Asxox Online Store

Asxox Online Store Asxox is the biggest online shopping website in Myanmar offering the best deals & discount on latest Appliance, Function, Kitchen Equipment & much more.

Cash on Delivery on all items in Yangon, Mandalay, Naypyidaw, & across Myanmar. ထိုင်ဝမ်မိတ် ပစ္စည်းများ ကို သာ ကုမ္ပဏီတိုက်ရိုက်ဈေးဖြင့် ရောင်းချ ပေးနေပါပြီ။
ကုန်ပစ္စည်းများ အပေါ်တွင်လည်း တာဝန်ယူတာဝန်ခံ မှု အပြည့်ရှိပြီး 👍
မှာယူလိုက်တဲ့ ပစ္စည်းများတွင် အမှားအယွင်းတစ်စုံတစ်ခုပါလာခဲ့ပါက ပြန်လည် လဲလှယ်နိုင်ပါတယ်ရှင်...👍👍👍

အဆင်မပြေမှုများ ဖြစ်ခဲ့ပါက စစ်ဆေးပြီး အချက်အလက်အစုံအလင်ဖြင့်
Opreator Phone

Number - 09966906666, 09966907777 ကို
ဆက်ပြီး ကုမ္ပဏီသို့ ပြန်လည်ပို့ဆောင်နိုင်ပါတယ်ရှင် ...👍👍👍

❌"လူကြီးမင်း ရဲ့စိတ် အခြေအနေ အပြောင်းအလဲကြောင့် ပြန်လည်ပို့ဆောင်ချင်တဲ့ ပစ္စည်းများ ကိုတော့ ပြန်လည်လဲလှယ်ခွင့် မရှိပါဘူးနော်"❌

13/05/2021

အင်္ဂလန်ဘုရင်မ အဲလိဇဘတ် ထက်
အဆ x ၈၀ ချမ်းသာတဲ့ ထိုင်းဘုရင် >>>

အမေများနေ့ ( ၁၀- ၅- ၂၀၂၁)😥😥😥😥😥😥😥မိခင်တိုင်းအတွက် သားသမီး ပျောက်ဆုံး ခံရခြင်းသည်။အပြင်းထန်ဆုံးသော ကြေကွဲနာကြင် ခံစားရမှုဖ...
10/05/2021

အမေများနေ့ ( ၁၀- ၅- ၂၀၂၁)
😥😥😥😥😥😥😥
မိခင်တိုင်းအတွက် သားသမီး ပျောက်ဆုံး ခံရခြင်းသည်။
အပြင်းထန်ဆုံးသော ကြေကွဲနာကြင် ခံစားရမှုဖြစ်ပါသည်။

🤪ကိတ်လာစေမယ့် နည်းလမ်း ၅ သွယ်🤪======================================1️⃣ထိုင်ထလုပ်ခြင်း⏩လေ့ကျင့်ခန်း မလုပ်ခင် အကြောလျော့ပ...
06/05/2021

🤪ကိတ်လာစေမယ့် နည်းလမ်း ၅ သွယ်🤪
======================================
1️⃣ထိုင်ထလုပ်ခြင်း⏩
လေ့ကျင့်ခန်း မလုပ်ခင် အကြောလျော့ပေးခြင်း က အရမ်းအရေးကြီးပါ တယ်။
အကြောတွေတင်းနေရင် လေ့ကျင်းခန်းမလုပ်ခင် ကြိုတင် အကြောလျော့ထားပေးဖို့ လိုပါတယ်။
ထိုင်ထလုပ်ခြင်း က သင့် အတွက် ကိတ်ဖို့ အတွက် အဓိက လေ့ကျင့်ခန်းပါပဲ။

2️⃣တစ်ပတ်မှာ သုံးရက် လေ့ကျင့်ခန်းလုပ်ခြင်း⏩
ကိတ်ဖို့ အတွက် နေ့တိုင်းလေ့ကျင့်ခန်းလုပ်စရာမလို ပါဘူး..
ခန္ဓာကိုယ်က ကြွက်သားတွေ အားလုံးက လေ့ကျင့်ခန်းတစ်ခါ လုပ်ပြီး ရင် အနဲဆုံး ၂၄နာရီ အနားပေးဖို့ လိုပါတယ်။
တင်ပါး ကြွက်သားတွေ နားနေချိန်တွေ မှာ ကြီးထွားလာဖို့ လုပ်ဆောင်နေပြီဖြစ်လို့ လေ့ကျင့်ခန်းတွေ နေ့တိုင်းလုပ်စရာမလိုပါဘူးနော်။

