Victory Social Emotional Learning Corner

Victory Social Emotional Learning Corner Build focus, Calm & Emotional skills for a brighter future!

05/05/2026

🏠 "EQ ဆိုတာ အိမ်မှာပဲ သင်ပေးရုံနဲ့ လုံလောက်ပြီလား၊
ဒါမှမဟုတ် စနစ်တကျ သင်ယူဖို့ လိုအပ်သလား?" 🏠

🤔 "EQ ကို အိမ်မှာပဲ သင်ပေးလို့ရတယ်၊ သင်တန်းမလိုဘူး" ဆိုတဲ့ အမြင်ဟာ မိဘတစ်ချို့ ထင်နေကြတဲ့ အယူအဆတစ်ခု ဖြစ်ပါတယ်။ 🤔

🏡 ဒါက တကယ်ရော ၁၀၀%မှန်တဲ့ အယူအဆဟုတ်ပါရဲ့လား...?

ကလေးတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည် (Emotional Intelligence - EQ) အုတ်မြစ်ဟာ မိသားစုနဲ့ အိမ်ကနေ စတင်နိုင်တယ်ဆိုတာ အငြင်းပွားဖွယ်ရာ မရှိပါဘူး။ သို့သော်လည်း ဒီလို” အိမ်မှာပဲ သင်ပေးလို့ရတယ်”ဆိုတဲ့အမြင်ကို တစ်ဖက်တည်းကနေ ရှုမြင်မယ်ဆိုရင် အလွန်အရေးကြီးတဲ့ အချက်တစ်ချက်ကို လွတ်ဟင်းသွားစေနိုင်ပါတယ်။ 🏡

😟 အဲဒါကတော့ "မိဘတိုင်းဟာ သူတို့ကိုယ်တိုင်ရဲ့ ခံစားချက်တွေကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းဖို့ သင်ယူခဲ့ဖူးသူတွေ မဟုတ်ကြသလို Emotionally Mature ဖြစ်မနေနိုင်ပါဘူး" ဆိုတဲ့ အမှန်တရားပါပဲ။ 😟

💡 ဒီနေရာမှာ ပညာရှင်တွေရဲ့ အဆိုအရ... 💡

🧠 ကမ္ဘာကျော် စိတ်ပညာရှင် Daniel Goleman က သူရဲ့နာမည်ကြီးကျမ်းဖြစ်တဲ့ "Emotional Intelligence" မှာ EQ ရဲ့ အဓိက အစိတ်အပိုင်း ၅ ခုဖြစ်တဲ့ Self-awareness ၊ Self-regulation ၊ Motivation ၊ Empathy နဲ့ Social skills တို့ကို အသေးစိတ် ရှင်းပြထားပါတယ်။ ဒီစွမ်းရည်တွေဟာ အလိုအလျောက် ရလာတာမဟုတ်ဘဲ၊ တမင်တကာ ရည်ရွယ်ချက်ရှိရှိ လေ့ကျင့်ယူရမယ့် "Learnable Skills" တွေ ဖြစ်တယ်လို့ သူက အခိုင်အမာ ဆိုထားပါတယ်။ 🧠

🧩 ဒါ့အပြင် "The Whole-Brain Child" စာအုပ်ကို ရေးသားသူ ကလေးစိတ်ပညာရှင် Dr. Dan Siegel ရဲ့ "Name it to Tame it" သီအိုရီအရဆိုရင် ကလေးတွေရဲ့ ဦးနှောက်ဟာ စိတ်ခံစားမှု ပြင်းထန်ချိန်မှာ ယုတ္တိကျကျ မတွေးခေါ်နိုင်ပါဘူး။ ဒါကို မိဘတွေက စနစ်တကျ သင်ယူသိနားလည်ထားမှသာ ကလေးရဲ့ ဒေါသ (သို့) ဝမ်းနည်းမှုတွေကို နာမည်တပ်ပေးပြီး ဦးနှောက်နှစ်ခြမ်းကို ပြန်လည်ချိတ်ဆက်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ အလိုလိုသိနိုင်တဲ့အရာ မဟုတ်ဘဲ နည်းစနစ်တကျ လေ့ကျင့်ယူရမယ့် ကျွမ်းကျင်မှုတစ်ခု ဖြစ်ပါတယ်။ 🧩

💞 နောက်ထပ် အရေးကြီးတဲ့ အချက်ကတော့ Dr. Stuart Shanker ရဲ့ "Self-Reg" သီအိုရီမှာ ဖော်ပြထားတဲ့ "Co-regulation -ပူးပေါင်းထိန်းကျောင်းခြင်း" သဘောတရားပါပဲ။ ကလေးတစ်ယောက်ဟာ သူ့ကိုယ်သူ "Self-regulation" မလုပ်နိုင်ခင်မှာ မိဘရဲ့ တည်ငြိမ်တဲ့ စိတ်ခံစားမှုကနေတစ်ဆင့် ကူးစက်တည်ငြိမ်ရတာပါ။ မိဘကိုယ်တိုင်က စိတ်ဖိစီးမှုတွေကို စနစ်တကျ မစီမံနိုင်ရင် ကလေးကိုလည်း တည်ငြိမ်မှု ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် EQတိုးတက်ဖို့အတွက် စနစ်ကျတဲ့ လမ်းညွှန်မှုတွေ၊ သင်တန်းတွေဟာ ကလေးအတွက်သာမက မိဘတွေရဲ့ စိတ်ကျန်းမာရေးအတွက်ပါ မရှိမဖြစ် လိုအပ်လာတာပါ။ 💞
🏆 နောက်ဆုံးအနေနဲ့ ဆက်ဆံရေး ကျွမ်းကျင်ပညာရှင် Dr. John Gottman ရဲ့ "Emotion Coaching" သုတေသနတွေကလည်း ဒီလို သက်သေပြထားပါတယ်။ "စိတ်ခံစားချက်တွေကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းတတ်အောင် လေ့ကျင့်သင်ကြားခံရတဲ့ ကလေးတွေဟာ ကျောင်းစာမှာ ပိုမိုထူးချွန်ရုံသာမက၊ ဖျားနာမှုကင်းပြီး၊ လူမှုအသိုင်းအဝိုင်းမှာ ပိုမိုအောင်မြင်တဲ့ ခေါင်းဆောင်တွေ ဖြစ်လာကြပါတယ်"။ ဒါကြောင့် EQ ကို စနစ်တကျ ရင်းနှီးမြှုပ်နှံခြင်းဟာ ကလေးရဲ့ တစ်သက်တာ အောင်မြင်မှုအတွက် အသေချာဆုံး အာမခံချက်တစ်ခုပဲ ဖြစ်ပါတယ်။ 🏆

💼 မိဘအများစုဟာ အလုပ်တာဝန်တွေ၊ စီးပွားရေး စိန်ခေါ်မှုတွေနဲ့ ဖိစီးမှုတွေကြားမှာ ရုန်းကန်နေရပါတယ်။ ဒီလိုအချိန်မှာ ကလေးတစ်ယောက်ရဲ့ ရှုပ်ထွေးတဲ့ စိတ်ခံစားချက်တွေကို "မှန်ကန်တဲ့နည်းလမ်းနဲ့ ဘယ်လို ပဲ့ပြင်ရမလဲ" ဆိုတာကို အလိုလို သိနေဖို့ဆိုတာ မလွယ်ကူပါဘူး။ မိဘတွေကိုယ်တိုင်ကလည်း မိမိတို့ရဲ့ စိတ်ခံစားချက်တွေကို မှန်ကန်စွာထိန်းနိုင်ဖို့ လေ့ကျင့်ခဲ့ကြရသူတွေ မဟုတ်ကြပါဘူး။💼

🏫 ဒီနေရာမှာပဲ Social Emotional Learning (SEL) ဆိုင်ရာ ကျွမ်းကျင်သူတွေ၊ သင်တန်းတွေနဲ့ စာအုပ်စာပေတွေရဲ့ အခန်းကဏ္ဍက မရှိမဖြစ် အရေးပါလာပါတယ်။ Yale တက္ကသိုလ်က စိတ်ပညာရှင် Marc Brackett ဟာ သူရဲ့ "Permission to Feel" စာအုပ်မှာ RULER Approach ဆိုတဲ့ စနစ်ကျတဲ့ ချဉ်းကပ်မှုကို လမ်းညွှန်ထားပါတယ်။ ဒီလို နည်းစနစ်တွေကို လေ့လာထားတဲ့ မိဘတွေဟာ ကလေးရဲ့ အပြုအမူနောက်ကွယ်က အကြောင်းရင်းကို ပိုနားလည်လာမယ်၊ ကလေးနဲ့ မိဘကြားမှာ ပိုမိုနက်ရှိုင်းတဲ့ ယုံကြည်မှု (Trust) ကို တည်ဆောက်နိုင်မယ်၊ အခြေအမြစ်မရှိတဲ့ ဆူပူကြိမ်းမောင်းမှုတွေအစား ထိရောက်တဲ့ လမ်းညွှန်မှုကို ပေးနိုင်မှာ ဖြစ်ပါတယ်။ 🏫

⚖️ Collaborative for Academic, Social, and Emotional Learning-CASEL ရဲ့ သုတေသနတွေအရလည်း အိမ်နဲ့ ကျောင်း (သို့မဟုတ် ပြင်ပသင်တန်းများ) အကြား ဟန်ချက်ညီစွာ ပူးပေါင်းဆောင်ရွက်ခြင်းက ကလေးတွေရဲ့ EQ တိုးတက်မှုအတွက် အထိရောက်ဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ သင်တန်းတွေကနေ ရရှိလာတဲ့ Tools တွေ၊ Strategies တွေကို အိမ်မှာ လက်တွေ့အသုံးချတဲ့အခါ ရလဒ်က ပိုမို မြန်ဆန်ထိရောက်လာပါတယ်။ ⚖️

