BIM WORLD

BIM WORLD BIM Education & Knowledge
Sharing & Technology

အားလုံးဘဲမင်္ဂလာပါ🍀 ဂျပန်မှာ လုပ်ငန်းအတွေ့အကြုံမရှိသေးသူများ (未経験)အထူးသဖြင့် ရုံးပိုင်းအလုပ်များ・BIM/CIM Fieldတွေကို ပြေ...
10/02/2026

အားလုံးဘဲမင်္ဂလာပါ🍀
ဂျပန်မှာ လုပ်ငန်းအတွေ့အကြုံမရှိသေးသူများ (未経験)အထူးသဖြင့် ရုံးပိုင်းအလုပ်များ・BIM/CIM Fieldတွေကို ပြောင်းမယ်ဆိုရင်
履歴書と職務経歴書တို့အပြင် Portfolio ရှိခြင်းက မိမိရဲ့အရည်အချင်းကို ပြသနိုင်တဲ့ လက်နက်တစ်ခုပါ။ဒါကြောင့်မလို (未経験) အတွက် ထိရောက်သော Portfolio ပြင်ဆင်နည်းကို knowledge sharing ပေးချင်ပါတယ်။

📍လုပ်ငန်းအတွေ့အကြုံ မရှိသေးဘူး၊ ဂျပန်ကုမ္ပဏီတွေက ခေါ်ပါ့မလား?" လို့ စိတ်ပူနေပါသလား? တကယ်တော့ ဂျပန်ကုမ္ပဏီတွေက 未経験 တွေဆီကနေ ကျွမ်းကျင်မှုထက် မိမိရဲ့ポテンシャル (Potential) နဲ့ 熱意 (Passion) ကို ပိုမြင်ချင်ကြတာပါ။

⛳️မိမိရဲ့ Skill ကို သက်သေပြဖို့ အကောင်းဆုံးလက်နက်ကတော့ ポートフォリオ (Portfolio) ပါပဲ။ 未経験 တစ်ယောက်အနေနဲ့ အတွေ့အကြုံမရှိလို့ စိတ်မပူပါနဲ့။ လူကြိုက်များတဲ့ Portfolio ဖန်တီးဖို့ရန်အတွက် အောက်ပါအချက်တွေကို အလေးထား ပြင်ဆင်သင့်ပါတယ်။

1️⃣Process is Key (လုပ်ဆောင်ပုံအဆင့်ဆင့်)
ဂျပန်လူမျိုးတွေဟာ ရလဒ်ထက် လုပ်ဆောင်ပုံအဆင့်ဆင့် (Process) ကို ပိုတန်ဖိုးထားပါတယ်။
※လှပတဲ့ Render ပုံတွေချည်းပဲ ထည့်မထားပါနဲ့။ အဲဒီပုံထွက်လာဖို့
• Modeling ကို ဘယ်လို ロジック(logic)စဉ်းစားပြီး တည်ဆောက်ခဲ့သလဲ?
• ဘယ်လို標準(Standard )တွေနဲ့ ဘယ်လို 作成(create) လုပ်ခဲ့သလဲ?
• ワークフロー(Workflow)တွေကို ဘယ်လို ထည့်သွင်းထားသလဲ?
စတဲ့ Process ကို ပြသနိုင်ရင် အမှတ်ပိုရပါတယ်။

2️⃣ Basic Construction Knowledge (အခြေခံဗဟုသုတ)
・Software ကျွမ်းကျင်ရုံသာမက အခြေခံ
納まり (Detailing/Fitting) တွေကိုပါ နားလည်ကြောင်း ပြသပါ။ ဥပမာ - 柱(Column)နဲ့ 梁(Beam) ဆုံတဲ့နေရာ (Joint) တွေကို သေသေချာချာ Model လုပ်ပြတာမျိုးပါ။
・သက်ဆိုင်ရာလုပ်ငန်း/ဘာသာရပ်တွေရဲ့
技術知識(Technical Knowledge)ပက်သက်၍
နားလည်ကြောင်း ဖော်ပြပါ။
未経験ဖြစ်ပေမဲ့အခြေခံသဘောတရားကို နားလည်တယ်ဆိုတာ သိစေချင်တာပါ။
・実務(Practical)အနေနဲ့ လေ့ကျင့်ထားတာ/သင်တန်းမှာလုပ်တဲ့Project Practice တွေကို 2D•3D ယှဉ်တွဲပြကာ ပြတဲ့ပုံမှာတတ်မြောက်ထားတဲ့ Softwareတွေ နဲ့ ဘယ်လိုကျွမ်းကျင်စွာ သုံးတယ်ဆိုတာကို
ရေးပေးဖို့လိုပါတယ်။図面 (Drawings)Line weight မှန်မှန်၊ မြင်ရလွယ်အောင် စနစ်တကျ စီစဉ်ပြသပါ။စာတွေထည့်ပါကအကုန်လုံး Japanစာနဲ့ဘဲပြပါ။
ဂျပန်အများစုသည်ဂျပန်လိုဘဲ နားလည်တာမလို့ပါ။

3️⃣ Character & Potential(အရည်အချင်း)
・ဂျပန်လို 自己PR (Self-Promotion) ရေးတဲ့အခါ "ကျွန်တော် ကြိုးစားချင်ပါတယ်" ဆိုတာထက် "ကျွန်တော်က ဆက်လက်သင်ယူလိုစိတ် 向上心(Ambition)၊ တိုးတက်လိုစိတ်အပြည့်ဖြင့် လုပ်ဆောင်နိုင်ပါတယ်ဆိုတာကို ပေါ်လွင်အောင်ရေးသားဖို့ လိုပါတယ်။
・ကိုယ်လုပ်ခဲ့တဲ့ အရာထဲမှာ ကြုံတွေ့ရတဲ့ အခက်အခဲကို ဘယ်လိုကျော်ဖြတ်ခဲ့လဲ 問題解決能力 (Problem Solving Skills) ဆိုတာကို ထည့်ရေးပါ။
・ チームワーク(Teamwork)အသင်းအဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်နိုင်သူ (協調性)
ဖြစ်ကြောင်း ပေါ်လွင်အောင် ရေးသားပါ။

🔔ကောင်းမွန်တဲ့ Portfolio ဆိုတာ မိမိရဲ့ "Technical Skill" နဲ့ "Attitude" ကို ပေါင်းစပ်ပြသရမယ့် နေရာတစ်ခုပါ။ 💯

‼️ဂျပန်နိုင်ငံရဲ့ BIM Standard တွေနဲ့အညီ BIMအခက်အခဲတွေကို ဖြေရှင်းရန် အတွက် BIM WORLD ရဲ့ Revit & BIM Online Consulting Service (RBOCS) အကြောင်းကိုသိချင်ပါက အောက်ပါ postမှာလေ့လာလိုရပါတယ်။အသေးစိတ်ကို Page Messenger မှာ ဆွေးနွေးနိုင်ပါတယ်။
🔽🔽🔽

https://www.facebook.com/share/p/1bSh9GjDG7/?mibextid=wwXIfr

‼️Copyright Notice:
All designs images/videoes and contents are created by
[BIM WORLD UNITED ENGINEERING Co.,Ltd]

❌ခွင့်ပြုချက်မရှိဘဲ ပုံများကို Crop လုပ်၍ကူးယူခြင်း၊ မိမိကိုယ်တိုင် ရေးသားထားသကဲ့သို့ BIM WORLD Page မှမူရင်းစာများကို ပြန်လည်ကူးယူဖော်ပြခြင်း (Reposting) များကို မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

✅ မူရင်း Post ကို Share ပေးခြင်းဖြင့်အသိအမှတ်ပြုနိုင်ပါသည်။

/cim



&passion

အားလုံးဘဲမင်္ဂလာပါ🍀BIM နဲ့ CIM... ဘာကြောင့် တစ်တွဲတည်း (BIM/CIM) လို့ ခေါ်လာကြတာလဲ? ဂျပန်နိုင်ငံရဲ့ ဆောက်လုပ်ရေး အနာဂတ် ...
05/02/2026

အားလုံးဘဲမင်္ဂလာပါ🍀
BIM နဲ့ CIM... ဘာကြောင့် တစ်တွဲတည်း (BIM/CIM) လို့ ခေါ်လာကြတာလဲ?
ဂျပန်နိုင်ငံရဲ့ ဆောက်လုပ်ရေး အနာဂတ် Digital Twin ဆီသို့ ဦးတည်ခြင်း တို့နဲ့
ပက်သက်၍knowledge sharing ပေးချင်ပါတယ်။

အဆောက်အဦး ဆောက်ရင် BIM၊ လမ်းတံတားဆိုရင် CIM" လို့ပဲ သီးခြားစီ ခွဲခြားထားလို့ ရမလား? 🧐 အခုနောက်ပိုင်း ဂျပန်နိုင်ငံရဲ့ Project ကြီးတွေမှာ BIM/CIM 原則化 (Mandate) အရ ဒီနှစ်ခုကို ဘာကြောင့် မဖြစ်မနေ တစ်တွဲတည်း သုံးလာရတာလဲဆိုတာကို လေ့လာကြည့်ရအောင်🖌️

