်ရမယ့် နေရာနှစ်ခု ပေါ်လာပါမယ်။

* Account name နေရာမှာ ကိုယ်ထည့်သွင်းနေတဲ့ အကောင့်နာမည် (ဥပမာ - "My Gmail", "Facebook", "Binance") စသည်ဖြင့် မှတ်မိလွယ်အောင် ရိုက်ထည့်ပါ။

* Your key နေရာမှာ အဆင့် (၁) ကနေရရှိထားတဲ့ Secret Key (Setup Key) ကို ကူးယူပြီး ထည့်ပါ။

* "Type of key" မှာ "Time based" ကို ရွေးထားပါ။ (ဒါက အချိန်အလိုက် Code ပြောင်းလဲပေးတာကို ဆိုလိုပါတယ်)
* ပြီးရင် "Add" (သို့) "Done" ကို နှိပ်ပါ။

အဆင့် (၃): Verification Code ဖြင့် အတည်ပြုခြင်း
* Google Authenticator App ထဲမှာ ခုနကထည့်လိုက်တဲ့ အကောင့်နာမည်နဲ့အတူ ဂဏန်း ၆ လုံးပါတဲ့ Code တစ်ခု ပေါ်လာတာကို တွေ့ရပါလိမ့်မယ်။ ဒီ Code က စက္ကန့် ၃၀ တိုင်း ပြောင်းလဲနေပါလိမ့်မယ်။

* ဒီ ၆ လုံးပါတဲ့ Code ကို ကိုယ် 2FA ထားနေတဲ့ Website (သို့) App မှာ ပြန်သွားပြီး သတ်မှတ်ထားတဲ့ နေရာ (ဥပမာ: "Verification Code" or "Authenticator Code") မှာ ရိုက်ထည့်ပါ။
* ပြီးရင် "Verify" (သို့) "Confirm" (သို့) "Turn On" ကို နှိပ်ပြီး အတည်ပြုပါ။

အရေးကြီးတဲ့ ထပ်ဆင့်လုပ်ဆောင်ရမယ့်အရာများ

* Backup Codes (အရန်ကုတ်များ) ကို သိမ်းဆည်းထားပါ: 2FA စနစ်ကို ဖွင့်တဲ့အခါ အွန်လိုင်းဝန်ဆောင်မှုတွေက Backup Codes တွေကို ပေးတတ်ပါတယ်။ ဒီ Code တွေကို ဖုန်းပျောက်သွားတာ၊ Authenticator App ဝင်မရတာမျိုး ဖြစ်ခဲ့ရင် အကောင့်ထဲကို ပြန်ဝင်ဖို့ သုံးနိုင်ပါတယ်။ ဒီ Code တွေကို ဘယ်သူမှ မသိနိုင်တဲ့ လုံခြုံတဲ့နေရာ (ဥပမာ- Password Manager, စာရွက်ပေါ်ရေးပြီး လုံခြုံတဲ့နေရာမှာ ထားခြင်း) မှာ သေချာသိမ်းထားပါ။

* Google Account နဲ့ Sync လုပ်ထားပါ: Google Authenticator App ရဲ့ Version အသစ်တွေမှာ Authenticator codes တွေကို ကိုယ့်ရဲ့ Google Account နဲ့ Sync လုပ်ထားနိုင်တဲ့ Feature ပါပါတယ်။ ဒါကို ဖွင့်ထားရင် ဖုန်းအသစ်ပြောင်းရင်ပဲဖြစ်ဖြစ်၊ ဖုန်းပျောက်သွားရင်ပဲဖြစ်ဖြစ် Sync လုပ်ထားတဲ့ Code တွေကို အလွယ်တကူ ပြန်ရနိုင်ပါတယ်။ ဒီ Function ကို App ရဲ့ Settings ထဲမှာ ရှာဖွေပြီး ဖွင့်နိုင်ပါတယ်။

ဒီအဆင့်တွေကို လိုက်လုပ်ပြီးရင် ကိုယ့်ရဲ့အကောင့်တွေဟာ Google Authenticator နဲ့ 2FA Protected ဖြစ်သွားပါပြီ။ နောက်တစ်ခါ အကောင့်ဝင်တဲ့အခါ Username နဲ့ Password အပြင် Google Authenticator ကနေ ထုတ်ပေးတဲ့ ၆ လုံးကုတ်ကိုပါ ထည့်ပေးရပါလိမ့်မယ်။

အချုပ်အားဖြင့် Google Authenticator App ဟာ အွန်လိုင်းအကောင့်တွေကို ပိုမိုလုံခြုံစေဖို့အတွက် အလွန်ကောင်းမွန်ပြီး အခမဲ့အသုံးပြုနိုင်တဲ့ Tool တစ်ခုပါ။ ဒါပေမယ့် အသုံးပြုတဲ့အခါ ဖြစ်နိုင်တဲ့ အားနည်းချက်တွေကို နားလည်ပြီး သတိထားသုံးစွဲဖို့ အကြံပြုလိုပါတယ်။