✨ အနှစ်ချုပ်ဆိုရရင်... ✨

🛡️ EQ အတွက် "အိမ်က သင်ပေးနိုင်ဖို့ဆိုရင် အိမ်မှာရှိကြတဲ့မိသားစုအားလုံးရဲ့ EQ အတိုင်းအတာတစ်ခုအထိရှိဖို့လိုအပ်သလို၊ "ပြင်ပကနေ စနစ်တကျ သင်ယူစေတာ" ဟာလည်း ကလေးကို EQ ပိုမိုခိုင်မာအောင် တည်ဆောက်ပေးနိုင်မယ့်၊ တန်ဖိုးမဖြတ်နိုင်တဲ့ ဒေါက်တိုင်တွေပဲ ဖြစ်ပါတယ်။ 🛡️

❤️ တစ်ခုကို တစ်ခုနဲ့ လွှမ်းမိုးပိတ်ဆို့မထားဘဲ၊ မိမိကလေးရဲ့ အနာဂတ်အတွက် ပိုမိုပြည့်စုံ ကောင်းမွန်မယ့် နည်းလမ်းကို ပေါင်းစပ်ရွေးချယ်နိုင်ခြင်းကသာလျှင် အသိဉာဏ်ရှိသော ခေတ်သစ် မိဘအုပ်ထိန်းမှု (21st Century Parenting) ရဲ့ အဓိကသော့ချက် ဖြစ်ပါတယ်ခင်ဗျာ။ ❤️

❤️ Victory Learning Corner မှာ ကလေးတို့ရဲ့ အသက်အရွယ်အလိုက် Emotional Intelligence & Mindfulness Classes များ လေ့ကျင်သင်ယူနိုင်သလို မိဘ၊ အုပ်ထိန်းသူများအတွက်လည်း Emotional Intelligence & Mindful Parenting Program များကိုလည်း သင်ယူလေ့ကျင့်နိုင်ပါတယ်ခင်ဗျာ၊၊❤️

🌟 Victory Learning Corner 🌟
✨ Where Smart Heads Meet Kind Hearts ✨

05/05/2026

🌸💛 Mother’s Day Special 💛🌸

မိခင်ဆိုတာ…
ကလေးတစ်ယောက်ရဲ့ ပထမဆုံးသော ဆရာမ
ပထမဆုံးသော အားကိုးရာ
ပထမဆုံးသော မေတ္တာအရင်းအမြစ်ပါ။

နေ့စဉ်ဘဝအလုပ်များကြားမှာတောင်
ကလေးကို နားထောင်ပေးဖို့
စိတ်ရှည်ရှည်နဲ့ လမ်းညွှန်ပေးနိုင်ဖို့
မိခင်တိုင်း ကြိုးစားနေကြပါတယ်။

ဒီလို ချစ်ခြင်းနဲ့ ကြိုးစားနေတဲ့ မိခင်တိုင်းကို
ဂုဏ်ပြုလိုတဲ့အနေနဲ့…

🎁 𝓜𝓸𝓽𝓱𝓮𝓻’𝓼 𝓓𝓪𝔂 𝓢𝓹𝓮𝓬𝓲𝓪𝓵 𝓞𝓯𝓯𝓮𝓻 🎁
𝑴𝒊𝒏𝒅𝒇𝒖𝒍 𝑷𝒂𝒓𝒆𝒏𝒕𝒊𝒏𝒈 𝑷𝒓𝒐𝒈𝒓𝒂𝒎 𝒋𝒐𝒊𝒏 လိုသူ မိခင်တိုင်းကို
✨ 𝟐𝟎% 𝐎𝐅𝐅 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 ✨ ပေးအပ်သွားမှာပါ။

💚 𝑴𝒊𝒏𝒅𝒇𝒖𝒍 𝑷𝒂𝒓𝒆𝒏𝒕𝒊𝒏𝒈 ဆိုတာဘာလဲ?

💚 𝑴𝒊𝒏𝒅𝒇𝒖𝒍 𝑷𝒂𝒓𝒆𝒏𝒕𝒊𝒏𝒈 𝑷𝒓𝒐𝒈𝒓𝒂𝒎 ဆိုတာက…
မိဘတစ်ယောက်အနေနဲ့ ကလေးကို ပိုနားလည်ပြီး၊ ပိုသဘောထားကြီးစွာနဲ့၊ သတိရှိရှိ ပြုစုပျိုးထောင်နိုင်ဖို့ သင်ကြားပေးတဲ့ program တစ်ခုပါ။
👉 ကလေးနဲ့ရှိတဲ့အချိန်တိုင်းမှာ “စိတ်နဲ့တကယ်ရှိနေခြင်း”ပါ။
👉 ခံစားချက်တွေကို သတိထားပြီး တုန့်ပြန်ခြင်းပါ။(react မဟုတ်ဘဲ respond)
👉 ကလေးကို အပြစ်တင်မယ့်အစား နားလည်ဖို့ ကြိုးစားခြင်းပါ။

💛 Program ရည်ရွယ်ချက်အနေနဲ့

✔ ကလေးရဲ့ စိတ်ခံစားချက်တွေကို နားလည်နိုင်စေရန်
✔ မိဘအနေနဲ့ မိမိစိတ်ကို ထိန်းချုပ်နိုင်စေရန်ရည်ရွယ်၍ မျှဝေပေးသွားမှာဖြစ်ပါတယ်။

🌼 ဘယ်သူတွေ join သင့်လဲ?

* ကလေးနဲ့ ဆက်ဆံရေးကို ပိုမိုကောင်းချင်တဲ့ မိဘများ
* စိတ်ရှည်မှု ပိုတိုးချင်တဲ့ မိခင်/ဖခင်များ
* အော်ဟစ်မှုနည်းပြီး မှန်ကန်တဲ့ parenting style ကိုလိုချင်သူများ

✨ ရလာဒ်တွေကဘာတွေရနိုင်မလဲ?

💛 ကလေးနဲ့ relationship ပိုနက်ရှိုင်းလာမယ်
💛 မိဘအနေနဲ့ stress လျော့နည်းလာမယ်
💛 ကလေးတွေမှာ confidence & emotional control တိုးတက်လာမယ်

📩 **Limited Time Offer — Now Open for Registration**

💛ကိုယ်တိုင်ကိုယ်ကိုလည်း ဂရုစိုက်ပါ
💛 ကလေးနဲ့ ဆက်ဆံမှုကိုလည်း ပိုမိုနားလည်ပါ
🌼 မိခင်ရဲ့တိတ်တိတ်လေးထားတဲ့ မေတ္တာတွေဟာ
ကလေးတစ်ယောက်ရဲ့ အနာဂတ်ကို ပြောင်းလဲနိုင်ပါတယ်။

💛 With Love,
Victory Learning Corner 💛

22/04/2026

အပိုင်း (၅) - ငယ်ဘဝရဲ့ အသံတိတ် လိုအပ်ချက်များက အနာဂတ်ကို ဘယ်လို ပုံဖော်နေသလဲ?

🏠 ငယ်စဉ်ဘဝဆိုတာ အိမ်တစ်လုံးရဲ့ အုတ်မြစ်နဲ့ တူပါတယ်။ အပြင်ပန်းကြည့်ရင် ခိုင်မာနေပုံရပေမယ့် အုတ်မြစ်ထဲမှာ ဟာကွက်လေးတွေ၊ အသံတိတ် လိုအပ်ချက်လေးတွေ ရှိနေခဲ့ရင် တစ်နေ့မှာ အဲဒီအိမ်ဟာ အလိုအလျောက် ယိုင်နဲ့လာတတ်ပါတယ်။ ဒီနေ့မှာတော့ "ငယ်ဘဝရဲ့ အသံတိတ် လိုအပ်ချက်များက အနာဂတ်ကို ဘယ်လို ပုံဖော်နေသလဲ" ဆိုတဲ့အကြောင်းကို ကျွန်တော်တို့ သေသေချာချာလေး ဆွေးနွေးကြည့်ကြရအောင်ပါခင်ဗျာ။ 🏠

🧬 ဟားဗတ်တက္ကသိုလ်ရဲ့ ဦးနှောက်တည်ဆောက်ပုံဆိုင်ရာ သုတေသနတွေအရ ငယ်စဉ်မှာ ရရှိခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာ အတွေ့အကြုံတွေဟာ ဦးနှောက်ရဲ့ အာရုံကြော ဆက်သွယ်မှုတွေကို တိုက်ရိုက် ပုံဖော်ပေးပါတယ်။ ကလေးတစ်ယောက်ဟာ သူ့ရဲ့ ခံစားချက်ကို မိဘက အသိအမှတ်ပြုမခံရတဲ့အခါ (Emotional Invalidation)၊ အဲဒီ လိုအပ်ချက်ဟာ ပျောက်ကွယ်မသွားဘဲ ဦးနှောက်ထဲမှာ စိုးရိမ်ပူပန်မှု အဖြစ် ကိန်းအောင်းနေတတ်ပါတယ်။ ဒါဟာ ကြီးလာတဲ့အခါ လူမှုဆက်ဆံရေးမှာ ယုံကြည်မှု ကင်းမဲ့ခြင်း ဒါမှမဟုတ် စိတ်ဖိစီးမှုကို မခံနိုင်ခြင်းတွေ ဖြစ်လာစေနိုင်ပါတယ်ခင်ဗျာ။ 🧬

🛡️ စိတ်ပညာရှင်တွေ ထောက်ပြထားတဲ့ အချက်ကတော့ ငယ်ဘဝမှာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု မရရှိခဲ့တဲ့ ကလေးတွေဟာ ကြီးလာတဲ့အခါ သူတို့ရဲ့ အနာဂတ် အိမ်ထောင်ရေး၊ လုပ်ငန်းခွင်နဲ့ လူမှုပတ်ဝန်းကျင်တွေမှာ "Inner Working Model" လို့ ခေါ်တဲ့ အတွင်းစိတ် ပုံစံခွက်အရ တုံ့ပြန်တတ်ကြပါတယ်။ ငယ်စဉ်က မိဘရဲ့ အလေးပေး နားထောင်မှုကို မရခဲ့ရင်၊ လူကြီးဖြစ်လာတဲ့အခါ သူတစ်ပါးရဲ့ ဂရုစိုက်မှုကို တစ်ဖက်သတ် တောင်းဆိုတတ်တာ ဒါမှမဟုတ် လူသားချင်း ချိတ်ဆက်ဖို့ ကြောက်ရွံ့တာမျိုးတွေ ဖြစ်လာတတ်ပါတယ်ခင်ဗျာ။ 🛡️

