Mon Myanmar Design & Construction-MMM

Mon Myanmar Design & Construction-MMM ဒီဇိုင်း နှင့် တည်ဆောက်ရေး

Mandalay မှာ 2 ထပ်အိမ်ဆောက်ဖို့ စဉ်းစားနေပြီလား?အိမ်ဆောက်မယ်ဆို“ငွေရှိရင် ဆောက်လို့ရတယ်” မဟုတ်ပါဘူးနော်။စနစ်တကျ plan ရှိ...
11/02/2026

Mandalay မှာ 2 ထပ်အိမ်ဆောက်ဖို့ စဉ်းစားနေပြီလား?

အိမ်ဆောက်မယ်ဆို
“ငွေရှိရင် ဆောက်လို့ရတယ်” မဟုတ်ပါဘူးနော်။
စနစ်တကျ plan ရှိဖို့လိုပါတယ်။

ပထမဆုံး
design + layout ကို သေချာချမှတ်ရမယ်။
နောက်မှပြင်ရင် စရိတ်ပိုတက်ပါတယ်။

ဒုတိယ
BOQ / estimate ကို အရင်ထုတ်ရမယ်။
budget မခွဲရင် အလယ်မှာ ငွေခက်နိုင်ပါတယ်။

တတိယ
foundation က အရေးကြီးဆုံးပါ။
foundation မခိုင်ရင် အိမ်တစ်လုံးလုံး အန္တရာယ်ရှိပါတယ်။

Mon Myanmar Construction က
Design + Build အပြီးအစီး service ပေးပါတယ်။

Site engineer စစ်ဆေးမှု၊
material standard၊
timeline သတ်မှတ်ချက်နဲ့
အလုပ်ကို တာဝန်ယူပြီးလုပ်ပေးပါတယ်။

2ထပ်အိမ်ဆောက်ဖို့စိတ်ကူးယဥ်နေပြီဆိုရင်MMM Constructions ကိုအရင်တိုင်ဖို့မမေ့နဲ့နော်

🪟 𝐓𝐚𝐤𝐞 𝐑𝐞𝐬𝐩𝐨𝐧𝐬𝐢𝐛𝐢𝐥𝐢𝐭𝐲 𝐟𝐫𝐨𝐦 𝐌𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐭𝐨 𝐦𝐚𝐤𝐞 𝐚 𝐬𝐭𝐫𝐨𝐧𝐠 𝐚𝐧𝐝 𝐛𝐞𝐚𝐮𝐭𝐢𝐟𝐮𝐥 𝐡𝐨𝐮𝐬𝐞

For More Information:
🏠 Mon Myanmar Design & Construction
📌 Between 78x79 & 35x36 SMWK Condo 4th Floor, Mandalay City
📥 [email protected]
☎️ 09791440133, 09761255844
💬 Viber - 09791440133, 09761255844

#ဆောက်လုပ်ရေး #အိမ်ဒီဇိုင်း #ရမည်းသင်း #အုတ်စီခြင်း #လက်ရာ

အိမ်ဆောက်မယ်ဆိုဒီတစ်ချက်ကို မမေ့ပါနဲ့Foundation မှာ မချွေတာပါနဲ့။အိမ်တစ်လုံးလုံးရဲ့ အခြေခံက foundation ပါ။foundation မခိ...
10/02/2026

အိမ်ဆောက်မယ်ဆို
ဒီတစ်ချက်ကို မမေ့ပါနဲ့

Foundation မှာ မချွေတာပါနဲ့။

အိမ်တစ်လုံးလုံးရဲ့ အခြေခံက foundation ပါ။
foundation မခိုင်ရင်
နောက်ပိုင်း cracks ဖြစ်တတ်တယ်
တံခါးပေါက်မညီတာဖြစ်တတ်တယ်
အန္တရာယ်ရှိတတ်ပါတယ်။

ဒါကြောင့် foundation အလုပ်မှာ
site engineer စစ်ဆေးမှု
steel/cement standard
concrete ratio
အကုန်သေချာရမယ်။

Mon Myanmar Construction က
foundation အဆင့်ကို အထူးဂရုစိုက်ပြီး
quality control စနစ်နဲ့ လုပ်ပေးပါတယ်။

Mandalay မှာ အိမ်ဆောက်ဖို့ စဉ်းစားနေပြီဆို
Mon Myanmar ကိုသတိရပါ။

𝐓𝐚𝐤𝐞 𝐑𝐞𝐬𝐩𝐨𝐧𝐬𝐢𝐛𝐢𝐥𝐢𝐭𝐲 𝐟𝐫𝐨𝐦 𝐌𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐭𝐨 𝐦𝐚𝐤𝐞 𝐚 𝐬𝐭𝐫𝐨𝐧𝐠 𝐚𝐧𝐝 𝐛𝐞𝐚𝐮𝐭𝐢𝐟𝐮𝐥 𝐡𝐨𝐮𝐬𝐞

For More Information:
🏠 Mon Myanmar Design & Construction
📌 Between 78x79 & 35x36 SMWK Condo 4th Floor, Mandalay City
📥 [email protected]
☎️ 09791440133, 09761255844
💬 Viber - 09791440133, 09761255844