M.E Thesis လည်း အတန်အသင့်ခရီးရောက်ပီမို့၊ Ko MYA အလုပ်လေး ပြန်လုပ်ပါပီ....ကြားထဲမှာ လုပ်ခဲ့တာလေးတွေတော့ Defence ပြီးမှ B...
18/05/2025

M.E Thesis လည်း အတန်အသင့်ခရီးရောက်ပီမို့၊ Ko MYA အလုပ်လေး ပြန်လုပ်ပါပီ....ကြားထဲမှာ လုပ်ခဲ့တာလေးတွေတော့ Defence ပြီးမှ Back Date နဲ့ အေးအေးဆေးဆေးမှ ပြန်တင်တော့မယ်💪💪💪
#ခိုင်းစရာရှိရင် ကိုမြ ရှိတယ် 📱📱📱

28/03/2025

ပြန်လည်မျှဝေခြင်းဖြစ်ပါသည်🙏🙏🙏

📢 ငလျင်အပြီး နံရံကွဲအက်မှုတွေကို ကြည့်ပြီး မိမိအိမ်ရဲ့ အန္တရာယ်ရှိမှုအခြေအနေ

ငလျင်ဖြစ်ပြီးနောက်မှာ အဆောက်အဦအတွင်း ဝင်ကြည့်ရာမှာ သတိထားရမယ့် အချက်တွေကို သိထားတယ်ဆိုရင် ဖြစ်လာမည့်ဘေးအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ နံရံကွဲအက်မှု (Wall Cracks) အနေနဲ့ အဓိက သုံးမျိုးရှိပြီး ကိုယ့်ရဲ့နေအိမ်/အဆောက်အဦမှာပါရှိလားဆိုတာကို သေချာပြန်လည်စစ်ဆေးကြည့်ပါ။ အောက်မှာရေးထားတဲ့အချက်အလက်တွေမှာ အရေးပေါ်အခြေအနေမှာ စစ်ဆေးရုံလောက်အတွက်ဘဲ တိကျမှုရှိနိုင်ပါတယ်။ ပြန်ပြင်ဖို့လိုအပ်တာမျိုးဆိုရင် ကျွမ်းကျင် Structure Engineer များနှင့် တိုင်ပင်သင့်ပါတယ်



🛑 အန္တရာယ်ရှိသောအခြေအနေ (Severe Damage - Immediate Danger)

✅ Diagonal Cracks (ထောင့်ဖြတ်အက်ကွဲခြင်း)

• အက်ကွဲကြောင်းများဟာ နံရံတစ်ဖက်ကနေနောက်ဖက်ထိကျော်ထွက်နေပြီး၊ ထောက်တန်း Load-bearing wallတွင်ရှိနေခြင်း
• ကြမ်းခင်းနဲ့ ထိစပ်နေတဲ့ နံရံအောက်ခြေမှာ အက်ကွဲကြောင်းဟာ 5mm နှင့်အထက် တွေ့ရှိရခြင်း မျိုးဆိုလျှင် အန္တရာယ်ကြီးပါတယ်။
• အက်ကွဲကြောင်းများကို ကြည့်ရာမှာ နံရံနှစ်ဖက်လုံးဖြစ်နေတာလားဆိုတာ သေချာစစ်ဆေးပါ။

🚨 ထောင့်ဖြတ်အက်ကွဲကြောင်းများဖြစ်နေပါက နေအိမ်ထဲမှာပြန်လည်နေထိုင်ဖို့မသင့်တော်ပါ။



⚠️ အလယ်အလတ်အန္တရာယ်ရှိသောအခြေအနေ (Moderate Damage - Caution Required)

✅ Vertical & Horizontal Cracks (ထောင်လိုက်၊ အလျှားလိုက်ကွဲအက်ခြင်း)

• အက်ကွဲကြောင်းဟာ - ၃-၅ မီလီမီတာအထိ ကျယ်ပြီး plaster များ ကွာကျလာခြင်း
• နံရံနှင့် ကြမ်းခင်း များတွင်များပြားသော Fine Cracks ပါရှိနေခြင်း

ဒီလိုအခြေအနေကိုထောင်လိုက်၊ အလျှားလိုက်ကွဲအက်ခြင်းလို့ခေါ်ပါတယ်။

📌 ကိုယ့်ရဲ့အိမ်ဟာ ထောင်လိုက်၊ အလျှားလိုက်ကွဲအက်ခြင်း အခြေအနေရှိပါက အဆောက်အဦအတွင်းပြန်လည်နေထိုငဖို့အတွက် လုံးလုံးစိတ်ချရသော အခြေအနေမဟုတ်ပါ။


✅ အန္တရာယ်သိပ်မရှိသော အခြေအနေ (Minor Damage - Low Risk)

✅ Hairline Cracks (အလွှာသေးသေးလေးများကွဲအက်မှုဖြစ်ခြင်း)

• အက်ကွဲကြောင်းမှာ ၁ မီလီမီတာနှင့်အောက်ဖြစ်ပြီး နံရံ၏အပေါ်မျက်နှာပြင်တွင်သာရှိနေခြင်း

📌 ယခုလိုအခြေအနေမျိူးဆိုပါက စိုးရိမ်စရာအများကြီးမရှိပါဘူး။ နံရံများကို Replastering & Repainting ဖြင့် ပြန်လည်ပြုပြင်နိုင်ပါတယ်။



🏃‍♂️ အရေးပေါ်မှာ ဘာလုပ်မလဲ?