💖 ဒါကြောင့်မို့ မိဘတွေအနေနဲ့ ကလေးရဲ့ အပြင်ပန်း လိုအပ်ချက်တွေဖြစ်တဲ့ အစားအသောက်၊ အဝတ်အထည်နဲ့ ကျောင်းစာတွေထက် သူတို့ရဲ့ ရင်ထဲမှာ တိုးတိုးလေး တောင်းဆိုနေတဲ့ "အသိအမှတ်ပြုခံရလိုမှု၊ နားလည်ပေးခံရလိုမှု" ဆိုတဲ့ အသံတိတ် လိုအပ်ချက်တွေကို မြင်အောင်ကြည့်တတ်ဖို့ လိုပါတယ်။ ဒီလိုအပ်ချက်တွေကို အချိန်မီ ဖြည့်ဆည်းပေးခြင်းဟာ ကလေးရဲ့ အနာဂတ်ကို ပိုမို တောက်ပခိုင်မာစေမယ့် အကောင်းဆုံးသော ရင်းနှီးမြှုပ်နှံမှုပဲ ဖြစ်ပါတယ်ခင်ဗျာ။ 💖

🌟 အခုဆိုရင် ကျွန်တော်တို့ရဲ့ Phase 1 ဖြစ်တဲ့ "လက်ရှိအခြေအနေကို သုံးသပ်ခြင်း" အပိုင်း (၅) ပိုင်း စလုံး ပြီးမြောက်သွားပြီ ဖြစ်ပါတယ်။ လာမယ့် အပိုင်း (၆) ကနေစပြီး Phase 2 ဖြစ်တဲ့ "ဆယ်ကျော်သက်အရွယ် မုန်တိုင်းမစမီ (The Brewing Storm)" ဆိုတဲ့ အခန်းကဏ္ဍသစ်ကို ဆက်လက် လေ့လာသွားမှာမို့ အတူတူ စောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျာ။ 🌟

✨ Victory Learning Corner - Where Smart Heads Meet Kind Hearts ✨

🏷️






🏷️

22/04/2026
🌞 အပိုင်း (၅) – နိဂုံး: ဒီနွေရာသီမှာ ဦးနှောက်ရော နှလုံးသားပါ ဖွံ့ဖြိုးစေမည့် Victory ရဲ့ "အထူး" အဖြေ (The Ultimate Solut...
20/04/2026

🌞 အပိုင်း (၅) – နိဂုံး:
ဒီနွေရာသီမှာ ဦးနှောက်ရော နှလုံးသားပါ ဖွံ့ဖြိုးစေမည့် Victory ရဲ့ "အထူး" အဖြေ
(The Ultimate Solution)
👋 မင်္ဂလာပါ မေမေဖေဖေတို့ရေ...
ပြီးခဲ့တဲ့ ပို့စ်တွေတုန်းက ကျွန်တော်တို့ ဆွေးနွေးခဲ့ကြတဲ့...

(၁) ကျောင်းစာအမှတ်ထက် အရေးကြီးတဲ့ "တတိယစွမ်းရည်"
(https://www.facebook.com/share/p/1CpSjobqtB/)
(၂) IQ vs EQ ယှဉ်ပြိုင်မှု
(https://www.facebook.com/share/p/1AtA8T4PQJ/)
(၃) ၂၀၃၀ ခေါင်းဆောင်မှု ပုံစံ နဲ့
(https://www.facebook.com/share/p/1F28Z5JXbN/)
(၄) မုန်တိုင်းတွေကို ကြံ့ကြံ့ခံနိုင်တဲ့ Resilience (စိတ်ဓာတ်ကြံ့ခိုင်မှု)
(https://www.facebook.com/share/p/182DHpBb2a/)
.. ဒီအကြောင်းအရာတွေကို ဖတ်ပြီးတဲ့အခါ မိဘတွေရဲ့ ခေါင်းထဲမှာ ဒီလိုမေးခွန်းတစ်ခု ပေါ်လာလိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျာ။
🤔 "ဟုတ်ပါပြီ... ဒီလို SEL(Social Emotional Learning)အရည်အချင်းတွေ လိုအပ်တယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမဲ့ ဒါတွေကို ကျွန်တော့်တို့ကလေးတွေ အတွက် ဘယ်လိုလက်တွေ့ သင်ပေးရမလဲ?"
ဒီမေးခွန်းအတွက် အကောင်းဆုံးအဖြေကို ဒီနှစ် ၂၀၂၆ နွေရာသီ မှာ ကျွန်တော်တို့ Victory Learning Corner ကနေ လက်ဆောင်ပါးလိုက်ပါရစေ။ 🎁
________________________________________

🏫 Victory Summer Camp 2026: 🧠Where Smart Heads Meet Kind Hearts ❤️

ဒီနှစ်နွေရာသီမှာ ကလေးတွေကို စာတွေချည်းပဲ ထပ်ဖြည့်ပေးမလား? ဒါမှမဟုတ် တစ်သက်တာလုံးအတွက် အသုံးဝင်မယ့် "စိတ်ခွန်အား (Mental Power)" တွေကိုလည်း စာတွေနဲ့ အတူ အချိုးကျ ဖြည့်ပေးမလား?
မေမေဖေဖေတို့ ဆုံးဖြတ်ချက် မချသေးခင် ဒီအချက်လေးတွေကို အရင်ဖတ်ကြည့်စေချင်ပါတယ်ခင်ဗျာ...

🧠 ၁။ "ဦးနှောက်" ကို ပြန်လည်မွမ်းမံခြင်း (Wiring the Brain)
Neuroscience လေ့လာချက်တွေအရ အသက် (၅) နှစ်ကနေ (၁၂) နှစ်အရွယ်ဟာ ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု အမြန်ဆန်ဆုံးအချိန်ပါပဲ။ ဒီအရွယ်မှာ Mindfulness နဲ့ SEL ကို လေ့ကျင့်ပေးခြင်းက ဦးနှောက်ရဲ့ ရှေ့ပိုင်း (Prefrontal Cortex) ကို ပိုမိုသန်မာစေပြီး၊ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်စွမ်းနဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်းကို တစ်သက်တာအတွက် ခိုင်မာစေပါတယ်။ ဒါဟာ ကလေးကို ငြိမ်အောင်လုပ်တာ မဟုတ်ပါဘူး၊ ကလေးရဲ့ ဦးနှောက်ကို အကောင်းဆုံးပုံစံနဲ့ ဖွဲ့စည်းပေးနေတာပါဗျာ။

❤️ ၂။ စာတော်ရုံနဲ့ မလုံလောက်တော့တဲ့ခေတ် (Beyond Academics)
Google နဲ့ Microsoft လို ကမ္ဘာကျော် ကုမ္ပဏီကြီးတွေက ဝန်ထမ်းခေါ်တဲ့အခါ IQ (ဉာဏ်ရည်) တစ်ခုတည်းကို မကြည့်တော့ပါဘူး။ အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှု (Collaboration)၊ အခက်အခဲကြုံရင် မပြိုလဲဘဲ ပြန်ထနိုင်မှု (Resilience) နဲ့ သူတစ်ပါးကို နားလည်ပေးနိုင်မှု (Empathy) တွေကိုပါ အဓိကထား ရွေးချယ်လာကြပါပြီ။ ဒါကြောင့် ဒီနွေရာသီမှာ ကလေးကို စာသင်ခန်းထဲက ပညာရေးအပြင်၊ ဘဝခရီးလမ်းအတွက် မရှိမဖြစ်လိုအပ်တဲ့ ဒီ "Soft Skills" တွေအတွက် အခြေခံကနစပြီး ဖြည့်ဆည်းပေးဖို့ လိုအပ်နေပါပြီခင်ဗျာ။

🛡️ ၃။ စိတ်ပိုင်းဆိုင်ရာ ကိုယ်ခံအား (Mental Immunity)
ကျွန်တော်တို့ရဲ့ ကလေးတွေကို ရာသီဥတုဒဏ်မခံရအောင် အင်္ကျီထပ်ဝတ်ပေးသလိုပဲ၊ လောကဓံကို ခံနိုင်ရည်ရှိအောင်လည်း စိတ်ပိုင်းဆိုင်ရာ ကိုယ်ခံအား ဖြည့်ပေးဖို့ လိုပါတယ်။ သုတေသနတွေအရ ငယ်ရွယ်စဉ်မှာ SEL(Social Emotional Learning) လေ့ကျင့်မှု ရရှိထားတဲ့ ကလေးတွေဟာ ဆယ်ကျော်သက်အရွယ်မှာ စိတ်ဖိစီးမှု (Anxiety) နဲ့ စိတ်ဓာတ်ကျမှု (Depression) ဖြစ်နိုင်ခြေ အလွန်နည်းပါးတာကို တွေ့ရှိရပါတယ်။ အခု Victory က သင်ပေးမယ့် နည်းစနစ်တွေဟာ ကလေးတွေ စိတ်ညစ်စရာကြုံလာတိုင်း ကိုယ့်ကိုယ်ကိုယ် ပြန်ကုစားနိုင်မယ့် (Self-Healing) လက်နက်ကောင်းတွေ ဖြစ်လာမှာပါခင်ဗျာ။
________________________________________
ဟုတ်ကဲ့ပါ မေမေဖေဖေတို့ရေ...ဒီရည်ရွယ်ချက်တွေကို အကောင်အထည်ဖော်ဖို့ Victory မှာ Program (၂) ခု ရှိပါတယ်ခင်ဗျာ။
🌿 Program (1): Mindful Camp (အာရုံစူးစိုက်မှုနှင့် တည်ငြိမ်မှုအတွက်)
ဖုန်းနဲ့ ဂိမ်းတွေကြားမှာ အာရုံတွေ ပြန့်လွင့်နေတဲ့ ကလေးတွေအတွက် အထူးသင့်လျော်ပါတယ်။