#ဆောက်လုပ်ရေး #အိမ်ဒီဇိုင်း #ရမည်းသင်း #အုတ်စီခြင်း #လက်ရာ

Slab Casting ဆိုတာ အိမ်တစ်လုံးရဲ့ ခိုင်ခံ့မှုကိုဆုံးဖြတ်တဲ့ အရေးကြီးဆုံးအဆင့် ပါ။ဒီအဆင့်မှာ quality မပြည့်ရင် နောက်ပိုင်...
05/02/2026

Slab Casting ဆိုတာ အိမ်တစ်လုံးရဲ့ ခိုင်ခံ့မှုကိုဆုံးဖြတ်တဲ့ အရေးကြီးဆုံးအဆင့် ပါ။

ဒီအဆင့်မှာ quality မပြည့်ရင် နောက်ပိုင်းမှာ crack / leakage / strength မပြည့် တာတွေ ဖြစ်နိုင်ပါတယ်။

📌 ဒီနေ့ Amarapura site မှာ
✔️ Grade 30 Concrete သုံးပြီး
✔️ First Floor Slab ကို engineer supervision နဲ့ စနစ်တကျလောင်းနေပါတယ်။

ပုံထဲမှာမြင်ရတဲ့အရေးကြီးချက်တစ်ခုက
မီးလိုင်း (Conduit) တွေကို Slab ထဲမှာ မြုပ်ထားတာ ပါ။
ဒီအလုပ်ကို slab မလောင်းခင်ကတည်းက
position မှန်မှန် + fix သေချာ လုပ်ထားမှ နောက်ပိုင်းအန္တရာယ်မဖြစ်ပါဘူး။

Mon Myanmar Construction မှာ
structure quality + site control ကို ဦးစားပေးပြီး
အဆင့်တိုင်းကို စနစ်တကျလုပ်ဆောင်ပေးပါတယ်။

အိမ်ဆောက်ဖို့ စဉ်းစားနေပြီဆို
Mon Myanmar ကိုသတိရပါ။

𝐓𝐚𝐤𝐞 𝐑𝐞𝐬𝐩𝐨𝐧𝐬𝐢𝐛𝐢𝐥𝐢𝐭𝐲 𝐟𝐫𝐨𝐦 𝐌𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐭𝐨 𝐦𝐚𝐤𝐞 𝐚 𝐬𝐭𝐫𝐨𝐧𝐠 𝐚𝐧𝐝 𝐛𝐞𝐚𝐮𝐭𝐢𝐟𝐮𝐥 𝐡𝐨𝐮𝐬𝐞

For More Information:
🏠 Mon Myanmar Design & Construction
📌 Between 78x79 & 35x36 SMWK Condo 4th Floor, Mandalay City
📥 [email protected]
☎️ 09791440133, 09761255844
💬 Viber - 09791440133, 09761255844

#ဆောက်လုပ်ရေး #အိမ်ဒီဇိုင်း #ရမည်းသင်း #အုတ်စီခြင်း #လက်ရာ

28/01/2026

Slab ပြား ကွန်ကရစ်မလောင်းခင်လုပ်တဲ့ ဒီအဆင့်လေးက အိမ်တစ်လုံးရဲ့ အရည်အသွေးကို ဘယ်လိုသက်ရောက်‌စေလဲ❔

ကျွန်တော်တို့ရဲ့ အမရပူရ ၃ ထပ်တိုက် Project လေးမှာ အခုဆိုရင် အပေါ်ထပ် Slab လောင်းဖို့ ပြင်ဆင်နေပါပြီ။
▸ Slab လောင်းတယ်ဆိုတာ ကွန်ကရစ်လောင်းချလိုက်တာနဲ့ ပြီးသွားတဲ့ အလုပ်မဟုတ်ပါဘူး။ အဲ့ဒီမတိုင်ခင်မှာ အင်မတန်အရေးကြီးတဲ့ အကြိုစစ်ဆေးမှုတစ်ခုဖြစ်တဲ့ "Level Test" ကို အရင်ဆုံး ပြုလုပ်ရပါတယ်။

❐ Level Test ဆိုတာ Slab ရဲ့ မျက်နှာပြင်တစ်ခုလုံး ရေပြင်ညီအတိုင်း တညီတညာတည်း ရှိနေစေဖို့ တိတိကျကျ တိုင်းတာစစ်ဆေးတာဖြစ်ပြီး ဒီအဆင့်က ဘာလို့အရေးကြီးလဲဆိုတော့…

Slab ရဲ့ Level တိကျမှ
✅ အပေါ်မှာဆက်ပြီးတည်ဆောက်မယ့် နံရံတွေက ဒေါင်လိုက်တည့်တည့်မတ်မတ် ဖြစ်မယ်။
✅ ကြွေပြားခင်းတဲ့အခါ ချိုင့်တာ၊ ခွက်တာတွေမရှိဘဲ ညီညာလှပနေမယ်။
✅ ကွန်ကရစ်အထူအပါး ညီညာတဲ့အတွက် Slab ရဲ့ ခံနိုင်ဝန်အား (Strength) က အပြည့်အဝရှိနေမှာပါ။