ဂျပန်နိုင်ငံ မြေယာ၊ အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီးဌာန (国土交通省 - MLIT) ရဲ့ လမ်းညွှန်ချက်အရ BIM/CIM Integration ဟာ အောက်ပါ နည်းပညာပိုင်းဆိုင်ရာ အချက်တွေကြောင့် အလွန်အရေးကြီးပါတယ်👇

1️⃣統合モデル (Integrated Model) တည်ဆောက်ခြင်း
・အဆောက်အဦးတစ်ခု (BIM) ကို တည်ဆောက်တဲ့အခါ ၎င်းတည်ရှိမယ့် မြေမျက်နှာသွင်ပြင်၊ မြေအောက်အဆောက်အအုံတွေနဲ့ လမ်းမကြီးတွေ (CIM) ရဲ့ Data တွေကို ပေါင်းစပ်ကြည့်ရှုနိုင်မှသာ Project တစ်ခုလုံးကို တိကျစွာ စီမံနိုင်မှာ ဖြစ်ပါတယ်။
• LandXML နဲ့ IFC Format တွေကို သုံးပြီး မတူညီတဲ့ Software တွေကြား Data ချိတ်ဆက်မှုကို အမှားအယွင်းမရှိ လုပ်ဆောင်ရပါတယ်။

2️⃣3次元計測 (3D Measurement) နှင့် Point Cloud
• UAV (Drone) ဒါမှမဟုတ် Laser Scanners တွေကနေ ရရှိလာတဲ့ 点群データ (Point Cloud Data) ကို Model ထဲ ထည့်သွင်းပြီး လက်ရှိ မြေမျက်နှာသွင်ပြင် (地形モデル) နဲ့ Design Model ကို တိုက်ဆိုင်စစ်ဆေးပါတယ်။
・ ဒါဟာ ဂျပန်ရဲ့ i-Construction မူဝါဒအရ မြေပြင်တိုင်းတာမှု (Surveying) ကို Digitalization လုပ်ခြင်းပဲ ဖြစ်ပါတယ်။

3️⃣ Digital Twin နှင့် 出来形管理 (As-built Management)
・ဆောက်လုပ်ပြီးသွားတဲ့အခါ လက်တွေ့ အတိုင်းအတာတွေကို Model နဲ့ တိုက်ဆိုင်စစ်ဆေးပြီး Digital Twin တစ်ခုအနေနဲ့ ပြုပြင်ထိန်းသိမ်းမှု (維持管理) အဆင့်မှာ သုံးနိုင်အောင် Data assign (属性付与) လုပ်ရပါတယ်။
• ဒါမှသာ အဆောက်အဦးရဲ့ သက်တမ်းတစ်လျှောက် ဘယ်နေရာမှာ ဘာပြင်ရမယ်ဆိုတာကို Computer ထဲမှာတင် ကြိုတင် သိနိုင်မှာပါ။

🔔ဒီလို BIM/CIM Integration ကျွမ်းကျင်မှုဟာ ဂျပန်နိုင်ငံရဲ့ Smart City Project တွေအတွက် အခြေခံအုတ်မြစ်ပဲ ဖြစ်ပါတယ်။ BIM ရော CIM ပါ Workflow ကို နားလည်ထားတဲ့ အင်ဂျင်နီယာတွေဟာ အနာဂတ်မှာ ပိုမို အခွင့်အလမ်းကောင်းမှာ သေချာပါတယ်။

‼️ဂျပန်နိုင်ငံရဲ့ BIM Standard တွေနဲ့အညီ BIMအခက်အခဲတွေကို ဖြေရှင်းရန် အတွက် BIM WORLD ရဲ့ Revit & BIM Online Consulting Service (RBOCS) အကြောင်းကိုသိချင်ပါက အောက်ပါ postမှာလေ့လာလိုရပါတယ်။အသေးစိတ်ကို Page Messenger မှာ ဆွေးနွေးနိုင်ပါတယ်။
🔽🔽🔽

https://www.facebook.com/share/p/1bSh9GjDG7/?mibextid=wwXIfr

‼️Copyright Notice:
All designs images/videoes and contents are created by
[BIM WORLD UNITED ENGINEERING Co.,Ltd]

❌ခွင့်ပြုချက်မရှိဘဲ ပုံများကို Crop လုပ်၍ကူးယူခြင်း၊ မိမိကိုယ်တိုင် ရေးသားထားသကဲ့သို့ BIM WORLD Page မှမူရင်းစာများကို ပြန်လည်ကူးယူဖော်ပြခြင်း (Reposting) များကို မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

✅ မူရင်း Post ကို Share ပေးခြင်းဖြင့်အသိအမှတ်ပြုနိုင်ပါသည်။

/cim
#統合モデル





အားလုံးဘဲမင်္ဂလာပါ🍀設計 (Design) နှင့် 施工 (Construction) အဆင့်များရှိ BIM Workflow များ၏ နည်းပညာပိုင်း ကွဲပြားမှုအကြောင်းက...
31/01/2026

အားလုံးဘဲမင်္ဂလာပါ🍀
設計 (Design) နှင့် 施工 (Construction) အဆင့်များရှိ BIM Workflow များ၏ နည်းပညာပိုင်း ကွဲပြားမှုအကြောင်းကို knowledge sharing ပေးချင်ပါတယ်။

🔔設計BIM နဲ့ 施工BIM... နည်းပညာပိုင်းအရ ဘာတွေ ကွဲပြားသလဲ? Model တစ်ခုတည်းကိုပဲ ဆက်သုံးလို့ ရနိုင်ပါသလား?
ဂျပန်ဆောက်လုပ်ရေး Project တွေမှာ အဆင့်အလိုက် Model ရဲ့ တိကျမှုနဲ့ ရည်ရွယ်ချက်က သိသိသာသာ ကွဲပြားပါတယ်။

"BIM ဆိုတာ 3D ပုံဆွဲတာပဲမဟုတ်လား?" လို့ ထင်နေရင်တော့ ဒါဟာ မှားယွင်းတဲ့ အယူအဆတစ်ခုပါ! ❌

💡 တကယ်တော့ ဂျပန်နိုင်ငံရဲ့ Professional Project တွေမှာ 設計BIM (Design BIM) နဲ့ 施工BIM (Construction BIM) ဆိုတာ ရည်ရွယ်ချက်ရော၊ နည်းပညာပိုင်းဆိုင်ရာ Workflow ရော လုံးဝ မတူညီတဲ့ နယ်ပယ်နှစ်ခု ဖြစ်ပါတယ်။

ဂျပန်နိုင်ငံ ဆောက်လုပ်ရေးလောကမှာ BIM ကို အသုံးပြုတဲ့အခါ Project ရဲ့ Lifecycle အလိုက် အောက်ပါအတိုင်း အသေးစိတ် ခွဲခြားထားပါတယ်- 👇
1️⃣設計 (Design) အဆင့်ရှိ BIM ၏ အခန်းကဏ္ဍ (LOD 200 - 300)
ဒီအဆင့်မှာ အဓိက ရည်ရွယ်ချက်က အဆောက်အဦးရဲ့ ပုံသဏ္ဍာန်နဲ့ စနစ်တွေကို အတည်ပြုဖို့ ဖြစ်ပါတယ်။

🔘 統合調整 (Coordination) 🤝:
意匠 (Architectural)၊ 構造 (Structural)၊ 設備 (MEP) ဆိုတဲ့ နယ်ပယ်သုံးခုကို တစ်ခုတည်းသော Model ပေါ်မှာ ပေါင်းစပ်ပြီး အချင်းချင်း ကြိတ်နေတာမျိုး (Interference) မရှိအောင် ညှိနှိုင်းရပါတယ်။

🔘 Environmental Simulation ☀️:
ဂျပန်ရဲ့ တင်းကျပ်တဲ့ ဥပဒေတွေအရ နေရောင်ခြည်ရရှိမှု (日影規制)၊ အလင်းပြန်မှုနဲ့ လေဝင်လေထွက် အခြေအနေတွေကို Model ကနေတစ်ဆင့် တိကျစွာ တွက်ချက်ပါတယ်။

🔘 建築確認申請 (Legal Compliance) 📄 :
ဆောက်လုပ်ခွင့် ပါမစ်လျှောက်ထားတဲ့အခါ BIM Model ကနေ ထုတ်ယူထားတဲ့ ပုံစံတွေဟာ တိကျမှုပိုရှိတဲ့အတွက် လုပ်ငန်းစဉ်ကို မြန်ဆန်စေပါတယ်။

2️⃣施工 (Construction) အဆင့်ရှိ BIM ၏ အခန်းကဏ္ဍ (LOD 350 - 400)
လက်တွေ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲ ရောက်တဲ့အခါ "တိကျမှု" ဟာ အရေးကြီးဆုံး ဖြစ်လာပါတယ်။

🔘 納まり (Detailing/Joints) 🔩 :
Design Model မှာ မပါဝင်တဲ့ လက်တွေ့ တပ်ဆင်မယ့် အသေးစိတ် Joint တွေ၊ Bolt & Nut အနေအထားတွေအထိ Model ထဲမှာ ထည့်သွင်းဆွဲသားရပါတယ်။ ဒါကို 施工図 (Shop Drawings) ထုတ်ဖို့အတွက် အဓိက အသုံးပြုပါတယ်။