• ဘာတွေသင်မှာလဲ?
• Mindful Breathing (စိတ်ငြိမ်သက်စေမည့် အသက်ရှူလေ့ကျင်ခန်း)၊
• Creative Art Work (ဖန်တီးမှုအနုပညာ) နဲ့
• Gratitude (ကျေးဇူးတင်တတ်တဲ့စိတ် မွေးမြူခြင်း)။

• ရလဒ်: စိတ်တည်ငြိမ်လာမယ်၊ အာရုံစူးစိုက်မှု (Focus) ကောင်းလာမယ်၊ စိတ်ထားနူးညံ့သိမ်မွေ့လာမယ်။

• တက်ရောက်နိုင်သူ: အသက် (၅-၁၂) နှစ် နှင့် (၁၂) နှစ်အထက် လူငယ်များ။

💡 Program (2): EI Class (Emotional Intelligence & Mindfulness)
စိတ်ခံစားချက်တွေကို နားမလည်၊ ဒေါသထွက်လွယ်၊ ဝမ်းနည်းလွယ်တဲ့ ကလေးတွေအတွက်ပါ။

• ဘာတွေသင်မှာလဲ?
• Emotion Management (စိတ်ခံစားချက် စီမံခန့်ခွဲနည်း)၊
• Social Awareness (သူတစ်ပါးအပေါ် စာနာနားလည်ခြင်း) နဲ့
• Self-Confidence (ယုံကြည်မှု တည်ဆောက်ခြင်း)။

• ရလဒ်: ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်တဲ့ "ခေါင်းဆောင်ငယ်" လေးတွေ ဖြစ်လာမယ်။

• တက်ရောက်နိုင်သူ: အသက် (၇-၁၂) နှစ် နှင့် (၁၂) နှစ်အထက် လူငယ်များ။

📅 ဘယ်လို တက်ရောက်နိုင်မလဲ?
• 📍 In-Person Class (Mandalay): စနေ၊ တနင်္ဂနွေ (မတ်လ ၁၄ ရက် စတင်မည်)
• 💻 Online Zoom Class (Anywhere): အင်္ဂါ၊ ဗုဒ္ဓဟူး (မတ်လ ၃ ရက် စတင်မည်)

🎁 Summer Special Offer (လက်မလွတ်သင့်တဲ့ အခွင့်အရေး) 🎁

မိဘများအတွက် Early Bird အစီအစဉ်လေးတွေ ရှိပါတယ်နော်။
✅ ဇန်နဝါရီလ အတွင်း အပ်နှံပါက - 20% OFF
✅ ဖေဖော်ဝါရီလ အတွင်း အပ်နှံပါက - 10% OFF
✅ Former Students (Victory ကျောင်းသားဟောင်းများ) - Additional +5% OFF

👕 Bonus: စောစောအပ်နှံတဲ့ သားသားမီးမီးတွေအတွက် Victory T-Shirt လှလှလေးပါ လက်ဆောင်ရဦးမှာပါ (အထည်အရေအတွက် ကန့်သတ်ထားလို့ မြန်မြန်လေးနော်)။
________________________________________
💌 မိဘများသို့ အမှာစကား
စာမေးပွဲအမှတ်စာရင်း ဆိုတာ တစ်နှစ်စာအတွက်ပဲ အရေးပါကောင်း ပါနိုင်ပေမယ့်... "စိတ်ဓာတ်ကြံ့ခိုင်မှု၊ စာနာစိတ်နဲ့ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်မှု" ဆိုတာကတော့ ကလေးရဲ့ တစ်ဘဝလုံးစာအတွက် အရေးပါဆုံး လက်နက်ကိရိယာတွေပါ။
ဒီနွေရာသီမှာ သင့်ကလေးကို ပေးနိုင်မယ့် အဖိုးတန်ဆုံးလက်ဆောင်က "SEL (Social Emotional Learning)" ပါပဲ။ Victory Learning Corner မှာ ဆုံတွေ့ကြမယ်နော်...။

💌 "Victory Learning Corner - Where Smart Heads Meet Kind Hearts" 💌

📝 အသေးစိတ် စုံစမ်းရန်နှင့် စာရင်းသွင်းရန်:
📩 Messenger: m.me/Victorylearningcornerforkidsandparents
☎️ Hotline: 09 740 844 098 (Phone & Viber)

(အတန်းလူဦးရေ ကန့်သတ်ထားပါသဖြင့် အမြန်ဆုံး စာရင်းပေးသွင်းဖို့ အကြံပြုပါရစေခင်ဗျာ)




🏫ကျောင်းဆိုတာ ဘေးကင်းရာလား? (သို့မဟုတ်) မိဘတွေ မသိလိုက်ဘဲ ကလေးတွေ ကြိတ်ငိုနေရတဲ့ နေရာလား?💔💁"ကိုယ့်ရင်သွေးကို ကျောင်းမှာ ...
20/04/2026

🏫ကျောင်းဆိုတာ ဘေးကင်းရာလား? (သို့မဟုတ်) မိဘတွေ မသိလိုက်ဘဲ ကလေးတွေ ကြိတ်ငိုနေရတဲ့ နေရာလား?💔

💁"ကိုယ့်ရင်သွေးကို ကျောင်းမှာ 'မတရားမှု' သို့မဟုတ် 'ခြိမ်းခြောက်' ခံရတဲ့အခါ မိဘများ ဆောင်ရွက်ရန် အရေးကြီးသော အချက်များ"‼️

မေမေဖေဖေတို့ရေ...

📌 လက်ရှိ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေတဲ့ တောင်ကြီးမြို့က ဝမ်းနည်းဖွယ် သတင်းကို ဖတ်ပြီးချိန်မှာ မိဘတိုင်းရဲ့ ရင်ထဲမှာ ထိတ်လန့်မှုနဲ့ စိုးရိမ်စိတ်တွေ ဖြစ်ပေါ်နေမယ်ဆိုတာ နားလည်မိပါတယ်ခင်ဗျာ။ 😢

ကိုယ့်ရင်သွေးလေးတွေကို "ကျောင်း" ဆိုတဲ့ ယုံကြည်ရတဲ့ နေရာတစ်ခုဆီ လွှတ်လိုက်တဲ့အခါ "ဘေးကင်းပါ့မလား" ဆိုတဲ့ အတွေးက ခြောက်လှန့်လာတတ်ပါတယ်။ 😰

ကျွန်တော်တို့အားလုံး ကလေးတွေကို ကျောင်းပို့တဲ့အခါ "ပညာတတ်ကြီးဖြစ်လာမှာပါ၊ ဘေးကင်းလုံခြုံစွာ သင်ယူနိုင်မှာပါ" ဆိုတဲ့ ယုံကြည်ချက်အပြည့်နဲ့ ပို့ကြပါတယ်။

ကလေးတွေအတွက် ကျောင်းဟာ ဒုတိယအိမ်လိုပဲ နွေးထွေးလုံခြုံနေရမယ့် နေရာပါဗျ။ 🏡❤️

🛑 ဒါပေမဲ့... ကိုယ့်ကလေးက အိမ်ပြန်ရောက်တိုင်း စိတ်အားငယ်၊ မှိုင်တွေနေရင်၊
😔 "ကျောင်းမသွားချင်ဘူး" လို့ ပြောလာရင်၊
😭 ဒါမှမဟုတ် ကျောင်းက တစ်စုံတစ်ဦးကြောင့် သူတို့ ဘေးမကင်းသလို ခံစားနေရတယ်လို့ အရိပ်အမြွက် ပြောလာရင် မိဘတွေရဲ့ ရင်ထဲမှာ မီးစနဲ့ထိုးသလို ခံစားရမှာပါ။ 🔥💔

ဒီလိုအချိန်မှာ...

🤔 မိဘတွေအနေနဲ့ ဘာတွေ ကြိုတင်ပြင်ဆင်ထားသင့်သလဲ?
🤔 ပြဿနာဖြစ်လာရင် ဘယ်လို ရင်ဆိုင်မလဲ? ဆိုတာလေးတွေကို မေမေဖေဖေတို့အတွက် Victory Learning Corner မှ အကြံပြုလိုက်ပါတယ်ခင်ဗျာ။ 👇

🛡️ ၁။ ပြဿနာမဖြစ်ခင် ယုံကြည်မှု တည်ဆောက်ထားပါ (Build Trust Before the Crisis)

ပြဿနာတက်မှ ကိုယ့်ကလေးကို စစ်မေးတာမျိုး မဟုတ်ဘဲ၊ နေ့စဉ် ကလေးနဲ့ ရင်းနှီးပွင့်လင်းတဲ့ ဆက်ဆံရေး တည်ဆောက်ထားဖို့ ‘အလွန်’လိုပါတယ်ဗျ။ 🤝 ❌

"ဒီနေ့ ကျောင်းစာ ပြီးပြီလား" ဆိုတဲ့ မေးခွန်းထက်
✅ "ဒီနေ့ ကျောင်းမှာ သား/သမီး စိတ်ညစ်စရာ၊ စိတ်မကောင်းစရာ ဖြစ်စရာလေးတွေ ရှိခဲ့လား"
✅ "ဆရာ/ဆရာမတွေ၊ သူငယ်ချင်းတွေနဲ့ရော အဆင်ပြေရဲ့လား" ဆိုတဲ့ စိတ်ခံစားမှုဆိုင်ရာ မေးခွန်းတွေကို နေ့စဉ် မေးပေးပါခင်ဗျာ။

🗣️👂 ဒီလိုလေးတွေ မေးစ/ဖြေစ ရှိထားမှသာ ကလေးက အရေးကြုံရင် မိဘကို အားကိုးတကြီး ဖွင့်ပြောရဲမှာ ဖြစ်ပါတယ်ဗျ။