➧ Mon Myanmar မှာတော့ Foundation လို မျက်စိနဲ့မမြင်ရတဲ့ အပိုင်းတွေကစလို့ အခုလို အသေးစိတ်ကျတဲ့ လုပ်ငန်းစဉ်တိုင်းကို "Quality First" ဆိုတဲ့အတိုင်း တိကျသေချာအောင် အမြဲစစ်ဆေးပြီးမှသာ နောက်တစ်ဆင့်ကို ဆက်လက်လုပ်ဆောင်ပါတယ်။

ဒီလိုအဆင့်တိုင်းကို ဂရုတစိုက်လုပ်ဆောင်ခြင်းကပဲ Client တွေရဲ့ တစ်သက်တာ စိတ်အေးချမ်းမှုအတွက် အကောင်းဆုံးအာမခံချက်ပါပဲ။ 🫶🏻✨

🪟 𝐓𝐚𝐤𝐞 𝐑𝐞𝐬𝐩𝐨𝐧𝐬𝐢𝐛𝐢𝐥𝐢𝐭𝐲 𝐟𝐫𝐨𝐦 𝐌𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐭𝐨 𝐦𝐚𝐤𝐞 𝐚 𝐬𝐭𝐫𝐨𝐧𝐠 𝐚𝐧𝐝 𝐛𝐞𝐚𝐮𝐭𝐢𝐟𝐮𝐥 𝐡𝐨𝐮𝐬𝐞

For More Information:
🏠 Mon Myanmar Design & Construction
📌 Between 78x79 & 35x36 SMWK Condo 4th Floor, Mandalay City
📥 [email protected]
☎️ 09791440133, 09761255844
💬 Viber - 09791440133, 09761255844

#ဆောက်လုပ်ရေး #အိမ်ဒီဇိုင်း #မန္တလေး #အရည်အသွေး

💬 လုပ်ငန်းတစ်ခုအတွက် အကောင်းဆုံးသော သက်သေခံချက်က ဘာဖြစ်မလဲ❔▸ အဖြေကတော့... တစ်ကြိမ်မက ထပ်ခါထပ်ခါ ယုံကြည်စွာ လက်တွဲလာတဲ့ C...
16/01/2026

💬 လုပ်ငန်းတစ်ခုအတွက် အကောင်းဆုံးသော သက်သေခံချက်က ဘာဖြစ်မလဲ❔

▸ အဖြေကတော့... တစ်ကြိမ်မက ထပ်ခါထပ်ခါ ယုံကြည်စွာ လက်တွဲလာတဲ့ Client တွေရဲ့ စကားပါပဲ။

ကျွန်တော်တို့ရဲ့ Loyal Client တစ်ဦးဖြစ်တဲ့ ❝New Generation Hydraulic Hose and Fitting Assembly❞ ဟာဆိုရင် ပြင်ဦးလွင်မှာ အဆောက်အဦးသစ်ဆောက်တာကစလို့၊ မန္တလေးက ဂိုထောင် Renovation အဆုံး...

➧ အခုဆိုရင် တတိယမြောက် Project အဖြစ် မန္တလေးစက်မှုဇုန်ထဲက သူတို့ရဲ့ ၄ ထပ်တိုက် မျက်နှာစာကို ပုံစံသစ်ပြန်လည်ဖော်ဆောင်တဲ့ Renovation Project ကို Mon Myanmar ကပဲ ထပ်မံတာဝန်ယူခွင့်ရခဲ့ပါတယ်။ 🤝🏻

❝ Project အကြီးအသေး၊ အမျိုးအစားမရွေး အမြဲတမ်း ပြန်လည်သတိတရနဲ့ ယုံကြည်စွာ လက်တွဲလာတဲ့အတွက် New Generation မိသားစုကို အထူးကျေးဇူးတင်ရှိပါတယ် ❞

ကျွန်တော်တို့ရဲ့ အကြီးမားဆုံး အောင်မြင်မှုကတော့ Client တွေဆီက ရရှိတဲ့ ဒီလိုအပြည့်အဝယုံကြည်မှုပါပဲ။ ဒီ Project ရဲ့ မျက်နှာစာပြုပြင်ပုံ အဆင့်ဆင့်ကိုလည်း ပုံထဲမှာ ဂုဏ်ယူစွာနဲ့ ဖော်ပြပေးလိုက်ရပါတယ်ခင်ဗျာ…🫶🏻✨

🪟 𝐓𝐚𝐤𝐞 𝐑𝐞𝐬𝐩𝐨𝐧𝐬𝐢𝐛𝐢𝐥𝐢𝐭𝐲 𝐟𝐫𝐨𝐦 𝐌𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐭𝐨 𝐦𝐚𝐤𝐞 𝐚 𝐬𝐭𝐫𝐨𝐧𝐠 𝐚𝐧𝐝 𝐛𝐞𝐚𝐮𝐭𝐢𝐟𝐮𝐥 𝐡𝐨𝐮𝐬𝐞

