28/04/2026
ဆေးစစ်ချက်အဖြေကို ဘာတွေမှားယွင်းနိုင်စေလဲ?
ဆေးစစ်ချက်အဖြေ (Lab Result) တစ်ခုဟာ လူနာတစ်ယောက်ရဲ့ ကုသမှုအတွက် အရေးကြီးဆုံး ဆုံးဖြတ်ချက်တွေကို ပေးတာမို့ "တိကျမှု" က ပထမဦးစားပေးပါပဲ။ နောက်ဆုံးပေါ်စက်ပစ္စည်းသုံးမယ်ဆိုရင်တောင်မှ နမူနာ (ဥပမာ သွေးနမူနာ) ကို ထားသိုနည်းမမှန်ရင် Result ကလည်း မှားယွင်းနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဆေးစစ်ချက်အဖြေကို မှားယွင်းစေနိုင်တဲ့ ကိုင်တွယ်ထားသိုနည်းတွေကို မျှဝေပေးပါရစေ။
(၁) Hemolysis (သွေးဆဲလ်များ ပေါက်ထွက်ခြင်း)
သွေးဖောက်တဲ့အခါ အပ်နဲ့ သွေးကြော အနေအထားမမှန်တာ၊ သွေးပုလင်းထဲကို အားပြင်းပြင်းနဲ့ ထိုးထည့်တာ ဒါမှမဟုတ် နမူနာကို ပြင်းပြင်းထန်ထန် လှုပ်ခါမိတာမျိုးတွေကြောင့် သွေးနီဥတွေ ပေါက်ထွက်သွားတတ်ပါတယ်။ ဒါဟာ Potassium (ပိုတက်စီယမ်) လို ဓာတ်မျိုးတွေကို ပုံမှန်ထက် အများကြီး ပိုတက်လာစေနိုင်ပါတယ်။
(၂) သိုလှောင်မှု အပူချိန် မမှန်ကန်ခြင်း (Incorrect Storage Temperature)
Sample တစ်ခုချင်းစီမှာ သတ်မှတ်ထားတဲ့ အပူချိန် ရှိပါတယ်။ ဥပမာ - အအေးခန်းထဲ ထည့်ထားရမယ့် နမူနာကို အပြင်မှာ အကြာကြီး ထားမိရင် Enzyme တွေနဲ့ Hormones တွေရဲ့ တည်ဆောက်ပုံ ပျက်စီးသွားပြီး အဖြေကို လွဲမှားစေပါတယ်။
(၃) Tube မှားယွင်းအသုံးပြုခြင်း
Tube အရောင်တွေကို စစ်ဆေးမဲ့ အမျိုးအစားအလိုက် သတ်မှတ်ထားပါတယ်။ (ဥပမာ - EDTA, Heparin, Sugar Tube) Anticoagulant (သွေးမခဲဆေး) ကို အခြားပုလင်းထဲ မှားထည့်မိရင် စက်ထဲမှာ ဓာတ်ပြုမှုတွေ မှားယွင်းနိုင်ပါတယ်။
(၄)ပို့ဆောင်ချိန် ကြန့်ကြာခြင်း
ဓာတ်ခွဲခန်းထဲကို အမြန်ဆုံးမရောက်ဘဲ အပြင်မှာ အချိန်အကြာကြီး ရှိနေရင် သွေးဆဲလ်တွေက သွေးထဲက Glucose (သကြားဓာတ်) ကို ဆက်လက် စားသုံးနေတာကြောင့် တကယ်ရှိတဲ့ ပမာဏထက် အဖြေမှာ နည်းသွားတတ်ပါတယ်။
(၅) Centrifuge လှည့်ပုံ မမှန်ခြင်း
သွေးရည်ကြည် (Serum/Plasma) ခွဲထုတ်တဲ့အခါ သတ်မှတ်ထားတဲ့ Speed (RPM) နဲ့ အချိန်အတိုင်း မလှည့်မိရင် ဆဲလ်တွေ သေချာမကွဲထွက်ဘဲ အဖြေကို နှောင့်ယှက်နိုင်ပါတယ်။
ဒီလို အမှားအယွင်းလေးတွေက လူနာတစ်ယောက်ရဲ့ ဆေးစစ်ချက်ရလဒ်တွေကို ပြောင်းလဲသွားစေနိုင်ပါတယ်။ ဒါကြောင့် သင့်ဓာတ်ခွဲခန်းရဲ့ ဆေးစစ်ချက်တွေက အမြဲတမ်းတိကျနေဖို့၊ High-quality Laboratory Accessories တွေအပြင် ဒီအချက်လေးတွေကိုလည်း လိုက်နေပေးဖို့ တိုက်တွန်းပါရစေ။
သင့်ဓာတ်ခွဲခန်းအတွက် လိုအပ်တဲ့ အရည်အသွေးမြင့် စက်ပစ္စည်းနဲ့ ဆက်စပ်ပစ္စည်းများကို After sale service အပြည့်ရှိတဲ့ MGM မှာ ဝယ်ယူရရှိနိုင်ပါတယ်။
အသေးစိတ် မေးမြန်းစုံစမ်းလိုပါက အောက်ပါလိပ်စာအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါပြီ။
📍 Address- အမှတ် (၁၀၂)၊ ပထမထပ်၊ အဆောက်အဦး (D)၊ သုဓမာ (၁) လမ်း၊ သုမင်္ဂလာအိမ်ယာ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
☎️ Ph No- 09799585606/ 09763924481/ 09779220622