1️⃣ ကိုယ့်ရဲ့အဆောက်အဦနံရံများမှာ ထောင့်ဖြတ်ကွဲမှုအခြေအနေတွင်ရှိပါက အိမ်အတွင်းသို့ ဝင်ရောက်နေထိုင်ခြင်းကို ရှောင်ရှားပါ။

2️⃣ နံရံများထိခိုက်မှုအခြေအနေများကို ဓာတ်ပုံရိုက်ထားပါ – နောက်ပိုင်းပြန်လည်ပြင်ဆင်ချိန်မှာ အင်ဂျင်နီယာများအတွက် များစွာအသုံးဝင်နိုင်ပါတယ်။

Soe Moe Aung

🔗

ပြန်လည်မျှဝေခြင်းဖြစ်ပါသည်🙏🙏🙏 အပျက်အစီးနှင့်အသက်ဘေးများ တတ်နိုင်သမျှ နည်းပါစေ🙏🙏🙏ဆူနာမီလှိုင်းလုံးများ မြန်မာ့ကမ်းရိုးတန်...
28/03/2025

ပြန်လည်မျှဝေခြင်းဖြစ်ပါသည်🙏🙏🙏 အပျက်အစီးနှင့်အသက်ဘေးများ တတ်နိုင်သမျှ နည်းပါစေ🙏🙏🙏

ဆူနာမီလှိုင်းလုံးများ မြန်မာ့ကမ်းရိုးတန်းသို့ ၄၅ မိနစ်အတွင်း ရောက်ရှိလာနိုင် (ပြင်ဆင်ထားကြပါတော့)

ကျွန်တော်တို့ ဘာတွေပြင်ဆင်ထားပြီးပြီလဲ၊ ဘာတွေကြိုတင်ပြင်ဆင်ရမလဲ၊ ဘယ်လိုပြင်ဆင်ကြရမှာလဲ။

မြေပုံပေါ်တွင် ရှာဖွေကြည့်ပါက မြန်မာနိုင်ငံကို မြောက်ဖျားစွန်းပိုင်းက စတင်ပြီး အလယ်တည့်တည့်မှ ဖြောင့်ဖြောင့်ကြီး ဖြတ်သန်းသွားသည့် စစ်ကိုင်း ပြတ်ရွေ့ဆိုသည့် မြန်မာ့ငလျင်ဇုန် ရှိပြီး ၎င်းသည် တောင်ပိုင်းစွန်း ရန်ကုန်တိုင်းဒေသကြီးအလွန် မုတ္တမကွေ့မှ တဆင့် အက်ဒမန်ပင်လယ်ထဲကို တိုးလျှိုးဝင်ကာ အင်ဒိုနီးရှားနိုင်ငံ ပါပူအာနယူးဂီနီးကျွန်းမှာ အဆုံးသတ်ထားပြီး ပင်လယ်ကြမ်းပြင်အောက် ပြတ်ရွေ့အဖြစ် ကိုယ်ယောင်ဖျောက်နေသည်ကိုလည်း သတိပြုစေချင်ပါသည်။

ဆိုတော့ မြန်မာနိုင်ငံအနေနှင့် အဓိကသတိထားရမည့်အချက်ဟာ ကုန်းတွင်းပိုင်းအားပြင်းငလျင်များသာလျင်မဟုတ်ပဲ တောင်ဘက်ပိုင်းကမ်းလွန် အက်ဒမန်ပင်လယ်ကြမ်းပြင်အောက်က ကို‌‌ယ်ယောင်ဖျောက်ပြတ်ရွေ့မှ ဖြစ်ပွားလာနိုင်သည့် မီဂါ ဆူနာမီရေလှိုင်းကြီးဖြစ်‌ပေါ်နိုင်ခြေ (ဖြစ်နိုင်ခြေ) ဖြစ်ပါသည်။ လုံးဝ မေ့မထားသင့်ပါ။

ယင်း မြန်မာနိုင်ငံတောင်ဘက်ပိုင်း အက်ဒမန်ပင်လယ်ပြင်ဟာ ပထဝီအနေအထားအရ ဆူနာမီရေလှိုင်းဖြစ်ပေါ်လာရန် ပြီးပြည့်စုံကာလုံလောက်သည့် ရေပြင်တည်နေရာ အကျယ်အဝန်း စုံလင်စွာရှိနေပါသည်။