For More Information:
🏠 Mon Myanmar Design & Construction
📌 Between 78x79 & 35x36 SMWK Condo 4th Floor, Mandalay City
📥 [email protected]
☎️ 09791440133, 09761255844
💬 Viber - 09791440133, 09761255844

#ဆောက်လုပ်ရေး #အိမ်ဒီဇိုင်း #မန္တလေး #ပြန်လည်ပြုပြင်ခြင်း #ယုံကြည်မှု

🧱 အုတ်တစ်ချပ်ချင်းစီက အိမ်တစ်လုံးရဲ့ ခိုင်ခံ့မှုနဲ့ အလှတရားအတွက် ဘယ်လောက်အရေးပါလဲ?အကြမ်းထည် Structure အဆင့်ပြီးသွားတဲ့ က...
12/01/2026

🧱 အုတ်တစ်ချပ်ချင်းစီက အိမ်တစ်လုံးရဲ့ ခိုင်ခံ့မှုနဲ့ အလှတရားအတွက် ဘယ်လောက်အရေးပါလဲ?

အကြမ်းထည် Structure အဆင့်ပြီးသွားတဲ့ ကျွန်တော်တို့ရဲ့ ရမည်းသင်း နှစ်ထပ်ခွဲတိုက် Project လေးမှာ အခုဆိုရင် အဆောက်အအုံရဲ့ ပုံပန်းကို ပီပြင်စေမယ့် နံရံအုတ်စီခြင်းနဲ့ အချောကိုင်ခြင်း အဆင့်ကို ရောက်ရှိလာပါပြီ။

👷🏻 Mon Myanmar မှာတော့ အုတ်စီတယ်ဆိုတာ အုတ်တွေကို ထပ်ဆင့်စီလိုက်တာထက် အများကြီးပိုပါတယ်။
➧ သာမန်နံရံတွေက ငလျင်လိုမျိုး ဘေးတိုက်သက်ရောက်မှုဒဏ်ကြောင့် ပြိုကျနိုင်ခြေရှိပေမယ့်၊ ဒီ Project မှာတော့ နံရံတိုင်းရဲ့ ခိုင်ခံ့မှုကို အပြည့်အဝအာမခံနိုင်ဖို့…

✅ RC တိုင်နဲ့ အုတ်နံရံကို Dowel Bar တွေနဲ့ ချိတ်ဆက်ပေးခြင်း။
✅ နံရံရဲ့ ကြံ့ခိုင်မှုကို ပိုကောင်းစေတဲ့ Stiffener (နံရံထိန်း) တွေ၊ Cross Tie တွေ ထည့်သွင်းပေးခြင်း။
✅ တံခါးနဲ့ ပြတင်းပေါက်တွေအပေါ်မှာ Lintel (အပေါ်ဘောင်) တင်ပေးခြင်းစတဲ့ အင်ဂျင်နီယာပိုင်းဆိုင်ရာ နည်းစနစ်တွေကို အတိအကျအသုံးပြုထားပါတယ်။

ဒီလိုအသေးစိတ်နည်းစနစ်တွေက နံရံကို ပိုမိုခိုင်ခံ့စေပြီး ငလျင်ဒဏ်ကို ကြံ့ကြံ့ခံနိုင်စေရုံသာမက၊ နောင်တစ်ချိန်မှာ အက်ကြောင်းထခြင်း၊ ပျက်စီးခြင်းတွေ မဖြစ်အောင်ပါ ကာကွယ်ပေးတာမို့

▸ အုတ်မြစ်ကနေစလို့ အချောသတ်အဆုံး အသေးစိတ်အဆင့်တိုင်းမှာ အရည်အသွေးကို အာမခံနိုင်တာက Mon Myanmar ရဲ့ တာဝန်ယူမှုတစ်ခုပါပဲခင်ဗျာ…✨

🪟 𝐓𝐚𝐤𝐞 𝐑𝐞𝐬𝐩𝐨𝐧𝐬𝐢𝐛𝐢𝐥𝐢𝐭𝐲 𝐟𝐫𝐨𝐦 𝐌𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐭𝐨 𝐦𝐚𝐤𝐞 𝐚 𝐬𝐭𝐫𝐨𝐧𝐠 𝐚𝐧𝐝 𝐛𝐞𝐚𝐮𝐭𝐢𝐟𝐮𝐥 𝐡𝐨𝐮𝐬𝐞

For More Information:
🏠 Mon Myanmar Design & Construction
📌 Between 78x79 & 35x36 SMWK Condo 4th Floor, Mandalay City
📥 [email protected]
☎️ 09791440133, 09761255844
💬 Viber - 09791440133, 09761255844

#ဆောက်လုပ်ရေး #အိမ်ဒီဇိုင်း #ရမည်းသင်း #အုတ်စီခြင်း #လက်ရာ

🏙️ သုံးထပ်တိုက်တစ်လုံးရဲ့ ခိုင်ခံ့မှုက အပေါ်ဆုံးထပ်က မစပါဘူး... မြေကြီးအောက်ခြေအနက်ရှိုင်းဆုံးမှာ စပါတယ်။အပြင်ပန်းကနေ လှ...
09/01/2026

