16/04/2026
✨土木施工管理補 အလုပ်ခေါ်စာလေးပါ✨
👉🏻(အလုပ်မိတ်ဆက်ခ အခမဲ့ ၊ ဂျပန်သို့လာမည့် လေယာဥ်လက်မှတ်ခ အခမဲ့)
မြန်မာပြည်ရှိ နည်းပညာတက္ကသိုလ်တွင် Civil မေဂျာဖြင့် BE ဘွဲ့ရထားပြီး ဂျပန်မှာအလုပ်လုပ်ဖို့ စိတ်ဝင်စားသူများ၊ ဂျပန်ပြည်တွင်းအလုပ်ပြောင်းလိုသူများ၊ နိုင်ငံတကာမှာ ကျောင်းသားဗီဇာနဲ့ နေထိုင်နေသူများ လျှောက်ထားနိုင်ပါတယ်။
宛先 :土木施工管理補လို့ရေးပို့ပေးပါ။
Job Position :土木施工管理(1~2名)
နေထိုင်ခွင့် ဗီဇာ : Work Visa
အလုပ်တည်နေရာ : 関東Area・現場移動可能性あり
အလုပ်ချိန် : 8:00∼17:00 (1時間休憩)
အခြေခံလစာ : 215,000円 /月အထက်~
JLPT N2 လက်မှတ်ရှိလျှင် လစာအပြောင်းအလဲရှိသည် ။
(အချိန်ပိုကြေးနှင့် ပိတ်ရက်တွင်အလုပ်ဆင်းရသည်များရှိလျှင် သီးသန့် ပေးချေပါသည်)
ပုံမှန်ပိတ်ရက် : တစ်ပါတ် ၂ ရက် ပိတ်ပါသည် ။
နွေရာသီပိတ်ရက် ၊ နှစ်ကုန်ပိတ်ရက်နှင့် အခြားသောအစိုးရရုံးပိတ်ရက်များ
(Company Calendar အပေါ် မူတည်ပြီး အပြောင်းအလဲရှိနိုင်သည် )
📌လိုအပ်သည့်အရည်အချင်း :
JLPT N2 လက်မှတ်ရှိသူများ (သို့မဟုတ်) BJT အမှတ်၄၀၀နှင့်အထက်ရသူများ (CEFR・B2 levelရှိသူများ)၊ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူ။
📌Job Description :
土木施工管理補 အဖြစ် လမ်းများ၊ တံတားများ၊ တူးမြောင်းများနှင့် ရထားလမ်းများ စသည့် မြေပြင်ဆောက်လုပ်ရေးလုပ်ငန်းနေရာများတွင် 施工管理 လုပ်ငန်းများကို ကူညီဆောင်ရွက်ရမည်ဖြစ်ပါသည်။ အဓိကတာဝန်များအဖြစ် လုပ်ငန်းတိုးတက်မှုအခြေအနေများကို စစ်ဆေးခြင်း၊ လုပ်ငန်းခွင်အတွင်း လုံခြုံရေးစီမံခန့်ခွဲမှုနှင့် အရည်အသွေးစီမံခန့်ခွဲမှုတို့ကို ကူညီဆောင်ရွက်ခြင်း၊ အလုပ်ချိန်ဇယားများကို ညှိနှိုင်းစီစဉ်ခြင်း၊ လုပ်သားများနှင့် အတူလုပ်ကိုင်သည့် ကုမ္ပဏီများနှင့် ဆက်သွယ်ညှိနှိုင်းခြင်း၊ လိုအပ်သော စာရွက်စာတမ်းများ ပြုစုတင်ပြခြင်းတို့ ပါဝင်ပါသည်။ ထို့အပြင် အထက်အရာရှိ၏ ညွှန်ကြားချက်များအောက်တွင် လုပ်ငန်းများချောမွေ့စွာ ဆောင်ရွက်နိုင်ရန် အကူအညီပေးရမည်ဖြစ်ပြီး၊ အနာဂတ်တွင် 施工管理 技術者 တစ်ဦးအဖြစ် တိုးတက်နိုင်ရန် အတွေ့အကြုံများကို စုဆောင်းသွားနိုင်မည်ဖြစ်ပါသည်။
📌အလုပ်ခန့်ထားမည့်ပုံစံ:
ပထမနှစ်နှစ်ခန့်သည် စေလွှတ်မည့်ရုံး၏ စာချုပ်၀န်ထမ်း [ Link Familiar ၏ အချိန်ပြည့်၀န်ထမ်း(正社員)] အဖြစ်လုပ်ရမည်ဖြစ်ပြီး တစ်ဖက်ရုံးမှ သင့်အား၀န်ထမ်းအဖြစ် တိုက်ရိုက်ခန့်အပ်ချင်သည်ဆိုပါက လိုအပ်သည်များကို ကျွန်ုပ်တို့ရုံးမှ အပြည့်အဝထောက်ပံ့ပေးပါမည် ။
• 業務内容:土木施工管理補補助
• 契約期間:無期雇用 更新あり 勤務態度等
• 就業場所(関東エリア・現場移動可能性あり・引っ越しのサポートあり)
• 勤務時間・休憩・休日:8:00∼17:00 (1時間休憩)
• 時間外労働の有無:状況による残業はあり
• 試用期間の有無と条件:無し
• 社会保険の適用状況:健康保険・厚生年金・雇用保険に加入。労災保険は全員適用。
• 受動喫煙防止措置:屋内禁煙(喫煙専用室のみ設置)
• 募集者の名称:株式会社リンクファミリア
အလုပ်လျှောက်လိုသူများအနေဖြင့် [email protected] သို့ ဂျပန်ဘာသာဖြင့်ရေးသားထားသော 履歴書と職務経歴書 များ ပေးပို့ပြီး တိုက်ရိုက်လျှောက်ထားနိုင်ပါပြီ ။
💞မိသားစုကဲ့သို့နွေးထွေးစွာချိတ်ဆက်မှု💞
✨ 温かい家族のような繋がり ✨