အကယ်၍များ အိန္ဒိယ သမုဒ္ဒရာနှင့် အက်ဒမန်ပင်လယ်ကြမ်းပြင်‌အောက်ပြတ်‌ရွေ့များမှာ ဆူနာမီဖြစ်ပေါ်လာစေရန်လုံလောက်သည့် ပြင်းအားပမာဏ မဂ္ဂနီကျု ၈.၀ နှင့်အထက်ရှိသော ငလျင်ကြီးလှုပ်ရှားလာခဲ့ပါက ကြီးမားပြင်းထန်ဘည့်ဆူနာမီရေလှိုင်းဖြစ်ပေါ်နိုင်ပြီး ယင်းဆူနာမီ‌ရေလှိုင်းများ၏ ၆၀% သော အဖျက်စွမ်းအင်များဟာ မြန်မာနိုင်ငံတောင်ဘက်မြန်မာ့ကမ်းရိုးတန်းဖြစ်သည့် ဧရာဝတီးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်း‌ဒေသကြီး၊ နိုင်ငံအနောက်ပိုင်း ကမ်းရိုးတန်းဒေသများဆီသို့ တစ်နာရီမိုင် ၅၀၀ နှုန်းဖြင့် ဦးတည်လာမည်ဖြစ်ပြီး ဆူနာမီလှိုင်းများမြန်မာ့ကမ်းရိုးတန်းသို့ရောက်ရှိရန် အချိန် ၄၅ မိနစ်ခန့်သာ ကြာပါလိမ့်မည်။

တနည်းဆိုရလျင် မြန်မာ့ကမ်းရိုးတန်းဒေသမှာ မှီတင်းနေထိုင်ကြသူများအနေနှင့် ကုန်းမြင့်ပိုင်းဒေသများ၊ ကမ်းရိုးတန်းနှင့်ဝေးကွာသည့် ကုန်းတွင်းပိုင်းဆီသို့ evacuated ရှောင်ပြေးချိန်ဟာ အချိန် ၃၀ မိနစ်မှ ၄၅ မိနစ်အတွင်းသာ ရရှိကြမှာဖြစ်သည်။

မိနစ်ပိုင်းအတွင်း ဘာတွေပြင်ဆင်နိုင်ကြမလဲ၊ စစ်ကိုင်းပြတ်ရွေ့ဟာ ခေတ်အဆက်ဆက်သမိုင်းကြောင်းမှတ်တမ်းများအရ ပြင်းအားပမာဏ မဂ္ဂနီကျု ၇.၀ နှင့်အထက် အင်အားပြင်းမြေငလျင်ကြီးများ active ဖြစ်‌လျက်နေသည့်ဒေသအဖြစ် ကမ္ဘာကသိရှိထားကြပြီး အင်အားပြင်းငလျင်ကြီးများဖြစ်ပေါ်စေရန်လည်း လိုအပ်သည့် ကုန်းမြေထုချက်၊ မြေနေရာအကျယ်အဝန်းလည်း ပြီးပြည်စုံစွာရှိ‌နေပါသည်။ မပေါ့ဆသင့်။

မြန်မာနိုင်ငံအထက်ပိုင်းက ပြတ်ရွေ့ဒေသဟာ အောက်ပိုင်းပြတ်‌ရွေ့ထက် ပိုမိုလှုပ်ရှားအသက်ဝင်နေသော်လည်း အားအသင့်အတင့်မှ ငလျင်ငယ်များသာ အများအားဖြင့်လှုပ်ရှားလေ့ရှိသည်ကို ငလျင်မှတ်တမ်းများအရသိရပြီး ယင်း အထက်ပိုင်းဒေသဟာ တောင်ကုန်းတောင်တန်းများထူထပ်ပြီး လူနေထိုင်မှုနည်းပါးမှုများကြောင့် ငလျင်ကြောင့်ဖြစ်လာနိုင်သည့် လူ့အသက်၊ အိုးအိမ်စည်းစိမ်ဆုံးရှုံးမှု လျော့နည်းကျဆင်းတတ်ပါသည်။

အထူးအနေနှင့် မြန်မာနိုင်ငံအောက်ပိုင်းပြတ်ရွေ့ကို အနည်းငယ်ဖော်ပြလိုပါသည်။ မြန်မာနိုင်ငံက အဓိကလူနေထူထပ်သည့်မြို့ကြီး ၇ မြို့တွင် ၄ မြို့ဟာ အောက်ပိုင်းပြတ်ရွေ့ကြောပေါ်ရောက်ရှိနေပြီးဖြစ်သည်ကို သိရှိထားကြပြီးဖြစ်ကာ ရန်ကုန်၊ ပဲခူး၊ ပြည်၊ မိတ္ထီလာ၊ ကျောက်ဆည်၊ နေပြည်တော် စသည့် မြို့ကြီးမြို့ငယ်များ အားလုံး alpide ပြတ်ရွေ့အဆုံးသတ်ပိုင်းမြေထုချပ်ပေါ် မှာ ခန့်ညားထည်ဝါစွာရှိနေကြပြီး အကယ်၍ အောက်ပိုင်းပြတ်ရွေ့တစ်နေရာရာမှာ အားပြင်းငလျင်လှုပ်ရှားခဲ့ပါက ပေးဆပ်မှုများပြားပါလိမ့်မည်။

ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ စသည့် တိုင်းဒေသကြီးများဟာ လူနေထူထပ်များပြားလှပြီး ကြံ့ခိုင်မှုအရည်အသွေးကျဆင်းလာသည့် အခြေခံအဆောက်အဦးများစွာ ရှိနေမှုများကြောင့် အလေးအနက်ထားပြီးနေထိုင်သင့်ပါသည်။

မြေငလျင်သတင်းအမြဲနားစွင့်ကာ မိမိတို့ကိုယ်ပိုင်အသိပညာဖြင့် စဉ်းစားဆုံဖြတ်ကာ ငလျင်ကာကွယ်ခြင်း၊ ဆောင်ရန်၊ ရှောင်ရန်များကို လက်လှမ်းမှီသလောက် ကြေညက်စွာလေ့လာမှတ်သား နားလည်သဘောပေါက်အောင် ကြိုတင်ကာလေ့လာဆည်းပူးကြဖို့ အထူးတိုက်တွန်းနှိုးဆော်အပ်ပါသည်။ တူရကီငလျင်မှ သင်ခန်းစာယူနိုင်ကြပါစေ။ ကိုယ်ချင်းစာနိုင်ကြပါစေ။ ကြိုတင်ပြင်ဆင်နိုင်ကြပါ‌စေ။

_
#မြေငလျင်သတင်းများစင်တာ မှ ကူးယူဖော်ပြပါသည်။
#ပြန်လည်မျှဝေခြင်းဖြစ်ပါသည်

25/01/2025

မူရင်း(မူရင်း)ပို့စ်ပိုင်ရှင်(များ)အား လေးစားစွာဖြင့်...
ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်....

🌈Comfortable Stair (လှေကား တည်ဆောက်ခြင်း)

➡လှေကားတွေ တည်ဆောက်ရာမှာ အတက်အဆင်းသက်သောင့်သက်သာရှိစေဖို့ စဉ်းစားရပါမယ်

#⃣နိုင်ငံတကာစံနှုန်းသက်မှတ်ချက်တွေမှာ

➡ခြေနင်း Tread~10" (အနည်းဆုံး)

➡ခြေကျော် Rise~7-3/4" (အများဆုံး)

➡လှေကားခွင် အကျယ်~3' (အနည်းဆုံး) (လက်ရန်းမပါ)

➡ခေါင်းလွတ်အမြင့် Head Room ~ 6'-8" (အနည်းဆုံး) (ပစ္စည်းဘာညာ သယ်ယူရအဆင်ပြေဖို့)

➡လှေကား အစောင်း~26°(အနည်းဆုံး)
~30° (average)
~45° (အများဆုံး)
ဖြစ်သင့်တယ်လို့ အကြံပြုထားပါတယ်
(အနည်းဆုံးဆိုတာ အဲ့ထက်မနည်းသင့်ဖူးလို့ပြောတာပါ အဲ့ထက်များယူလို့ရပါတယ်)

#⃣Comfortable stair တစ်ခုဖြစ်ဖို့ စဉ်းစားရာမှာ
2R+T=23~25 လို့ယူစဉ်းစားပါတယ် (R=Rise..T=Tread)

➡Riseကိုတည်ပြီးတော့ အရင်စဉ်းစားပါမယ်

💠Eg.{ Floor to Floor Height=11'
Consider.. Rise 6.5"

Rise=(11'×12)/6.5"
=132"/6.5"
= 20.31
(Round Down as 20)

Rise=132/20
=6.6"
Rise6.6"နဲ့ဆို Riserအကျော်အခု 20ပေါ့

Landing ကို Heightရဲ့တစ်၀က်မှာ ထားမယ်လို့ စဉ်းစားကြည့်မယ်ဆိုရင် 10ထစ်မှာ တစ်ဖြတ်ပေါ့

အထစ် 10ထစ်မှာ ခြေနင်း 9ခု ရှိတယ် ( Tread No= Riser-1)

Treadရဲ့ အကျယ်ကို စဉ်းစားကြည့်ရင်
2R+T = 23~25
(2×6.6)+T= 23~25
13.2+T =23 ~25
T =9.8~11.8 လောက်ရှိမယ်ပေါ့

Consider..
ိုTotal Horizontal Distance=9' (Not Including landing width)

Tread=(9'×12)/9
=108"/9
=12" (Ok)
Rise=6.6" Tread=12" }
(Height နဲ့ Horizontal distanceကို stair caseအတွက်ရာထားတဲ့နေရာက ယူပါ )

➡ရလာတဲ့ Rise & Treadကို ကျင်တွယ်ကျ ပုံစံတစ်ခုဖော်ပြီး ကျန်တဲ့ အထစ်တွေအတွက်လည်း အဲ့အတိုင်းပဲ ဆက်သွားပါမယ် (လိုအပ်တဲ့ Treadအကျယ်မရနိုင်တဲ့အခါ Nosing ထည့်ပါ)

➡Landingမထည့်ပဲ လှေကားတစ်ဖြောင့်တည်းပြေးမယ်ဆိုရင်လည်း Tread 15ထစ်ထပ် မပိုသင့်ပါဖူး