🔘 干渉チェック (Advanced Clash Detection) 💥 :
ဥပမာ- ရေပိုက်လိုင်းတစ်ခုက Structure Beamကို ဖြတ်သွားမိနေလား? စတာတွေကို Navisworks လို Software မျိုးနဲ့ millimeter အထိ တိကျအောင် စစ်ဆေးပြီး လုပ်ငန်းခွင်ထဲမှာ ပြန်ဖျက်၊ ပြန်ပြင်ရတာ (Rework) မဖြစ်အောင် တားဆီးပေးပါတယ်။

🔘 4D Schedule & 5D Costing 📅💰 :
ဆောက်လုပ်မယ့် အစီအစဉ်အတိုင်း Model ကို အချိန် (Time) နဲ့ ချိတ်ဆက်ပြီး Simulate လုပ်ကြည့်ခြင်းဖြင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး (Safety) နဲ့ ဘတ်ဂျက် (Cost) ကိုပါ ထိန်းချုပ်နိုင်ပါတယ်။

ဒါကြောင့် Design Model ကို Construction မှာ တိုက်ရိုက်သုံးလို့မရဘဲ Product-specific Data တွေနဲ့ ပြန်လည် Update လုပ်ရတဲ့ Workflow ကို နားလည်ထားဖို့ လိုအပ်ပါတယ်။

အနှစ်ချုပ်ရရင် 設計BIM က "ဘာကို ဆောက်မှာလဲ" ဆိုတာကို အဓိကထားပြီး၊ 施工BIM ကတော့ "ဘယ်လို အမှားအယွင်းမရှိ ဆောက်မှာလဲ" ဆိုတာကို အဖြေထုတ်ပေးတာ ဖြစ်ပါတယ်။ ဒီ နယ်ပယ်နှစ်ခုလုံးကို ကျွမ်းကျင်တဲ့ အင်ဂျင်နီယာတွေဟာ ဂျပန်နိုင်ငံမှာ အလွန်ရှားပါးပြီး အခွင့်အလမ်းကောင်းတွေ ရရှိနေကြတာ ဖြစ်ပါကြောင်း knowledge sharing လိုက်ပါတယ်။

‼️ဂျပန်နိုင်ငံရဲ့ BIM Standard တွေနဲ့အညီ BIMအခက်အခဲတွေကို ဖြေရှင်းရန် အတွက် BIM WORLD ရဲ့ Revit & BIM Online Consulting Service (RBOCS) အကြောင်းကိုသိချင်ပါက အောက်ပါ postမှာလေ့လာလိုရပါတယ်။အသေးစိတ်ကို Page Messenger မှာ ဆွေးနွေးနိုင်ပါတယ်။
🔽🔽🔽

https://www.facebook.com/share/p/1bSh9GjDG7/?mibextid=wwXIfr

‼️Copyright Notice:
All designs images/videoes and contents are created by
[BIM WORLD UNITED ENGINEERING Co.,Ltd]

❌ခွင့်ပြုချက်မရှိဘဲ ပုံများကို Crop လုပ်၍ကူးယူခြင်း၊ မိမိကိုယ်တိုင် ရေးသားထားသကဲ့သို့ BIM WORLD Page မှမူရင်းစာများကို ပြန်လည်ကူးယူဖော်ပြခြင်း (Reposting) များကို မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

✅ မူရင်း Post ကို Share ပေးခြင်းဖြင့်အသိအမှတ်ပြုနိုင်ပါသည်။








#建築

မင်္ဂလာပါ🍀ဒီနေ့ကတော့ ကျွန်တော်တို့ Page က ပုံနဲ့စာသားတွေကို ‼️Copyright Notice နဲ့ပက်သက်ပြီး မေတ္တာရပ်ခံချင်တဲ့ အကြောင်း...
23/01/2026

မင်္ဂလာပါ🍀

ဒီနေ့ကတော့ ကျွန်တော်တို့ Page က ပုံနဲ့စာသားတွေကို ‼️Copyright Notice နဲ့ပက်သက်ပြီး မေတ္တာရပ်ခံချင်တဲ့ အကြောင်းလေး တင်ချင်လို့ပဲဖြစ်ပါတယ်ခင်ဗျာ။
Content ကောင်းတစ်ခုဖြစ်လာဖို့ ပုံအပါအဝင် အရေးအသား၊ အကြောင်းအရာကို ဖန်တီးရတဲ့သူတွေအတွက် လက်ရာကောင်းတစ်ခုဖြစ်လာဖို့ အချိန်နဲ့ လုပ်အားတွေ အများကြီး ရင်းနှီးထားရပါတယ်။

အခုနောက်ပိုင်း ကျွန်တော်တို့ BIM WORLD Page က ကိုယ်ပိုင် ဖန်တီးထားတဲ့ Content တွေ၊ ပုံ/videoတွေကို ခွင့်ပြုချက်မရှိဘဲ Crop လုပ်တာ (Logo ဖြုတ်တာ) နဲ့ တစ်ဆင့်ပြန်လည် ကူးယူဖော်ပြတာမျိုးတွေ ခဏခဏ တွေ့နေရလို့ပါ။
Creative Work တစ်ခုကို တန်ဖိုးထားတယ်ဆိုရင်
✅ မူရင်း Post ကို Share ပေးပါ။
✅ မူရင်းဖန်တီးသူကို Credit (Mention) ပေးပါ။
❌ ပုံကို ပြုပြင်ပြောင်းလဲခြင်း (Logo ဖြတ်ထုတ်ခြင်း) မပြုလုပ်ပါနဲ့။

📍အပြန်အလှန် လေးစားမှုရှိရှိနဲ့ အားပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ပါတယ်။🙏




အားလုံးဘဲမင်္ဂလာပါ🍀ဂျပန်နိုင်ငံရဲ့ ဆောက်လုပ်ရေး Project တွေမှာ BIM ကို "Drawing Tool" အဖြစ်တင်မဟုတ်ဘဲ "Information Manag...
22/01/2026

အားလုံးဘဲမင်္ဂလာပါ🍀
ဂျပန်နိုင်ငံရဲ့ ဆောက်လုပ်ရေး Project တွေမှာ BIM ကို "Drawing Tool" အဖြစ်တင်မဟုတ်ဘဲ "Information Management" အနေနဲ့ ဘယ်လို အသုံးချနေသလဲ? ဆိုတာနဲ့ပက်သက်ပြီး knowledge sharing ပေးချင်ပါတယ်။

🔔လက်ရှိ ဂျပန်နိုင်ငံရဲ့BIM標準ガイドライン(BIM Standard Guidelines)ရဲ့ 標準的なワークフローパターン (Standard Workflow Patterns)တွေထဲမှာ 設計နဲ့施工အတွက် BIMကိုမသုံးနိုင်တဲ့会社တွေ အတွက်ပါ စဉ်းစားပြီးတော့ 技術コンサルティング(Technical Consulting)ရဲ့ကဏ္ဍကိုပါ ထည့်သွင်းထားတာမလို့ BIM Consultantတွေက ပိုပြီးအရေးပါလာပါတယ်။

📍建築BIM推進会議 (BIM Promotion Council) ရဲ့ လမ်းညွှန်ချက်တွေအရ BIM Consultant တစ်ယောက်ရဲ့ အဓိက တာဝန်ဟာ ISO 19650 Standard နဲ့အညီ Data တွေကို စီမံခန့်ခွဲဖို့ ဖြစ်ပါတယ်။ နည်းပညာပိုင်းအရ အောက်ပါအချက်တွေက အလွန်အရေးကြီးပါတယ်:

1️⃣ BEP (BIM Ex*****on Plan - BIM 実行計画書) ရေးဆွဲခြင်း: Project တစ်ခုလုံးမှာ သုံးမယ့် Software Version၊ Coordinate System (座標系) နဲ့ LOD (Level of Development) တွေကို ကြိုတင်သတ်မှတ်ရပါတယ်။ ဒါမှသာ မတူညီတဲ့ ကုမ္ပဏီတွေကြား Data ချိတ်ဆက်တဲ့အခါ အလွဲအချော် မရှိမှာ ဖြစ်ပါတယ်။

2️⃣ CDE (Common Data Environment - 共通データ環境) တည်ဆောက်ခြင်း: Autodesk Construction Cloud (ACC) လိုမျိုး platform တွေပေါ်မှာ Role-based Access တွေ၊Approval Workflow တွေကို Setup လုပ်ပြီး Project ပါဝင်သူအားလုံး "Single Source of Truth" ကို ရရှိအောင် လုပ်ဆောင်ပေးရပါတယ်။

3️⃣ 属性情報 (Attribute Data) စီမံခန့်ခွဲခြင်း: 3D Model ရဲ့ Geometry ထက် ပိုအရေးကြီးတာက Model ထဲမှာပါတဲ့ ပစ္စည်းတွေရဲ့ Specifications၊ Maintenance Data (属性情報) တွေပဲ ဖြစ်ပါတယ်။ ဒီ Data တွေကို COBie Standardဒါမှမဟုတ် ဂျပန်ရဲ့ Standard တွေအတိုင်း ထည့်သွင်းနိုင်ဖို့ Consultant က လမ်းပြပေးရပါတယ်။

👉ဒါကြောင့် ဂျပန်မှာ BIM Consultant ဆိုတာ နည်းပညာရှင်တင်မကဘဲ လုပ်ငန်းခွင် တိုးတက်ဖို့အတွက် ဗျူဟာချပေးရတဲ့ Strategy Expert တွေပဲ ဖြစ်ပါကြောင်း Knowledge Sharing ပေးလိုက်ပါတယ်။

