Chindwin Power

Chindwin Power Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chindwin Power, Engineering service, Monywa.

📌 မန်းလေး(ဦးစားပေး)နှင့် ရန်ကုန်တို့မှာ စျေးနှုန်းချိုသာ ပစ္စည်းမှန်ကန်တဲ့ လျှပ်စစ်ပစ္စည်းလက္ကားဆိုင်ကြီးတွေ နာမည်နဲ့ဆက...
25/11/2025

📌 မန်းလေး(ဦးစားပေး)နှင့် ရန်ကုန်တို့မှာ စျေးနှုန်းချိုသာ ပစ္စည်းမှန်ကန်တဲ့ လျှပ်စစ်ပစ္စည်းလက္ကားဆိုင်ကြီးတွေ နာမည်နဲ့ဆက်သွယ်လို့ရမည့် Contact တွေညွှန်းပေးကြပါဦး ဘော်ဒါတို့။

💡 လျှပ်စစ်ပစ္စည်းလက်လီဆိုင်အတွက်ပါ။

12/11/2025

🔦 ကွန်ကျု့ပိုက် (Conduit)အတွင်း Wireများကို
မဆက်ရ။

🔦 Wireများကို မျက်နှာကြက်အတွင်း သွယ်တန်းလျှင် အပူချိန်များသဖြင့် လျှပ်စီးခံနိုင်အားကို (De rating)နှိမ့်၍ Wire အရွယ်အစား Size တစ်ခုပိုကြီးတာ သုံးရမည်။

Chindwin Power

#လျှပ်စစ်ဝန်ဆောင်မူ

❤ PVC Wire ဝါယာအရွယ်အစား (Conductor size)နှင့် အသုံးပြုနိုင်သည့် လျှပ်စီးဝန်အား (Ampere) ဇယားChindwin Power  #လျှပ်စစ်ဝန...
11/11/2025

❤ PVC Wire ဝါယာအရွယ်အစား (Conductor size)နှင့် အသုံးပြုနိုင်သည့် လျှပ်စီးဝန်အား (Ampere) ဇယား

Chindwin Power

#လျှပ်စစ်ဝန်ဆောင်မူ

11/11/2025

❤ မော်တာတို့၏ Starting currentက Full load current (FLA)၏ 4ဆမှ 6ဆ အထိရှိနိုင်ပါသည်။

❤ 4 second မှ 10second အတွင်းသာဖြစ်ပေါ်သဖြင့် Breaker size & Fuse size ရွေးချယ်ရာတွင် ထည့်သွင်းစဥ်းစားရန် မလိုပါ။

Chindwin Power

11/11/2025

🔑 အိမ်နံရံတလျောက် Socket (ပလပ်ပေါက်)များတပ်ဆင်ရာတွင် (Six feet by twelve feet Rule)အရ Socket တခုနှင့်တခုကြား 12ပေထက် မများရ။

🔑 မီးဖိုချောင်သုံး Socket များတပ်ဆင်ရာတွင် (Two feet by four feet Rule)အရ Socket တခုနှင့်တခုကြား 4ပေထက် မများရ။

🔑 Socket တခုလျင် 6ပေ (အိမ်)

🔑 Socket တခုလျင် 10ပေ (ခန်းမ)

🔑 Socketကို ပန်းကန်ဆေးရေပိုက်ခေါင်းမှ အနည်းဆုံး3ပေ အကွာတွင် တပ်ဆင်ရမည်။

NEC Standardအရ

Chindwin Power

🔦 ဆိုလာခေတ်မှာ တစ်ခေတ်ဆန်းလာတဲ့ SPDအကြောင်း တီးခေါက်ခြင်း ( 8 )💛 SPD Wiring တပ်ဆင်ရာတွင် လိုက်နာရမယ့် 500 mm Rule (လက်မ ...
22/10/2025

🔦 ဆိုလာခေတ်မှာ တစ်ခေတ်ဆန်းလာတဲ့ SPDအကြောင်း တီးခေါက်ခြင်း ( 8 )

💛 SPD Wiring တပ်ဆင်ရာတွင် လိုက်နာရမယ့် 500 mm Rule (လက်မ 20) 500 မီလီမီတာ သတ်မှတ်ချက်