3️⃣စားပါ⏩
ဒါကတော့ ပျိုမေတို့ အကြိုက်ဆုံး အပိုင်းလေး ဖြစ်မယ်ထင်ပါတယ်။
အားအင်ချိနဲ့နေရင် ကြွက်သွားဖွင့်ဖြိုးဖို့ နှောင့်နှေးနေမှာ ဖြစ်လို့ မဖြစ်မနေ စားပေးဖို့ လိုအပ်ပါတယ်။
လေ့ကျင့်ခန်း မလုပ်ခင် နဲ့ လေ့ကျင့်ခန်းလုပ်ပြီး အချိန်များမှာ အစေ့အဆံများ စားပေးခြင်း အသားဓာတ်များစွာ စားပေးခြင်း ကို လုပ်ပေးရပါမယ်။
လေ့ကျင့်ခန်းလုပ်ပြီး အချိန်မှာ ပိုစားဖို့ လိုအပ်ပါတယ်။

4️⃣ကာဒီယို လေ့ကျင့်ခန်းများ ⏩
ကာဒီယို လေ့ကျင့်ခန်းတွေ က ကိတ်စေတဲ့ ကြွက်သား တွေရဲ့ အဓိက လိုအပ်ချက်ဆိုတာ သိထားပါ။
တောင်တက်ခြင်း၊ စက်ဘီးစီးခြင်း၊ လမ်းလျောက်ခြင်း၊ Gym မှာ လေ့ကျင့်စက်နဲ့ လမ်းလျောက်မယ်ဆိုရင် inclane 30% ထားပေးပါ၊
လေ့ကျင့်ခန်းတွေ လုပ်ခြင်းက ခန္ဓာကိုယ်နဲ့ စိတ်နဲ့ ဆက်သွယ်မှု ပိုမိုကောင်းမွန်စေ ပြီးတော့ ..
ပိုမို ကိတ်စေမှာပါ။

5️⃣ဝိတ်တတ်နေပါစေ⏩
အပေါ်မှာ ပြောထားတဲ့ အတိုင်း ကစားထားမယ်ဆိုရင် တစ်လမှာ ၂ ပေါင် ၅ ပေါင် သို့မဟုတ် ၁၀ ပေါင်အထိ တတ်လာစေမှာပါ။
တင်ပါးကြွက်သားတွေ ကြီး လာတာနဲ့ အညီ ဝိတ်ကောင်းကောင်း တတ်လာပြီဆိုရင်တော့ ပျိုမေတို့ ပျော်ရွှင်လိုက်ပါတော့။

မှတ်ချက်။ ။ ပျိုမေတို့ ရဲ့ ခန္ဓာကိုယ် ပုံစံ အရပ်နဲ့ ကိုက်ညီတဲ့ ကိုယ်အလေးချိန်ရှိနေပြီဆိုရင်တော့ လှလှ ပပ နဲ့ ကိတ်လာစေဖို့အတွက် စိန်ခေါ်မှုတွေ များစွာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ပျိုမေတို့အတွက် ကိတ်လာစေမယ့် နည်းလမ်း ၅ သွယ် နဲ့ ပက်သက်ပြီး မရှင်းတာ ရှိရင် Comment မှာ‌ မေးသွားလို့ ရပါတယ်။

😍 ချစ်ရသူတွေ အတွက် မိုးရာသီ အထူး Promotion 😍ရန်ကုန်မြို့အတွင်း Delivery Free + ထီးလက်ဆောင်📣📣📣📣📣📣📣 Delivery က တော့ May တစ...
06/05/2021