‼️ဂျပန်နိုင်ငံရဲ့ BIM Standard တွေနဲ့အညီ BIMအခက်အခဲတွေကို ဖြေရှင်းရန် အတွက် BIM WORLD ရဲ့ Revit & BIM Online Consulting Service (RBOCS) အကြောင်းကိုသိချင်ပါက အောက်ပါ postမှာလေ့လာလိုရပါတယ်။အသေးစိတ်ကို Page Messenger မှာ ဆွေးနွေးနိုင်ပါတယ်။
🔽🔽🔽

https://www.facebook.com/share/p/1bSh9GjDG7/?mibextid=wwXIfr

‼️Copyright Notice:
All designs images/videoes and contents are created by
[BIM WORLD UNITED ENGINEERING Co.,Ltd]

❌ခွင့်ပြုချက်မရှိဘဲ ပုံများကို Crop လုပ်၍ကူးယူခြင်း၊ မိမိကိုယ်တိုင် ရေးသားထားသကဲ့သို့ BIM WORLD Page မှမူရင်းစာများကို ပြန်လည်ကူးယူဖော်ပြခြင်း (Reposting) များကို မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

✅ မူရင်း Post ကို Share ပေးခြင်းဖြင့်အသိအမှတ်ပြုနိုင်ပါသည်။

Photo: AI concept character







#建築

မင်္ဂလာပါ🍀နှစ်သစ်၂၀၂၆ကစပြီးအခုတလော ဂျပန်နိုင်ငံရဲ့ ဆောက်လုပ်ရေးလောကမှာ BIM (Building Information Modeling) နဲ့ AI ပေါင်း...
13/01/2026

မင်္ဂလာပါ🍀
နှစ်သစ်၂၀၂၆ကစပြီးအခုတလော ဂျပန်နိုင်ငံရဲ့ ဆောက်လုပ်ရေးလောကမှာ BIM (Building Information Modeling) နဲ့ AI ပေါင်းစပ်မှုက ဘယ်လောက်တောင် အရှိန်အဟုန်နဲ့ ပြောင်းလဲနေပြီလဲ၊ဘာတွေလိုအပ်မလဲဆိုတာကို knowledge sharing ပေးချင်ပါတယ်။🇯🇵🏗️

🔔လက်ရှိ ဂျပန်နိုင်ငံရဲ့ ဆောက်လုပ်ရေးကဏ္ဍမှာ ကြုံတွေ့နေရတဲ့ 人手不足 (လုပ်သားရှားပါးမှု) ပြဿနာကို ဖြေရှင်းဖို့အတွက် DX (Digital Transformation) ကို အင်တိုက်အားတိုက် လုပ်ဆောင်နေပါတယ်။ AI ကြောင့် ပြောင်းလဲလာမယ့် အနာဂတ်နဲ့ လူသားတွေရဲ့ အခန်းကဏ္ဍကို စုစည်းတင်ပြပေးလိုက်ပါတယ်။

ဂျပန်ကုမ္ပဏီကြီးတွေဟာ ကိုယ်ပိုင် AI တွေကိုတီထွင်သလို၊ နာမည်ကြီး Software တွေနဲ့လည်း ပေါင်းစပ်အသုံးပြုကြပါတယ်။
🚀 AI + BIM ပေါင်းစပ်မှုကြောင့် ဖြစ်လာမယ့် ထူးခြားတဲ့ အပြောင်းအလဲ ၅ ခုကတော့

1️⃣ဒီဇိုင်းနှင့် ပုံထုတ်ခြင်းအတွက် AI
(デザインと生成AI )
•မြေကွက်အကျယ်အဝန်းကို ထည့်လိုက်ရုံနဲ့ နေရောင်ခြည်ရရှိမှု၊ လေတိုက်နှုန်းနဲ့ ဆူညံသံတွေကို AI က တွက်ချက်ပြီး အကောင်းဆုံး Floor Plan ဒီဇိုင်းပေါင်းများစွာကို မိနစ်ပိုင်းအတွင်း ထုတ်ပေးပါတယ်။
•ဂျပန်ရဲ့ ထိပ်သီးဆောက်လုပ်ရေးကုမ္ပဏီ ထုတ်ထားတာဆိုရင် ဗိသုကာပညာရှင်က ခဲတံနဲ့ အကြမ်းဆွဲလိုက်တာကို AI က ချက်ချင်း 3D Model ပြောင်းပေးပြီး လက်တွေ့ဆောက်လို့ရမယ့် ပုံစံမျိုးအထိ အလိုအလျောက် ဖန်တီးပေးပါတယ်။
2️⃣ပမာဏတွက်ချက်ခြင်းနှင့် ခန့်မှန်းခြင်း
(積算と見積もり )
•BIM (Revit) Model ထဲကနေ လိုအပ်တဲ့ ပစ္စည်းပမာဏတွေကို AI သုံးပြီး အလိုအလျောက် ထုတ်ယူပါတယ်။ အရင်က လူနဲ့တွက်ရင် ၁ ပတ်ကြာမယ့်အလုပ်ကို ၁ နာရီအတွင်း အမှားအယွင်းမရှိ တွက်ပေးနိုင်ပါတယ်။
•ဂျပန်က နိုင်ငံတကာ စီမံကိန်းတွေမှာ သုံးပါတယ်။ 2D Drawing တွေကို AI က ဖတ်ပြီး ဘယ်ဟာက နံရံ၊ ဘယ်ဟာက တံခါးဆိုတာ ခွဲခြားကာ ပမာဏ တွက်ထုတ်ပေးပါတယ်။
3️⃣လုပ်ငန်းခွင် စီမံခန့်ခွဲမှုနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး (現場管理と安全衛生)
•AI စက်ရုပ်တွေကို BIM Data နဲ့ ချိတ်ဆက်ပြီး ထိန်းချုပ်တဲ့စနစ်ပါ။ ဥပမာ - ကုန်တင်ကားတွေ ဘယ်အချိန်ဝင်ရမယ်၊ စက်ရုပ်တွေ ဘယ်နေရာမှာ အလုပ်လုပ်ရမယ်ဆိုတာကို AI က စီစဉ်ပေးပါတယ်။
•CCTV တွေကနေတစ်ဆင့် အလုပ်သမားတွေ PPE (ဦးထုပ်၊ အကျီ) ဝတ်မဝတ်၊ အန္တရာယ်ရှိတဲ့ ဧရိယာထဲ ဝင်မဝင်ကို AI က Real-time စောင့်ကြည့်ပေးတဲ့အပြင် Alertပါပေးပါတယ်။
4️⃣ဆောက်လုပ်ရေး စက်ရုပ်များနှင့် AI
(建設ロボットとAI )
•ဂျပန်မှာ အသုံးများလာတဲ့ နံရံ/မျက်နှာကျက် အပေါက်ဖောက်စက်ရုပ်ပါ။ BIM Model ထဲက အချက်အလက်ကို AI က ဖတ်ပြီး ဘယ်နေရာမှာ အပေါက်ဖောက်ရမယ်ဆိုတာကို တိတိကျကျ လိုက်လုပ်ပေးပါတယ်။
•ခွေးရုပ်ပုံစံ စက်ရုပ်လေးက လုပ်ငန်းခွင်ထဲ လျှောက်သွားပြီး 3D Scanning ဖတ်ပါတယ်။ ရလာတဲ့ Data ကို AI က သုံးပြီး "ဒီနေ့ အလုပ်ဘယ်လောက် ပြီးသွားပြီလဲ" ဆိုတာကို BIM Model နဲ့ တိုက်စစ်ပေးပါတယ်။
5️⃣အဆောက်အဦး ထိန်းသိမ်းမှု
(建物の維持管理:デジタルツイン )
•အဆောက်အဦး ဆောက်ပြီးသွားရင်တောင် BIM Model နဲ့ AI ပေါင်းစပ်ထားတဲ့ Digital Twin နည်းပညာက အဆောက်အဦးရဲ့ ဘယ်အပိုင်းမှာ ပျက်စီးတော့မလဲ၊ ဘယ်အချိန်မှာ ပြုပြင်ထိန်းသိမ်းရမလဲဆိုတာကို ကြိုတင်ခန့်မှန်းပေးပါတယ်။

⚠️ AI မရနိုင်သေးတဲ့ အကန့်အသတ်များ (What AI Can’t Do)
နည်းပညာတွေ ဘယ်လောက်တိုးတက်ပါစေ၊AI က ဘယ်လောက်ပဲ တော်နေပါစေ၊ လူသားတွေပဲ သာလွန်နေဦးမယ့် အခန်းကဏ္ဍ (၅) ခုကို ရှင်းပြပေးပါမယ်။