➡stair caseနေရာဟာ အတက်အဆင်းအတွက်ပဲ ဖြစ်တာကြောင့် နေရာအများကြီးပုပ်မသွားအောင် စဉ်းစားသင့်ပါတယ်

➡လှေကားထစ် Riserက 'မ' ဂဏန်းဖြစ်ရမယ်ဆိုတာ မြန်မာအယူအဆပါ
IBCမှာတော့ မသတ်မှတ်ထားပါဖူး

➡Public placeတွေမှာဆို Treadကိုကျယ်ကျယ် Riseကိုနိမ့်နိမ့်နဲ့ သွားသင့်ပါတယ်

➡RC အဆောက်အဦးတွေမှာ RC stair လုပ်ရင် လှေကားအတွက် Floorမှာ starter barတွေ ထုတ်ခဲ့ရပါမယ်

➡Tensionဖြစ်မယ့်နေရာတွေကို ကာမိဖို့ Rebarထည့်တာပါ

➡ပုံတွေမှာလည်း ကြည့်ကြည့်ပါ

Reference~ Stair Construction
~ Comfortable Stair
~ International Building Code (IBC)
(Google)

:

25/01/2025

မူရင်း ပို့စ်ပိုင်ရှင်(များ)အား လေးစားစွာဖြင့်....
ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်...

အာစီတိုင် ၉ပတ်လည် ၁၀ပတ်လည်မှာ သံချောင်းဘယ်လောက်ထည့်ရမလဲ???

ဟုတ်ကဲ့ အကြမ်းဖျင်းပြောရမည်ဆိုရင် အာစီတိုင်လို့ ပြောတာနဲ့ သံချောင်း ၄ ချောင်းတော့ ထည့်ပေးပါဗျ။

ACI တို့ ဘာတို့ရဲ့ စံသတ်မှတ်ချက်တွေအရတော့ ဖိအားဒဏ် compression ခံနိုင်ဖို့ တိုင်အရွယ်အစား ဧရိယာရဲ့ ၁% ကနေ ၈% အထိ သံချောင်းကို ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ ဥပမာ ၁၀လက်မပတ်လည် တိုင်တစ်တိုင်မှာ ၆မူး လေးချောင်း ထည့်မယ်ဆိုပါစို့။ လုံလောက်မှုရှိမရှိ စစ်ကြည့်ရအောင်

ဆိုတော့ ကွန်ကရစ်ရဲ့ ဧရိယာ - ၁၀ လက်မ x ၁၀ လက် = ၁၀၀ စတုရန်းလက်မ

သံချောင်းဧရိယာက ခြောက်မူးရဲ့ မျက်နှာပြင်ဧရိယာက ၀.၃၁ စတုရန်းလက်မရှိပါတယ်။
လေးချာင်းဆိုတော့ = ၀.၃၁ x ၄ ချောင်း = ၁.၂၄ စတုရန်းလက်မ ရပါမယ်။

သူတို့နှစ်ခု၏ အချိုးကို တွက်ရင် = (သံချောင်းဧရိယာ)/(ကွန်ကရစ်ဧရိယာ) = ၁.၂၄ / ၁၀၀ = ၀.၀၁၂၄ ရပါမယ်။ ဆိုတော့ ရာခိုင်နှုန်းသိရဖို့ ၁၀၀ နှင့်မြှောက်ရင် = ၁.၂၄ ရာခိုင်နှုန်း ဖြစ်ပါတယ်။

ဒါကြောင့် ၁ နှင့် ၈ ရာခိုင်နှုန်းကြားမှာ ရှိရမယ်ဆိုတော့ အဆင်ပြေတယ်လို့ သတ်မှတ်လို့ရပေမယ့် တော်တော်လေးနည်းနေပါတယ်။ ၁ နှင့် ၈ ရာခိုင်နှုန်းကြားဆိုတော့ အနည်းဆုံးတော့ ၂ ရာခိုင်နှုန်းကနေ ၄ ရာခိုင်နှုန်းအထိ ရှိသင့်ပါတယ်။ ဧရိယာကို အရင်သတ်မှတ်ပြီး ကိုယ်အဆင်ပြေတဲ့ သံချောင်းအရွယ်အစားနဲ့ အရည်အတွက်ကိုလည်း ကစားလို့ရမှာဖြစ်ပါတယ်။

၈ ရာခိုင်နှုန်းထက် ပိုများရင်ကော ဘာဖြစ်မလဲဆရာရေ?????

