TB M&E Engineering Group

TB M&E Engineering Group Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TB M&E Engineering Group, Engineering service, 11/6 Boyoke Street , Taungphila, Kalemyo.

သိမ်းဆည်းစု‌ဆောင်းထားသော မျက်နှာကျတ်ပုံတချို့
26/10/2024

သိမ်းဆည်းစု‌ဆောင်းထားသော မျက်နှာကျတ်ပုံတချို့

Voltage Transformer (VT) / Potential Transformer Crd: Phyo Thet Paing
05/10/2024

Voltage Transformer (VT) / Potential Transformer

Crd: Phyo Thet Paing

အင်ဗာတာမှာပြတတ်တဲ့ Fault code (error)များနှင့်ဖြေရှင်းနည်း-------------------------------------ဆိုလာအင်ဗာတာတွေ သုံးရင်းန...
08/04/2024

အင်ဗာတာမှာပြတတ်တဲ့ Fault code (error)များနှင့်ဖြေရှင်းနည်း
-------------------------------------
ဆိုလာအင်ဗာတာတွေ သုံးရင်းနဲ့ တစ်ခါတစ်လေ Fault code တို့ Alarm တို့ ပြတတ်ပါတယ်။ ဘယ် code number တွေ ပြရင် ဘာ့ကြောင့် ဆိုတာသိထားရင် အချို့ပြသနာလေးတွကို ကိုယ့်ဘာသာ လုပ်လိုက်လို့ရတော့ service ခေါ်စရာ မလိုဘူးပေါ့။ ဒီပို့စ်မှာ‌တော့ အသုံးများတဲ့ Growatt inverter က Fault code တွေကို အဓိက ဖော်ပြပါမယ်။ အခြား အင်ဗာတာများမှာလည်း အတူတူလောက်ပါပဲ။

04 Code (battery voltage is too low)
------
အခုလို နွေရာသီ မီးပျက်များပြီဆိုရင် ဘက္ထရီက အသုံးများလို့ အပြများတဲ့ code ပါပဲ။ ဘက်ထီအားနည်းတာပါ။ အသုံးဝန်အားလျှော့ လိုက်ရင် ပျောက်သွားတတ်သလို ဘက်ထီ အတော်လေး အားနည်းရင်တော့ အင်ဗာတာ ပိတ်လိုက်မှ ရပါမယ်။ မီးလာရင်/ဆိုလာရရင်ပြန်သွင်းပေါ့။
တခါတလေ bms ကြိုးချိတ်ထားပြီး အကြောင်း တခုခုကြောင့် ကြိုးပြုတ်သွားရင်တော့ 04/20 တလှည့်စီပြပြီး အင်ဗာတာပိတ်ကျသွားပါလိမ့်မယ်။

03 Code (battery voltage is too high)
------
ဆိုလာအား၊ AC အားတွေ များရင် ပြတတ်တဲ့ ဘက္ထရီ Voltage များတဲ့ code ပါ။ Load သုံးလိုက်ရင် ပျောက်သွားတတ်သလို AC charging ampere များနေရင် လျှော့ပေးလိုက်ရင်လည်း ပျောက်သွားတတ်တယ်။ bms ကြိုး မချိတ်ထားတဲ့ အင်ဗာတာတွေမှာဆိုရင်တော့ bulk charge/float charge တွေ လျှော့ပေး လိုက်ရင်လည်း ပျောက်တတ်တယ်။ must inverter မှာတော့ အဲဒီ 03 code ပြရင် အင်ဗာတာက မီးအထွက် ခဏဖြတ်ချပြီး သူ့ဘာသာပြန်လာပါတယ်။ Growatt မှာတော့ အင်ဗာတာကို restart ပြန်လုပ်ပေးရတယ်။ 03 ခဏခဏပြရင်တော့ Installer ကို ပြန်ခေါ်ပါ။ နောက်တစ်ခုက 08 error ပြရင်လည်း ဒီ 03 နဲ့ တူပါတယ်။