🛡️ ၂။ တိတ်ဆိတ်တဲ့ အချက်ပြသံတွေကို သတိပြုပါ (Notice the Subtle Signs)

တစ်ခါတရံမှာ ကလေးတွေက "သား/သမီးကို သူများတွေ ခြိမ်းခြောက်နေတယ်" လို့ တဲ့တိုး မပြောရဲကြပါဘူး။ 🤐
ကြောက်ရွံ့နေတာ၊ ရှက်နေတာတွေ ဖြစ်တတ်ပါတယ်။

ဒါပေမဲ့ သူတို့ရဲ့ အမူအရာတွေက သက်သေပြနေတတ်ပါတယ်။ 👀

အိပ်မက်ဆိုးမက်တာ 😨

အစားအသောက်ပျက်တာ 🍽️❌

အရင်က ပျော်ပျော်နေတတ်ရာကနေ ရုတ်တရက် တိတ်ဆိတ်သွားတာ 😶

ကျောင်းသွားခါနီးတိုင်း ဗိုက်နာ/ခေါင်းကိုက် အကြောင်းပြတာ 🤢🤕...စတာတွေက "အကူအညီလိုနေတဲ့ အချက်ပြသံ" တွေ ဖြစ်နိုင်တာမို့ မိဘတွေက မျက်ခြေမပြတ် စောင့်ကြည့်သင့်ပါတယ်ခင်ဗျာ။

🛡️ ၃။ လုံခြုံမှုမရှိရင် သင်ယူမှုလည်း မရှိနိုင်ပါ (No Safety, No Learning)

မလုံခြုံဘူးလို့ ခံစားနေရတဲ့ ကလေးတစ်ယောက်ဟာ ဘယ်တော့မှ စာကို ကောင်းကောင်း သင်ယူနိုင်မှာ မဟုတ်ပါဘူး။ 🧠❌

သူတို့ရဲ့ ဦးနှောက်က "လေ့လာသင်ယူမှု (Learning Mode)" ကနေ "အသက်ရှင်သန်ရေး (Survival Mode)" ကို အလိုအလျောက် ပြောင်းသွားလို့ပါ။ 🚨

ဒါကြောင့် ကလေးကို ပြင်ပအန္တရာယ်က ကာကွယ်ပေးဖို့ လိုသလို၊ သူတို့ရဲ့ အတွင်းစိတ် ခံနိုင်ရည်စွမ်းအား (Resilience) ကို မြှင့်တင်ပေးဖို့၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြောဆိုရဲတဲ့ သတ္တိ (Assertiveness) ရှိဖို့ လေ့ကျင့်ပေးတာကလည်း ရေရှည်အတွက် အကောင်းဆုံး ကာကွယ်ဆေးပါပဲဗျာ။ 💉💪

🚨 အကယ်၍ ကိုယ့်ကလေး ကျောင်းမှာ တစ်စုံတစ်ခု ဖြစ်လာခဲ့ရင်တော့ ဒီအချက် (၄) ချက်ကို အရေးပေါ် လမ်းညွှန်အဖြစ် အသုံးပြုနိုင်ပါတယ်ဗျ။

✅ ၁။ ကလေးရဲ့စကားကို နားထောင်ပါ၊ ယုံကြည်ပါ (သူတို့ဘက်က အပြည့်အဝ ရပ်တည်ပေးပါ) 👂🫂

✅ ၂။ အချက်အလက်များကို စနစ်တကျ မှတ်တမ်းတင်ပါ (ဘယ်သူ၊ ဘယ်ချိန်၊ ဘယ်နေရာ၊ ဘာဖြစ်ခဲ့သလဲ) 📝📷

✅ ၃။ ကျောင်းရဲ့ သက်ဆိုင်ရာဌာနကို စနစ်တကျ ချဉ်းကပ်ပါ (အတန်းပိုင်မှသည် ကျောင်းအုပ်ထိ တရားဝင် စာဖြင့်/လူဖြင့် တင်ပြပါ) 🏫👨‍🏫

✅ ၄။ လိုအပ်ပါက ပြင်ပအကူအညီ ရယူပါ (ကလေးစိတ်ပညာရှင်၊ ဥပဒေအကြံပေး၊ သက်ဆိုင်ရာ အဖွဲ့အစည်းများထံ အကူအညီတောင်းပါ) ⚖️👩‍⚕️

မေမေဖေဖေတို့ရေ...

ကိုယ့်ကလေးရဲ့ကျောင်းက ကလေးအတွက် ဘေးမကင်းတဲ့ နေရာတစ်ခု ဖြစ်နေပြီဆိုရင်၊
"ကိုယ်တွေက ဘာမှမတတ်နိုင်ပါဘူးလေ" လို့ လုံးဝ(လုံးဝ) မတွေးလိုက်ပါနဲ့။
🙅‍♂️🙅‍♀️ ကိုယ့်ကလေးအတွက် ကိုယ်ဟာ အင်အားအကြီးဆုံး ကာကွယ်ပေးနိုင်သူ (The Strongest Protector) ပါပဲ။
💪🛡️ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပြီး ကိုယ့်ရဲ့ကလေးအတွက် ဘေးကင်းလုံခြုံတဲ့ ပတ်ဝန်းကျင်ကို ပြန်လည်ဖန်တီးပေးလိုက်ပါ။ သူတို့ရဲ့ အနာဂတ်၊ သူတို့ရဲ့ စိတ်ဓာတ်ခွန်အားဟာ မိဘတွေရဲ့ ရပ်တည်ပေးမှုအပေါ်မှာ အများကြီး မူတည်နေပါတယ်ခင်ဗျာ။ ✨

🌞 ဒီနွေရာသီမှာ ကိုယ့်ကလေးအတွက် "စိတ်ပိုင်းဆိုင်ရာ ဒိုင်းလွှား" တစ်ခု ဖန်တီးပေးချင်ပါသလား? 🛡️🧠

Victory Learning Corner ရဲ့ Mindfulness & Social-Emotional Learning (SEL) Summer Program for Kids and Teens မှာ ကလေးတွေကို ကျောင်းစာတွေလို သင်ပေးမှာ မဟုတ်ပါဘူး။ 🙅‍♂️📚

🔸 မိမိခံစားချက်ကို နားလည်ပြီး ဖွင့်ပြောရဲတဲ့ သတ္တိ 🗣️💖
🔸 မကောင်းတဲ့ အခြေအနေတွေကို ကြံ့ကြံ့ခံနိုင်တဲ့ စိတ်စွမ်းအား (Resilience) 🌱💪
🔸 ယုံကြည်မှုရှိရှိ ပေါင်းသင်းဆက်ဆံရေး (Confident Communication) 🤝😎

စတဲ့ အရေးကြီးတဲ့ SEL (Social-Emotional Learning) စွမ်းရည်တွေကို လေ့ကျင့်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါမှသာ သားသားမီးမီးတို့ဟာ ဘယ်လိုပတ်ဝန်းကျင်မှာမဆို ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ပြီး ယုံကြည်မှုရှိတဲ့ လူတော်လေးတွေ ဖြစ်လာမှာပါ။ 🌟

🔗 Summer Program များရဲ့ အသေးစိတ်လေးကို ဒီမှာ ဖော်ပြပေးထားပါတယ်ခင်ဗျာ-
👉 https://www.facebook.com/share/p/1C8fXoXj39/
👉 https://www.facebook.com/share/p/1ATGm1wX5R/
👉 https://www.facebook.com/share/p/19A1qoNxA5/

🌟 Victory Learning Corner သည် ကလေးများရဲ့ ဘေးကင်းလုံခြုံရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အမြဲတမ်း ရှေ့တန်းက ဦးစားပေးပါတယ်ခင်ဗျာ။ ❤️🙏

ဒီအကြောင်းအရာလေးက အခြားမိဘတွေအတွက်လည်း အရေးကြီးတယ်လို့ ထင်ရင် Like & Share လုပ်ပြီး ကျယ်ကျယ်ပြန့်ပြန့် မျှဝေပေးပါဦးနော်။ 👍🔄

🤝 မှာ ကိုယ့်ကလေးများ ကျောင်းနှင့် ပတ်ဝန်းကျင်မှာ Bullying၊ ခြိမ်းခြောက်မှု သို့မဟုတ် မလုံခြုံမှုများ ခံစားနေရရင် လာရောက် ရင်ဖွင့်တိုင်ပင် ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။ 🚪💬





#ကလေးဘေးကင်းရေး #ကျောင်းလုံခြုံမှု
#မိဘလမ်းညွှန် #နွေရာသီသင်တန်း

20/04/2026

🚨 "ကလေးက ပြောစကားနားမထောင်တာ မိဘတွေအမှားလား?"
မေမေဖေဖေတိုင်းရဲ့ ...ရင်ထဲက ဒီမေးခွန်းကို ကျွန်တော်တို့ သေသေချာချာလေး အဖြေရှာကြည့်ကြရအောင်လားဗျာ! 🚨

🗣️ "သားရေ... သမီးရေ... ဒါမလုပ်နဲ့လို့ ဘယ်နှစ်ခါ ပြောရမလဲ!" ဆိုတဲ့ အသံတွေ နေ့တိုင်း ထွက်နေရပြီဆိုရင်၊ မေမေဖေဖေတို့ ခဏလေး သေသေချာချာ စဉ်းစားကြည့်လိုက်ပါ။ ကိုယ့်ကလေးက တမင်သက်သက် ဆိုးနေတာလား၊ ဒါမှမဟုတ် မိဘတွေကပဲ ဆုံးမနည်း(Parenting) လွဲနေတာလား။

တကယ်တော့ မိဘအမှား၊ ကလေးအမှား ဆိုတာထက်... သူတို့လေးတွေရဲ့ ရင်ထဲမှာ လစ်ဟာနေတဲ့ "စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ" ရှိနေတယ်ဆိုတာကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း မြင်တတ်ဖို့ လိုအပ်နေတာဖြစ်ပါတယ်ဗျာ။ 🗣️

🔍 ဒါကြောင့် ကလေးကို ဆူပူကြိမ်းမောင်းတာတွေ မလုပ်သေးခင်မှာ အောက်ပါ အချက် (၃) ချက်ကို အရင်ဆုံး ဆန်းစစ်ကြည့်လိုက်ပါခင်ဗျာ- 🔍

1️⃣ ၁၊၊ချိတ်ဆက်မှု မရှိဘဲ အမိန့်ပေးနေခြင်း (Connection Before Correction):
ကလေးဆိုတာ မိဘနဲ့ စိတ်ပိုင်းဆိုင်ရာ နွေးထွေးတဲ့ ချိတ်ဆက်မှု (Secure Attachment) ရှိနေမှသာ စကားကို လက်ခံပါတယ်။ သူတို့ရဲ့ ခံစားချက်ကို အရင်အသိအမှတ်မပြုဘဲ အမိန့်ပေးလိုက်ရင် သူတို့ရဲ့ ဦးနှောက်က အလိုအလျောက် ဆန့်ကျင်ဘက်ကိုပဲ လုပ်ဖို့ တွန်းအားပေးပါလိမ့်မယ်!