🔑 အကြမ်းဖျင်းကတော့ Breaker to SPDကြား အကွာဝေးနှင့် SPD to Earth Barကြား အကွာဝေးသည် 500mm (လက်မ20)ထက် မပိုရ။

Line wire + Neutral wire+ Earth wire သုံးကြိုးပေါင်း အကွာအဝေးကို 500mmသာ ရှိရမယ်လို့လည်း သတ်မှတ်ကြပါတယ်။

📌 အကွာအဝေးတိုလေ Earth ဆီကို Discharge လုပ်နိုင်စွမ်းများလေ ဖြစ်ပါသည်။

📌 Wire ရှည်လေ SPDရဲ့ Clamping voltage Up တန်ဖိုးထက်ပိုများတဲ့ Voltage တွေ ကာကွယ်ပေးမည့်ပစ္စည်းများဆီရောက်လေဖြစ်ပါမည်။

🔑 Type 2နှင့် Type3 SPDအတွက် Earth wireသည် 6 sqmm အနည်းဆုံးရှိရပါမည်။

🔑 Type 1 SPDအတွက် Earth wireသည် 16 sqmm အနည်းဆုံး ရှိရပါမည်။

ယုံကြည်စိတ်ချရမူဖြင့်

Chindwin Power

#လျှပ်စစ်ဝန်ဆောင်မူ

#မုံရွာ

🔦 ဆိုလာခေတ်မှာ တခေတ်ဆန်းလာတဲ့ SPDအကြောင်း တီးခေါက်ခြင်း ( 7 )❤ SPD သဘောသဘာဝနဲ့ Nameplateပေါ်က စဥ်းစားစရာလေးတွေ ပြောပြီးပ...
21/10/2025

🔦 ဆိုလာခေတ်မှာ တခေတ်ဆန်းလာတဲ့ SPDအကြောင်း တီးခေါက်ခြင်း ( 7 )

❤ SPD သဘောသဘာဝနဲ့ Nameplateပေါ်က စဥ်းစားစရာလေးတွေ ပြောပြီးပြီဆိုတော့ တပ်ဆင်ရာတွင် သိရှိထားသင့်တဲ့ စည်းမျဥ်းသတ်မှတ်များ အကြောင်း

🚩 (1) 10M Rule (10မီတာ သတ်မှတ်ချက်)

Input DC SPDကို Inverterနှင့် တတ်နိုင်သမျှနီးအောင် တပ်ဆင်ရမယ်။

📌 ဆိုလာပြား PV arrayနှင့် Inverter ကြား 10M ကျော် ကွာဝေးရင် PV array အနီးမှာ SPDတစ်ခု Inverterအနီးမှာ SPDတစ်ခု PV inputအတွက် (2)ခု တပ်ဆင်ရမယ်လို့ ဖော်ပြထားပါတယ်။

📌 Output AC SPDကို Main DB အနီးမှာ တပ်ဆင်ရမယ်။

📌 Inverter နှင့် Main DB ကြား 10M ကျော်ဝေးရင် Inverter Outputမှာ SPDတစ်ခု Main DBမှာ SPD တစ်ခု AC outputအတွက် (2)ခု တပ်ဆင်ရမယ်လို့ ဖော်ပြထားပါတယ်။

❤ မှတ်ချက်❤

💛 Main DB နှစ်ခုကြား (Seperation distance) အနည်းဆုံး (2)မီတာ ကွာဝေးရမယ်လို့ ပြဌာန်းချက်လည်း ရှိတဲ့အတွက် Inverter output AC DB နှင့် Main DB နီးကပ်လွန်းစွာ တပ်ဆင်ခြင်းလည်း ရှောင်သင့်ပါတယ်။

💛 ကာကွယ်ရေးစနစ်ဦးစားပေး နည်းပညာကောင်း​သော Inverterများတွင် (Build in SPD) SPD ထည့်သွင်းတပ်ဆင်ထားပါသည်။

💛 အိမ်သုံးဆိုလာInverterအတွက် SPD အရေတွက်များစွာ တပ်ဆင်မူ ကုန်ကျစရိတ်နှင့် ကာကွယ်ရမည့်ပစ္စည်းတန်ဖိုးတို့အား ထည့်သွင်းစဥ်းစားရမည်သာ