သေချာတာက‌တော့ မကုန်သင့်ပဲ ကုန်ကျမယ်။ သံချောင်းတွေ စိပ်လွန်းမယ် ကွန်ကရစ်သား နည်းသွားမယ် ကွန်ကရစ်ထမ်းရမည့်လုပ်ငန်းမှာ အားနည်းမယ် ခိုင်ခန့်မှုနည်းမယ်။ ဝန်သေပမာဏများတဲ့အတွက် နောက်ပိုင်းမှာ တိုင်တွေအနေနဲ့ Stress ဒဏ်ကို ခံနေရမှာ ဖြစ်ပါတယ်။

သံချောင်းပါတဲ့ မည်သည့်ကွန်ကရစ်လုပ်ငန်းတွင် မဆို သံချောင်းများတိုင်း ကောင်းတယ်ဆိုတဲ့ အယူအဆကြီးကိုလည်း ဖျောက်ပစ်ကြရမှာဖြစ်ပါတယ်။ သံချောင်းဆိုတာ ကွန်ကရစ်ကို ကူညီပေးတဲ့သူ ဖြစ်တဲ့အတွက် ကွန်ကရစ်ပမာဏထက် များနေလို့မရပါဘူး။ သူက အဓိကမဟုတ်ပါဘူး။ ကွန်ကရစ်ကအဓိကဖြစ်ပြီး ကွန်ကရစ်အနေနဲ့ အားနည်းတဲ့အပိုင်းကိုသာ သံချောင်းကိုထည့်ပြီး ကူပေးရတဲ့ အားကူသံချောင်းဖြစ်တဲ့အတွက် စနစ်တကျ ခွဲခြားသတ်မှတ်ပြီး လိုအပ်သလောက်သာ အသုံးပြုရမှာဖြသ်ပါတယ်။
Over Weight မဖြစ်စေဖို့လည်း အရေးကြီးတာဖြစ်ပါတယ်။

ကွန်ကရစ်လုပ်ငန်းတွင် သံချောင်းပမာဏသည် အဓိကမဟုတ်ပဲ ကွန်ကရစ်ရဲ့ ဘယ်အပိုင်း ဘယ်နေရာမှာ ထားရမယ်ဆိုတဲ့ နေရာချမှုကသာ အဓိကဖြစ်ပါတယ်။ ဥပမာ ကြမ်းခင်းတွေ အမိုးတွေမှာ ဘင့်ထုတ်တွေမှာ ကွန်ကရစ်သားရဲ့ဘယ်အပိုင်း Neutral Axis အပေါ်အောက် ထားသင့်တဲ့နေရာ ကွန်ကရစ်ကနေ အားနည်းတဲ့ ဆွဲဆန့်ဒဏ်ခံရမယ့်အပိုင်းမှာ ထည့်ရမှာဖြစ်ပါတယ်။

ငါးမူး လေးချောင်းပဲ သုံးထားတာ အဆင်ပေပါ့မလားဆရာ?????

ငါးမူးလေးချောင်းဆိုရင်တော့ = ၀.၂ x ၄ ချောင်း = ၀.၈ စတုရန်းလက်မ
သံချောင်းရာခိုင်နှုန်း = ၀.၅/၁၀၀ = ၀.၀၀၅ = ၀.၀၀၅ x ၁၀၀ = ၀.၅ ရာခိုင်နှုန်းဆိုတော့ လုံးဝအဆင်မပြေတာ တွေ့ရနိုင်ပါတယ်။

ဒါတွေကတော့ ဧရိယာအချိုးကနေ သံချောင်းပမာဏကို တွက်ချက်တဲ့ အလွယ်ဆုံးနည်းလမ်းဖြစ်ပါတယ်။ ခံနိုင်ရည်တွက်ချက်မှုတွေ အသေးစိတ်ဒီဇိုင်းလုပ်တာကတော့ အကောင်းဆုံးပဲဖြစ်ပါတယ်။

ထန်ပီး(NYRDDC,MDY)

ဘဝမှာပြိုလဲစရာရှိလာရင်တောင် မင်းရှိရာအရပ်ကိုပဲမျက်နှာမူမယ်...
10/12/2024

ဘဝမှာပြိုလဲစရာရှိလာရင်တောင် မင်းရှိရာအရပ်ကိုပဲမျက်နှာမူမယ်...


10/2024-P2🙏🙏🙏Client :မြေအကျယ်က မျက်နှာစာ ၂၈ ပေ နောက် ၆၀ ပေ မှာ၊ ရှေ့မျက်နှာစာ ကားရပ်ဖို့ မြေလွတ်လည်းကျန်ချင်တယ်၊ ရိုးရို...
08/10/2024

10/2024-P2🙏🙏🙏
Client :မြေအကျယ်က မျက်နှာစာ ၂၈ ပေ နောက် ၆၀ ပေ မှာ၊ ရှေ့မျက်နှာစာ ကားရပ်ဖို့ မြေလွတ်လည်းကျန်ချင်တယ်၊ ရိုးရိုးအိပ်ခန်းကလည်း ၂ ခန်းရချင်တယ်၊ မာစတာအိပ်ခန်း ၁ ခန်းလည်းလိုချင်တယ်၊ ရေချိုးခန်းအိမ်သာလည်းပါရမယ်၊ မီးဖိုခန်း/ထမင်းစားခန်း လည်းပါရမယ်၊ဧည့်ခန်း၊ဘုရားခန်းလည်းလိုချင်တယ်။ တစ်ထပ်ခွဲဆိုရင်ကောင်းမလား၊ တစ်ထပ်လေးပဲဆိုရင် ကောင်းမလား။
MYA : ဟုတ်ကဲ့👇👇👇