😍 ချစ်ရသူတွေ အတွက် မိုးရာသီ အထူး Promotion 😍

ရန်ကုန်မြို့အတွင်း Delivery Free + ထီးလက်ဆောင်

📣📣📣📣📣📣📣
Delivery က တော့ May တစ်လ လုံး Free ဆိုပေမယ့်
🙇‍♂️အမှတ်တရ ထီးလက်ဆောင်က တော့
🙇‍♂️အရေအတွက် ကန့်သတ်ထားလို့
🙇‍♂️မြန်မြန်မှာ မှ စိတ်ချရမယ်နော်... 👍👍👍

🚐ပစ္စည်းရောက် 💰ငွေချေစနစ် ဆိုတော့
စိတ်ချလက်ချ မှာယူနိုင်ပါတယ်ရှင် ✔️✔️✔️
📲Phone: 09966906666, 09966907777
🏠Address: No.165, Tapin Shwe Htee Street, Hlaing Thar Yar Township, Yangon, Myanmar.

ဖိုးသော်ရဲ့ နောက်ဆုံးအခြေအနေ နဲ့ ဖိုးသော်ရဲ့ အကြောင်း ❗❗❗➡️သိုင်းပေါင်းစုံအားကစား ပြိုင်ပွဲကြီးမှာ လက်သီးတစ်လုံး၊ ခြေကန်...
06/05/2021

ဖိုးသော်ရဲ့ နောက်ဆုံးအခြေအနေ နဲ့
ဖိုးသော်ရဲ့ အကြောင်း ❗❗❗

➡️သိုင်းပေါင်းစုံအားကစား ပြိုင်ပွဲကြီးမှာ လက်သီးတစ်လုံး၊ ခြေကန်ချက်တစ်ချက် တံတောင်ရိုတ်ချက်တစ်ခု၊ မြေပြင်ချုပ်ကွက် တစ်ခု ကြောင့် မြန်မြန်ဆန်ဆန် အဖြေထွက်နိုင်သလို
စွမ်းဆောင်ရည် ညီမျှတာကြောင့် သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ အနိုင်အရှုံး ပြတ်ပြတ်သားသား မထွက်ထို့ ဒိုင်လူကြီး ဆုံးဖြတ်ချက် အမှတ်နဲ့ ဆုံးဖြတ်ရတာလဲ ရှိပါတယ်။
ပြိုင်ဘက်ကို အလဲထိုးအနိုင်ယူထား တဲ့ ကစားသမား ဆိုတာ စွမ်းဆောင်ရည်ကောင်းမွန်လွန်းတယ်လို့ ဆိုနိုင်ပါတယ်။
သိုင်းပေါင်းစုံ ပြိုင်ပွဲကြီးမှာ အလဲထိုးနိုင်ပွဲ ၆ ပွဲနဲ့ အထက် အနိုင်ယူထားတဲ့ မြန်မာ အားကစား သမား နှစ်ဦးပဲ ရှိပါတယ်..
သူတို့ က တော့ မြန်မာ့စပါးအုံး အောင်လအန်ဆန်း နဲ့ ဘူရှီးဒိုး ဖိုးသော်တို့ ပဲ ဖြစ်ပါတယ်။

➡️၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ကမ္ဘောဒီးယား အားကစားသမား Sor Sey ရဲ့မျက်နှာကို ညာဖနောင့်နဲ့ အမြင့်ကန်ကာ အနိုင် ယူခဲ့တဲ့ပွဲကတော့ ဖိုးသော်အတွက် အမှတ်ရစရာအကောင်းဆုံးပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်