2️⃣ ၂၊၊စိတ်ခံစားချက်များ ပြည့်လျှံနေခြင်း (Emotional Overload):
ကလေးတွေဟာ လူကြီးတွေလို စိတ်ဖိစီးမှုတွေကို နှုတ်ကနေ သေချာ မပြောတတ်ကြပါဘူး။ သူတို့ စိတ်ရှုပ်ထွေးနေချိန်မှာ မိဘက ဘာပြောပြော နားဝင်မှာမဟုတ်ပါဘူး။ ဒါဟာ သူတို့မှာ စိတ်ခံစားချက်ကို ကိုယ်တိုင်ထိန်းချုပ်နိုင်စွမ်း (Self-regulation) အားနည်းနေသေးလို့ပဲ ဖြစ်ပါတယ်။

3️⃣ ၃၊၊ကိုယ့်ကိုယ်ကိုယ် သိရှိနားလည်မှု အားနည်းခြင်း (Lack of Self-Awareness):
ကလေးကိုယ်တိုင်က ကိုယ်ဘာဖြစ်ချင်နေတာလဲ၊ ကိုယ့်လုပ်ရပ်က သူများအပေါ် ဘယ်လိုသက်ရောက်လဲဆိုတဲ့ ကိုယ်ချင်းစာတရား (Empathy) မရှိသေးရင် မိဘစကားကို နားလည်ဖို့ အလွန်ခက်ခဲပါတယ်။

💡 ဟုတ်ကဲ့ပါ မေမေဖေဖေတို့ရေ... ကလေးတွေ စကားနားမထောင်တာဟာ တမင်ဆိုးသွမ်းချင်တဲ့ စိတ်ကြောင့်မဟုတ်ဘဲ တကယ်တော့ အပေါ်က ဖော်ပြခဲ့တဲ့ အချက်-၃ချက်ရဲ့ ပင်မအကြောင်းတရားဖြစ်တဲ့ "စိတ်ပိုင်းဆိုင်ရာ စွမ်းရည် (EI-Emotional Intelligence)" တွေ လိုအပ်နေသေးလို့ဆိုတာ သေချာသွားပါပြီခင်ဗျာ...! 💡

🚨 ဒါဆိုရင် ကျွန်တော်တို့ မိဘတွေ ကိုယ်တိုင်ပြန်ပြီးမေးခွန်းထုတ်ရပါတော့မယ်... ကိုယ့်ကလေးကို (‘IQ-စာမေးပွဲတွေမှာ အမှတ်ကောင်းဖို့’)ချည်းပဲ ရည်မှန်းချက်ထားရုံနဲ့ လုံလောက်ပြီလား...
ဒါမှမဟုတ် တကယ့်ဘဝမှာ ကြုံလာမယ့် အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ (‘EQ-ခိုင်မာတဲ့ စိတ်ဓာတ်') ကိုပါ အခုကတည်းက ပြင်ဆင်ပေးဖို့ လိုအပ်နေပြီလား? 🚨

✨ အနာဂတ်မှာ ပညာရေးသက်သက်သာမက လူမှုဆက်ဆံရေးမှာပါ တကယ် ထူးချွန်အောင်မြင်တဲ့ ကလေးတွေဖြစ်လာဖို့ဆိုရင် IQ အပြင် EQ (စိတ်ပိုင်းဆိုင်ရာ စွမ်းရည်) ပါ ပိုအရေးကြီးတယ်ဆိုတာ ခေတ်သစ်မိဘတိုင်း လက်ခံထားပြီး ဖြစ်မှာပါခင်ဗျာ။

✨ဒါကြောင့် မန္တလေးမြို့က ချစ်ခင်ရတဲ့ မိဘတွေအတွက် ကလေးတို့ရဲ့ ဘဝကို အမှန်တကယ် ပြောင်းလဲပေးမယ့် Victory Learning Corner ရဲ့ လစဥ်တန်းခွဲသစ်များဖြစ်တဲ့ ...
1.Mindfulness Practice Camp
2.SEL-Social Emotional Learning
ဒီ Classများအတွက် In-Person Class – MDY[ May Intake ] ကို စာရင်းသွင်း အပ်နှံနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးပါရစေခင်ဗျာ! ✨

💡 အသက်အရွယ်အလိုက် စနစ်တကျ ခွဲခြားစီစဥ်ထားတဲ့ ဒီအတန်းတွေကို တက်ရောက်ခြင်းဖြင့် ကလေးတွေဟာ စာသင်ခန်းထဲမှာရော၊ ပြင်ပလောကမှာပါ အောက်ပါ လက်တွေ့ကျတဲ့ အကျိုးကျေးဇူးတွေကို အသေအချာ ရရှိလာမှာ ဖြစ်ပါတယ်ခင်ဗျာ... 💡

🧘‍♂️ Mindfulness Practice (အသက် ၅ နှစ်မှ ၁၀ နှစ်အထိ):
ဖုန်းကြည့်ချိန်များတာ၊ အာရုံစူးစိုက်မှု အားနည်းတာနဲ့ စိတ်တိုလွယ်တဲ့ ပြဿနာတွေကို ဒီအတန်းကနေ ဖြေရှင်းပေးပါမယ်။ အသက်ရှူလေ့ကျင့်ခန်းတွေ၊ စိတ်တည်ငြိမ်စေမယ့် ကစားနည်းတွေကတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် သတိကပ်နိုင်စွမ်း (Self-awareness) တိုးလာပြီး၊ ကျောင်းစာတွေမှာ ပိုပြီး အာရုံစိုက်နိုင်လာမယ့်အပြင် အေးချမ်းတည်ငြိမ်တဲ့ စိတ်နှလုံးကို ပိုင်ဆိုင်လာမှာ အသေအချာပါပဲခင်ဗျာ! 🧘‍♂️

🤝 Social Emotional Learning - SEL (အသက် ၇ နှစ်မှ ၁၂ နှစ်အထိ Kids):
သူငယ်ချင်းဖွဲ့တဲ့ ဒီအရွယ်မှာ သူတစ်ပါးကို ကိုယ်ချင်းစာတတ်ဖို့ (Empathy) နဲ့ ကိုယ့်ခံစားချက်ကို မှန်ကန်စွာ ဖော်ပြတတ်ဖို့ လေ့ကျင့်ပေးမှာပါ။ ဒါကြောင့် ကလေးဟာ လူမှုဆက်ဆံရေးမှာ ယုံကြည်မှု အပြည့်ရှိလာပြီး "Kind Hearts" လို့ခေါ်တဲ့ လှပတဲ့နှလုံးသားနဲ့ ဂုဏ်ယူဖွယ် ကြီးပြင်းလာပါလိမ့်မယ်ခင်ဗျာ...🤝

🛡️ Social Emotional Learning - SEL (အသက် ၁၂ နှစ်အထက် Teens):
ဆယ်ကျော်သက်အရွယ်မှာ ကြုံရမည့် စိတ်ိပုင်းဆိုင်ရာ မုန်တိုင်းတွေကို ရင်ဆိုင်ဖို့ အကောင်းဆုံး လက်နက်ပါပဲ! စိတ်ဖိစီးမှုတွေကို ကျန်းမာစွာ ဖြေရှင်းတတ်ဖို့ (Self-Regulation) နဲ့ အခက်အခဲတွေကို မမှုတဲ့ ခိုင်မာတဲ့စိတ်ဓာတ် (Resilience) တည်ဆောက်နည်းတွေကို စနစ်တကျ လေ့ကျင့်ပေးသွားမှာပါ။
ဒါဟာ အနာဂတ် လူကြီးဘဝအတွက် အခိုင်မာဆုံးသော အုတ်မြစ်တစ်ခု ဖြစ်လာမှာပါခင်ဗျာ! 🛡️

💖မေမေဖေဖေတို့ခင်ဗျား ကိုယ့်ကလေးအတွက် ငွေကြေးနဲ့ ဘယ်လိုမှ ဝယ်ယူလို့မရတဲ့ အဖိုးတန် "စိတ်ပိုင်းဆိုင်ရာ အမွေအနှစ်" (Emotional Legacy) ကို အခုပဲ လက်ဆင့်ကမ်း ပေးစွမ်းလိုက်နိုင်ဖို့ စာရင်းသွင်းလို့ရပါပြီခင်ဗျာ၊၊

💖မန္တလေးမြို့မှာ လူကိုယ်တိုင် (In-person) တက်ရောက် သင်ယူရမယ့် အတန်းဖြစ်လို့ သေချာ ဂရုစိုက် သင်ကြားပေးနိုင်ရန်အတွက် နေရာအကန့်အသတ် ရှိပါတယ်ခင်ဗျာ။ ဒါကြောင့် ကလေးရဲ့ အနာဂတ်အတွက် အခုပဲ ဆုံးဖြတ်ပြီး စာရင်းသွင်းဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ! 💖

💌 သင်တန်းအပ်နှံရန်နှင့် အသေးစိတ်စုံစမ်းရန် -
📲 Phone No: 09 740844098
💬 Messenger: m.me/Victorylearningcornerforkidsandparents/ သို့ ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။ 💌

✨ Victory Learning Corner - Where Smart Heads Meet Kind Hearts ✨

🏷️





🏷️

18/04/2026

“လူကတစ်ကိုယ်... တာဝန်က ဆယ်ကိုယ်” ဖြစ်နေတဲ့ မေမေ၊ ဖေဖေတို့အတွက်…

တစ်ခါတစ်လေ... ကိုယ့်ကိုယ်ကိုယ်”စက်ရုပ်တစ်ရုပ်”လိုပဲ ခဏခဏခံစားနေရပြီလား?