🏙️ သုံးထပ်တိုက်တစ်လုံးရဲ့ ခိုင်ခံ့မှုက အပေါ်ဆုံးထပ်က မစပါဘူး... မြေကြီးအောက်ခြေအနက်ရှိုင်းဆုံးမှာ စပါတယ်။

အပြင်ပန်းကနေ လှပခန့်ညားနေတဲ့ အိမ်တစ်လုံးဖြစ်ဖို့အတွက် မျက်စိနဲ့မမြင်နိုင်တဲ့ မြေကြီးအောက်က အခြေခံအုတ်မြစ် (Foundation) က အခိုင်မာဆုံးဖြစ်နေဖို့ လိုပါတယ်။
▸ ဒါကြောင့် Mon Myanmar က အမရပူရ ၃ ထပ်တိုက် Project ရဲ့ အသက်သွေးကြောဖြစ်တဲ့ Foundation ကို ဘယ်လိုအုတ်မြစ်ချခဲ့လဲဆိုတာ မျှဝေပေးချင်ပါတယ်…💫

❐ အိမ်ရဲ့ ဝန်အားတစ်ခုလုံးကို ညီညီမျှမျှဖြစ်စေပြီး နောင်တစ်ချိန်မှာ အိမ်စောင်းတာ၊ နံရံအက်တာတွေ မဖြစ်အောင် ကာကွယ်ဖို့အတွက် တိုင်တစ်လုံးချင်းစီအောက်မှာ သီးသန့် footing တွေချပေးပြီး၊ အဲ့ဒီ footing တွေအားလုံးကို Strap Beam တွေနဲ့ တစ်ခုနဲ့တစ်ခု မရုန်းထွက်နိုင်အောင် အခိုင်အမာ ပြန်လည်ချိတ်ဆက်ချုပ်နှောင်ပေးထားပါတယ်။

❐ တိုင်တွေမှာလည်း ဒီအတိုင်းပါပဲ။ 14”x14” တိုင်ဆိုရုံနဲ့ မပြီးဘဲ အထဲက သံကွင်း (Ties) တွေကို 4” ပဲခြားပြီး နှစ်ထပ်ကွင်း (Double Loop) နဲ့ သိပ်သည်းစွာ ထည့်သွင်းပေးထားပါတယ်။

▸ ဒါဟာ တိုင်တစ်လုံးကို သာမန်ထက် ဝန်အားအများကြီး ပိုခံနိုင်စေပြီး ငလျင်လိုမျိုး ဖိအားတွေအောက်မှာတောင် ကြံ့ကြံ့ခံနိုင်အောင် အားဖြည့်ပေးပါတယ်။ ဒီအရာအားလုံးကို အရည်အသွေးအမြင့်ဆုံး G30 ကွန်ကရစ်နဲ့ လောင်းပေးထားတာကြောင့် ခိုင်ခံ့မှုအတွက် စိုးရိမ်စရာမရှိတော့ပါဘူး။

💬 Mon Myanmar ဟာဆိုရင် အိမ်တစ်လုံးကို ပြီးစလွယ်ဆောက်တာမဟုတ်ဘဲ၊ လုံခြုံစိတ်ချရတဲ့ 'နေချင်စရာ' နေရာတစ်ခုကို တည်ဆောက်ပေးတာဖြစ်လို့

ဒီလို အပြင်ကနေ လုံးဝမမြင်နိုင်တဲ့ အင်ဂျင်နီယာပိုင်းဆိုင်ရာ အသေးစိတ်တွေက Client တစ်ယောက်ရဲ့ တစ်သက်တာ စိတ်အေးချမ်းမှုအတွက် Mon Myanmar ရဲ့ အာမခံချက်တစ်ခုပါပဲ။ 🤝🏻✨

🪟 𝐓𝐚𝐤𝐞 𝐑𝐞𝐬𝐩𝐨𝐧𝐬𝐢𝐛𝐢𝐥𝐢𝐭𝐲 𝐟𝐫𝐨𝐦 𝐌𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐭𝐨 𝐦𝐚𝐤𝐞 𝐚 𝐬𝐭𝐫𝐨𝐧𝐠 𝐚𝐧𝐝 𝐛𝐞𝐚𝐮𝐭𝐢𝐟𝐮𝐥 𝐡𝐨𝐮𝐬𝐞

For More Information:
🏠 Mon Myanmar Design & Construction
📌 Between 78x79 & 35x36 SMWK Condo 4th Floor, Mandalay City
📥 [email protected]
☎️ 09791440133, 09761255844
💬 Viber - 09791440133, 09761255844

#ဆောက်လုပ်ရေး #အိမ်ဒီဇိုင်း #မန္တလေး #အုတ်မြစ် #အရည်အသွေး

🏗️ 83 လမ်းဆိုက်လေးရဲ့ ပထမထပ် Slab မလောင်းခင် Mon Myanmar ရဲ့ အကြိုစစ်ဆေးမှုပုံရိပ်များ 。。。အဆောက်အအုံတစ်လုံးရဲ့ ခိုင်ခံ့မ...
24/12/2025