02 Code( over temperature)
-----
အင်ဗာတာမှာ သတ်မှတ်အပူချိန်ထက်ပိုများတဲ့အခါပြတဲ့
code ပါ။ အင်ဗာတာရဲ့ ပန်ကာပုံမှန်အလုပ်မလုပ်တဲ့အခါ
ဖြစ်စေ ၊ အင်ဗာတာမှာ ဖုန်တွေ၊ လေစစ်တွေ ပိတ်ဆို့
နေတာဖြစ်စေ၊ အင်ဗာတာ ဝန်းကျင်မှာ လေဝင်လေထွက် မကောင်း လို့ဖြစ်စေ ပြတတ်ပါတယ်။ အဲလိုဖြစ်ရင် မီးမထုတ်ပေးတော့လို့ အင်ဗာတာကို ဖုန်တွေများရင် သန့်ရှင်းရေး လုပ်ပြီး restart ပြန်လုပ်ပေးရင် ရတတ်ပါတယ်။ 02 code ခဏခဏ ပြရင်တော့ပြင်ဆင်ဖို့ service ပို့ရပါမယ်။ Lvtopsun 11 kw မှာ‌တော့ 02 code ပြရင် firmware upgrade လုပ်ရင်ရပါတယ်။ installer က လုပ်ပေးရမှာပါ။
01 code( Fan is lock) ပြရင်တော့ ပန်ကာ ပျက်တာမို့
ပန်ကာလဲရမှာဖြစ်သလို အဲဒါကြောင့် အင်ဗာတာ အပူချိန် များတာလည်း ဖြစ်ပါတယ်။

07 code( overload)
------------------
အင်ဗာတာရဲ့ ခံနိုင်ဝန်ထက်ပိုသုံးမိတဲ့အခါ ပြတဲ့ code ပါ။
ခဏခဏဖြစ်ရင်တော့ အင်ဗာတာ ပျက်ပါလိမ့်မယ်။ အင်ဗာတာ ဆင်ပေးတဲ့အခါ ဝန်ပိုသုံးမိရင် အင်ဗာတာထိ မရောက်ရအောင်၊ မပျက်ရအောင် VA safeguard ခံပြီး ampere ထိန်းပေးတဲ့အခါ 07 သိပ်မပြတော့ပါဘူး။
over load သုံးမိရင် Safeguard က ဖြတ်ချ လိုက်ပြီး
ခဏနေ ပြန်တက်ပါလိမ့်မယ်။ ကိုယ်က အသုံးများနေတာတွေ
လျှော့လိုက်ပေါ့။

10 code ( output power derating)
----------------------------
ဒီ code ကတော့ EPC မီးအား ကျတဲ့အခါ၊ အတက်အကျ ကစားတဲ့အခါ ပြတတ်ပါတယ်။ ဒါ့ကြောင့် မီးအား တအားကျတဲ့နေရာတွေ၊ တက်ကျကစားတဲ့ နေရာတွေမှာ မီးမြှင့်စက်၊ Stabilizer ကောင်းတာလေး ခံရပါမယ်။
မဟုတ်ရင် အင်ဗာတာက ငြိမ်မှာမဟုတ်ဘူး။ ပြီးတော့ အင်ဗာတာ က EPC မီးအား အဝင်အတိုင်း ပြန်ထွက်တာမို့ အဲလို မီးအားကျသွားရင် အင်ဗာတာက သုံးနေတဲ့ ပစ္စည်းတွေ အပေါ် မှာလည်း သက်ရောက်တယ်။ အဲကွန်း safeguard
တွေ ခဏခဏ ကျနေတာမျိုးဖြစ်တယ်။ မီးအား နိမ့်လွန်း၊မြင့်လွန်းလို့ အင်ဗာတာ မပျက်ရအောင်တော့ အဝင် VA safeguard လေးခံပြီး ကာကွယ်လို့ရပေမယ့် တက်/ကျ ကစားတာကျ သူက ထိန်းပေးလို့မရဘူး။ နေ့ပိုင်းဆိုလာရချိန် ၊
epc မီးလာချိန်မှာ အဲဒီ 10 code ပြရင် EPC ဘရေကာချလိုက်ရင်ပျောက် သွားတတ်ပါတယ်။