မနက်မိုးလင်းတာနဲ့ ကိုယ့်အတွက်အချိန်ဆိုတာ မရှိတော့ဘူး။
ကိုယ့်ရဲ့မိဘတွေအတွက် လိုအပ်တာပြင်ဆင်ပေးဖို့၊ ဆေးတိုက်ဖို့၊ အစားအသောက် ပြင်ပေးဖို့၊ သူတို့ရဲ့ ကျန်းမာရေးနဲ့ စိတ်အခြေအနေကို အကဲခတ်ဖို့ကြိုးစားလုပ်ဆောင်နေကြရသလို၊
ကလေးတွေအတွက်ဆိုလည်း မိုးလင်းတာနဲ့ကျောင်းပို့၊ ကျောင်းကြိုလုပ်ရ၊ စာကြည့်စာလုပ်အောင်ပြောရ၊ လူကောင်းလေးဖြစ်အောင် ထိန်းကျောင်းရနဲ့ တနေကုန် မနားရပါဘူး။

ဒီကြားထဲကမှ စားဝတ်နေရေးအတွက် တာဝန်ကျေအောင် ရုန်းကန်နေရတော့…
မိဘ၊ သားသမီး၊ အလုပ်.. အရာအားလုံးရဲ့ အလယ်မှာ “ကိုယ်” ဆိုတာ တဖြည်းဖြည်း ပျောက်ကွယ်သွားသလို ခံစားနေရပြီလား?
“ကိုယ်ခွဲသာရှိရင် ကောင်းမှာပဲ” လို့ တွေးမိတဲ့အထိ လူရောစိတ်ပါ တကယ်ကို အားအင်ကုန်ခမ်းနေပြီလား?

အဲလိုအချိန်မျိုးမှာ “ငါ တစ်ယောက်တည်းပဲလား?”လို့တွေးမိဖူးပါသလား?

ညဘက် အားလုံးအိပ်ပျော်သွားတဲ့အချိန်... မှောင်မည်းနေတဲ့ အခန်းတစ်နေရာမှာ တစ်ယောက်တည်းထိုင်ရင်း ပင်ပန်းလွန်းလို့ ကျိတ်ပြီးမျက်ရည်ကျခဲ့မိတဲ့ညတွေလည်း ရှိမှာပါ။😢

ကိုယ့်တစ်ယောက်နေရရင်သိပ်ကောင်းမှာပဲလို့ ခဏတာ တွေးမိပြီး ကိုယ့်ကိုယ်ကိုယ် ပြန်အပြစ်တင်နေမိလား?🥹

တစ်ခါတစ်လေ...
😔 ဘယ်သူမှ ကိုယ့်ကို နားမလည်သလို ခံစားရမယ်။
😔 အရာအားလုံးကို တစ်ယောက်တည်း ရုန်းကန်နေရသလိုမျိုး စိတ်ဓာတ်ကျမယ်။
😔 ခံစားချက်တွေကို အောင့်အည်းထားရင်းနဲ့ ပိုပြီး မွန်းကြပ်လာမယ်။

ဒီလိုခံစားနေရတာဟာ အစွမ်းအစမရှိလို့ မဟုတ်ပါဘူး။
တကယ်တမ်းတော့ ဒီစာဖတ်နေတဲ့ မေမေဖေဖေတွေက အားနည်းတဲ့ မိဘတစ်ယောက် မဟုတ်ပါဘူး။
ဒါပေမယ့် သင်သိထားဖို့က... ဒီပင်ပန်းမှုတွေဟာ
အရာအားလုံးကို အကောင်းဆုံးဖြစ်စေချင်တဲ့ သင့်ရဲ့ “တာဝန်သိစိတ်” နဲ့ “မေတ္တာတရား”က ကြီးမားလွန်းလို့ပါ။
တာဝန်ယူလိုစိတ်ရှိလို့၊ အကောင်းဆုံးဖြစ်စေချင်လို့၊ ချစ်လွန်းလို့သာ သင် ဒီလောက်အထိ ကြိုးစားနေတာပါ။

💁မိဘတစ်ယောက်ဖြစ်တာကြောင့် “အနားယူခွင့်” မရှိတော့ဘူးလား?
မဟုတ်ပါဘူး။ ❌
မိဘတစ်ယောက်မှာလည်း စိတ်ပင်ပန်းခွင့်ရှိသလို၊ အကူအညီတောင်းခွင့်နဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ကြည့်ရှုစောင့်ရှောက်ခွင့် (Self-care) ရှိပါတယ်။ 🫶

သင်အဆင်ပြေမှ သင့်မိသားစုလည်း ပိုပြီး ပျော်ရွှင်နိုင်မှာပါ။😍

အမြဲသုံးနေတဲ့ ဖုန်းတစ်လုံးတောင် ပူလာရင် ခဏနားဖို့၊ အားကုန်ရင် အားပြန်သွင်းဖို့လိုပါတယ်။🪫
သင့်ရဲ့ စိတ်ခွန်အားတွေလည်း ကုန်ခမ်းနေတာကိုကိုယ်တိုင်သိပြီး၊ အားပြန်ဖြည့်ဖို့ လိုနေပါပြီ။🔋

ဒါကြောင့် မိဘများအတွက် Mindful Parenting Program ကို ၂၀၂၂ ခုနှစ် ကတည်းက Victory Learning Corner ကနေ ဖွင့်လှစ်ပေးလျက်ရှိပါတယ်။

ဒီ Program က မိဘများအတွက် ဘာတွေ ပြောင်းလဲပေးနိုင်မှာလဲ?

💚Inner Peace
ကိုယ့်ရဲ့ စိတ်ဖိစီးမှုကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သိမြင်လာမယ်။
💛Deep Connection
ကလေးတွေရဲ့ စိတ်ခံစားမှုကို အော်ဟစ်စရာမလိုဘဲ နားလည်လာနိုင်မယ်။
မှန်ကန်နားလည်တဲ့ဆက်ဆံရေးတစ်ခုတည်ဆောက်နိုင်မယ်။
🧡Effective Guidance
ကလေးကို မှန်ကန်တဲ့လမ်းကြောင်းပေါ် ဘယ်လိုတင်ပေးရမလဲဆိုတဲ့ နည်းလမ်းကောင်းတွေကိုလမ်းညွှန်ပေးနိုင်လာမယ်။
💝Warm Family
မိသားစုကြားမှာ အပြန်အလှန်နားလည်မှုနဲ့ နွေးထွေးတဲ့ ပတ်ဝန်းကျင်ကို တည်ဆောက်နိုင်မယ်။

အရာအားလုံးကို တစ်ယောက်တည်း မထမ်းပါနဲ့တော့...
သင်ကိုယ်တိုင် အားပြန်ပြည့်ဖို့ လိုအပ်နေပြီဆိုတာကို အသိအမှတ်ပြုလိုက်ပါ။
“ပင်ပန်းနေတဲ့ မိဘဘဝ” ကနေ “နားလည်မှုရှိပြီး ပျော်ရွှင်တဲ့ မိဘဘဝ” ဆီကို အတူတူ လျှောက်လှမ်းကြပါစို့။
📩 အသေးစိတ်သိရှိလိုပါက Comment မှာ “MPP”လို့ ရေးပြီး စုံစမ်းနိုင်ပါတယ်။

#ကိုယ်ခွဲမရှိသောမိဘများ
#မိဘတာဝန် #စိတ်ခွန်အားဖြည့် #ကိုယ်ခွဲမရှိသောမိဘများ

#မိဘနှင့်ရင်သွေး #စိတ်ချမ်းသာသောမိဘဘဝ
#မိဘတာဝန် #စိတ်ခွန်အားဖြည့်

🌸 မင်္ဂလာရှိသော မြန်မာနှစ်သစ်ကူး အခါသမယလေးမှာ ချစ်ခင်ရတဲ့ မိဘများအားလုံး စိတ်သစ်၊ လူသစ်နဲ့ အေးချမ်းပျော်ရွှင်ကြပါစေလို့ ...
18/04/2026

🌸 မင်္ဂလာရှိသော မြန်မာနှစ်သစ်ကူး အခါသမယလေးမှာ ချစ်ခင်ရတဲ့ မိဘများအားလုံး စိတ်သစ်၊ လူသစ်နဲ့ အေးချမ်းပျော်ရွှင်ကြပါစေလို့ Victory Learning Corner မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ခင်ဗျာ။ 🌸

💦 နှစ်ဟောင်းက အညစ်အကြေးတွေကို အတာရေနဲ့ ဆေးကြောပြီး နှစ်သစ်ကို အားသစ်တွေနဲ့ ဖြတ်သန်းကြသလိုပဲ၊ ကျွန်တော်တို့ရဲ့ မိဘအုပ်ထိန်းမှု ပုံစံတွေကိုလည်း ခေတ်စနစ်နဲ့အညီ အသစ်ပြန်လည် ဆန်းသစ်ဖို့ အကောင်းဆုံး အချိန်အခါလေးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေ့ ကျရောက်တဲ့ မြန်မာနှစ်သစ်ကူး နေ့ထူးနေ့မြတ်လေးကနေ စတင်ပြီး၊ မိဘများအတွက် အထူးရည်ရွယ်ထားတဲ့ "Emotional Legacy (EQ-30)" ဆိုတဲ့ အခန်းဆက် ဆောင်းပါး (၃၀) ကို ဂုဏ်ယူစွာနဲ့ စတင် တင်ဆက်ပေးသွားတော့မှာ ဖြစ်ပါတယ်ခင်ဗျာ။ 💦