ယုံကြည်စိတ်ချရမူဖြင့်

Chindwin Power

#လျှပ်စစ်ဝန်ဆောင်မူ

🔦 ဆိုလာခေတ်မှာ တစ်ခေတ်ဆန်းလာတဲ့ SPD အကြောင်း တီးခေါက်ခြင်း ( 6 )❤ SPD၏ In တန်ဖိုးနှင့် Imax တန်ဖိုး❤📌 In = Nominal Disch...
19/10/2025

🔦 ဆိုလာခေတ်မှာ တစ်ခေတ်ဆန်းလာတဲ့ SPD အကြောင်း တီးခေါက်ခြင်း ( 6 )

❤ SPD၏ In တန်ဖိုးနှင့် Imax တန်ဖိုး❤

📌 In = Nominal Discharge Current
ပုံမှန်Dischargeလုပ်ပေးနိင်တဲ့လျှပ်စီး
(10.20.30.40KA)

📌 In တန်ဖိုးအတွင်း Surge current ဖြစ်ပေါ်ရင် 15ကြိမ်ကျော် ကောင်းမွန်စွာ အသုံးပြုလို့ရပါမယ်လို့ စမ်းသပ်ထားကြပါတယ်။
Inတန်ဖိုးများလေ Surge အကြိမ်ရေပို၍ အသုံးပြုလို့ရလေလို့ မှတ်ယူလို့ရပါတယ်။

📌 Inတန်ဖိုးနည်းရင် စွမ်းဆောင်ရည်ကျဆင်းလွယ်ကာ Up တန်ဖိုးထက်ပိုများတဲ့ Voltage ကြွင်းကျန်စေနိုင်ပါတယ်။ ကာကွယ်ပေးရမယ့်ပစ္စည်းကို ထိခိုက်ခြင်းဖြစ်စေနိုင်ပါတယ်။

📌 အနိမ့်ဆုံးInတန်ဖိုးသည် 5KA ရှိရမည်လို့ ညွှန်းဆိုသော်လည်း 20-40KA ရှိသင့်ပါတယ်။

📌 Imax = Maximum Discharge Current
အမြင့်ဆုံးDischarge လုပ်ပေးနိုင်တဲ့လျှပ်စီး
(20.40.60.80 KA)

📌 Imax စဥ်းစားရာမှာ ထည့်တွေးရမှာက တနှစ်အတွင်းမိုးကြိုး ကျရောက်တတ်တဲ့အရေအတွက် (Thunderstorm day per year -Td)တန်ဖိုးဖြစ်ပါတယ်။ မိမိတို့နိုင်ငံမှာ Td က ဒေသအလိုက် 30 - 60 ဝန်းကျင်မှာ ရှိတဲ့အတွက် Imax တန်ဖိုးက 40KA အနည်းဆုံးလိုအပ်ပါတယ်။
Td 60 ဝန်းကျင်ရှိတဲ့ မုံရွာအတွက် 60KA ရရင် ပိုကောင်းပါတယ်။

📌 တစ်ကြိမ်တည်း ခံနိုင်ရည်ရှိတဲ့အမြင့်ဆုံးလျှပ်စီး
Imax တန်ဖိုးနှင့် Surge current ကို တစ်ကြိမ်မျှသာ လက်ခံဆောင်ရွက်နိုင်မယ်လို့ စမ်းသပ်ထားကြပါတယ်။
Imaxတန်ဖိုးများလေ SPDနှင့် ကာကွယ်မည့်ပစ္စည်း Safety အတွက် စိတ်ချရမူ ပိုကောင်းလေဖြစ်ပါသည်။

📌 In နှင့် Imax တန်ဖိုးနည်းရင် Surge current ကြုံတွေ့ရင် ချက်ခြင်းHeatတက်၍ လောင်ကျွမ်းပျက်စီးခြင်း၊ SPDရဲ့function နောက်ထပ်မဆောင်ရွက်နိုင်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

🔑 Name plateပေါ်က ဂဏာန်းတွေက အရေးပါသလို Internetမှာ ရှာဖွေလေ့လာလို့ရမယ့် ယုံကြည်လို့ရမယ့် Brand ကောင်းကောင်းဖြစ်ဖို့ ပိုအရေးကြီးပါတယ်။