1️⃣ပေါင်းစပ်ညှိနှိုင်းပေးသူ (優れた調整役)
အဆောက်အဦးတစ်ခု ဆောက်ဖို့ဆိုတာ ဗိသုကာ၊ အင်ဂျင်နီယာ၊ လျှပ်စစ်၊ ရေပိုက် နဲ့ ကန်ထရိုက်တာတွေ အားလုံး ချိတ်ဆက်ရတာပါ။
• AI ရဲ့ အားနည်းချက်: AI က Data တစ်ခုချင်းစီကို တွက်ရတာ တော်ပေမဲ့၊ လူအများကြီးရဲ့ သဘောထားနဲ့ ကွဲပြားတဲ့ စိတ်ကူးတွေကို ညှိနှိုင်းပေးဖို့ ခက်ခဲပါတယ်။
• လူသားရဲ့ အခန်းကဏ္ဍ: မတူညီတဲ့ ပညာရှင်တွေကြားက ပဋိပက္ခတွေကို ဖြေရှင်းပေးတာ၊ လူအချင်းချင်း နားလည်မှုရအောင် စကားပြောတာမျိုးမှာ လူသားကပဲ အဓိက ဖြစ်နေဦးမှာပါ။
2️⃣ကျင့်ဝတ်နှင့် တရားဝင် ဆုံးဖြတ်ချက်ချသူ (倫理的・法的意思決定者)
ဂျပန်နိုင်ငံမှာ "ဘေးကင်းလုံခြုံမှု (安全)" က နံပါတ် ၁ ပါ။
• AI ရဲ့ အားနည်းချက်: AI က ကိန်းဂဏန်းတွေအရ "အဆင်ပြေတယ်" လို့ ပြောပေမဲ့၊ လူသားတွေရဲ့ အသက်အန္တရာယ်နဲ့ ဆိုင်လာရင် AI ကို ၁၀၀% မယုံကြည်နိုင်သေးပါဘူး။
• လူသားရဲ့ အခန်းကဏ္ဍ: "ဒီဇိုင်းက လှရုံတင်မကဘဲ တကယ်ကော စိတ်ချရရဲ့လား?" ဆိုတာကို ဂျပန်ရဲ့ တင်းကျပ်တဲ့ ဥပဒေတွေနဲ့အညီ အတည်ပြု လက်မှတ်ထိုးပေးရတာဟာ လူသားပညာရှင်ရဲ့ အလုပ်ပဲ ဖြစ်ပါတယ်။
3️⃣ဒီဇိုင်း၏ ဝိညာဉ်ကို ဖန်တီးသူ
(デザインの魂を吹き込む者)
အဆောက်အဦးဆိုတာ နေစရာ သက်သက်မဟုတ်ဘဲ နေထိုင်သူကို စိတ်ချမ်းသာမှု ပေးနိုင်ရပါမယ်။
• AI ရဲ့ အားနည်းချက်: AI က သင်္ချာနည်းကျ ဒီဇိုင်းဆွဲတာပါ။ လူတွေရဲ့ ခံစားချက် (ဥပမာ - ဂျပန်ရိုးရာ ဥယျာဉ်လေးကို ကြည့်ပြီး ငြိမ်းချမ်းသွားတဲ့ ခံစားချက်မျိုး) ကို AI က နားမလည်ပါဘူး။
• လူသားရဲ့ အခန်းကဏ္ဍ: လူတွေရဲ့ လိုအပ်ချက်၊ ယဉ်ကျေးမှုနဲ့ ပတ်ဝန်းကျင် အငွေ့အသက်ကို နားလည်ပြီး "နေချင်စဖွယ် အဆောက်အဦး" ဖြစ်အောင် ဖန်တီးပေးရတာဟာ လူသားရဲ့ ဖန်တီးနိုင်စွမ်း (Creativity) ပဲ ဖြစ်ပါတယ်။
4️⃣မဟာဗျူဟာမြောက် စီမံခန့်ခွဲသူ
(戦略的思考の実践者)
AI က လက်ရှိပေးထားတဲ့ Data ပေါ်မှာပဲ အလုပ်လုပ်တာပါ။
• AI ရဲ့ အားနည်းချက်: ရှေ့လျှောက်ပတ်ဝန်းကျင်မှာ ဘာတွေပြောင်းလဲလာမလဲ၊ နိုင်ငံရေး အခြေအနေ၊ စီးပွားရေး အပြောင်းအလဲတွေကို ကြိုမြင်ပြီး စီမံကိန်းတစ်ခုလုံးကို ပြောင်းလဲဖို့ မစွမ်းဆောင်နိုင်ပါဘူး။
• လူသားရဲ့ အခန်းကဏ္ဍ: ပရောဂျက်တစ်ခုလုံးရဲ့ ရေရှည်ရည်မှန်းချက် (Long-term Vision) ကို ချမှတ်တာ၊ မမျှော်လင့်ထားတဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားဖို့ နည်းဗျူဟာ ပြောင်းတာတွေမှာ လူသားကပဲ ဦးဆောင်ရမှာပါ။
5️⃣AI ကို လေ့ကျင့်ပေးသူနှင့် ကြီးကြပ်သူ
(AI監査官・トレーナー)
AI က အမှားလုပ်တတ်ပါတယ်။ (ဥပမာ - မှားယွင်းတဲ့ Data တွေကြောင့် လွဲမှားတဲ့ ပုံထုတ်ပေးတာမျိုး)
• လူသားရဲ့ အခန်းကဏ္ဍ: AI က ထုတ်ပေးလိုက်တဲ့ ရလဒ်ဟာ လက်တွေ့နယ်ပယ်မှာ ဖြစ်နိုင်/မဖြစ်နိုင် (Logic Check) ကို ပြန်စစ်ရမှာက လူသားပါ။ AI ကို ဘယ်လို Data တွေ ကျွေးရမယ်၊ ဘယ်လို ခိုင်းရမယ်ဆိုတာကို လူသားတွေကပဲ စီမံရတာပါ။

💡 အနာဂတ်အတွက် ပြင်ဆင်ရမယ့် Skillsets
နောင်အနာဂတ်မှာ "AI က လူသားတွေကို အစားထိုးမှာ မဟုတ်ဘဲ၊ AI ကို သုံးတတ်တဲ့သူတွေက AI မသုံးတတ်တဲ့သူတွေကို အစားထိုးသွားမှာပါ"။ ဒါကြောင့် ဂျပန်မှာ အလုပ်လုပ်မယ့်သူတွေအနေနဲ့ -
1️⃣ Technical Skill: Revit, ArchiCAD စတဲ့ BIM Tools များ။
2️⃣ Digital Literacy: AI Tools တွေကို အသုံးပြုပြီး အလုပ်မြန်အောင် လုပ်နိုင်စွမ်း။
3️⃣ Human Skill: Leadership နဲ့ ပြဿနာဖြေရှင်းနိုင်စွမ်း (Critical Thinking)။

အနှစ်ချုပ်ရရင်AI ကို ရန်သူလိုမမြင်ဘဲ ကိုယ့်ရဲ့ အစွမ်းထက်တဲ့ Partner တစ်ယောက်လို အသုံးချနိုင်ဖို့ အခုကတည်းက လေ့လာပြင်ဆင်ထားကြပါစို့။
💪✨

‼️Copyright Notice:
All designs images/videoes and contents are created by
[BIM WORLD UNITED ENGINEERING Co.,Ltd]

❌ခွင့်ပြုချက်မရှိဘဲ ပုံများကို Crop လုပ်၍ကူးယူခြင်း၊ မိမိကိုယ်တိုင် ရေးသားထားသကဲ့သို့ BIM WORLD Page မှမူရင်းစာများကို ပြန်လည်ကူးယူဖော်ပြခြင်း (Reposting) များကို မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

✅ မူရင်း Post ကို Share ပေးခြင်းဖြင့်အသိအမှတ်ပြုနိုင်ပါသည်။







#ဂျပန်အလုပ်အကိုင်
#ဆောက်လုပ်ရေး

အားလုံးဘဲမင်္ဂလာပါ။🍀ဂျပန်နိုင်ငံမှာ 建築BIM နယ်ပယ်နဲ့ ပက်သက်ပြီး အမေးအဖြေအစီအစဉ်လေးကို BIM WORLDကနေ ကူညီပေးဖို့ရန်အတွက် မေ...
02/12/2025

အားလုံးဘဲမင်္ဂလာပါ။🍀
ဂျပန်နိုင်ငံမှာ 建築BIM နယ်ပယ်နဲ့ ပက်သက်ပြီး အမေးအဖြေအစီအစဉ်လေးကို BIM WORLDကနေ ကူညီပေးဖို့ရန်အတွက် မေးခွန်းတွေထဲကမှ ၅ခုကိုကောက်နုတ်ကာ knowledge sharing လုပ်ပေးပါမယ်။