56 code ( Battey connection is open)
---------
ဒီ code ကတော့ ဘက်ထီကိုအားအကုန်သုံးလိုက်မိတာမျိုး
မှာဖြစ်တတ်တယ်။ အင်ဗာတာက ဘက္ထရီကို မသိတော့ တာမျိုးပေါ့။
အဲလိုဖြစ်ရင်တော့ ကား ဘက္ထရီတွေ ထောက်နှိုးသလို အခြား volt တူ ဘက်ထီနဲ့ ထောက်နှိုးရင် ရတတ်တယ်။ တခါတရံ အင်ဗာတာထဲက ဘက္ထရီနဲ့ ပါတ်သက်တဲ့အပိုင်းပျက်ရင်တော့ အင်ဗာတာ service ပို့ရမှာပါ။

09 code ( bus soft start fail)
------------
ကျွန်တော်တို့ installer တွေ ကြောက်တဲ့ code ပါ။
ဒီ နံပါတ်ပြရင်တော့ ပြသနာ တခုခုကြောင့် အင်ဗာတာ ထဲက
FET တို့လို အစိတ်အပိုင်း တခုခု ပျက်သွားလို့ ပြတာပါ ။
service ပို့ ပြင်ရပါမယ်။ အင်ဗာတာ မှာ ပြလေ့ ရှိတဲ့
fault code အတော်များများက စက်ကို restart လုပ်ရင်
ပျောက်သွားတတ်ပေမယ့် 09 ဆိုရင်တော့ ပြင်ကို ပြင်မှ ရပါမယ်။ ပြသနာ အတိမ်၊အနက်ကိုလိုက်လို့ အလွယ်တကူ ပြင်လို့ ရတာ ရှိသလို တခါတရံ mother board ထိ လဲရတတ်ပါတယ်။

Crd

System Breakdown ဆိုတာဘာလဲ? ဘာကြောင့်ဖြစ်ရတာလဲ။===========================၁။ System Breakdown ဆိုသည်မှာ တစ်နိုင်ငံလုံးကိ...
05/04/2024

System Breakdown ဆိုတာဘာလဲ?
ဘာကြောင့်ဖြစ်ရတာလဲ။
===========================

၁။ System Breakdown ဆိုသည်မှာ တစ်နိုင်ငံလုံးကို လျှပ်စစ်ပေးနေသော ဓာတ်အားစနစ် (Power System) တစ်ခုလုံး၌ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားခြင်းဖြစ်သည်။

ထိုအချိန်တွင် ဓာတ်အားပေးစက်ရုံ အတော်များများက အလိုအလျောက် ထိန်းချုပ်စနစ်များကြောင့် ရပ်တန့်ကုန်သည်။

အချို့သောဓာတ်အားပေးစက်များက ဓာတ်အားထုတ်ခြင်းမရှိပဲ စက်လည်လျှက် Full Speed, No-Load Condition ဖြစ်ကုန်သည်။ အချို့သော ဓာတ်အားလိုင်းများကလည်း အလိုအလျောက် ပိတ်သွားကြသည်။

တနည်းအားဖြင့် တစ်နိုင်ငံလုံး လျှပ်စစ်မီး အမှောင်ကျသွားခြင်းပင် ဖြစ်သည်။

၂။ ဓာတ်အားစနစ် (Power System) ဆိုသည်မှာ ဓာတ်အားပေးစက်ရုံများ (Generator Plants)မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပြီး ဓာတ်အားခွဲရုံများ(Substations)သို့ မဟာဓာတ်အားပို့လွှတ်ရေးလိုင်းများ (Transmission Lines)နှင့် ဓာတ်အားဖြန့် ဖြူးရေးလိုင်းများ(Distribution Lines)မှ ဓာတ်အားပို့လွှတ်ခြင်း၊ ၎င်းလျှပ်စစ်ဓာတ်အားများကို သုံးစွဲမှု (Load) အသီးသီးသို့ ပို့လွှတ်ပြီး အားလုံး ချိတ်ဆက် ထားသော ကွန်ယက်ကို ဓာတ်အားစနစ် (Power System) ဟုခေါ်သည်။

၃။ System Breakdown ဘာကြောင့်ဖြစ်ရတာလဲ...