ယုံကြည်စိတ်ချရမူဖြင့်

Chindwin Power

#လျှပ်စစ်ဝန်ဆောင်မူ

19/10/2025
ဆိုလာခေတ်မှာ တစ်ခေတ်ဆန်းလာတဲ့ SPDအကြောင်း တီးခေါက်ခြင်း ( 5 )❤ SPD ရွေးချယ်ရာမှာ အရေးကြီးတဲ့ Name plate (SPDကိုယ်ထည်)မှာ...
19/10/2025

ဆိုလာခေတ်မှာ တစ်ခေတ်ဆန်းလာတဲ့ SPDအကြောင်း တီးခေါက်ခြင်း ( 5 )

❤ SPD ရွေးချယ်ရာမှာ အရေးကြီးတဲ့ Name plate (SPDကိုယ်ထည်)မှာ ဖော်ပြထားသော Ratingတွေထဲက Up နှင့် Uoc အကြောင်း လေ့လာကြရအောင်။

📌 Uoc = Open Circuit Voltage (6KV. 10KV. 20KV)
SPDကို စမ်းသပ်ထားတဲ့ အမြင့်ဆုံး ဗို့အား

📌 Up = Clamping voltage / Voltage Protection Level
Upက Surge တစ်ခုဖြစ်ပေါ်လာချိန်မှာ ကာကွယ်ထားတဲ့ ပစ္စည်းဆီကို ရောက်ရှိနိုင်တဲ့ အမြင့်ဆုံးဗို့အားလည်း ဖြစ်ပါတယ်။

📌 Surge currentကို သတ်မှတ်ထားတဲ့ Triggering voltage ရောက်လျှင် Clampingလုပ်ကာ မြေကြီးထဲသို့လမ်းလွှဲပြီး Up တန်ဖိုးမျှသာ ကျန်ရှိအောင် ဆောင်ရွက်ပေးပါတယ်။

📌 ကာကွယ်ပေးရမယ့် လျှပ်စစ်ပစ္စည်း (Inverter)၏ လျှပ်တပြတ် ခံနိုင်ရည်ဗို့အား ( withstand /Max impulse voltage)အောက် Up တန်ဖိုးက ပိုနည်းဖို့လိုပါတယ်။

📌 Electronics Deviceတွေအတွက် Up တန်ဖိုးနိမ့်တာရွေးမှ ပိုSafeဖြစ်နိုင်ပါတယ်။
Inverterရဲ့ Protection class(CAT) နှင့်ကိုက်ညီမူရှိရမယ်။
📌 Inverter တွေမှာ ထုတ်လုပ်သူက PV inputအတွက် CAT2 သတ်မှတ်ထားရင် DC SPD Upတန်ဖိုးက 2.5KV အောက်နည်းဖို့လိုပါတယ်။

📌 Inverter တွေမှာ ထုတ်လုပ်သူက AC output အတွက် CAT3 သတ်မှတ်ထားရင် Upတန်ဖိုးက 4KV အောက်နည်းဖို့လိုပါတယ်။

📌 Inverter တွေမှာ ထုတ်လုပ်သူက PV input နှင့် AC output အတွက် မခွဲခြားပဲ CAT1ဟုသာ ဖော်ပြ သတ်မှတ်ထားရင် Upတန်ဖိုးက 1.5KV အောက်နည်းဖို့လိုပါတယ်။ (Growatt Nameplateပုံများ)

ယုံကြည်စိတ်ချရမူဖြင့်

Chindwin Power

#လျှပ်စစ်ဝန်ဆောင်မူ

💡 ဆိုလာခေတ်မှာ တစ်ခေတ်ဆန်းလာတဲ့ SPDအကြောင်း တီးခေါက်ခြင်း ( 4 )❤ SPD ရွေးချယ်ရာမှာ အရေးကြီးတဲ့ Name plate (SPDကိုယ်ထည်)မ...
19/10/2025

💡 ဆိုလာခေတ်မှာ တစ်ခေတ်ဆန်းလာတဲ့ SPDအကြောင်း တီးခေါက်ခြင်း ( 4 )