1️⃣ BIM (Modeler/Specialist) နဲ့ 設計者 (Designer) ဘာကွာလဲ။
ဒီနှစ်ခုက ဆက်စပ်နေပေမယ့် အဓိက တာဝန်ယူရတဲ့အပိုင်း ကွာခြားပါတယ်။
📍設計者 (Designer - Architect/Engineer):
👉အဓိကတာဝန်: "ဘာဆောက်မလဲ" ဆိုတာကို စဉ်းစားပါတယ်။ အဆောက်အဦးရဲ့ ဒီဇိုင်း၊ ဥပဒေစည်းမျဉ်းများ (Building Codes)၊ တည်ဆောက်ပုံ တွက်ချက်မှု (Structural Calculation) နဲ့ ခြုံငုံသုံးသပ်ခြင်းကို လုပ်ဆောင်ရသူပါ။
👉ဆုံးဖြတ်ချက်: ဒီဇိုင်းပိုင်းဆိုင်ရာ အဆုံးဖြတ်ပေးပိုင်ခွင့် (Authority) ရှိပါတယ်။
📍BIM (Modeler/Specialist):
👉 အဓိကတာဝန်: Designer တွေရဲ့ စိတ်ကူးနဲ့ တွက်ချက်မှုတွေကို "ဒီဂျစ်တယ် ပုံစံငယ် (3D Model)" အဖြစ် ပြောင်းလဲပေးသူပါ။ အချက်အလက် (Data) တွေကို ထည့်သွင်းခြင်း၊ ပုံထုတ်ခြင်း၊ Clash Detection (အဆောက်အဦး အစိတ်အပိုင်းများ မလွတ်မကင်းဖြစ်နေတာကို စစ်ဆေးခြင်း) တွေကို လုပ်ဆောင်ရပါတယ်။
👉ကျွမ်းကျင်မှု: Software (Revit, Archicad) ကျွမ်းကျင်မှုနဲ့ အသေးစိတ် ဂရုစိုက်နိုင်မှု လိုအပ်ပါတယ်။
🔔မှတ်ချက်: အခုနောက်ပိုင်းမှာတော့ Designer တွေကိုယ်တိုင် BIM ကို သုံးလာကြသလို၊ BIM သမားတွေကလည်း Design အသိပညာ ရှိထားဖို့ လိုအပ်လာပါတယ်။

2️⃣ BIM သင်တန်းတက်ပြီးရင် ဂျပန်မှာ အလုပ်ရဖို့ သေချာလား။
"၁၀၀% သေချာတယ်" လို့တော့ ပြောလို့မရပါဘူး။ သင်တန်းမှာ လေ့ကျင့်ခန်း၊Examတွေကိုသေချာလုပ်ထားမယ်၊ မိမိကိုယ်တိုင်လေ့ကျင့်အားထုတ်မှု ကလည်းမရှိမဖြစ် လိုအပ်ပါတယ်။
👉 လိုအပ်ချက်မြင့်မားခြင်း: ဂျပန်ဆောက်လုပ်ရေးလောကမှာ လုပ်သားရှားပါးမှုကြောင့် BIM နည်းပညာကို မဖြစ်မနေ သုံးလာကြပြီး BIM ကျွမ်းကျင်သူတွေ အရမ်းလိုအပ်နေပါတယ်။
👉 စိန်ခေါ်မှု: သင်တန်းဆင်းလက်မှတ်ထက် ပိုအရေးကြီးတာက ဂျပန်စာ အရည်အချင်း နှင့် BIMကျွမ်းကျင်မှုပါ။
BIM ကျွမ်းကျင်ပေမယ့် ဂျပန်စကားကောင်းကောင်း မပြောတတ်ရင်လည်း အလုပ်ရဖို့ ခက်ခဲနိုင်ပါတယ်။
👉 အကြံပြုချက်: အနည်းဆုံး JLPT N3 (သို့မဟုတ်) N2 ရှိထားပြီးတော့ အလုပ်interview နဲ့ပက်သက်တာကို လေ့ကျင့်တာရယ်နှင့် BIM Skillနဲ့ပေါင်းစပ်ပါက အလုပ်ရဖို့ အခွင့်အရေးပိုများလာပါမယ်။

3️⃣ BIM အလုပ်ကို Major မတူတဲ့သူတွေရော တက်ရင် ရလား။
Engineering Background မရှိပါက ပိုပြီး ကြိုးစားရပါလိမ့်မယ်။
👉 အခွင့်အလမ်း: IT background ရှိသူတွေ၊ တခြား Engineering field ကသူတွေလည်း BIM field ထဲကို ဝင်ရောက်လုပ်ကိုင်နေကြတာ အများကြီးရှိပါတယ်။
👉 ဖြည့်ဆည်းရမည့်အရာ: Software ကျွမ်းကျင်ရုံနဲ့ မလုံလောက်ပါဘူး။ "ဆောက်လုပ်ရေး အခြေခံ ဗဟုသုတ" (ဥပမာ - ပုံဖတ်နည်း၊ ဆောက်လုပ်ရေး ဝေါဟာရများ) ကို သီးသန့် လေ့လာထားဖို့ လိုပါတယ်။
Engineering Fieldတွေမှာ 基本的知識(Basic Knowledge)ကတော့ကျောင်းတွေမှာသင်ယူဖို့ လိုပါတယ်။
👉 ဂျပန်ကုမ္ပဏီများ၏ သဘောထား: ဂျပန်ကုမ္ပဏီတော်တော်များများက အခြေခံကောင်းပြီး သင်ယူလိုစိတ်ရှိတဲ့သူ (Potential) ကို ဦးစားပေးခန့်လေ့ရှိပါတယ်။

4️⃣ AI ခေတ်ရောက်တော့ BIM Job တွေက ဘယ်လိုဖြစ်နိုင်လဲ။
AI က BIM အလုပ်အကိုင်တွေကို ပျောက်သွားစေတာထက် အလုပ်လုပ်ပုံ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။
👉 အလိုအလျောက်စနစ်: ရိုးရှင်းတဲ့ ပုံဆွဲတာတွေ၊ Model တည်ဆောက်တာတွေကို AI က ကူညီပေးလာပါလိမ့်မယ်။ ဒါကြောင့် "BIM Operator" သက်သက် (ပြောတာလုပ်၊ ခိုင်းတာဆွဲ) အဆင့်လောက်ဆိုရင် ရေရှည်မှာ နေရာပျောက်နိုင်ပါတယ်။
👉 Level မြှင့်တင်ခြင်း: AI ကို ခိုင်းစေနိုင်မယ့်သူ၊ Data တွေကို စီမံခန့်ခွဲနိုင်သူ (BIM Coordinator/Manager) နဲ့ Programming (Dynamo, Python) နားလည်သူတွေက ပိုပြီး တန်ဖိုးရှိလာပါလိမ့်မယ်။
専門知識တွေမှာပိုသိဖို့လိုလာပါလိမ့်မယ်။
👉 ရလဒ်: လူက ပိုပြီး Creative ဖြစ်တဲ့အပိုင်းနဲ့ ဆုံးဖြတ်ချက်ချရတဲ့ အပိုင်းတွေကို ပိုအာရုံစိုက်ရပါလိမ့်မယ်။

5️⃣ BIM 未経験 (အတွေ့အကြုံမရှိ) သူတွေ ဘာတွေ ပြင်ဆင်ဖို့ လိုအပ်သလဲ။
📍အတွေ့အကြုံမရှိဘဲ ဂျပန်မှာ အလုပ်ဝင်ချင်တယ်ဆိုရင် အောက်ပါ ၄ ချက်ကို မဖြစ်မနေ ပြင်ဆင်ပါ။
👉 ဂျပန်စာ (Communication): လုပ်ငန်းခွင်သုံး စကားလုံးတွေ (Construction Terminology) ကို သိထားရပါမယ်။ N3 အဆင့်က အနိမ့်ဆုံး လိုအပ်ချက်လို့ မှတ်ယူပါ။
ဂျပန်စာတင်မက ဂျပန်စကားပြောပါ တတ်ကျွမ်းဖို့ လိုပါတယ်။
👉 Software Skills: ဂျပန်မှာ 建築BIMမှာ အသုံးအများဆုံးက Revit ပါ။ ပြီးရင် Archicad ပါ။ ဒီနှစ်ခုထဲက တစ်ခုကို ကျွမ်းကျင်အောင် (Shortcut key တွေကအစ) လေ့လာထားပါ။
AutoCADကတော့ အခြေခံလေးတွေသိထားဖို့ လိုပါတယ်။
👉 Portfolio: ကိုယ်ဆွဲထားတဲ့ ပုံတွေ၊လေ့ကျင့်ထားတဲ့ 3D Model တွေကို သပ်သပ်ရပ်ရပ် စုစည်းပြီး Portfolio ပြုလုပ်ထားပါ။
မိမိကိုယ်တိုင် ဆွဲထားတာမို့ မိမိကိုယ်တိုင်ရှင်းပြတတ်ဖို့လိုပါတယ်။
(အတွေ့အကြုံမရှိရင် ဒါက ကိုယ့်ရဲ့ အရည်အချင်းကို ပြသနိုင်တဲ့ တစ်ခုတည်းသော လက်နက်ပါ)။
👉 Construction Basics: Drawing တစ်ရွက်ကို မြင်ရင် ဘာပုံလဲ၊ ဘယ်လိုဆောက်မလဲဆိုတာ အကြမ်းဖျင်း နားလည်အောင် လေ့လာထားပါ။

🍀ဆက်လက်ပြီးတော့建築BIMနဲ့ပက်သက်ပြီး
အမေးအဖြေများကိုလည်း knowledge sharing အနေနဲ့ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။🍀

‼️BIMနဲ့ပက်သက်ပြီးအခက်အခဲများကို ဖြေရှင်းရန်အတွက် Revit & BIM Online Consulting Service (RBOCS) အကြောင်းကိုသိချင်ပါက အောက်ပါ postမှာလေ့လာလိုရပါတယ်။
🔽🔽🔽

https://www.facebook.com/share/p/1bSh9GjDG7/?mibextid=wwXIfr

‼️Copyright Notice:
All designs images/videoes and contents are created by
[BIM WORLD UNITED ENGINEERING Co.,Ltd]