🏗️ 83 လမ်းဆိုက်လေးရဲ့ ပထမထပ် Slab မလောင်းခင် Mon Myanmar ရဲ့ အကြိုစစ်ဆေးမှုပုံရိပ်များ 。。。

အဆောက်အအုံတစ်လုံးရဲ့ ခိုင်ခံ့မှုအတွက် အရေးအကြီးဆုံးအဆင့်တွေထဲကတစ်ခုဖြစ်တဲ့ Slab လောင်းခြင်းလုပ်ငန်းကို မလုပ်ဆောင်ခင်မှာ Mon Myanmar က ဘယ်လိုအကြိုစစ်ဆေးမှုတွေ ပြုလုပ်တယ်ဆိုတာ ဗဟုသုတအနေနဲ့ မျှဝေပေးချင်ပါတယ်။ ✨

ကျွန်တော်တို့ Mon Myanmar ရဲ့ အင်ဂျင်နီယာအဖွဲ့က 83 လမ်းဆိုက်မှာ ပထမထပ် Slab မလောင်းခင် အောက်ပါအချက်တွေကို အဓိကထား စစ်ဆေးခဲ့ပါတယ်:

✅ Formwork (ပုံစံခွက်များ):
ပုံစံခွက်တွေရဲ့ ရေပြင်ညီ Level (Horizontal Level) မှန်ကန်မှု၊ ဒေါင်လိုက်အနေအထား (Vertical Alignment) တိကျမှုနဲ့ ထောက်တိုင်တွေ (Falsework Support) ခိုင်မာမှုကို စစ်ဆေးပါတယ်။ ဒါမှ လောင်းလိုက်တဲ့ Slab က ပုံစံမပျက်ဘဲ အထူအပါးညီညာမှာပါ။

✅ Rebar (သံချောင်းများ):
သံချောင်းတွေရဲ့ နေရာမှန်စီစဉ်မှု (Rebar Alignment)၊ သံကွင်း (Stirrup) တွေရဲ့ သတ်မှတ်အကွာအဝေးအတိုင်းရှိမှုနဲ့ ကွန်ကရစ်အဖုံးအကာ (Rebar Cover) လုံလောက်မှုတို့ကို တိတိကျကျ စစ်ဆေးပါတယ်။ ဒါက Slab ရဲ့ အဓိကခံနိုင်ဝန်အားနဲ့ ရေရှည်ခိုင်ခံ့မှုကို အာမခံပေးပါတယ်။

✅ Site Cleaning (လုပ်ငန်းခွင်သန့်ရှင်းရေး):
ကွန်ကရစ်မလောင်းခင်မှာ သစ်စ၊ အမှိုက်သရိုက်တွေ ကင်းစင်အောင် သန့်ရှင်းရေးလုပ်ခြင်းက ကွန်ကရစ်သား ပိုမိုခိုင်မာစေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အဆင့်တစ်ခုပါ။

➧ ဒီလို မျက်စိနဲ့မမြင်နိုင်တဲ့ အသေးစိတ်အဆင့်တိုင်းကို ဂရုတစိုက်စစ်ဆေးပြီးမှ လုပ်ငန်းဆက်လက်ဆောင်ရွက်ခြင်းက Client တွေရဲ့ စိတ်ကူးထဲက အိမ်‌လေးကို တစ်သက်တာလုံးအတွက် စိတ်ချယုံကြည်ရတဲ့ အိမ်တစ်လုံးဖြစ်လာစေဖို့ ကျွန်တော်တို့ရဲ့ တာဝန်ယူမှုပဲဖြစ်ပါတယ်ခင်ဗျာ…🤝🏻

🪟 𝐓𝐚𝐤𝐞 𝐑𝐞𝐬𝐩𝐨𝐧𝐬𝐢𝐛𝐢𝐥𝐢𝐭𝐲 𝐟𝐫𝐨𝐦 𝐌𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐭𝐨 𝐦𝐚𝐤𝐞 𝐚 𝐬𝐭𝐫𝐨𝐧𝐠 𝐚𝐧𝐝 𝐛𝐞𝐚𝐮𝐭𝐢𝐟𝐮𝐥 𝐡𝐨𝐮𝐬𝐞

For More Information:
🏠 Mon Myanmar Design & Construction
📌 Between 78x79 & 35x36 SMWK Condo 4th Floor, Mandalay City
📥 [email protected]
☎️ 09791440133, 09761255844
💬 Viber - 09791440133, 09761255844

#ဆောက်လုပ်ရေး #အိမ်ဒီဇိုင်း #မန္တလေး #အရည်အသွေး

🏗️ ရမည်းသင်း Project Site မှ ပထမထပ် Slab လောင်းခြင်း လုပ်ငန်းခွင် မြင်ကွင်းများဒီနှစ်ထပ်ခွဲတိုက် Project လေးက ငလျင်ဒဏ်ခံ...
15/12/2025