➡️One Championship မှ မြန်မာပြည်တွင် ပြုလုပ်ခဲ့ တဲ့ ONE Myanmar Featherweight Tournament သိုင်းပေါင်းစုံ ပြိုင်ပွဲကြီးမှာ 2016 ခုနှစ်အတွက် ဖိုးသော်ဟာ ချန်ပီယံတစ်ယောက်အဖြစ် ပေါ်အောင်မြင်ခဲ့ပါတယ်။
ဖိုးသော်ရဲ့ ရည်ရွယ်ချက် က အောင်မြင်တဲ့ MMA ကစားသမား ဖြစ်လာစေရုံသာမက မြန်မာနိုင်ငံ တစ်ခုလုံး ကို MMA အားကစား ကို လူကြိုက်များလာစေဖို့ ကြိုးစားမယ်လို့ ဆိုပါတယ်။
➡️၂၀၁၅ One Champion ပွဲဦီးထွက်မှာ ဖိုးသော်ရဲ့ လက်ဝှေ့စွမ်းရည်နဲ့ ကြည်စင်ထူး ကို အမှောက်သိပ်ခဲ့ပြီး One Championship မှာ အောင်မြင်မှုတွေနဲ့ စတင်ခဲ့ပါတယ်။
၂၀၁၆ နှစ်ပိုင်းမှာ လဲ ဖိုးသော်ရဲ့ အောင်မြင်မှုတွေ ကို ဟန့်တားဖို့ မဖြစ်နိုင်ခဲ့ပါဘူး။ စောရန်နိုင်ကို One-night tournament အတွက် အနိုင်ယူခဲ့ပြီး မြန်မာနိုင်ငံ ရဲ့ အကောင်းဆုံး ဖယ်သာဝိတ်တန်း ချန်ပီယံ တစ်ယောက် ဖြစ်လာခဲ့ပါတယ်။
ရန်ကုန်သား ဖိုးသော်ဟာ သိုင်းပေါင်းစုံ အားကစားသမား ဖြစ်နေရုံသာမက ဒဂုံတက္ကသိုလ် မှ အင်ဂျင်နီယာ ဘွဲ့ ကို လဲ ရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။

➡️ပညာရေးကောင်းမွန်တဲ့ လူတစ်ယောက် ဖြစ်ရုံသာမက သူ့ရဲ့ MMA စွမ်းရည်တွေ ကို အမြင့်ဆုံးသို့ ရောက်အောင်စွမ်းဆောင်နိုင်တဲ့ အားကစားသမားတစ်ဦီး ဖြစ်လို့ ဘက်စုံထူးချွန်သူလို့ ပြောရင်လဲ မမှားပါဘူး။
ဖိုးသော်ဟာ ယခုဆိုရင် အာရှနိုင်ငံ အနှံ့ ရဲ့ လေ့ကျင့်ရေး ကွင်းတွေ မှာ လေ့ကျင့် နေပြီးတော့ ကမ္ဘာ့ထိပ်ဆုံး အားကစား သမား တစ်ဦးဖြစ်လာဖို့ ရည်ရွယ်ထားပါတယ်။

➡️မနေ့ည(5-5-2021) က ဖိုးသော် ဟာ Utopia Tower ရဲ့ MMA သင်တန်းနဲ့ အားကစားခန်မ GYM မှာ ဗုံးပေါက်ကွဲမှုကြောင့် အပြင်းထန်ထိခိုက် ဒဏ်ရာရ ထားပြီး။
သေဆုံးပြီ ဟု သတင်းတွေ ထွက်ခဲ့ပါတယ်။

➡️ဗုံးပေါက်ကွဲမှု ဟာ အလွန်ပြင်းထန်ပြီး တော်တော်ပြင်းတယ်လို့ အနီးနားမှာနေတဲ့ ပြည်သူတွေက ဆိုပါတယ်။
အများစုက လဲ ညအချိန်ဖိုးသော် ဘာ လို့ ကန်တော်ကြီး က Gym မှာ ရှိတာ လဲ လို့ မေးခွန်ထုတ်ကြသူတွေ ရှိပါတယ်။

➡️ဗုံးပေါက်မှု ဖြစ်စဉ် မှ ထွက်ပေါ်လာတဲ့ ဓာတ်ပုံများ အရ ဦးခေါင်း၊ လည်ပင်းတို့လို အစိတ်အပိုင်းတွေကို ပြင်းပြင်းထန်ထန်ဒဏ်ရာမရသွားတာ ကံကောင်းတယ်လို့
ဆိုနိုင်ပြီး အရေပြားစုတ်ပြဲ သွား ဒဏ်ရာတွေ တော့ တော်တော်များတာ တွေ့ရပါတယ်။

➡️ဗုံးပေါက်ပြီး အခြေအနေမှာ ပဲ ဖိုးသော်က သူ အဆင်ပြေပါတယ် လို့ ဆိုလိုတဲ့ Post တစ်ခု Instagram မှာ တင်ထားခဲ့ပြီးတော့
"I am strong " လို့ ရေးသားတင်ပြထားတာ တွေ့ရပါတယ်။