07/10/2024

#အိမ်ဆောက်ဖို့ ဒီဇိုင်းဆွဲတော့မယ် ဆိုရင်
အရင်ဦးစွာ အရေးအကြီးဆုံး စလုပ်ရတာက
အိမ်ရှင် စိတ်ကြိုက်ထည့်လိုထားလိုတဲ့ ပုံစံဆွဲရတာပါ

အခန်းတွေ ဘယ်လိုဖွဲ့မလဲ ?
အခန်းတွေရဲ့ အကျယ်တွေအဝန်းတွေက ဘယ်လောက်အကျယ် ထားချင်လဲ ?
ဘယ်လောက်အကျယ်အဝန်း ထားသင့်သလဲ ?

အဲဒီလိုအခြေနေ မျိုးမှာ
ထားရှိသင့် ထားရှိထိုက်တဲ့ Standard Size လေးတွေ သိထားဖို့လိုပါမယ်



#ဧည့်ခန်း
#ဟောခန်း
#ပုံဆွဲ_စာရေးစာဖတ်ခန်း တွေရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 10'×12'~ပေ
ပုံမှန်ဆိုက် 12'×14' ~ပေ
ဆိုက်ကြီး 16'×20' ~ပေ ဖြစ်ပါတယ်

#အိပ်ခန်း
်း
်း တွေရဲ့ အကျယ်အဝန်းဟာ

အနည်းဆုံး 10'×10' ~ပေ
ပုံမှန်ဆိုက် 11'×12' ~ပေ
ဆိုက်ကြီး 12'×14' ~ပေ ဖြစ်ပါတယ်

#အိမ်ရှင်မတို့အတွက်_မီးဖိုချောင် အကျယ်အဝန်းဟာ

အနည်းဆုံး 10'×7' ~ပေ
ပုံမှန်ဆိုက် 10'×10' ~ပေ
ဆိုက်ကြီး 10'×12' ~ပေ ဖြစ်ပါတယ်

#ရေချိုုးခန်းတစ်ခန်း ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 3'6"×4' ~ပေ
ပုံမှန်ဆိုက် 4'×5' ~ပေ
ဆိုက်ကြီး 5'×7' ~ပေ ဖြစ်ပါတယ်

#အိမ်သာခန်းတခု ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 3'3"×3' ~ပေ
ပုံမှန်ဆိုက် 4'×4' ~ပေ ဖြစ်ပါတယ်

#ရေချိုးခန်း_အိမ်သာတွဲရက် အကျယ်အဝန်းဟာ

အနည်းဆုံး 4'×5' ~ပေ
ပုံမှန်ဆိုက် 4'×6' ~ပေ
ဆိုက်ကြီး 5'×7' ~ပေ ဖြစ်ပါတယ်

#ထမင်းစားခန်း ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 10'×10' ~ပေ
ပုံမှန်ဆိုက် 10'×12' ~ပေ ဖြစ်ပါတယ်

#ဘာသာတရား_ဝတ်ပြုရာနေရာ အကျယ်အဝန်းဟာ

အနည်းဆုံး 4'×5' ~ပေ
ပုံမှန်ဆိုက် 4'×6' ~ပေ ဖြစ်ပါတယ်

#ဝရန်တာဆိုက် ရဲ့အကျယ်ကတော့

အနည်းဆုံး 3' ~ပေဖြစ်ပါတယ် {လူနှစ်ယောက်ရှောင်ကွင်းသာ}

#တစ်စီးစာကားပါကင်တခု ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 11'×15' ~ပေ
ပုံမှန်ဆိုက် 12'×16' ~ပေ ဖြစ်ပါတယ်

#အိမ်မိန်းတခါးမကြီး ရဲ့ဝင်ပေါက်အကျယ်ဟာ

အနည်းဆုံး 3'~ပေ '6" ~လက်မ ဖြစ်ပါတယ်

#ရေချိုးခန်း
#အိမ်သာ
#မီးဖိုချောင်_တခါးပေါက် တို့ရဲ့ဝင်ပေါက်အကျယ်ဟာ

အနည်းဆုံး 2'~ပေ ,6"~လက်မ ဖြစ်ပါတယ်

#အိပ်ခန်းတခါးပေါက် တို့ရဲ့ဝင်ပေါက်အကျယ်ဟာ

အနည်းဆုံး 3' ~ပေ ဖြစ်ပါတယ်

#ပုံမှန်အိမ်လှေခါး {stair} တစ်စင်းရဲ့

အကျယ်ဟာ 3'~ပေ
အကျော် ဟာ 7"~ လက်မခွဲ
အနင်းဟာ 10"~လက်မ ဖြစ်ပါတယ် တဲ့ဗျား

#❤️crd #

Address

Myitkyina

Telephone

+9592401652

Website

Alerts

Be the first to know and let us send you an email when Myat Yan Aung-MYA-မြ Architectural, Structural & Construction Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myat Yan Aung-MYA-မြ Architectural, Structural & Construction Services:

Share