❌ခွင့်ပြုချက်မရှိဘဲ ပုံများကို Crop လုပ်၍ကူးယူခြင်း၊ မိမိကိုယ်တိုင် ရေးသားထားသကဲ့သို့ BIM WORLD Page မှမူရင်းစာများကို ပြန်လည်ကူးယူဖော်ပြခြင်း (Reposting) များကို မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

✅ မူရင်း Post ကို Share ပေးခြင်းဖြင့်အသိအမှတ်ပြုနိုင်ပါသည်။





#建築

အားလုံးပဲ မင်္ဂလာပါ☘️ဂျပန်မှာBIM資格အမျိုးအစားများစွာရှိသည့်အနက်မှ おすすめ 資格တွေကို2024ကတည်းကknowledge sharing လုပ်ပြီးသားကို...
04/11/2025

အားလုံးပဲ မင်္ဂလာပါ☘️
ဂျပန်မှာBIM資格အမျိုးအစားများစွာရှိသည့်အနက်မှ おすすめ 資格တွေကို2024ကတည်းကknowledge sharing လုပ်ပြီးသားကိုထပ်ပြီးshareပေးလိုက်ပါတယ်။
(ပုံတစ်ပုံချင်းစီမှာ အသေးစိတ်ရေးပေးထားတာပါပါတယ်။)
✔မှတ်ချက်။ လက်ရှိဂျပန်သည်BIMနဲ့ပက်သက်၍カイドラインス(Guidelines )နဲ့原則適用(Principles Apply)လုပ်နေဆဲဖြစ်တာကြောင့် BIMနဲ့သက်ဆိုင်တဲ့ 資格တွေက မိမိတို့ရဲ့スキルアップလုပ်ဖို့ရန်အတွက်အထောက်အကူပြုဖို့ရန်သာဖြစ်ပါတယ်။
※【国家資格(National Qualification)မဟုတ်သေးပါ။ 】




in Japan

မင်္ဂလာပါ🍀Self-Study (ကိုယ်တိုင်လေ့လာခြင်း) နှင့် Experience ရှိသူဆီမှ သင်ယူခြင်း (Mentorship / Professional Coaching)နဲ...
12/10/2025

မင်္ဂလာပါ🍀

Self-Study (ကိုယ်တိုင်လေ့လာခြင်း) နှင့်
Experience ရှိသူဆီမှ သင်ယူခြင်း (Mentorship / Professional Coaching)
နဲ့ပက်သက်ပြီး ဘာသာရပ်တစ်ခုအတွက် သင်ယူမှုပုံစံ နှစ်မျိုးရဲ့ အားသာချက်/အားနည်းချက်တွေကို knowledge sharing ပေးချင်ပါတယ်။🍀

🧑‍💻Self-Study (ကိုယ်တိုင်လေ့လာခြင်း)

👉အားသာချက်

① မိမိအားလပ်တဲ့အချိန်၊ ကိုယ်စိတ်ဝင်စားတဲ့ အပိုင်း ကို စိတ်ကြိုက် အချိန်ပေးပြီး နက်နက်နဲနဲ လေ့လာနိုင်ခြင်း။

② ခေတ်နှင့်အညီonline platform တွေကနေအမြန်ဆုံးလေ့လာနိုင်ခြင်း။

③ သင်တန်းကြေးများစွာ သုံးစရာမလိုတဲ့အတွက် ကုန်ကျစရိတ်သက်သာခြင်း။

👉အားနည်းချက်

① ဘယ်အချက်က အရေးကြီးပြီး ဘယ်အချက်က အရေးမပါဘူးဆိုတာကို ခွဲခြားရခက်၍ ဦးတည်ချက် ပျောက်ဆုံးခြင်း။

② တကယ့် လုပ်ငန်းခွင် စံနှုန်း ကိုက်ညီရဲ့လား၊
ပြဿနာရှိမရှိ သိနိုင်ဖို့ ခက်ခဲ၍ လက်တွေ့အသုံးချမှု အားနည်းခြင်း။

③ သင်ယူမှုမှာ လှုံ့ဆော်မှု နဲ့ စည်းကမ်း၊
အလွန်အမင်း လိုအပ်ခြင်းတို့ကြောင့် စည်းကမ်းနဲ့ ဇွဲရှိမှု လိုအပ်ခြင်း။

🧑‍🏫Experience ရှိသူဆီမှ သင်ယူခြင်း (Mentorship / Professional Coaching)

👉အားသာချက်

① စာအုပ်ထဲမှာ မပါတဲ့၊ တကယ့် ပရောဂျက်မှာသာ ကြုံရတဲ့ (Workflow,Problem Solving ,Strategy) တွေကို တိုက်ရိုက် သင်ယူရတာမို့လက်တွေ့လုပ်ငန်းစဉ်ကိုနားလည်ခြင်း။

② အမှားတွေကို အမြန်ဆုံး ပြင်ဆင်နိုင်ခြင်း။ အလုပ်ခွင်နှင့် ကိုက်ညီသော အကြံဉာဏ်များ ရရှိခြင်းတို့ကြောင့် လမ်းညွှန်မှုရရှိခြင်း။

③ Industry ထဲက လူတွေနဲ့ ရင်းနှီးခွင့်ရပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုရရှိနိုင်ခြင်း။

👉အားနည်းချက်

① အတွေ့အကြုံရှိသူနဲ့ အချိန်၊ နေရာ သတ်မှတ်ပြီး သင်ယူရတဲ့အတွက် မိမိစိတ်ကြိုက် အရှိန်နဲ့ သွားလို့ မရနိုင်ခြင်း။

② တကယ့် Professional တစ်ဦးဆီက သင်ယူခြင်းဟာ သင်ကြားခ ရှိနိုင်တာမို့ ကုန်ကျစရိတ်မြင့်မားနိုင်ခြင်း။

③ သင်ကြားသူရဲ့ အရည်အချင်းနဲ့ အတွေ့အကြုံအပေါ် လုံးဝ မူတည်နေခြင်း။ သင်ကြားသူဟာ Professional မဟုတ်ဘဲ "လုပ်တတ်ရုံ" သမားဆိုရင် အမှားတွေကိုပါ ကူးစက်ခံရနိုင်ခြင်း။

🖌️အချုပ်အားဖြင့်ဘာသာရပ်တခုကို
လေ့လာရာတွင်မိမိကိုယ်တိုင်လေ့လာပြီးနောက်
ကျွမ်းကျင်တဲ့သူဆီမှာ လေ့လာဖို့လိုပါတယ်။
စာဖတ်ခြင်းနှင့် ကိုယ်ပိုင်လေ့လာမှု မရှိဘဲ သင်တန်းများ လိုက်တက်ရုံနဲ့ မိမိအားထုတ်မှုမရှိပါက ဘယ်တော့မှ ကျွမ်းကျင်သူ ဖြစ်လာမှာ မဟုတ်ပါဘူး။

🔔ထို့အပြင် မိမိကိုယ်တိုင်အားမထုတ်ပါက သင်တန်းပေးသူ ပြောသမျှကိုသာ လိုက်လုပ်နေ၍
‼️နားလည်မှု ပျောက်ဆုံးခြင်း (Loss of Understanding)
‼️ကိုယ်ပိုင် စွမ်းဆောင်နိုင်စွမ်း နည်းပါးခြင်း (Lack of Autonomy)
‼️အချိန်နှင့် ငွေကြေး အလဟဿ ဖြစ်ခြင်း (Waste of Time and Money)
ဖြစ်တာမို့

1️⃣အခြေခံအုတ်မြစ် (Foundation): သင်တန်းတစ်ခုကနေ အခြေခံ သဘောတရား (Concept) တွေကို စနစ်တကျ လေ့လာပါ။ (အတန်းတက်ခြင်း)

2️⃣ကျွမ်းကျင်မှု (Mastery): ရလာတဲ့ အသိပညာတွေကို ကိုယ်တိုင် စာအုပ်စာတမ်းများ (Standard, Guide, Documentation) ကို ဖတ်ရှုပြီး နက်နက်နဲနဲ လေ့လာပါ။ (Self-Study)

3️⃣လက်တွေ့ အသုံးချမှု (Application): အတွေ့အကြုံရှိတဲ့ Senior တွေဆီက လက်တွေ့စိန်ခေါ်မှုတွေကို မေးမြန်း၊ သင်ယူပြီး ပရောဂျက်အစစ်တွေမှာ အသုံးချပါ။ (Learning from Experience)

ဒီနည်းလမ်း သုံးခု ပေါင်းစပ်မှသာ
လုပ်ငန်းစဉ်ကို ဦးဆောင်နိုင်သူ (Process Leader) အဖြစ် ပြောင်းလဲနိုင်မှာ ဖြစ်ကြောင်း
Knowledge sharing လိုက်ပါတယ်။





☘️အားလုံးပဲ မင်္ဂလာပါခင်ဗျာ☘️BIM WORLD မှ ဂျပန်နိုင်ငံတွင် BIMနဲ့ လုပ်ကိုင်လိုသူများအတွက် မရှိမဖြစ်လိုအပ်သည့် Building D...
27/09/2025