➡️ယနေ့ ဖိုးသောက်ဟာ ခွဲစိတ်ကုသမှုတွေ ခံယူစဉ်မှာ ပဲ စစ်ကောင်စီတပ်မတွေ လာရောက် ဖမ်းခေါ်သွားတယ်လို့ သူ့မိတ်ဆွေ တစ်ဦး က
မဇ္စျိမသတင်းဌာန ကို ပြောတယ်လို့ မဇ္စျိမ page မှာ တင်ထားပါတယ်။

➡️အကြောင်းအရာ အသစ်တွေ တတ်လာရင် လဲ တင်ဆက်ပေးပါဦးမည် ....
Thank

Ref ; https://www.onefc.com/athletes/phoe-thaw/
Ref ; https://bit.ly/2QYwFKL
Ref ; https://bit.ly/3b1Kxe8

ပဲဆီ စစ်စစ် ရောင်းချချင်သူတွေပဲဆီ စစ်စစ် စားသုံးချင်သူတွေ အတွက်အဆင်ပြေလို့ ပြန် Share ပေးလိုက်ပါတယ်.......
06/05/2021

ပဲဆီ စစ်စစ် ရောင်းချချင်သူတွေ
ပဲဆီ စစ်စစ် စားသုံးချင်သူတွေ အတွက်
အဆင်ပြေလို့ ပြန် Share ပေးလိုက်ပါတယ်.......

ဖိုးသော်ရဲ့ အခြေအနေ❗❗❗➡️ ဗုံးပေါက်ကွဲမှုအပြီး ဆေးရုံကိုပို့ဆောင်လိုက်ရတဲ့ မြန်မာ့ MMA ကစားသမား ဖိုးသော်ရဲ့ အခြေအနေကို တစ...
06/05/2021

ဖိုးသော်ရဲ့ အခြေအနေ❗❗❗

➡️ ဗုံးပေါက်ကွဲမှုအပြီး ဆေးရုံကိုပို့ဆောင်လိုက်ရတဲ့ မြန်မာ့ MMA ကစားသမား ဖိုးသော်ရဲ့ အခြေအနေကို တစ်နိုင်ငံလုံးကစိတ်ပူနေကြပါတယ်။

➡️ မနေ့ညကတော့ ဖိုးသော် ဒဏ်ရာပြင်းထန်စိုးရိမ်ရတယ် ၊ ဆုံးပြီဆိုတဲ့ သတင်းတွေထိပါတက်လာပေမယ့် ‌ဖိုးသော်က သူ့ Instagram ကနေတစ်ဆင့် သူအဆင်ပြေကြောင်း ပရိသတ်တွေကို ဆိုထားပါတယ်။

➡️ ဒဏ်ရာရတဲ့ပုံတွေတက်လာတာကို ကြည့်ရသလောက်တော့ ဦးခေါင်း ၊ လည်ပင်းတို့လို အစိတ်အပိုင်းတို့ကို ပြင်းပြင်းထန်ထန်ဒဏ်ရာမရသွားတာ ကံကောင်းတယ်လို့ဆိုရမှာဖြစ်ပြီး အရေပြားစုတ်ပြဲတဲ့ ဒဏ်ရာတွေတော့ တော်တော်များပြီးပြင်းထန်တာကို တွေ့ရပါတယ်။

➡️ မြန်မာ့ဂုဏ်ဆောင် MMA ကစားသမားဖိုးသော် အမြန်ဆုံးသက်သာပျောက်ကင်းလာမယ်လို့ မျှော်လင့်ပါတယ်❗

: martialartsmaniamyanmar #
: Phoethaw (Instagram Account)

MMA ကစားသမား ဖိုးသော် ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရဟု ကနဦးကြားသိရ❗❗❗➡️ ကန်တော်ကြီးက ဗုံးသုံးလုံးဆင့်ပေါက်ကွဲသွားတ...
06/05/2021

MMA ကစားသမား ဖိုးသော် ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရဟု ကနဦးကြားသိရ❗❗❗

