19/04/2026
Vertical Slotting Process
Manufacturing Process တွင်ပါဝင်သောအပေါက်ပုံစံများ (Slots/Keyways)၊ ချိုင့်ခွက်များ (Grooves) သို့မဟုတ် Square ပုံသဏ္ဍာန်များကိုခုတ်စားရန်ဖြစ်သည်။
ဤလုပ်ငန်းစဉ်သည် Shaping Machining အမျိုးအစားထဲတွင် ပါဝင်ပြီး၊ Toolသည် ဒေါင်လိုက်အနေအထား (Vertical) အတိုင်း အပေါ်အောက် ရွေ့လျားခြင်းဖြင့် material componentကို ခုတ်စားခြင်းဖြစ်သည်။
အလုပ်လုပ်ပုံ (Working Principle)အနေဖြင့် Reciprocating Motionဖြစ်ပြီး Ram သည် ဒေါင်လိုက် (Up and Down) အပေါ်အောက် အပြန်အလှန် ရွေ့လျားသည်။
Cutting Strokeအပိုင်းတွင် Tool သည် အောက်ဘက်သို့ ရွေ့လျားစဉ်တွင် Materialကို ခုတ်စားခြင်းဖြစ်သည်။ Tool သည် အပေါ်ဘက်သို့ ပြန်တက်သွားချိန်တွင် ခုတ်စားခြင်းကို ပြုလုပ်ခြင်းမရှိပါ။
ဤအချိန်တွင် Worktable က ပစ္စည်းကို အနည်းငယ် ရွှေ့ပေးခြင်းဖြင့် နောက်တစ်ကြိမ် ခုတ်စားရန် နေရာယူခြင်းဖြစ်ပါသည်။
Zaw Htet Maung(NX myanmar)