System Breakdown ဖြစ်စေနိုင်သော အကြောင်းရင်းများစွာ ရှိပါသည်။ အဖြစ်အများဆုံး ကိစ္စရပ်များမှာ

(က) Under Frequency ကြောင့်

မြန်မာနိုင်ငံ၏ ဓာတ်အားစနစ် ကွန်ယက်တစ်ခုလုံးသည် ကြိမ်နှုန်း (Frequency) 50Hz ဖြင့် လည်ပတ်လျှက်ရှိပြီး သတ်မှတ်ကြိမ်နှုန်း (Frequency) အောက်လျော့နည်းပါက Under Frequency ဖြင့် System Breakdown ဖြစ်ရတတ်သည်။

ဓာတ်အားထုတ်လုပ်နိုင်မှုထက် ဓာတ်အား သုံးစွဲမှုက အလွန်ပိုမိုများပြားလာသည့် အချိန်တွင် Under Frequency Protection ဖြင့် စက်များ Trip ဖြစ်၍ ရပ်တန့်ကုန်ပြီး System Breakdown ဖြစ်သည့် ကိစ္စရပ် သည် အများဆုံးပင်ဖြစ်သည်။

(ခ) Line Fault ကြောင့်

လျှပ်စစ်များစွာစီးဆင်းနေသော ပင်မဓာတ်အားလိုင်းကြီး(Transmission Lines) တစ်ခု၌ လိုင်းအပြစ်(Line Fault) တစ်မျိုးမျိုးဖြစ်ပေါ်ခြင်းကြောင့် အလိုအလျောက်ထိန်းချုပ်စနစ်က အပြစ်(Fault) ရှိနေသော ထိုဓာတ်အားလိုင်းကို ဓာတ်အားစနစ်မှ ဖယ် ရှားသည့်အခါ ကျန်ဓာတ်အားလိုင်းများကပါ အပိုဝန်ကို ထပ်ထမ်းရန် မနိုင်ရာမှ System Breakdown ဖြစ်ရတတ်သည်။

(ဂ) သဘာဝဘေးအန္တရာယ်ကြောင့်

သဘာဝဘေးအန္တရာယ်ကြောင့် ဓာတ်အားစနစ်အတွင်းရှိ အရေးကြီးသော လျှပ်စစ်စက် ပစ္စည်းများ ထိခိုက်ပျက်စီးရာမှလည်း System Breakdown ဖြစ်ရတတ်သည်။ ဓာတ်အားလိုင်းကြီးများ၏ အောက်တွင် လူက တောင်ယာမီးရှို့ကြရာမှဖြစ်စေ၊ သဘာဝတောမီး လောင်မှုကြောင့် ဖြစ်စေ မီးခိုးများကြောင့်လည်း လိုင်းများ Trip ဖြစ်ကာ System Breakdown ဖြစ်ရတတ်ပြန်သည်။

၄။ ဓာတ်အားစနစ်(Power System) အသက်ပြန်သွင်းခြင်း

System Breakdown ကြောင့် ရပ်တန့်ကုန်သည့် တစ်နိုင်ငံလုံးရှိ ဓာတ်အားပေးစက်များ စက်တစ်လုံးပြီး တစ်လုံး ပြန်မောင်းနှင်နိုင်ရန်၊ စက်တစ်လုံးပြီး တစ်လုံး Synchro ပြန်တွဲနိုင်ရန်၊ ဓာတ်အားလိုင်းများ တစ်လိုင်းပြီး တစ်လိုင်း၊ ဓာတ်အားခွဲရုံများလည်း တစ်ရုံပြီး တစ်ရုံ ဓာတ်အား ပြန်လွှတ်နိုင်ရန် အမှားအယွင်းကင်းကင်း၊ အန္တရာယ် ကင်းကင်း၊ မြန်မြန်ထက်ထက်ဖြင့် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှဖြင့် တွေ့ကြုံနေရသည့် မတူညီသော အခြေအနေ အခက်အခဲ အမျိုးမျိုး ကြားမှာ ပြည်သူများ လျှပ်စစ်မီး မြန်မြန်ပြန်ရနိုင်ရန်အတွက် ဇောချွေးပြန်ကာ ဆောင်ရွက်ရကြပါသည်။

ဓာတ်အားလိုင်းများ ဓာတ်အားပြန်လွှတ်ပြီး သက်ဆိုင်ရာ မြို့နယ်များရှိ ဓာတ်အားခွဲရုံသို့ မီးရောက်ရှိလာပါက မီးသုံးသူ ပြည်သူများ လျှပ်စစ်မီး မြန်မြန်ပြန်ပေးနိုင်ရေး စီမံဆောင် ရွက်ရပါသည်။ နီးသည့် မြို့များ လျှပ်စစ်မီးအရင်ရပြီး ဝေးသည့် မြို့များ နောက်ကျတတ်ပါသည်။

၅။ ဓာတ်အားစနစ် Back To Normal ဖြစ်ရန်ကြာချိန်...