💡 ဒီဆောင်းပါး အပိုင်း (၁) မှ (၃၀) အထိ တင်ဆက်ပေးရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့... "စီးပွားရေး ရုန်းကန်ရမှုတွေကြားမှာ ကလေးတွေကို ငွေကြေးအရ ပြည့်စုံအောင် ထားနိုင်ပေမယ့်၊ စိတ်ပိုင်းဆိုင်ရာ လစ်ဟာမှုတွေကြောင့် ဆယ်ကျော်သက်အရွယ်မှာ မိဘနှင့်သားသမီးကြား ရုတ်တရက် ပေါက်ကွဲထွက်လာတတ်တဲ့ အသံတိတ် ပြဿနာကြီးတွေကို ကြိုတင်ကာကွယ် ကုစားနိုင်ဖို့ပဲ ဖြစ်ပါတယ်။ စက်ရုပ်တွေ၊ AI တွေ နေရာယူလာမယ့် ၂၁ ရာစု ခေတ်ကြီးမှာ၊ ကျွန်တော်တို့ရဲ့ ကလေးတွေ လူ့အဖွဲ့အစည်းကြားမှာ အောင်မြင်ပျော်ရွှင်စွာ ရပ်တည်နိုင်ဖို့အတွက် IQ ထက် ပိုအရေးကြီးတဲ့ EQ (စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်) နဲ့ "စာနာနားလည်မှု (Empathy)၊ ခိုင်မာတဲ့စိတ်ဓာတ် (Resilience)" ဆိုတဲ့ အဖိုးမဖြတ်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ အမွေအနှစ်တွေကို ဘယ်လို စနစ်တကျ လက်ဆင့်ကမ်း ပေးရမလဲဆိုတာကို ကမ္ဘာကျော် စိတ်ပညာရှင်တွေရဲ့ သုတေသနတွေနဲ့အညီ လက်တွေ့ကျကျ လမ်းညွှန်ပေးသွားဖို့ ရည်ရွယ်ပါတယ်ခင်ဗျာ။ 💡

📚 ဒီတော့ အနာဂတ်ရဲ့ ကြယ်ပွင့်ကလေးတွေအတွက် အကောင်းဆုံးသော လမ်းပြအလင်းရောင် ဖြစ်လာစေမယ့် ပထမဆုံး ဆောင်းပါးလေးကို နှစ်သစ်ရဲ့ လက်ဆောင်အဖြစ် အတူတူ ဖတ်ရှုလေ့လာကြည့်လိုက်ကြရအောင်လား ခင်ဗျာ။ 📚

အပိုင်း (၁) - ၂၁ ရာစု AI ခေတ်ကြီးမှာ မိဘတွေ ပေးခဲ့သင့်တဲ့ အမွေအစစ်အမှန်

🌐 ခေတ်မီနည်းပညာတွေ တစ်ဟုန်ထိုး တိုးတက်လာတဲ့ ၂၁ ရာစု AI ခေတ်ကြီးမှာ မိဘတိုင်းရဲ့ ရင်ထဲမှာ စိုးရိမ်ပူပန်မှု တစ်ခုစီ ရှိနေတတ်ကြပါတယ်။ 'ငါ့ကလေး ကြီးလာရင် ဘာတွေများ လုပ်စားရမလဲ၊ ဒီလို ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ခေတ်ကြီးမှာ သူတို့လေးတွေ အဆင်ပြေပြေ ရပ်တည်နိုင်ပါ့မလား' ဆိုတဲ့ စိုးရိမ်စိတ်နဲ့အတူ ကလေးတွေအတွက် အကောင်းဆုံး ကျောင်းတွေ၊ အကောင်းဆုံး အသုံးအဆောင်တွေနဲ့ ငွေကြေးအရ (Financial Support) ပြည့်စုံအောင် အစွမ်းကုန် ကြိုးစား ရှာဖွေပေးနေကြပါတယ်။ ဒါပေမဲ့ တကယ့် လက်တွေ့မှာရော အဲဒီ ရုပ်ဝတ္ထုပစ္စည်းတွေက ကလေးတွေရဲ့ အနာဂတ်အတွက် အကောင်းဆုံး အမွေအနှစ်တွေ ဟုတ်ရဲ့လားဆိုတာ ပြန်လည် မေးခွန်းထုတ်စရာ ဖြစ်လာပါပြီခင်ဗျာ။ 🌐

🧬 ဟားဗတ်တက္ကသိုလ် (Harvard University) ရဲ့ ကလေးသူငယ် ဖွံ့ဖြိုးမှုဆိုင်ရာ သုတေသနတွေအရ ကလေးတစ်ယောက်ရဲ့ ဦးနှောက် ဖွံ့ဖြိုးတိုးတက်မှု (Early Brain Development) ဟာ မိဘတွေ ကျွေးမွေးတဲ့ အစားအစာနဲ့ ထားရှိတဲ့ နေရာထိုင်ခင်းတွေထက် မိဘနဲ့ ကလေးကြားမှာရှိတဲ့ အပြန်အလှန် တုံ့ပြန်ဆက်သွယ်မှု (Serve and Return Interaction) တွေပေါ်မှာ ပိုပြီး အခြေခံနေတယ်လို့ အခိုင်အမာ ဆိုထားပါတယ်။ ဆိုလိုတာက မိဘတွေဘက်က အချိန်ပေးပြီး နွေးထွေးစွာ စကားပြောဆိုတာ၊ ကလေးရဲ့ ခံစားချက်ကို အသိအမှတ်ပြု တုံ့ပြန်ပေးတာတွေကသာ ကလေးရဲ့ ဦးနှောက်တည်ဆောက်ပုံကို ကျန်းမာသန်စွမ်းစေတာ ဖြစ်ပါတယ်ခင်ဗျာ။ 🧬

💖 ဒါ့အပြင် ကမ္ဘာကျော် စိတ်ပညာရှင် John Bowlby ရဲ့ Attachment Theory (တွယ်တာမှု သီအိုရီ) အရလည်း ကလေးတွေဟာ ငယ်စဉ်ဘဝမှာ အဓိက ပြုစုစောင့်ရှောက်သူ မိဘတွေဆီကနေ စိတ်ပိုင်းဆိုင်ရာ လုံခြုံနွေးထွေးမှု (Secure Attachment) ကို အပြည့်အဝ မရရှိခဲ့ဘူးဆိုရင်၊ ကြီးလာတဲ့အခါ စိုးရိမ်ပူပန်မှုများတာ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကင်းမဲ့တာနဲ့ လူမှုဆက်ဆံရေးမှာ အခက်အခဲ ဖြစ်တာတွေကို မလွဲမသွေ ရင်ဆိုင်ရတတ်ပါတယ်။ ငွေကြေးဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊ စိတ်ပိုင်းဆိုင်ရာ ဟာကွက်ကြီး ရှိနေတဲ့ ကလေးတစ်ယောက်ဟာ ဆယ်ကျော်သက် အရွယ်ရောက်လာတဲ့အခါ လမ်းမှားပေါ် ရောက်သွားဖို့ အလွန်ပဲ လွယ်ကူလှပါတယ်ခင်ဗျာ။ 💖

🌟 ဒါကြောင့်မို့လို့ စက်ရုပ်တွေ၊ AI တွေ နေရာယူလာမယ့် ခေတ်ကြီးမှာ ကျွန်တော်တို့ မိဘတွေ ပေးခဲ့သင့်တဲ့ 'အမွေအစစ်အမှန်' ဆိုတာ ဘဏ်စာအုပ်ထဲက ငွေကြေးတွေသက်သက် မဟုတ်ပါဘူး။ AI တွေ ဘယ်တော့မှ အတုခိုးလို့ မရနိုင်တဲ့ စာနာနားလည်မှု (Empathy)၊ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်စွမ်း (Resilience) နဲ့ ကိုယ့်စိတ်ကိုယ် ကောင်းမွန်စွာ ထိန်းချုပ်နိုင်စွမ်း (Self-Regulation) စတဲ့ စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည် (EQ) တွေပဲ ဖြစ်ပါတယ်။ ဒီလို အဖိုးမဖြတ်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ အမွေအနှစ်တွေကို ပေးစွမ်းနိုင်ဖို့အတွက် မိဘနဲ့ ကလေးကြားမှာ ခိုင်မာတဲ့ ယုံကြည်မှုနဲ့ အချိန်ပေးမှုတွေက မရှိမဖြစ် လိုအပ်လှပါတယ်ခင်ဗျာ။ 🌟

🌿 လာမယ့် အပိုင်း (၂) မှာတော့ "ငွေကြေးထောက်ပံ့မှု (Financial Support) ဟာ စိတ်ပိုင်းဆိုင်ရာ (Emotional Support) ကို တကယ်ပဲ အစားထိုးလို့ ရ၊ မရ" ဆိုတဲ့အကြောင်းကို ပိုမို နက်ရှိုင်းစွာ ဆက်လက် ဆွေးနွေးသွားမှာမို့ ဆက်လက် စောင့်မျှော် ဖတ်ရှုပေးကြပါဦးခင်ဗျာ။ မိဘများအားလုံး ကလေးတွေကို ထက်မြက်တဲ့ဉာဏ်နဲ့ လှပတဲ့နှလုံးသား ပိုင်ဆိုင်အောင် ပြုစုပျိုးထောင်ပေးနိုင်ကြပါစေခင်ဗျာ...။ 🌿

✨ Victory Learning Corner - Where Smart Heads Meet Kind Hearts ✨

🏷️



🏷️

Address

Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00
Sunday 08:00 - 17:00

Telephone

+959740844096

Website

Alerts

Be the first to know and let us send you an email when Victory Social Emotional Learning Corner posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Victory Social Emotional Learning Corner:

Share