🏗️ ရမည်းသင်း Project Site မှ ပထမထပ် Slab လောင်းခြင်း လုပ်ငန်းခွင် မြင်ကွင်းများ

ဒီနှစ်ထပ်ခွဲတိုက် Project လေးက ငလျင်ဒဏ်ခံနိုင်တဲ့ ဒီဇိုင်း (Earthquake Resistant Design) နဲ့ တည်ဆောက်ထားတာဖြစ်တဲ့အတွက်
→ Slab လောင်းခြင်းလုပ်ငန်းကိုလည်း သာမန်မဟုတ်ဘဲ အရည်အသွေးကောင်းမွန်တဲ့ ကွန်ကရစ်အချိုးအစားဖြစ်တဲ့ (1:1.5:3) အချိုးကို အသုံးပြုပြီး စနစ်တကျလောင်းပေးနေပါတယ်။

ဒီအဆင့်ရဲ့ ခိုင်ခံ့မှုက အပေါ်ထပ်တွေရဲ့ ဝန်အားကို ခံနိုင်ရည်ရှိဖို့နဲ့ အဆောက်အအုံတစ်ခုလုံးရဲ့ တည်ငြိမ်မှုအတွက် အလွန်အရေးကြီးပါတယ်။

✅ Mon Myanmar ဟာဆိုရင်…
Foundation (Combined Strip) ကနေစပြီး အခုလို Slab လောင်းတဲ့အဆင့်အထိ အဆင့်တိုင်းမှာ အရည်အသွေးကို အဓိကထားပြီး တည်ဆောက်ပေးနေတာမို့

▸ သင့်ရဲ့ စိတ်ကူးတွေကိုလည်း ဒီလိုစိတ်ချရတဲ့ လက်ရာနဲ့ အကောင်အထည်ဖော်ချင်တယ်ဆိုရင်တော့ Mon Myanmar ကိုသာ သတိရလိုက်ပါခင်ဗျာ...🤝🏻✨

🪟 𝐓𝐚𝐤𝐞 𝐑𝐞𝐬𝐩𝐨𝐧𝐬𝐢𝐛𝐢𝐥𝐢𝐭𝐲 𝐟𝐫𝐨𝐦 𝐌𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐭𝐨 𝐦𝐚𝐤𝐞 𝐚 𝐬𝐭𝐫𝐨𝐧𝐠 𝐚𝐧𝐝 𝐛𝐞𝐚𝐮𝐭𝐢𝐟𝐮𝐥 𝐡𝐨𝐮𝐬𝐞

For More Information:
🏠 Mon Myanmar Design & Construction
📌 Between 78x79 & 35x36 SMWK Condo 4th Floor, Mandalay City
📥 [email protected]
☎️ 09791440133, 09761255844
💬 Viber - 09791440133, 09761255844

#ဆောက်လုပ်ရေး #အိမ်ဒီဇိုင်း #ရမည်းသင်း #လုပ်ငန်းခွင်

🏗️ မန္တလေး 64 လမ်းက (18' x 35') နှစ်ထပ်တိုက်လေးရဲ့ လက်ရှိ Construction Site မြင်ကွင်း 。。。Mon Myanmar က တည်ဆောက်ပေးနေတဲ့ ...
11/12/2025

🏗️ မန္တလေး 64 လမ်းက (18' x 35') နှစ်ထပ်တိုက်လေးရဲ့ လက်ရှိ Construction Site မြင်ကွင်း 。。。

Mon Myanmar က တည်ဆောက်ပေးနေတဲ့ 64 ဆိုက်လေးရဲ့ နှစ်ထပ်တိုက်လေးကို အပြင်ပိုင်း အလှဆင်မှုတွေမလုပ်ခင်မှာ Structure ပိုင်းကို အခိုင်ခံဆုံးဖြစ်စေမယ့် တည်ဆောက်မှုအခြေအနေတွေကို မျှဝေပေးလိုက်ပါတယ်။

➧ ဒီ Project လေးဟာ ငလျင်လှုပ်ပြီးနောက်ပိုင်း တည်ဆောက်တဲ့ အိမ်ဖြစ်တာကြောင့် Structural Integrity (အဆောက်အအုံ ခိုင်ခံ့မှု) ကို အဓိကထားပြီး မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ နောက်ဆုံးပေါ် စံချိန်စံညွှန်း MNBC 2025 နဲ့အညီ တိတိကျကျ လိုက်နာတည်ဆောက်ထားတာ ဖြစ်ပါတယ်။

▸ အောက်ခြေ Foundation ပိုင်းမှာဆိုရင်လည်း မြေသားအခြေအနေပေါ် မူတည်ပြီး အဆောက်အအုံရဲ့ ဝန်ကို ညီတူမျှတူ ခံနိုင်ရည်ရှိစေမယ့် Combined Strip Footing စနစ်ကို အသုံးပြုထားသလို၊
▸ ငလျင်ဒဏ်ကို အကောင်းဆုံး ကြံ့ကြံ့ခံနိုင်ဖို့အတွက် Seismic Resist Frame ဒီဇိုင်းကိုပါ အင်ဂျင်နီယာပိုင်းဆိုင်ရာ တွက်ချက်မှုတွေနဲ့ ထည့်သွင်းတည်ဆောက်ထားပါတယ်။