System Breakdown ဖြစ်သည့် အချိန်သည် လျှပ်စစ်မီး အသုံးနည်းသည့် အချိန်ဖြစ်ပါက မီးပြန်ရချိန် မြန်ဆန်တတ်ပြီး လျှပ်စစ်မီး အသုံးများသည့် အချိန်တွင် ဖြစ်ပါက System တည်ငြိမ်စေရန် ဝန်အား ထိန်းညှိုရ၍ မီးပြန်ရချိန် ကြာတတ်သည်။ System မတည်ငြိမ်ပါက Under Frequency ဖြင့် System Breakdown ပြန်ဖြစ်နိုင်သော ကြောင့် ဖြစ်သည်။

System Breakdown ဖြစ်၍ ဓာတ်အားစနစ် (Power System) တစ်ခုလုံး Back To Normal ပြန်ဖြစ်ရန် ၄နာရီ ၅နာရီခန့် ကြာမြင့်နိုင်ပါသည်။

Nawl Ring
30.3.2024

ကိုးကား။
System Breakdown ဆိုသည်မှာ အဘယ်နည်း (လျှပ်စစ်မင်းသား facebook Page)

Crd

PTL 100% Finished Electrical Installation SiteSanmyo Ward Kalaymyo TB Group09 968 961 04709 256 191 797
15/03/2024

PTL
100% Finished Electrical Installation Site

Sanmyo Ward
Kalaymyo

TB Group
09 968 961 047
09 256 191 797

PTL 100% Finished Solar Project3000 Watt Must Solar Inverter- 1 PcJinko Solar 575 Watt- 3 sheets 12V 200AH Fusion Lead c...
07/09/2023

PTL
100% Finished Solar Project

3000 Watt Must Solar Inverter- 1 Pc
Jinko Solar 575 Watt- 3 sheets
12V 200AH Fusion Lead carbon battery-2 Pcs

Vaan (ဗန်)
သွားနင့်ခံတွင်းဆေးခန်း
Kalaymyo

TB Group
09968961047
09256191797

PTL 100% Finished Solar Project3600 Watt Sandi Inverter- 1 PcJinko Solar 575 Watt- 4 sheets 12V 200AH NEXT Gel Battery-2...
16/08/2023

PTL
100% Finished Solar Project

3600 Watt Sandi Inverter- 1 Pc
Jinko Solar 575 Watt- 4 sheets
12V 200AH NEXT Gel Battery-2 Pcs

တောင်ဖီလာရပ်ကွက်၊ ကလေးမြို့။

TB Group
09968961047

03/08/2023

အလုပ်ခေါ်စာ

ကျနော်တို့နဲ့ လက်တွဲလုပ်ကိုင်ရန် အလုပ်သမား (ကျား) ၁ ဦး အလိုရှိသည်။

* အသက် (၁၇-၂၅) ကြား၊
* ကိုယ်ပိုင် cycle ရှိရမည်။
* ရေရှည် လုပ်ကိုင်နိုင်ရမည်။
* နယ်ဝေခရီးများလဲ လိုက်နိုင်ရမည်။

ဆက်သွယ်ရန်
09256191797

ခလုတ်ပိတ်ထားပေမယ့် ပလပ်ဖြုတ်မထားလျှင် လျှပ်စစ်ဓာတ်ကို ဆွဲယူသုံးစွဲနေပြီး မီတာတက်နေသောပစ္စည်းများ       ခလုတ်ပိတ်ထားပေမယ်...
20/07/2023

ခလုတ်ပိတ်ထားပေမယ့် ပလပ်ဖြုတ်မထားလျှင် လျှပ်စစ်ဓာတ်ကို ဆွဲယူသုံးစွဲနေပြီး မီတာတက်နေသောပစ္စည်းများ