➡️ ကန်တော်ကြီးက ဗုံးသုံးလုံးဆင့်ပေါက်ကွဲသွားတဲ့နေရာမှာ ဒဏ်ရာရရှိသူဟာ MMA ကစားသမားဖိုးသော်လို့ သိရပါတယ်။

➡️ ဗုံးပေါက်ကွဲမှုဟာ ကန်တော်ကြီးထဲမှာပေါက်ကွဲတာဖြစ်ပါတယ်။ အများစုကတော့ ညဒီအချိန်ဘာလို့အဲ့မှာရှိနေတာလဲဆိုတာ မေးနေကြလို့ သူ့ရဲ့ အသစ်ဖွင့်ထားတဲ့ Gym ဟာ ကန်တော်ကြီးထဲမှာ ရှိတာပါ။ ဗုံးကွဲသံကလည်း တော်တော်ပြင်းတယ်လို့ အနီးတစ်ဝိုက်က ပြည်သူတွေကဆိုထားကြပါတယ်။

➡️ အဲ့တာကြောင့်မို့ ဗုံးပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသွားတာမျိုးဖြစ်နိုင်ပါတယ်။ အခြေအနေအသေးစိတ်ကို မသိရသေးပေမယ့် ဆေးရုံကိုတော့ ခေါ်သွားပါပြီ။

➡️ အမြန်ဆုံးသက်သာလာအောင်လို့ ဆုတောင်းပေးကြပါ။

: Original photo
: martialartsmaniamyanmar #

မြန်မာပြည်ကြီး အေးချမ်းပါစေ.🙏မိမိတို့ရဲ့ မျော်လင့်ချက်များကို ယုံကြည်မှုရှိရှိ လျှောက်လှမ်းနိုင်ပါစေ အောင်မြင်ကြပါစေလို့...
06/05/2021

မြန်မာပြည်ကြီး အေးချမ်းပါစေ.🙏

မိမိတို့ရဲ့ မျော်လင့်ချက်များကို ယုံကြည်မှုရှိရှိ လျှောက်လှမ်းနိုင်ပါစေ အောင်မြင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်....🙏

🎰Lucky - 7🎰ကျွန်တော်တို့ အသက်ရှင်သန်လာခဲ့ ဘဝတစ်ခု လုံး နံပါတ် (၇) ဟာ ကံအကောင်းဆုံး နံပါတ်တစ်ခု အဖြစ်တည်ရှိနေပါတယ်။နံပါတ်...
05/05/2021

🎰Lucky - 7🎰
ကျွန်တော်တို့ အသက်ရှင်သန်လာခဲ့ ဘဝတစ်ခု လုံး နံပါတ် (၇) ဟာ ကံအကောင်းဆုံး နံပါတ်တစ်ခု အဖြစ်တည်ရှိနေပါတယ်။
နံပါတ် (၇) ဟာ ကံကောင်းခြင်း၊ ပြည့်စုံခြင်း၊ အသိပညာကြွယ်ဝခြင်း ကို ကိုယ်စားပြုနေပါတယ်။
နံပါတ် (၇) ဟာ ကံအကောင်းဆုံး နံပါတ်အဖြစ် ဘာကြောင့် သတ်မှတ်ထားတာ လဲ ဆိုတဲ့
အကြောင်းပြချက် အချို့က တော့

1️⃣တစ်ပတ်မှာ (၇) ရက်နှင့် ဖွဲ့စည်းထားခြင်း
2️⃣အရောင် (၇) မျိုးနဲ့ သက်တံ့ရောင် ဟာ ပေါင်းစပ်ထားခြင်း
3️⃣မည်သည့် ကိရိယာမှ မပါပဲ မျက်စိ နဲ့ မြင်ရတဲ့ ဂြိုလ်ကြီး (၇) လုံး ရှိခြင်း
4️⃣ကစားပွဲတွေရဲ့ အနိုင်ရနံပါတ်ဟာ နံပါတ် (၇) သာဖြစ်နေပြီး
5️⃣ရှေး ဂရိဘာသာ သင်္ချာ ဂုတ်သတ္တိမှာ တြိဂံ ရဲ့ ထောင့် သုံးခု နဲ့ စတုဂံရဲ့ အနားလေးဖက် ပေါင်းခြင်းက ၃+၄=(၇) ဖြစ်ပြီး
ပြည့်စုံခြင်းကို ကိုယ်စား ပြုနေပါတယ်။
6️⃣၇ ယောက်မြောက်သား ရဲ့ (၇) ယောက်မြောက်သား က ကံကောင်းခြင်းရဲ့ လက်ဆောင်တွေကို အပြည့်အဝ ရရှိနိုင်တယ်လို့ ဆိုပါတယ်။