☘️အားလုံးပဲ မင်္ဂလာပါခင်ဗျာ☘️

BIM WORLD မှ ဂျပန်နိုင်ငံတွင် BIMနဲ့ လုပ်ကိုင်လိုသူများအတွက် မရှိမဖြစ်လိုအပ်သည့် Building Drawings: Types and Roles (BW-01) နှင့် BIM (Revit) Essentials Course (BW-04 & BW-05) အခြေခံသင်တန်းများကို ဒီနှစ်ရဲ့ နောက်ဆုံးအတန်းအဖြစ်
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက် (အင်္ဂါနေ့) မှစတင်၍ Video Recording Class Type ဖြင့် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ကြေညာအပ်ပါတယ်ခင်ဗျာ။

🎥 Video Recording Class ၏ အားသာချက်များ

အချိန်မအားလပ်သူများ၊ အလုပ်တစ်ဖက်နှင့် ကျောင်းတစ်ဖက် တက်နေရသူများအတွက် အထူးသင့်လျော်သော Video Recording Class သည် သင်အားလပ်သည့်အချိန်တွင် ဗီဒီယိုများကို ပြန်လည်ကြည့်ရှု၍ လေ့လာနိုင်မည်ဖြစ်ပါတယ်။

BIM WORLD သည် သင်တန်းသားများအတွက် သင်တန်းကြေး သင့်တင့်ပြီး ထိရောက်မှုရှိသော သင်တန်းများကို ပေးနိုင်ရန် အထူးဂရုပြုကာ ဗီဒီယိုများကို ကိုယ်တိုင် မှတ်တမ်းတင် ပြင်ဆင်ထားပါတယ်။

📚 ဖွင့်လှစ်မည့် အခြေခံသင်တန်းများ

1️⃣ BW-01: Building Drawings: Types and Roles (建築図面:種類と役割)

ဂျပန်နိုင်ငံတွင် အင်ဂျင်နီယာတစ်ဦးအဖြစ် အလုပ်လုပ်ကိုင်မည်ဆိုပါက 図面 (Drawing) သည် မရှိမဖြစ် နားလည်ထားရမည့်အရာ ဖြစ်ပါတယ်။ BIM, CAD, Site, Office ကဏ္ဍများတွင် Drawings များကို ဦးစွာသိရှိနားလည်ရန် အရေးကြီးသောကြောင့် ဤသင်တန်း၏ Batch-6 ကို ဖွင့်လှစ်ရခြင်း ဖြစ်ပါတယ်။

သင်ကြားမှုပုံစံ: AutoCAD + Theory

လိုအပ်ချက်: AutoCAD 2D Basic Knowledge ရှိရန် လိုအပ်ပါတယ်။
(မှတ်ချက်။AutoCADကိုသင်တဲ့အတန်းမဟုတ်ပါ။)

သင်ရိုး: ဂျပန်နိုင်ငံရှိ 建築နှင့်သက်ဆိုင်သော Drawing အမျိုးအစားများ၊ Drawing များကို မြင်တတ်ရန်၊ Design Concept များနှင့် 建築基準法 (Building Standards Law) များနှင့် တွဲဖက်၍ သင်ကြားပေးမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်းများ: Theory များနှင့်အတူ Exercise များ ပါဝင်မည်ဖြစ်ပြီး AutoCAD ဖြင့် ဆွဲခိုင်းမှာဖြစ်ပါတယ်။

ရည်ရွယ်ချက်: Drawing ၏ သဘောသဘာဝကို နားလည်စေရန် အဓိကထား ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။

2️⃣ BW-04: BIM (Revit) Essentials Course - Architecture

3️⃣ BW-05: BIM (Revit) Essentials Course - Structure

Revit Software သည် BIM လုပ်ငန်းစဉ်တွင် အလွန်အရေးပါသော ကဏ္ဍမှ ပါဝင်ပါတယ်။ Software သည် 3D မော်ဒယ်များ ဖန်တီးခြင်း၊ အသေးစိတ် ဒီဇိုင်းရေးဆွဲခြင်း၊ ပစ္စည်းစာရင်းများ ထုတ်ယူခြင်းတို့ကို လုပ်ဆောင်နိုင်ပြီး စီမံကိန်းတစ်ခုလုံးကို စနစ်တကျ စီမံခန့်ခွဲနိုင်စေပါတယ်။ BIM နည်းပညာကို ကျွမ်းကျင်စွာ အသုံးချနိုင်ရန် အခြေခံမှ စတင်လေ့ကျင့်သင်ကြားမှု လိုအပ်သောကြောင့် Batch-9 ကို ဖွင့်လှစ်ခြင်း ဖြစ်ပါတယ်။

သင်ရိုး: Revit Architecture & Structure Modeling ကို အခြေခံမှစ၍ ဂျပန်အသုံးအနှုန်းများကို English နှင့် တွဲဖက်ကာ Tool bar များအကြောင်းကိုလည်း Japan BIM Experience နှင့်အတူ ရှင်းပြသင်ကြားပေးမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်းများ: Modeling ကို Exercise Project များနှင့်အတူ တွဲဖက်လေ့ကျင့်ကာ ဆွဲခိုင်းတာဖြစ်ပါတယ်။

✨ BIM WORLD သင်တန်းများ၏ အားသာချက်များ

📍လက်တွေ့ပရောဂျက်များကို အခြေခံထားသော သင်ခန်းစာများ။

📍အတွေ့အကြုံရှိသူမှ သင်ကြားပို့ချပေးခြင်း။

📍ဂျပန်နိုင်ငံ၏ ဆောက်လုပ်ရေးစံနှုန်းများနှင့် ကိုက်ညီသော သင်ရိုးညွှန်းတမ်း။

ကျွန်တော်အနေဖြင့် တစ်နှစ်ပတ်လုံး သင်တန်းများစွာ ဖွင့်လှစ်နိုင်ခြင်းမရှိသောကြောင့် သင်တန်းသားအားလုံးအတွက် အဆင်ပြေစေရန် ကိုယ်တိုင် Recording သွင်းကာ လိုအပ်ချက်မရှိစေရန် သေချာဂရုတစိုက် ပြင်ဆင်ထားပါတယ်။

🧑‍💻 သင်ကြားမည့်ပုံစံနှင့် အချိန်ဇယား

Video Class ပုံစံဖြင့် (Lecture + Project Exercise) များကို အောက်ပါအတိုင်း တင်ပေးသွားပါမယ်။

BW-01: ၂ လ (၈ ပတ်)

BW-04 & BW-05: ၂ လခွဲ (၁၀ ပတ်)

တင်မည့်ရက်: တစ်ပတ်လျှင် ၂ ရက် (အပတ်စဉ် အင်္ဂါနှင့် ဗုဒ္ဓဟူးနေ့)

တင်မည့်အချိန်: ဂျပန်စံတော်ချိန် ည ၈:၀၀

Platform: Facebook Private Group

📜 သင်တန်းပြီးဆုံးခြင်းနှင့် E-Certificate

သင်တန်းပြီးဆုံးပါက Test ဖြေဆိုရမည်ဖြစ်ပြီး၊ Test ပြီးနောက် Exam Answer နှင့် Result များကို ကြေညာပေးမည်။ သင်တန်းပြီးဆုံးပြီးနောက် စာလေ့လာရန် တစ်ပတ်အချိန်ပေးမည်ဖြစ်ပြီး ထို့နောက်တစ်ပတ်တွင် Test ရှိမည်။
‼️(မှတ်ချက် အောင်မှတ် ၆၀ ပါ။)‼️
အောင်မြင်သူများကို E-Certificate ထုတ်ပေးပါတယ်။

🔔မအောင်မြင်သူများလည်း နောက်ဖွင့်မည့် Batch များတွင် ပြန်လည်ဖြေဆိုနိုင်ပြီး အောင်မြင်ပါက E-Certificate ရရှိပါမယ်။

🎯 မည်သူများ တက်ရောက်သင့်သလဲ

・Japan Drawing အကြောင်း သိရှိလိုသူများ

・BIM Operator / BIM Modeler ဖြစ်လိုသူများ

・CAD / BIM Operator များ

・BIM Basic ကို ဂျပန် Standard အတိုင်း သိရှိလိုသူများ

・BIM နှင့် အလုပ်လုပ်ကိုင်မည့်သူများ

・BIM Work ကို စိတ်ဝင်စား၍ လုပ်ကိုင်လိုသူများ

ဤသင်တန်းများသည် ပွဲမဝင်မီ ပြင်ဆင်ရန်အတွက် တက်ရောက်သင့်သော သင်တန်းများ ဖြစ်ပါတယ်။

🛠️ Online Learning Tools

⚙️Software:
・Revit (Japanese/English Version)
・AutoCAD (Japanese/English Version)

⚙️Data Sharing:
Google Drive

💸 သင်တန်းကြေး

BW-01: ¥ 7,500

BW-04: ¥ 7,500

BW-05: ¥ 7,500

💹သင်တန်းကြေးပေးသွင်းရန်💹
🔴🇯🇵 SMBC

📍သင်တန်းအပ်ရန်👉Page Messenger






#図面





住所

Minato, Tokyo

営業時間

火曜日 09:00 - 18:00
水曜日 09:00 - 18:00
木曜日 09:00 - 18:00
土曜日 09:00 - 17:00
日曜日 09:00 - 17:00

アラート

BIM WORLDがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

BIM WORLDにメッセージを送信:

共有する

カテゴリー