ဒါ့ကြောင့် သင့်ရဲ့မိသားစုအတွက် ရေရှည်စိတ်ချရတဲ့ အိမ်တစ်လုံး ပိုင်ဆိုင်နိုင်စေဖို့ Mon Myanmar ကို အခုပဲ ဆက်သွယ်လိုက်တော့နော်… 🤝🏻

🪟 𝐓𝐚𝐤𝐞 𝐑𝐞𝐬𝐩𝐨𝐧𝐬𝐢𝐛𝐢𝐥𝐢𝐭𝐲 𝐟𝐫𝐨𝐦 𝐌𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐭𝐨 𝐦𝐚𝐤𝐞 𝐚 𝐬𝐭𝐫𝐨𝐧𝐠 𝐚𝐧𝐝 𝐛𝐞𝐚𝐮𝐭𝐢𝐟𝐮𝐥 𝐡𝐨𝐮𝐬𝐞

For More Information:
🏠 Mon Myanmar Design & Construction
📌 Between 78x79 & 35x36 SMWK Condo 4th Floor, Mandalay City
📥 [email protected]
☎️ 09791440133, 09761255844
💬 Viber - 09791440133, 09761255844

#အကြမ်းထည်လက်ရာ

🌇 14’x22’ သုံးထပ်တိုက်ဆောက်မယ့် မန္တလေး 83 Site ရဲ့ တစ်လတာအတွင်း တိုးတက်ပြောင်းလဲမှုMon Myanmar က တာဝန်ယူတည်ဆောက်နေတဲ့ မ...
09/12/2025

🌇 14’x22’ သုံးထပ်တိုက်ဆောက်မယ့် မန္တလေး 83 Site ရဲ့ တစ်လတာအတွင်း တိုးတက်ပြောင်းလဲမှု

Mon Myanmar က တာဝန်ယူတည်ဆောက်နေတဲ့ မန္တလေးမြို့က 83 Site လေးဟာ မြေစတူးပြီး တစ်လအကြာမှာပဲ အဆောက်အအုံတစ်ခုလုံးရဲ့ အခြေခံကျတဲ့ အဆင့်တစ်ခုဖြစ်တဲ့ Plinth Beam (မြေစိုက်ခါးပတ်တန်း) လောင်းခြင်းလုပ်ငန်းကို အောင်မြင်စွာ ပြီးစီးခဲ့ပြီဖြစ်ပါတယ်။

Plinth Beam ဟာ အဆောက်အအုံရဲ့ မြေအောက်အခြေခံ (Sub-structure) နဲ့ မြေပေါ်တည်ဆောက်မှု (Super-structure) ကို ချိတ်ဆက်ပေးတဲ့ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး
▸ သူက အဆောက်အအုံရဲ့ တိုင်တွေကို အပြန်အလှန်ချိတ်ဆက်ပေးရုံသာမက၊ မြေညီထပ်နံရံတွေကို တည်ဆောက်ဖို့အတွက် ညီညာခိုင်မာတဲ့ အခြေခံတစ်ခုကို ဖန်တီးပေးပါတယ်။ ဒီအဆင့် တိကျခိုင်မာမှ နောင်တစ်ချိန်မှာ နံရံတွေ အက်ကြောင်းထခြင်း၊ အဆောက်အအုံ မညီမညာဖြစ်ခြင်းတို့ကနေ ကာကွယ်နိုင်မှာပါ။

👷🏻 Mon Myanmar ဟာဆိုရင် Project တိုင်းရဲ့ အခြေခံအဆင့်တိုင်းကို အင်ဂျင်နီယာပိုင်းဆိုင်ရာ စံနှုန်းများနဲ့အညီ တိကျသေချာစွာ တည်ဆောက်ပေးလျက်ရှိတာကြောင့် သင့်အိမ်မက်တွေကို ကျွန်တော်တို့ရဲ့ အရည်အသွေးနဲ့အတူ အခုပဲ အကောင်အထည်ဖော်လိုက်ပါ…🤝🏻✨

🪟 𝐓𝐚𝐤𝐞 𝐑𝐞𝐬𝐩𝐨𝐧𝐬𝐢𝐛𝐢𝐥𝐢𝐭𝐲 𝐟𝐫𝐨𝐦 𝐌𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐭𝐨 𝐦𝐚𝐤𝐞 𝐚 𝐬𝐭𝐫𝐨𝐧𝐠 𝐚𝐧𝐝 𝐛𝐞𝐚𝐮𝐭𝐢𝐟𝐮𝐥 𝐡𝐨𝐮𝐬𝐞

For More Information:
🏠 Mon Myanmar Design & Construction
📌 Between 78x79 & 35x36 SMWK Condo 4th Floor, Mandalay City
📥 [email protected]
☎️ 09791440133, 09761255844
💬 Viber - 09791440133, 09761255844

#ဆောက်လုပ်ရေး #အိမ်ဒီဇိုင်း #မန္တလေး #လုပ်ငန်းခွင်

Address

Songthazin Road, Raut Kwut Kyee (11), Ray Ngaal, Pyin Oo Lwin City
Maymyo
09

Alerts

Be the first to know and let us send you an email when Mon Myanmar Design & Construction-MMM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mon Myanmar Design & Construction-MMM:

Share