7️⃣သင် နံပါတ် (၇) အကြောင်းကို သံသယရှိပါသလား ... ?
သံသယရှိတယ်ဆိုရင် သင်ဟာ ကံကောင်းသူပါပဲ ..
ဘာကြောင့်လဲ ဆိုတော့ ကျနော့်ရဲ့ မေးခွန်းက နံပါတ် (၇) မှာ ရှိနေလို့ ပါ ပဲ ...
သင် သံသယ ရှိနေတဲ့ နံပါတ် (၇) အကြောင်းကို မျှဝေပေးစေချင်ပါတယ် ...
Thank ...

💪သိုင်းပေါင်းစုံ အမျိုးသမီးဖိုက်တာ💪 ကယန်းတိုင်းရင်းသူလေး အန်တိုနီယာ👩‍🚀နှစ်ထပ်ကွမ်း မြန်မာ့ လက်ဝှေ့ ချန်ပီယံ ကယန်းတိုင်းရ...
05/05/2021

💪သိုင်းပေါင်းစုံ အမျိုးသမီးဖိုက်တာ💪
ကယန်းတိုင်းရင်းသူလေး အန်တိုနီယာ

👩‍🚀နှစ်ထပ်ကွမ်း မြန်မာ့ လက်ဝှေ့ ချန်ပီယံ ကယန်းတိုင်းရင်းသူလေး အန်တိုနီယာ ဟာ လွိုင်ကော်မှာ မွေးဖွား ခဲ့ပြီးတော့ အသက် ၁၆နှစ်မှာ ကတည်းက ကြမ်းတမ်းတဲ့ လက်ဝှေ့ သင်တန်းတွေကို သိုသိုသိပ်သိပ် စတင်လေ့ကျင့်နေပြီး
“ မိန်းကလေးတွေ လက်ဝှေ့ထိုးတယ်ဆိုတာကို ကျွန်မ မိဘတွေက အရင်ဘယ်တုန်းကမှ မကြားဖူး၊ မမြင်ဖူးထားခဲ့ပါဘူးလေ၊ အဲဒီတော့ ကျွန်မ ဘောလုံးသွားကန်နေတယ်လို့ သူတို့ကို လိမ်ပြောခဲ့ရတယ်” လို့ပြောပါတယ်။

👩‍🚀ထို့နောက် အန်တိုနီယာ ဟာ မြန်မာနိုင်ငံ အနှံ့ လှည့်လည်သွားလာ ခဲ့ ပြီးတော့ ၂၀၁၃ အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲအတွက် နေပြည်တော်မှာ လေ့ကျင့်ရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ခဲ့ပါတယ်။
ထို့နောက်၊ အန်တိုနီယာ အတွက် လက်ဝှေ့ ဟာ အကြီးမားဆုံး ဝါသနာဖြစ်ခဲ့ပြီးတော့ သက်မွေးဝမ်းကျောင်းပညာရပ်တစ်ခု အဖြစ်ရွေးချယ်ခဲ့ပါတော့တယ်။

👩‍🚀၂၀၁၇ မှာ Transcend Gym မှာ Kick Boxing နည်းပြအဖြစ် လုပ်ကိုင်ခဲ့ ပြီး MMA ပြိုင်ပွဲတွေ အတွက် ချုပ်ကွက်တွေ ကို ကိုယ်တိုင်လေ့ကျင့်နေခဲ့ပါတယ်။
အန်တိုနီယာ ရဲ့ ဟီးရိုးကြီးက တော့ မြန်မာ့ စပါးအုံး အောင်လအန်ဆန်း ပါပဲ။