ခလုတ်ပိတ်ထားပေမယ့် ပလပ်ဖြုတ်မထားလျှင် လျှပ်စစ်ဓာတ်ကို ဆွဲယူသုံးစွဲနေပြီး မီတာတက်နေသောပစ္စည်းများ သုံးဆွဲသူတွေကလည်း လျှပ်စစ်မီး ကို လျော့သုံးဖို့ ကြိုးစားနေကြမှာပါ။ ဒါကြောင့် မသုံးစွဲပဲ ပိတ်ထားပေမယ့် လည်း လျှပ်စစ်အားကို စွဲယူသုံးနေတဲ့ လျှပ်စစ်ပစ္စည်းများ အကြောင်းကို ပြောပြချင်ပါတယ်။

၁။ ဖုန်း Charger
------------------
လူတွေတော်တော်များများက ဖုန်းအားသွင်းတဲ့ ခလုတ် (Charger) ကို ဖုန်းနဲ့ မသွင်းထားရင်တောင် ပလပ်ပေါက်နဲ့ ဒီအတိုင်း တပ်ထားလေ့ရှိပါတယ်။ အဲ့လိုထားရင် ဖုန်းအားမသွင်းပဲနဲ့တောင် တစ်နေ့လုံးကို 1.2 W လောက် ကုန်နေ ပါလိမ့်မယ်။ ဒါကြောင့် ဖုန်းအားသွင်းပြီးရင် charger ပါ ဖြုတ်ထားပါ။

၂။ TV Tuner
-------------
တီဗီရဲ့ Channel လိုင်းလေးတွေ ကို ရှာပေးတဲ့ Digital TV Tuner လေး တွေကို တီဗီပဲပိတ်ပြီး Tunerကို မပိတ်ပဲ ထားမိရင် တစ်နေ့ကို 22W ကုန်နေပါ လိမ့်မယ်။

၃။ တီဗီ (TV)
-------------
တီဗီကိုခလုတ် လုံးဝပိတ်လိုက်တာ မဟုတ်ပဲ Standby Mode ပဲထား ရင်လည်း တစ်နေ့ကို လျှပ်စစ်မီး 24 Wလောက် ကုန်နေ ပါလိမ့်မယ်။

၄။ ကွန်ပျုတာ
--------------
ကွန်ပျုတာတို့ Laptop တို့ကို ပိတ်ရုံဘဲ ပိတ်ပြီး ပလပ်တွေ မဖြုတ်ထားပါက တစ်နေ့ကို 96 W လောက် ကုန်ပါလိမ့်မယ်။ အကယ်၍ Standby Mode တို့ Sleep Mode တို့ထားပြီး ပလပ်ကိုမဖြုတ်ထားရင် ဒီထက် ၁ဆခွဲလောက် ကုန်ပါ လိမ့်မယ်။

၅။ Timer ပါတဲ့ အိမ်သုံး စက်ပစ္စည်း
------------------------------------
Timer ပါတဲ့ အိမ်သုံးစက်ပစ္စည်းတွေ ဖြစ်တဲ့ Oven တို့ကို ပလပ်ကြိုးမဖြုတ်ထားပါက တစ်နေ့ကို 108 W လောက်ကုန်နေပါ လိမ့်မယ်။ တတ်နိုင်ရင် ကိုယ် မသုံးသေးဘူး ဆိုရင် လျှပ်စစ်ပစ္စည်းတွေရဲ့ ပလပ်ကြိုးတွေကို ဖြုတ်ထား ပါ။ ခလုတ်ပိတ်ထားရင်တောင်မှ သူတို့က လျှပ်စစ်ပါဝါကို ဆွဲနေတတ်ပါတယ်။ ဒါကြောင့် အိမ်မှာ ဘယ်သူမှမရှိတဲ့အချိန် ဝါယာရှော့တွေမဖြစ်အောင်လည်း ပလပ်ကြိုးတွေကို ဆွဲဖြုတ်ထားဖို့ လိုပါ တယ်။

Crd

Address

11/6 Boyoke Street , Taungphila
Kalemyo
KALAYMYO

Telephone

+959256191797

Website

Alerts

Be the first to know and let us send you an email when TB M&E Engineering Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TB M&E Engineering Group:

Share