25/12/2025
ဘာကြောင့် ကားစက်နှိုးမရတာလဲ 🎯
ရုတ်တရက်ကြီး ကားစက်နှိုးမရတဲ့အခါ ဝါရင့်ကားသမားတွေအတွက်တော့ ဘာမှမဟုတ်ပေမဲ့ အခုမှစမောင်းသူတွေ၊ လူငယ်တွေပထမဆုံးကြုံရတဲ့အခါ လန့်သွားတတ်ကြပါတယ်။ ဒါကြောင့် လူကြီးမင်းတို့အတွက် ကားစက်နှိုးမရတဲ့ အကြောင်းလေးတွေကို ဝေမျှပေးလိုက်ရပါတယ် ✅
♦️ဘက်ထရီပြဿနာ
ဘက်ထရီသေသွားခြင်း (ဘက်ထရီအားမရှိတော့ခြင်း) ကတော့ ကားစက်နှိုးမရခြင်းရဲ့ အဖြစ်အများဆုံးနဲ့ အကြားရဆုံးပြဿနာတစ်ရပ်ပဲဖြစ်ပါတယ်။ ဘက်ထရီအားကုန်နေမယ်ဆိုရင်တော့ မော်တာကိုနှိုးလို့ရတော့မှာ မဟုတ်ပါဘူး။ ဒိုင်နမိုချာဂျင်မကောင်းလို့ ဘက်ထရီအဝင်နည်းရင်လည်း ဘက်ထရီမှာ အားရှိမှာမဟုတ်ပါဘူး။ ဘက်ထရီငုတ်တိုင်နှင့် ဘက်ထရီခေါင်းက ချောင်မနေဘဲ သေချာစွာချိတ်ဆက်မိနေဖို့လည်း လိုအပ်ပါတယ်။ ဘက်ထရီ ရှိမရှိကိုတော့ Tester နဲ့တိုင်းတာနိုင်သလို ကားမီးကြီးအလင်းရောင်ကောင်းမကောင်း၊ ဟွန်းသံကျယ်မကျယ်၊ ဝိုက်ပါ အလုပ်ကောင်းကောင်းလုပ်မလုပ်နဲ့လည်း တိုင်းတာစစ်ဆေးနိုင်ပါတယ်။
♦️ စက်နှိုးမော်တာမကောင်းခြင်း
စက်နှိုးမော်တာလည်ပတ်မှသာ အင်ဂျင်ကိုနှိုးပေးနိုင်မှာဖြစ်ပါတယ်။ ဆိုလီနွိုက်မကောင်းခြင်း၊ မော်တာလောင်ခြင်းတို့ကြောင့် စက်နှိုးမော်တာပျက်စီးနေရင်တော့ အင်ဂျင်နှိုးမှာမဟုတ်သလို အသစ်လဲပေးဖို့လည်း လိုပါလိမ့်မယ်။
♦️ Timing Belt မကောင်းခြင်း
ပျက်စီးချို့ယွင်းနေတဲ့ Timing Belt တွေက ကားအင်ဂျင်တွေကို စက်ပြင်ဆရာနဲ့ အစားထိုးရလောက်တဲ့အထိ ဒုက္ခအကြီးကြီးပေးနိုင်ပါတယ်။ Timing Belt က အင်ဂျင်တစ်လုံးမှာ အရေးကြီးဆုံးအစိတ်အပိုင်းထဲမှာ ပါဝင်တာကြောင့် Timing Belt မကောင်းတော့ရင်လည်း စက်နှိုးလို့ရမှာမဟုတ်ပါဘူး။
♦️ ဆီပန့်(Fuel Pump) မကောင်းခြင်း
ဆီတိုင်ကီထဲက ဆီပန့်ပျက်စီးနေရင်လည်း ကားစက်နှိုးလို့ရမှာ မဟုတ်ပါဘူး။
☑️ ဆီပန့်ပျက်စီးခြင်း
☑️ ဖိအားနည်းနေခြင်း
☑️ ဆီပန့်ပိတ်နေခြင်းတို့ကြောင့် စက်နှိုးလို့ရမှာမဟုတ်သလို ကျွမ်းကျင်စက်ဆရာတွေသာ ကိုင်တွယ် လဲလှယ်သင့်ပါတယ်။
♦️ ဆင်ဆာ(Sensor) တွေမကောင်းတော့ခြင်း
မော်ဒယ်မြင့်ကားတွေမှာ အင်ဂျင်အတွက် ဆင်ဆာပေါင်းများစွာပါဝင်လာပါတယ်။
☑️ Crankshaft Position Sensor
☑️ Camshaft Position Sensor
☑️ Fuel Pressure Sensor တို့မှာ ပြဿနာတွေရှိတဲ့အခါ စက်နှိုးလို့မရသလို ဆင်ဆာဝါယာရိန်းတွေပျက်စီးသွားတာ၊ ဆင်ဆာတွေအလုပ်မလုပ်နိုင်တော့တာတွေကလည်း စက်နှိုးမရတဲ့ပြဿနာတွေဖြစ်လာပါတယ်။
♦️ Ignition System ပြဿနာ
သော့လှည့်လိုက်လို့ ဘာတုံ့ပြန်မှုမှမလာတဲ့အခါ Ignition Switch မှာ ပြဿနာရှိနေတာဖြစ်နိုင်ပါတယ်။ Spark ပလပ်တွေဟာလည်း အချိန်ကြာလာတာနဲ့အမျှ ငုတ်တိုခြင်း၊ ကာဗွန်ဂျိုးတွေကပ်လာခြင်း၊ မီးကျွမ်းခြင်း၊ မီးစားခြင်း တို့ဖြစ်လာပြီး မီးကူးအားကျလာနိုင်တာကြောင့် စက်နှိုးရခက်ခဲလာနိုင်ပါတယ်။ ဒါကြောင့် အချိန်မှန်စစ်ဆေးပေး၊ လဲပေးဖို့လိုအပ်ပါတယ်။
ရုတ်တရက်ကြုံတွေ့ရတဲ့အခါ ထိတ်လန့်မသွားစေဖို့ မမောင်းနှင်ခင်ကတည်းက ကားကျန်းမာရေးကို အမြဲစစ်ဆေးသင့်သလို လိုအပ်တဲ့အစိတ်အပိုင်းတွေကိုလည်း လဲလှယ်တပ်ဆင်ပေးမှသာ ခရီးလမ်းကို ဖြောင့်တန်းစွာသွားနိုင်မှာပဲဖြစ်ပါတယ် 😊
#ကားအပိုပစ္စည်းရောင်းဝယ်ရေး
ကားပစ္စည်းဈေးနှုန်းများနဲ့ပတ်သက်ပြီးတော့လည်းမေးမြန်းဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျ🥰🥰🥰
Viber-09774077407
ဆိုင်(၁) -အမှတ်(၁)ရဲစခန်းရှေ့
ဧရာရပ်ကွက်၊မြစ်ကြီးနားမြို့၊၊
ဆိုင်(၂) -ယုဇနလမ်းသွယ်(၁၁)အိမ်အမှတ်(၄၇၇)
မြစ်ကြီးနားမြို့၊၊
ဆိုင်(၃) -ခေမာသီရိလမ်းသွယ်(၂၄)ရှေ့
မြစ်ကြီးနားမြို့၊၊