👩‍🚀အန်တိုနီယာ ဟာ One Championship မှာ မြန်မာ့ဂုဏ်ဆောင် လက်ဝှေ့သမား တစ်ယောက် ဖြစ်လာဖို့ ဆိုတာ သူ့ရဲ့ အိပ်မက်ပါပဲ။
အံ့အားသင့်ဖွယ်ကြိုးစားမှုတွေ က အန်တိုနီယာ ရဲ့ ငယ်ဘဝ အိပ်မက်ဖြစ် တဲ့ ကျွမ်းကျင် တဲ့ လက်ဝှေ့သမား တစ်ယောက် အဖြစ် ရပ်တည်ဖို့ ဦးတည်ခဲ့ ပါပြီ။

👩‍🚀အန်တိုနီယာ ဟာ စင်ကာပူအခြေစိုက် One Championship ပြိုင်ပွဲတွင် ပွဲဦးထွက်ပွဲစဉ် ကို ၂၀၁၉ ဖေဖော်ဝါရီလက ယှဉ်ပြိုင်ခဲ့ရာမှာ ပြိုင်ဘက်ဖြစ်တဲ့ ရွှေစင်ကို ၂၄ စက္ကန့်တည်းနဲ့ အလဲထိုး အနိုင်ရယူခဲ့တဲ့အတွက် သူမရဲ့ မဆုတ်မနစ် ကြိုးစားမှုတွေကြောင့် One Championship ရဲ့ သမိုင်းမှာ 24 စက္ကန့်နဲ့ အလဲထိုးနိုင်ခဲ့တဲ့ ပထမဦးဆုံး အမျိုးသမီးဖိုက်တာ တစ်ယောက်အဖြစ် မှတ်ကျောက်တင်ခံထားရပါပြီ။

👩‍🚀ကယန်းတိုင်းရင်းသူလေး အန်တိုနီယာ ဟာ လက်ဝှေ့ကြိုးဝိုင်းထဲ ဝင်လိုတဲ့ အမျိုးသမီးတွေအပေါ် ထောက်ခံမှု သိပ်မရှိခြင်းအပေါ်မှာ ပြစ်တင်သွားခဲ့ပြီး
အမျိုးသမီးတွေထက်စာရင် အမျိုးသားတွေဟာ စပွန်ဆာ သဘောတူညီချက်တွေ ပိုလွယ်လွယ်ကူကူ ကမ်းလှမ်းခံနေရတယ်လို့ ဆိုပါတယ်။

“ ဒီလို နေရာမှာ ကျားမ ခွဲခြားတာမျိုး မရှိသင့်ပါဘူး” လို့ သူမက ပြောပါတယ်။ ဒါကြောင့်မို့လည်း သူမဟာ လက်ဝှေ့ကို စွန့်ခွာပြီး MMA ကို ပြောင်းထိုးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

👩‍🚀ယခုမှာ တော့ Indonesia’s famed Bali MMA မှာ လေ့ကျင့်နေပြီး “ ကျွန်မ လှလှပပနဲ့ မိန်းမသား ဆန်နိုင်ခဲ့တဲ့နေ့ရက်တွေကို လွမ်းနေဦးမှာပါ၊ ဒါပေမယ့် ခု ကျွန်မ ရွေးချယ်ထားတဲ့ လမ်းကို ပိုကြိုက်ပါတယ်” လို့ သူမက ပြောသွားပါတယ်။
သူမရဲ့ မျော်လင့်ချက်တွေက တစ်နေ့မှာ ကမ္ဘာ့ချန်ပီယံ တစ်ယောက်ဖြစ်လာရမယ်လို့ ဆိုပါတယ် ...

မြန်မာ ပရိသတ်ကြီး အနေဖြင့် ကယန်းတိုင်းရင်းသူလေး အန်တိုနီယာ ကို ယုံကြည်မျော်လင့်ရင်း ...
🙏🙏🙏🙏🙏🙏🙏🙏🙏🙏💪

Address

Sahar Airport Road, Near International Airport, Andheri
Mumbai
400099

Alerts

Be the first to know and let us send you an email when Asxox Online Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Asxox Online Store:

Share