❤ SPD ရွေးချယ်ရာမှာ အရေးကြီးတဲ့ Name plate (SPDကိုယ်ထည်)မှာ ဖော်ပြထားသော Ratingတွေထဲက Uc အကြောင်း လေ့လာကြရအောင်။

📌 L.N ပါရင် AC SPD

📌 DC. + - တို့ပါရင် DC SPD

📌 Uc = Maximum Continuous Operating Voltage (MCOV)

📌 SPD ဆက်တိုက်Runနိုင်သော အမြင့်ဆုံးဗို့အားဖြစ်ပါသည်။

📌 Uc တန်ဖိုးကျော်ရုံနှင့် Surge voltageဟု မသတ်မှတ်ပါ။ Clamping လုပ်မယ်မည်မဟုတ်ပါ (Earthing စနစ်ဆီ Connection စတင်ချိတ်ဆက်မည်မဟုတ်ပါ)။
📌 Surgeကြောင့် Triggering levelကို ရောက်မှသာလျှင် စတင်အလုပ်လုပ်မည်ဖြစ်ပါသည်။
ဥပမာ Uc 385 V SPDသည် 600 - 1000 V ဝန်းကျင်ရောက်မှသာ စတင် clamping လုပ်ရန် Triggering level သတ်မှတ်ထားပါသည်။

📌 AC SPD ၏ Uc တန်ဖိုးရွေးချယ်ရာမှာ မိမိတို့နိုင်ငံ အသုံးပြုသော Transformer Earthing စနစ်ကို ထည့်သွင်းစဥ်းစားရန် လိုအပ်ပါသည်။
ကာကွယ်နိုင်မူနှင့်တည်ငြိမ်မူ အားနည်းသော TT စနစ်ဖြစ်ပါသည်။
TTစနစ်အတွက် Uc တန်ဖိုးသည် Nominal voltage ၏ 1.55ဆ အနည်းဆုံးရှိရမယ်လို့ IEC 60364-5-53 မှာ သတ်မှတ်ထားပါသည်။
(1.55 * 230 = 356)

📌 TT မှာ Neutral & Earthကြား ဆက်သွယ်ထားမူမရှိခြင်းနှင့် ယာယီဗို့အားမြင့်တက်မူ ပိုများလို့ မြှောက်ဖော်ကိန်းပိုထားရခြင်းဖြစ်ပါသည်။

📌 TNစနစ်မှာ 1.15ဆ ဖြစ်လို့ Uc 265 V ထုတ်ပါသည်။

📌 20% အနည်းဆုံး ပိုရမည်ဟု သတ်မှတ်ချက်တခုလည်း တွေ့ရပါသည်။ ထို့ကြောင့် Uc 276 V ထုတ်ပါသည်။

🔑 မှတ်ချက် EPC မီးလိုင်းမှ Inverter AC Inputအတွက် Uc 385 Vကို ရွေးချယ်သင့်ပါသည်။

🔑 လျှပ်စစ်ပစ္စည်း/ဝန်အား ခလုတ်အဖွင့်အပိတ်ကြောင့် ဖြစ်ပေါ်တတ်သော Switching Surgeကာကွယ်ဖို့ အဓိကရည်ရွယ်တပ်ဆင်ထားသော Inverter Output SPDအတွက် Uc 276 Vကို ရွေးချယ်သင့်ပါသည်။

ဆိုလာစနစ်အတွက် DC SPDအတွက် Uc ရွေးချယ်ခြင်း

💛 PV string၏ Voc ထက် ကြီးရပါမယ်။
💛 PV module၏ System voltage အောက် ငယ်ရပါမယ်။
💛 Inverter၏ Max DC input နှင့်တန်ဖိုးတူ(သို့)ငယ်ရပါမယ်။
🚩 DC SPDမှာ Ucကို 1000VDC. 1500 VDCစသည့်ဖြင့် ဖော်ပြပါတယ်။

ယုံကြည်စိတ်ချရမူဖြင့်

Chindwin Power

#လျှပ်စစ်ဝန်ဆောင်မူ

Address

Monywa

Website

Alerts

Be the first to know and let us send you an email when Chindwin Power posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share